Thursday, August 18, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၂၃)

ဘယ်ပုံဘယ်နည်း လုပ်တယ်ဆိုတာပြတဲ့ ပုဒ်စုကို Adv Clause of Manner လို့ ခေါ်တယ်။ နာမည်ကျော် အဆိုအမိန့်တစ်ခုဖြစ်တဲ့..................
Do as I say.
ငါပြောသလိုလုပ်။
But don’t do as I do.
ငါလုပ်သလို မလုပ်နဲ့။
အဲဒီဝါကျမှာ as I say and as I do တို့ဟာ Adv Clause of Manner တွေပါပဲ။ အလားတူ......
You must work as the teacher has said.
ဆရာပြောခဲ့သလို လုပ်ရမယ်။
I did everything as you had instructed.
ခင်များ ညွှန်ကြားသလို အစစအရာကို လုပ်ပါတယ်။
ဒီတော့ Adv Clause of Manner မှာ သုံးတဲ့ စကားဆက်ကတော့ as လို့ မှတ်ရမှာပေါ့။ မဖြစ်နိုင်တာကို တင်စားလျှင်တော့ as if ကို သုံးပါတယ်။
He ran as if he were mad.
ရူးသလို ပြေးတော့တယ်။ ( ရူးနေတဲ့ အတိုင်းပဲ )
He speaks as if he knew everything.
အကုန်သိတဲ့အတိုင်းပဲ ပြောတတ်တယ်။
မှတ်စရာ။........... ။ ပင်မ verb ဟာ present tense ဖြစ်ပေမယ့် as if နောက်က verb ဟာ past tense သုံးရပုံ သတိပြုပါ။ be မှာကျတော့ တွဲတဲ့ Subject က Singular ဖြစ်ပေမယ့် was ကို မသုံးပဲ were ကို သုံးရတယ်ဆိုတာ သတိပြုပါ။
Adv Clause of Manner နဲ့ ၀ါကျ အဆက်ခိုင်းလျှင် ၀ါကျတစ်ခုမှာ so, how စသဖြင့် ပါလိမ့်မယ်။ သူတို့ကို ဖြုတ်ပစ်ပါ။ ၀ါကျရှေ့မှာ as ထည့်ပြီး ဆက်ရေးရုံပါပဲ။