Thursday, August 18, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၂၃)

ဘယ်ပုံဘယ်နည်း လုပ်တယ်ဆိုတာပြတဲ့ ပုဒ်စုကို Adv Clause of Manner လို့ ခေါ်တယ်။ နာမည်ကျော် အဆိုအမိန့်တစ်ခုဖြစ်တဲ့..................
Do as I say.
ငါပြောသလိုလုပ်။
But don’t do as I do.
ငါလုပ်သလို မလုပ်နဲ့။
အဲဒီဝါကျမှာ as I say and as I do တို့ဟာ Adv Clause of Manner တွေပါပဲ။ အလားတူ......
You must work as the teacher has said.
ဆရာပြောခဲ့သလို လုပ်ရမယ်။
I did everything as you had instructed.
ခင်များ ညွှန်ကြားသလို အစစအရာကို လုပ်ပါတယ်။
ဒီတော့ Adv Clause of Manner မှာ သုံးတဲ့ စကားဆက်ကတော့ as လို့ မှတ်ရမှာပေါ့။ မဖြစ်နိုင်တာကို တင်စားလျှင်တော့ as if ကို သုံးပါတယ်။
He ran as if he were mad.
ရူးသလို ပြေးတော့တယ်။ ( ရူးနေတဲ့ အတိုင်းပဲ )
He speaks as if he knew everything.
အကုန်သိတဲ့အတိုင်းပဲ ပြောတတ်တယ်။
မှတ်စရာ။........... ။ ပင်မ verb ဟာ present tense ဖြစ်ပေမယ့် as if နောက်က verb ဟာ past tense သုံးရပုံ သတိပြုပါ။ be မှာကျတော့ တွဲတဲ့ Subject က Singular ဖြစ်ပေမယ့် was ကို မသုံးပဲ were ကို သုံးရတယ်ဆိုတာ သတိပြုပါ။
Adv Clause of Manner နဲ့ ၀ါကျ အဆက်ခိုင်းလျှင် ၀ါကျတစ်ခုမှာ so, how စသဖြင့် ပါလိမ့်မယ်။ သူတို့ကို ဖြုတ်ပစ်ပါ။ ၀ါကျရှေ့မှာ as ထည့်ပြီး ဆက်ရေးရုံပါပဲ။

You must draw. I have shown you how.
You must draw as I have shown you.
ငါပြထားသလို မင်းရေးဆွဲရမယ်။
She typed your letter. You had instructed her how.
She typed your letter as you had instructed her.
မင်းစာကို မင်းညွှန်ကြားထားသလို လက်နှိပ်စက်နဲ့ ရိုက်ထားပါတယ်။
As if နဲ့ ဆက်စေချင်လျှင် ၀ါကျထဲမှာ not ပါလိမ့်မယ်။ အဲဒီ not ကို ဖြုတ်ပစ်ပါ။
He ran. A tiger was not after him. ( No tiger was after him )
သူပြေးတယ်။ နောက်က ကျားမလိုက်ပါဘူး။
He ran as if a tiger were after him. ( was ကို were လုပ်ပေးတာ သတိပြုပါ )
နောက်က ကျားလိုက်တဲ့အတိုင်းပဲ သူပြေးတယ်။
Mi Mi dresses. She is not an actress.
Mi Mi dresses as if she were an actress.
မီမီက ရုပ်ရှင်မင်းသမီးကျနေတာပဲ၊ ၀တ်စားထားလိုက်တာ။
Adv Clause of Degree ( or Comparison )
ဘယ်လောက် ဘာဖြစ်တယ်လို့ ပြောတဲ့အတွက် Adv of Degree လို့ ခေါ်တာဖြစ်တယ်။ ဒါတစ်ခုနှင့်တစ်ခု နှိုင်းယှဉ်တဲ့သဘောမို့ Adv of Comparison လို့လည်း ခေါ်ကြသေးတယ်။ သုံးတဲ့စကားဆက်ကတော့ as and than ပါပဲ။ ဘယ်လောက်ဆိုရာမှာ as ကို သုံးပြီး ပိုတာကို than သုံးပါတယ်။ ( Manner and Degree နှစ်ခုစလုံးကို Comparison ခေါ်တဲ့သူက ခေါ်ကြရဲ့။ )
She is as beautiful as her sister is. ( နောက်ဆုံး is ကို ဖြုတ်ထားနိုင်ပါတယ် )
သူဟာ အစ်မလောက် လှပါတယ်။
I will come as early as I can.
ငါတတ်နိုင်သလောက် စောစောလာပါ့မယ်။
Not ပါလျှင် so သုံးလေ့ရှိတယ်။ as ချည်းရေးလည်း ရတာပါပဲ။
She is not so beautiful as her sister is.
သူမဟာ သူ့အစ်မလောက် မလှပါဘူး။
Maung Pu is taller than his brother is.
မောင်ပုဟာ သူ့အစ်ကိုထက် အရပ်ရှည်တယ်။
Adj ကို Noun နဲ့ တွဲပြီးလည်း သုံးနိုင်ပါတယ်။
I read as many books as you do.
ငါလည်း မင်းဖတ်သလောက် စာအုပ်များများ ဖတ်ပါတယ်။
I read more books than you do.
ငါက မင်းထက် စာအုပ်ပိုရ်ျ ဖတ်တယ်။
ဝါကျနှစ်ခု အဆက်ခိုင်းလျှင် အောက်ပါအတိုင်း အဆက်ခိုင်းလေ့ရှိတယ်။
Thura is clever. Thiha is clever too.
Thura is clever. Thiha is equally clever.
Thura is clever, and so is Thiha.
အဲလိုမျိုး ဘယ်လိုပေးထားထား၊ တန်းတူရည်တူ clever ကြတာပဲလို့ သိရမယ်။ ဒီတော့ as ကို သုံးပြီး.....
Thura is clever. Thiha is not Thura.
Thura is clever, but Thiha is not.
Although Thura is clever, Thiha is not.
ဒီလိုမျိုးပေးထားလျှင် not so – as ကို သုံးရမှာပါလားလို့ ချက်ချင်းသိမြင်ရမယ်။ ဒီတော့.......
Thiha is not so cleverer as Thura is.
တစ်ခါတလေ ဒီလိုရေးထားတာကို.........
Thura is cleverer than Thiha. အဲလိုမျိုး ရေးလည်းရပါတယ်။ ဒါပေမယ့် than နဲ့ ဆက်စေချင်လျှင် ခိုင်းလေ့ရှိတာကတော့.....
Thura is very clever but Thiha is not so clever. ( ဒါမှမဟုတ် )
Thiha is clever but thura is cleverer. ရယ်လို့ ဖြစ်တယ်။ အဖြေက-
Thur is cleverer than Thiha.
အထက်က နမုနာမှာ ပြခဲ့တဲ့အတိုင်း adj နဲ့ တွဲလျှက် noun ပါလာလျှင် ပထမ as ကို adj ရှေ့က၊ ဒုတိယ as ကို noun ရဲ့ နောက်က ထားရပုံ သတိပြုပါ။
U Pwa has many cows, and U Hla has many cows too.
U Pwa has as many cows as U Hla.
ဦးလှမှာ နွားရှိသလောက် ဦးပွမှာလည်း များများ ရှိတယ်။
Than နဲ့ ဆက်ရမဲ့အခါမှာလည်း ဒီအတိုင်းပါပဲ။ -er ပါတဲ့ adj or more စတဲ့ adj ဟာ N ရှေ့က ရှိပါစေ။
U Pwa has many cows, but U Hla has not so many cows. ( ဦးပွက နွားပိုရှိနေပြီ။ many ကို more လုပ်ပါ )
U Pwa has more cows than U Hla.
You live in a big house but we live in not so a big house.
မင်းတို့က အိမ်ကြီးကြီးမှာ နေတယ်၊ တို့က အဲလောက်မကြီးတဲ့ အိမ်မှာနေတယ်။
( မင်းတို့အိမ်က ပိုကြီးနေပြီ ၊ big ကို bigger လုပ်ပါ )
You live in a bigger house than we do.
သတိ။........ ။ many, much က more ၊ good က better ၊ useful က more useful စသဖြင့် ပြောင်းတာကို သတိထားပါ။
Posted by ကိုတူး(မိတ္ထီလာ GTI)

No comments:

Post a Comment