Tuesday, January 31, 2012

အားရစရာတွေ ပါလားကွယ်တို့

ရန်ကုန်မြို့တော်အား စီးပွားရေးမြို့တော်အဖြစ် တည်ဆောက်ရန် မြေအောက်မီးရထားလမ်းများ ထည့်သွင်းဖောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ဇန်နဝါရီ ၂၆ ရက်က နေပြည်တော်၌ ကျင်းပသည့် ပထမအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး၌ ရထားပို့ဆောင်ရေးဝန်ကြီးဌာနဝန်ကြီး ဦးအောင်မင်းက လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ မေးမြန်းချက်ကို ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့သည်။ “ရန်ကုန်မြို့ကို စီးပွားရေးမြို့တော်အဖြစ် ဖော်ဆောင်ဖို့အတွက် မြေပေါ်မြေအောက် မီးရထားလမ်းတွေထည့် သွင်းဖောက်လုပ်သွားမယ်။ ဒီစီမံကိန်းကို နိုင်ငံခြားပညာရှင်တွေ ရေးဆွဲနေပါတယ်” ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးအောင်မင်းက ပြောသည်။ ရန်ကုန်မြို့တော်အား အဆင့်မြင့်မြို့တော်အဖြစ် တည်ဆောက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေပြီး ယာဉ်သွားယာဉ်လာ ရှုပ်ထွေးသည့် နေရာများအတွက် မိုးပျံတံတားများ ဖောက်လုပ်နိုင်ရန်လည်း ပြင်ဆင်နေပြီဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။
  
ခေတ်လူငယ်

No comments:

Post a Comment