အာဇာနည်ခေါင်းဆောင်ကြီး ကိုးဦးအား လေးစားအားကျ နှမျောလွမ်းဆွတ်ခြင်း များစွာဖြင့် ဦးညွှတ်ပါသည်။
Posted by ဂျစ်တီး
Photo Source:အဘ ဥက္ကာကိုကို
Showing posts with label ခံစားမူများ. Show all posts
Showing posts with label ခံစားမူများ. Show all posts
Thursday, July 19, 2012
Saturday, July 07, 2012
ကြံ့ကြံ့ခံ လောကဓံ
လူရယ်လို့ဖြစ်လာကြပြီဆိုရင်
လောကဓံတရားကို မည်သူတစ်ဦးတစ်ယောက်မျှ ရှောင်ကွင်းနိုင်းစွမ်း မရှိကြချေ။
အသက်ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ ဆင်းရဲသူဖြစ်စေ၊ ချမ်းသာသူဖြစ်စေ လောကဓံတရားကို
တစ်နေ့မဟုတ် တစ်နေ့ ရင်ဆိုင်ကြရပေမည်။ ဤသို့လောကဓံတရားနှင့် မလွဲမသွေ
ရင်ဆိုင်ကြရသည့်အခါ စိတ်ဓာတ်ကြံ့ကြံ့ခံ နိုင်စွမ်းရှိဖို့လိုသည်။
လောကဓံ တရား ရှစ်ပါးရှိ၏။ ဤသည်တို့ကား ‘လာဘော’ ဥစ္စာပေါများ၍ တက်ကြွတုန်လှုပ်ခြင်း၊ ‘အလောဘ’
ဥစ္စာနည်းပါ၍ ညှိုးငယ်တုန်လှုပ်ခြင်း၊ ‘ယတော’ အခြံအရံများ၍ တက်ကြွတုန်လှုပ်ခြင်း၊
‘အယတော’ အခြံအရံနည်းပါး၍ ညှိုးငယ်တုန်လှုပ်ခြင်း၊ ‘နိနံ္ဒ’ ကဲ့ရဲ့ခံရ၍
ညှိုးငယ်တုန်လှုပ်ခြင်း၊ ‘ပသံကံ’ ချီးမွမ်းခံ၍ တက်ကြွတုန်လှုပ်ခြင်း၊ ‘သုခံ’
ချမ်းသာခြင်းကိုစွဲ၍ တက်ကြွတုန်လှုပ်ခြင်း၊ ‘ဒုက္ခံ’ ဆင်းရဲခြင်းကိုစွဲ၍
ညှိုးငယ်တုန်လှုပ်ခြင်းတို့ပင်ဖြစ်သည်။ ဤလောကဓံတရားကို ကြံ့ကြံ့ခံနိုင်စွမ်းရှိမှ
လူဟု ရှင်တော်ဗုဒ္ဓက ဟောကြားတော်မူခဲ့လေသည်။
တရံရောအခါက
ဘုရင်ကြီးတစ်ပါးသည် ထိုလောကဓံတရားနှိပ်စက်၍ မအိပ်နိုင်၊ မစားနိုင်ဘဲရှိသည်။ ထိုအခါ
ဘုရင်ကြီးက အမတ်ပညာရှိတို့အား မိမိအားကိုးပြုစရာ ဆောင်ပုဒ်တစ်ခုရေးသားပြုစုပေးရန်
တောင်းဆိုလေသည်။ ဆောင်ပုဒ်သည်ကား လက်စွပ်တစ်ကွင်းပေါ်မှာ ရေးထွင်း၍ရလောက်အောင်လည်း
တိုရမည်၊ အောင်မြင်စဉ်မှာရော နိမ့်ပါးစဉ်မှာပါ သုံးစွဲနိုင်တာမျိုးလည်းဖြစ်ရမည်ဟု
သူကဆိုသည်။ မှူးမတ်တွေဆောင်ပုဒ်အမျိုးမျိုး တင်လျှောက်ကြသည်။ ရှင်ဘုရင်က လက်မခံ။ အားလုံးကိုပယ်ချသည်။
နောက်ဆုံး သမီးတော်က သူမရွေးချယ်ထားသည့်ဆောင်ပုဒ်ကို မြလက်စွပ်တစ်ကွင်းပေါ်တွင်
ရေးထွင်းပြီး ဆက်သတော့မှ ရှင်ဘုရင် နှစ်သက်သဘောကျသွားသည်ဟု ဆိုသည်။
ထိုဆောင်ပုဒ်သည်ကား ‘ဒါလည်း ပြီးသွားမှာပါ’ ဟူ၍ ဖြစ်သည်။ အင်္ဂလိပ်လိုတော့ This,
too, will pass ဟူ၍ ဖြစ်သည်။
Wednesday, July 04, 2012
ပြုတ်သောက်၍မရသော ပုပ္ပားနှင့် ကင်စား၍မရသော ငပလီ
ကျွန်တော် ကချင်ပြည်နယ်
မိုးညှင်းမြို့သို့ရောက်ရှိစဉ်က ကချင်တိုင်းရင်းသူကလေးတစ်ဦးနှင့်
စကားစမြည်ပြောဆိုခွင့်ရခဲ့ရာ ထိုတိုင်းရင်းသူကလေးမှာ ဂျပန်အတွေ့အကြုံ
အနည်းငယ်ရှိသော တိုင်းရင်းသူကလေးဖြစ်ကြောင်း သိခွင့်ရလိုက်ပါသည်။ ထိုစဉ်က
ဂျပန်-မြန်မာ ရင်းနှီးချစ်ကြည်ရေးအတွက် မြန်မာကျောင်းသူ ကျောင်းသားကလေးများကို
ဂျပန်သို့ခေါ်ဆောင်ကာ ဟိုအိမ်သည်အိမ်များသို့ တစ်အိမ်တစ်ယောက်ကျ ပို့ဆောင်ပေးသည့်
အစီအစဉ်ဖြင့် ထိုတိုင်းရင်းသူကလေး ပါဝင်သွားခဲ့ရာ ဂျပန်မိသားစုများနှင့်အတူ
ရောနှောနေထိုင်ရသဖြင့် ချစ်ကြည်မူရင်းနှီးမူများအပြင်
ဂျပန်လိုအနည်းငယ်တီးမိခေါက်မိရှိအောင် လုပ်ဆောင်သော အစီအစဉ်ဟု နားလည်ရပါသည်။ ထိုအစီအစဉ်သည်
ကာလနှင့်ချီကာ အချိန်ကြာသောအစီအစဉ်လည်း ဖြစ်ပါသည်။
သို့ဖြင့်၍
မြန်မာကျောင်းသူကျောင်းသားကလေးတို့ သက်ဆိုင်ရာဂျပန်အိမ်ကလေးများ၌
တော်တော်လေးနေသားကျသွားသည့်တစ်နေ့တွင် ကျွန်တော့်တိုင်းရင်းသားကလေးက သူနေထိုင်ရာ
အိမ်ကလေး၏ ရှေ့မြေကွက်တွင် စိုက်ထားသည့် နှင်းဆီပင်မှ နှင်းဆီပွင့်ကလေးကို
သဘောကျသွားကာ ဆိုးခနဲ့ဆက်ခနဲ့ဆို ခူးယူလိုက်ပါသည်။
ဤတွင်
ဂျပန်ဇနီးမောင်နှံက လှမ်းတွေ့ကာ မျက်နှာအနည်းငယ်ပျက်သွားပြီး ဘာကြောင့်
ခူးသလဲမေးပါသည်။ တိုင်းရင်းသူကလေးကလည်း မြတ်နိုးလို့ဟု ဖြေပါသည်။ ထိုအခါ
ဂျပန်ဇနီးမောင်နှံက မြတ်နိုးရင် မခူးရဘူးလေတဲ့။
ထို့နေ့က
တိုင်းရင်းသူကလေး ကျွန်တော်ကိုပြောပြနေပုံက ဂျပန်တို့၏ စိတ်ကို အတုယူခြင်းဖြင့်
ပြန်လည်သုံးသပ်ကာ မိမိကိုယ်မိမိ ဝေဖန်ရေးလုပ်နေပုံမျိုးဖြစ်ပါသည်။ သူတို့ပြောသလို
ကျွန်မတို့မှာ မြတ်နိုးတတ်တဲ့စိတ်ကလေးတွေများ အားနည်းနေသလား ဆရာ...တဲ့။
အော်...မြတ်နိုးတတ်တဲ့စိတ်။
Saturday, April 28, 2012
Cartoon of the week
အင်မတန်ကောင်းမွန်တဲ့ Idea လေးပါ။ အသိတစ်ယောက် ရဲ့ Face Book မှာတွေ့လို့ Share လုပ်ပါတယ်။ မူရင်းတင်တဲ့ သူတော့ မသိလို့ Credit မပေးနိုင်တော့ပါဘူး။
Posted by ဂျစ်တီး
Posted by ဂျစ်တီး
Tuesday, April 17, 2012
တစ်နှစ်ပြည့်အမှတ်တရ
ဒီနေ့ဟာ နှစ်ဟောင်းမှ အညစ်အကြေးများကို အတာရေနဲ့ ဆေးကြောခဲ့ပြီး မင်္ဂလာရှိသောနှစ်သစ် စတင်မည့် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဖြစ်သလို ကျွန်တော်တို့ရဲ့ မိတ္ထီလာ GTI သူငယ်ချင်းဟောင်းများ စုစည်းတည်ထောင်ခဲ့သော MTLA GTI GROUP BLOG ရဲ့ တစ်နှစ်ပြည့်မွေးနေ့ရက်လေး ဖြစ်ပါတယ်။ ဒီနေ့ထူးနေ့မြတ်လေးမှာ ကျွန်တော်တို့ မိတ္ထီလာ GTI သူငယ်ချင်းဟောင်းများအပါအဝင် မြန်မာပြည်သူ၊ ပြည်သားအာလုံး စိတ်၏ကျန်းမာခြင်း ကိုယ်၏ချမ်းသာခြင်း ရှိကြပါစေလို့ ရှေးဦးစွာ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ ကျွန်တော်တို့ ဒီ blog ကို တည်ထောင်ခဲ့သော ရည်ရွယ်ချက်များစွာ ရှိခဲ့ပါတယ်။ ဝေးကွာနေကြတဲ့ သူငယ်ချင်းတွေ ပြန်လည်ဆုံဆည်းနိုင်ဖို့၊ မိမိတို့ရဲ့ တတ်ကျွမ်းတဲ့ လုပ်ငန်းနယ်ပယ်မှ အတွေ့အကြုံတွေ ဖလှယ်ကြဖို့၊ စင်္ကာပူကိုလာရောက် အလုပ်လုပ်ကိုင်ချင်သော သူငယ်ချင်းတို့အပေါ် အသိဥာဏ်ဗဟုသုတတိုးပွားစေဖို့ နှင့် လုပ်ငန်းအခွင့်အလမ်းများသိရှိစေဖို့် စသည့်ဖြင့် လက်ရှိစင်္ကာပူမှာရောက်ရှိအလုပ်လုပ်ကိုင်နေကြသော မိတ္ထီလာ GTI သူငယ်ချင်းဟောင်းများ စုစည်းပြီး ရည်ရွယ်ချက်ရှိရှိဖြင့် ရှေးဦးစွာတည်ဆောက်ခဲ့ကြတာပါ။ နောက်ပိုင်းကာလတွေမှာ ကျွန်တော်တို့ မိတ္ထီလာ GTI ကျောင်းမှမဟုတ်သော ဝါသနာတူ အခြားသော သူငယ်ချင်းများပါ ဒီ blog မှာ ပါဝင်ရေးသားခဲ့ကြပါတယ်။ မိတ္ထီလာ GTI သူငယ်ချင်းဟောင်းများ စုစည်းပြီးစတင်တည်ထောင်ခဲ့သော blog ဖြစ်သောကြောင့် MTLA GTI GROUP BLOG ဟု အမည်ပေးဖြစ်ခဲ့ပါတယ်။ နိုင်ငံရေးအကြောင်းမပါ လူပုဂ္ဂိုလ်ချင်း၊ အုပ်စု အသင်းအဖွဲ့ချင်း ထိခိုက်နစ်နာစေမဲ့ အကြောင်းအရာများကို ရေးသားခြင်းမပြုလုပ်ရ ဟူသော စသည့်အခြေခံ စည်းမျဉ်းစည်းကမ်းချက်များ ကျမှတ်ခဲ့ပြီး ဒီ blog စတင်တည်ထောင်ရေးသားခဲ့ကြရာ ယနေ့ဆိုရင် ကျွန်တော်တို့ရဲ့ blog လေး တစ်နှစ်ပြည့်ခဲ့ပါပြီ။ အလုပ်ကိုယ်စီနှင့် မိမိတို့ အားလပ်ချိန်တွေထဲမှ အချိန်ပေးပြီးရေးသားပေးခဲ့သော သူငယ်ချင်းများအားလုံးကို ကျွန်တော်တို့ blog မှ ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် နောင်ကာလများမှာလဲ ဒီထက်တိုးပြီး ရေးသားဖို့ ဖိတ်ခေါ်အပ်ပါတယ်။
ဒီ blog လေးစတင်ဖြစ်မြောက်အောင် အကြံဥာဏ်ပေးခဲ့သော ကိုဂျစ်တီးအား ကျေးဇူးဦးပကာရတင်ရှိပါတယ်။ ထိုအတူ ကျွန်တော်တို့ blog ရဲ့ အင်္ဂလိပ်စာကဏ္ဍ ပင်တိုင်ဆောင်ပါးရှင် ကိုတူး (မိတ္ထီလာ GTI) အားလည်းကောင်း၊ ဘာသာရေး၊ အလုပ်အကိုင် အခွင့်အလမ်းနှင့်ပတ်သက်၍ ရေးသားပေးခဲ့သော ကိုထွန်းမြင့်ဌေး အားလည်းကောင်း၊ ဂျပန်နိုင်ငံမှနေ၍ ခရီးသွားမှတ်တမ်းအတွေ့အကြုံများကို ရေးသားပေးခဲ့သော ကိုစိုးမင်းခိုင် အားလည်းကောင်း၊ ထို့အတူ ခရီးသွားဆောင်ပါး၊ ကဗျာ၊ ပညာရေးနှင့် ပတ်သက်၍ ရေးသားပေးသော ကိုငခဲ၊ ကိုဂျစ်တီး တို့အားလည်းကောင်း၊ နည်းပညာအကြာင်းများ ရေးသားပေးခဲ့ကြသော ကိုဝတီနှင့် မိတ္ထီလာGTI ကျောင်းသားပောာင်းတဦး အားလည်းကောင်း၊ စင်္ကာပူနိုင်ငံနှင့်ပတ်သက်သော အကြောင်းအရာများကို ရေးသားပေးခဲ့သော အိမ်လွမ်းသူ အားလည်းကောင်း၊ ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍ ရေးသားပေးခဲ့သော မောင်စူးစမ်း(MTLA GTI) အားလည်ကောင်း၊ မိတ္ထီလာGTI ကျောင်းဟောင်းဓာတ်ပုံ နှင့် မြတ်ဆရာပူဇော်ကန်တော့ပွဲ ဗွီဒီယိုမှတ်တမ်းခွေတို့ကို ပို့ပေးခဲ့သော မြန်မာပြည်မှ မိတ္ထီလာGTI သူငယ်ချင်းဟောင်းများ အားလည်ကောင်း၊ မိတ္ထီလာGTIကျောင်းမှ သူငယ်ချင်းဟောင်းများ အမှတ်တရ အလွှမ်းပြေ ပြန်လည်ကြည့်ရှူခွင့်ရအောင် ဓာတ်ပုံများပို့ပေးခဲ့သော Jenny Sanngwe အားလည်းကောင်း၊ blog တွင် ရေးသားဖို့ E mail မှတဆင့် ပို့ပေးခဲ့ကြသော အမည်မဖော်ပြလိုသော သူငယ်ချင်းများ အားလည်းကောင်း၊ blog ဖြစ်မြောက်လာအောင် အဖက်ဖက်မှ အကြံဥာဏ်နှင့် အကူအညီပေးခဲ့ကြသော သူငယ်ချင်းများ အာလုံးနှင့် ကျွန်တော်တို့ blog ကို အလည်အပတ်လာရောက်ခဲ့ကြသော သူငယ်ချင်းမိတ်ဆွေအပေါင်းတို့ကို ကျေးဇူးအထူးတင်ရှိပါကြောင်း ကျွန်တော်တို့ MTLA GTI GROUP BLOG ADMIN အဖွဲ့မှ blog ၏တစ်နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ် ပြောကြားအပ်ပါသည်။
Posted by MTLA GTI GROUP
သူငယ်ချင်းအတွက် နှစ်သစ်ဆုတောင်း
သူငယ်ချင်းရေ.....
မြန်မာသက္ကရာဇ် ၁၃၇၃ ခု၊ နှစ်ဟောင်းကာလကို ငါတို့ကျောခိုင်းနှုတ်ဆက်ခဲ့ကြရပြီ။ ဒီနေ့ဆို မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် ကိုရောက်လာခဲ့ပြီ။ မင်္ဂလာရှိတဲ့နှစ်သစ်ကို ငါတို့ မိတ္ထီလာ GTI သူငယ်ချင်းဟောင်းတွေနဲ့အတူ ဒီနေရာလေးကနေ ကြိုဆိုလိုက်ကြရအောင်....။
ငါတို့တွေဟာ ဟိုအရင်တချိန်က မိတ္ထီလာ GTI ကျောင်းတော်ကြီးမှာ ပညာနို့ရည်အတူသောက်သုံးခဲ့ကြတဲ့ သူငယ်ချင်းဟောင်းတွေပါ။ ကျောင်းပြီးကြလို့ ဒို့တတွေ့ ခွဲခွာကြပြီး ငါတို့ဘဝတွေအတွက် ရုန်းကန်ခဲ့ကြရတယ်လေ။ ရေကြည်ရာ မြက်နုရာအရပ်ဒေသအသီးသီးမှာ ဘဝအတွက် အလုပ်တွေလုပ်ခဲ့ကြရင်း ဒို့သူငယ်ချင်းတွေ မဆုံဖြစ်ခဲ့တာလဲ ကြာခဲ့ပါပြီ။ သြော်.......အခုပြန်တွေ့ကြချိန်မှာတော့ ဟိုအရင်ကလိုပဲ ကျောင်းသားဘဝတွေလို မဟုတ်ကြတော့ဘူး။ အလုပ်ကိုယ်စီနဲ့ ငါတို့ရဲ့ မိသားစုတွေအတွက် ရုန်းကန်လှုပ်ရှားနေကြရပြီ။ ဒါပေသည့် သူငယ်ချင်းဆိုတဲ့ ခင်မင်ချစ်ခင်၊ ရင်းနှီးခဲ့ကြတဲ့စိတ်တွေကတော့ မလျှော့ခဲ့ဘူးလို့ ငါထင်မိတယ်။ သူငယ်ချင်းတွေပြန်တွေ့ကြတော့ ဒို့တွေ ကျောင်းတက်ခဲ့တုန်းက အကြောင်းတွေပြန်ပြောကြရင်ွး ကျောင်းကိုပြန်သတိရမိခဲ့ကြတယ်။ တစ်ဦးနဲ့တစ်ဦး ဝေးခွာနေကြပြီဆိုတော့ ပြန်လည်ဆုံတွေဖို့ဆိုတာ မလွယ်တော့ဘူးလေ။ ဒါပေမဲ့ ငါတို့သူငယ်ချင်းတွေ ဘယ်လောက်ပဲဝေးဝေး အမြဲဆုံဆည်းကြနိုင်ဖို့ စဉ်းစားခဲ့ကြရာကနေ ငါတို့ ဒီ blog လေးကို တည်ထောင်ဖြစ်ခဲ့တယ်။ မြန်မာပြည်မှာရှိတဲ့ သူငယ်ချင်းဟောင်းတွေအပါအဝင် ပြည်ပရောက် သူငယ်ချင်းဟောင်းတွေအားလုံးအတွက် ငါတို့တွေရဲ့ ခံစားမူ၊ အတွေးအမြင်၊ ဗဟုသုတ၊ သုတ၊ ရသ နဲ့ နည်းပညာဆိုင်ရာတွေမှာ အမြင်ချင်းဖလှယ်နိုင်ဖို့ ရည်ရွယ်တည်ဆောက်ခဲ့ကြတာပဲ။ ဒီနေ့ဆိုရင် ငါတို့ blog လေး တည်ထောင်ခဲ့တာ တစ်နှစ်ပြည့်တဲ့ နေ့ရက်ဆိုတာ မင်းလဲ အသိပါ။ အလုပ်တွေနဲ့ မအားလပ်တဲ့ကြားကနေ ငါတို့ သူငယ်ချင်းတွေ ကိုယ်ပိုင်အတွေးနဲ့ပဲဖြစ်ဖြစ်၊ ကိုယ်ဖတ်ရှူသိရှိခဲ့တဲ့အထဲကပဲဖြစ်ဖြစ် ဒီ blog မှာ မျှဝေရေးသားပေးခဲ့ကြတယ်။ ကိုယ်တိုင်မရေးဖြစ်ခဲ့ကြပေမဲ့ အကြံဥာဏ်တွေ ပေးခဲ့ကြတယ်။ ငါတို့ကိုကျောင်းမှာ သင်ပေးခဲ့တဲ့ ဆရာ၊ဆရာမဟောင်းတွေအတွက် ကန်တော့ပွဲလုပ်မယ်ဆိုတော့လဲ အားတက်သရော ပါဝင်ခဲ့ကြတယ်။ ဘာပဲဖြစ်ဖြစ် သူငယ်ချင်းရေ.... ဒါတွေဟာ ငါတို့သူငယ်ချင်းတွေရဲ့ ပြန်လည်ဆုံဆည်းမူ ပြယုဂ်လေးတွေပါ။ နောက်နှစ်တွေမှာလဲ ငါတို့တွေ ဒီထက်ပိုပြီး ဆုံဆည်းနိုင်ကြမည်လို့ ငါမျှော်လင့်မိပါတယ်။
သူငယ်ချင်းရေ.... မင်းလဲ မင်းဘဝအတွက် ကြိုးစားပေါ့။ ငါတို့တွေဆိုတာ ဟိုတချိန်က အတူတက်ခဲ့တဲ့ သူငယ်ချင်းတွေဆိုတာတော့ မင်းရင်ထဲမှာ အမှတ်ရနေမယ်ဆိုတာ ငါ အမြဲယုံကြည်လျက်ပါ.....
ဒီနှစ်သစ်ကစလို နောက်နှစ်များစွာ မင်းရဲ့ဘဝမှာ ပျှော်ရွင်ချမ်းမြေ့မူတွေနဲ့ ပြည့်စုံနိုင်ပါစေလို့ သူငယ်ချင်းအတွက် ငါ ဆုတောင်းပေးလိုက်ပါတယ်.....
Posted by သူငယ်ချင်းတစ်ဦး
Monday, April 16, 2012
မြန်မာနှစ်သစ်ဦး ဆုတောင်း
မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှစ၍ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအပါအဝင် ပြည်ပရောက် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအာလုံး ကိုယ်စိတ်နှလုံး ရွင်လန်းချမ်မြေ့ကြပါစေဟု MTLA GTI GROUP မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ ၁၃၇၄ ခု၊ နှစ်သစ်အခါသမယမှ တစ်နှစ်တာကာလအတွင်းမှာ မိမိတို့၏ စီးပွားရေး၊ ကျန်မာရေး၊ လူမူရေးတို့တွင် အရင်နှစ်တို့ထက် ကြံစည်တိုင်းအောင်မြင်နိုင်ပြီး လိုအင်ဆန္ဒများ ပြည့်ဝပါစေလို့ ထပ်လောင်း၍ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
Posted by MTLA GTI GROUP
Saturday, April 14, 2012
ရာဇဝင်ထဲက သင်္ကြန်
ပိတောက်သင်းသော လရာသီ
သင်္ကြန်လေအေးလေးက အပူထဲမှ အအေးကိုယူဆောင်လာသည်။ ပုဂံမြေမှ အပျော်အပါး ခုံမင်သော၊ အကျီးစားသန်သော နရသီဟပတေ့မင်း၏ ထူးကဲစွာ ပြင်ဆင်ထားသည့် သင်္ကြန်ပွဲတော်.....
မိဖုရားကြီးငယ်များ၊ မောင်းမတော်၊ ကိုယ်လုပ်တော်၊ အပျိုတော်များအားလုံး တင့်တယ်သော အလှကိုယ်စီဖြင့် ပျော်ရွင်စွာ ရေးကစားကြသည်။
“ဘုန်းတော်ကြီးမြတ်သော မောင်တော်ဘုရား ကျန်းမာပါစေ”
“မောင်တော်မင်ကြီး အေးချမ်းပါစေ”
“မောင်တော် ဘုန်းတော်ကြီးမြင့်ပါစေ” စသည့်ဖြင့် ကောင်းမြတ်သော ဆုတောင်းများနှင့်အတူ မိဖုးရားခေါင်ကြီးနှင့်တကွ မိဖုရားများမှ သွန်းဖျန်းသောရေစင်ဖြင့် နရပတေ့မင်းကြီး၏ကိုယ်တော်မှာ ရွဲရွဲစိုလျက်။
မိဖု၇ားအချင်းချင်းလည်း အပြန်အလှန် ရေကစားကြသည်။ ရေကစားမဏ္ဍပ်တော်အတွင်း၌ ရယ်သံမောသံများညံ၍ အားလုံးအားလုံးသောသူတို့မှာ ရေရွဲရွဲစိုလျက်။
အားလုံးထဲတွင် ထူးခြားနေသူက မိဖုရားစောလုံ။
စောလုံသည်ဣနြေ္ဒရစွာ စံမြန်းလျက် ရံရွှေတော်များ ဆက်သသောပိတောက်ပန်းများကို ရင်မှာထွေးပွေ၍ သင်းသင်းလေးနှင့် မွှေးအိသော ပိတောက်နံကို မြတ်နိုးစွာ ခံစားနေ၏။ အဆောင်ရ နန်းရမိဖုရားများထဲတွင် ကိုယ်နေဟန်ထားသွယ်လျ အချိုးကျသူ။ အသက်ငယ်သူ လှပတင့်တယ်သော ကောင်းခြင်းအဖြာဖြာနှင့် ပြည့်စုံသော မိဖုရားစောလုံသည် ပိတုန်းရောင် ဆံကေသာထက်တွင် ပိတောက်ပန်းတစ်ခက်ကိုပန်ဆက်၍ ပိတောက်ပန်းနှင့်အပြိုင် လှပတင့်တယ်နေ၏။
Monday, March 26, 2012
အဖေနဲ့သမီး
(ဒီနေ့ကတော့ ကျွန်တော်သမီးလေး (၅)နှစ်ပြည့်တဲ့မွေးနေ့လေးပါ။ ကျွန်တော်အရင်က ဖတ်ခဲ့ဖူးတဲ့ ဒီဆောင်ပါးလေးကို ကျွန်တော်လိုပဲ သမီးချစ်သောအဖေများအတွက် ခံစားဖော်ပြပေးလိုက်ပါတယ်။)
လူမှုအဖွဲ့အစည်းကြီးဟာ အမှန်တော့ သမီးနဲ့အဖေထက် သမီးနဲ့အမေ ဆက်ဆံရေးကို ပိုပြီးအလေးထား အားပြုပါတယ်။ ဒါပေမဲ့ အမေက စောင့်ရှောက်ပြုစုလို့ ကြီးပြင်းလာရတဲ့ သမီးနဲ့ အဖေက စောင့်ရှောက်ပြုစုလို့ ကြီးပြင်းလာရတဲ့ သမီးမှာ ပျော်ရွှင်မှုခြင်း၊ ရလဒ်ချင်း အတူတူပဲ ဖြစ်ပါတယ်။ အမေလုပ်သူဟာ အပြင်ထွက်ပြီး စီးပွားရှာတယ်ဆိုရင် အဖေလုပ်သူဟာ အိမ်တွင်းမှာနေပြီး သမီးဖြစ်သူနဲ့ ပိုပြီး အချိန်ပေးနိုင်ပါတယ်။ အမှန်တော့ အဖေတိုင်း သားသမီးတွေနဲ့ အချိန်ပေးချင် ကြပါတယ်။ ဒါပေမဲ့ စီးပွားရေးအတွက် ရုန်းကန်နေရတာမို့ အချိန်မပေးနိုင်တာ ဖြစ်ပါတယ်။ ဖခင် ၈၀ ရာခိုင်နှုန်းဟာ မိသားစုတာဝန် ကျေပွန်ဖို့အတွက် ပိုက်ဆံရှာ နေကြရတယ်။ အလုပ်ထွက်လုပ်တဲ့ မိခင်တစ်ယောက်နဲ့ အလုပ်ထွက်လုပ်တဲ့ ဖခင်တစ်ယောက်တို့ဟာ အချိန်အားလပ်ပုံချင်း မတူညီပါဘူး။ ဖခင်မှာပိုပြီးတော့ အချိန်ရှားပါတယ်။ သာမန်အားဖြင့် အိမ်ထောင်ဦးစီး ဖခင်ဟာ အလုပ်ထွက်လုပ်တဲ့ အိမ်ထောင်ရှင်မထက် ၁၀ ရာခိုင်နှုန်း ပိုပြီးလုပ်ရလေ့ ရှိပါတယ်။ နောက်ပြီး အဖေနဲ့အမေ ရန်ဖြစ်တဲ့အခါမှာ သားသမီး အများစုဟာ မိခင်ဘက်ကိုသာ လိုက်လေ့ ရှိကြပါတယ်။
အဖေ့သြဇာ
သမီးအပေါ်အဖေ လွှမ်းမိုးကူညီပေးနိုင်တဲ့ ကဏ္ဍတွေက အတော်လေး များပါတယ်။ ကျောင်းပညာရေး၊ အသက်မွေးဝမ်းကျောင်းပညာ၊ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ မိမိကိုယ်ကို ယုံကြည်မှုစတဲ့ ကဏ္ဍတွေမှာ လွှမ်းမိုးနိုင်ပါတယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း အဖေတစ်ယောက်ဟာ သမီးတစ်ယောက်ကို ယောက်ျားတွေအပေါ် အလွန်အမင်း ယုံကြည်တာ၊ လိုအပ်တာ၊ မှီခိုတာစတဲ့ အစွန်းနှစ်ဖက်တွေကို ထိန်းညှိ ပေးနိုင်ပါတယ်။ ယောက်ျားတွေအပေါ် ကြောက်ရွံ့တာ၊ မှီခိုလွန်းတာတွေကို ဖျောက်ဖျက်ပေးနိုင်ပါတယ်။ အချစ်ရေးမှာ ချစ်သူရဲ့ အနိုင်ကျင့်ခြင်းကိုလည်း မခံရအောင် အဖေလုပ်သူက ထိန်းကျောင်း ပေးနိုင်ပါတယ်။ အိမ်ထောင်ရေးမှာလည်း အဖေမရှိတဲ့ အိမ်ထောင်စုက သမီးအတော်များများဟာ အသက်မပြည့်ခင်မှာ စောစီးစွာနဲ့ အိမ်ထောင်ကျ တတ်ကြပါတယ်။
Monday, March 19, 2012
ရင်ကိုထိမှန်စေသော ပုံလေးတစ်ပုံ
"ကမ္ခ္ဘ္ဘ္ဘ္ဘာမြေ ငြိမ်းချမ်းပါစေ၊ ကလေးငယ်များ ပျော်ပါစေ" ဆိုတဲ့ ထူးအိမ်သင်ရဲ့ သီချင်းလေးကို သွားသတိရတယ်။
"မြန်မာပြည် ငြိမ်းချမ်းပါစေ၊ ကလေးငယ်များ ပျော်ပါစေ" ဆိုပြီး လောလောဆယ် အနေနဲ့ ဆုတောင်းပေးဖို့ လိုနေတာတော့ အမှန်ပဲဗျာ။ ဒီပုံလေးကို ကြည့်ပြီး အတော်ခံစားလိုက်ရတယ်။ ကိုယ်တိုင်သာ ကြည့်ပြီး ခံစားကြည့်ကြပါတော့။
Jinghpaw Kasa ရဲ့ facebook မှာတွေ့ရတဲ့ ပုံလေးတစ်ပုံကို မျှဝေခံစားပါသည်။
Posted by ဂျစ်တီး
"မြန်မာပြည် ငြိမ်းချမ်းပါစေ၊ ကလေးငယ်များ ပျော်ပါစေ" ဆိုပြီး လောလောဆယ် အနေနဲ့ ဆုတောင်းပေးဖို့ လိုနေတာတော့ အမှန်ပဲဗျာ။ ဒီပုံလေးကို ကြည့်ပြီး အတော်ခံစားလိုက်ရတယ်။ ကိုယ်တိုင်သာ ကြည့်ပြီး ခံစားကြည့်ကြပါတော့။
ကချင်ဒေသက စစ်ဘေးရှောင်နေရတဲ့ ကလေးငယ်တွေရဲ့ ဘ၀ပါ
Jinghpaw Kasa ရဲ့ facebook မှာတွေ့ရတဲ့ ပုံလေးတစ်ပုံကို မျှဝေခံစားပါသည်။
Posted by ဂျစ်တီး
Friday, March 16, 2012
အငြင်းပွားနေသော ရေပြင်ပိုင်နက်ပြဿနာ နောက်ဆက်တွဲ
အတော်များများ သိကြမှာပါ ဒီသတင်းကိုတော့။ တရားရင်ဆိုင်တဲ့ နေရာမှာ မြန်မာ ရှုံးပါတယ်။ အင်မတန်မှ တန်ဖိုး ရှိတဲ့ သဘာဝ ဓါတ်ငွေ့ လုပ်ကွက် နှစ်ကွက် ရှိနေတဲ့ ရေပိုင်နက်တွေလည်း ပါသွားပါတယ်။ တရား သူကြီးမင်း များ သဘောကောင်းချက်ကတော့ ဘင်္ဂလားဒေ့ရှ် ကပင်လယ်ပြင်ရေပိုင်နက် အကျယ်အဝန်း စတုရန်းကီလိုမီတာ တစ်သိန်း ခုနစ်ထောင် ပိုင်ဆိုင်သင့်ကြောင်း တောင်းခံခဲ့ရာမှာ တရားရုံးက စတုရန်းကီလိုမီတာ တစ်သိန်း တစ်သောင်း တစ်ထောင်အထိ ပေးအပ်လိုက်ပါတယ်။ အတော်ကို နှမြောစရာ ကောင်းလှပါတယ်။
စစ်ဦးစီးချုပ်ဟောင်း သူရ ဦးတင်ဦးက သုံးသပ်ချက်လေးကလည်း ဆင်ခြင်စရာလေးပါ။ "ဒီပြသနာ ဖြစ်ကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံက နိုင်ငံခြားရေး ၀န်ကြီးအဆင့် ကိုယ်တိုင် ဦးဆောင် ဆောင်ရွက် နေပေမယ့် မြန်မာဖက် ကတော့ တရားသူကြီးချုပ် အဆင့်လောက်နဲ့သာ ဖြေရှင်းနေတဲ့ အချက် ဟာလည်း အားနည်း ခဲ့တယ်လို့ ဦးတင်ဦးက မြင်ပါတယ်။" ဒါလေးတွေက နောက်မမှားအောင် သတိပြု ဆင်ခြင် စရာလေးတွေပါ။ ဘာကိုမှ လျှော့မတွက်ဖို့နဲ့ ကျားကုတ်ကျားခဲ လုပ်ဖို့ပါပဲ။ ကျွန်တော့် အမြင်ကတော့ ဒီပြဿနာ စဖြစ်ပြီ ဆိုကတည်းက နိုင်ငံတကာ ကကြားအောင် ကျယ်ကျယ်လောင်လောင် အော်ပေးဖို့ လိုပါတယ်။ ကိုယ်ပိုင်တယ် ဆိုပြီး ဇွတ်တွေ အော်ထားရ လိမ့်မယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးက အော်တယ် မဆုံးဖြတ်ခင် ကတည်းက။ ဆိုတော့ အပြင်မှာ ထွက်နေတဲ့ အသံတွေကို ဒီတရားသူကြီးတွေ လည်းမကြားမှာ မဟုတ်ဘူး။ ဒါမျိုးလေးတွေ လည်း လိုသလားလို့ဗျာ။ ဒါပါပဲ။
Posted by ဂျစ်တီး
Tuesday, March 13, 2012
Our Memories at GTI
ဘယ်တော့မှ ပြန်မရ နိုင်တော့တဲ့ နုစဉ်က ပုံလေးတွေ ကိုပြန်ကြည့်ရင်း သူငယ်ချင်းတွေ ကိုလည်းသတိရ၊ ကိုယ့်ကိုကိုယ်လည်း စိတ်တိုင်းမကျ ဖြစ်နေရင်းမှ အမှတ်တရ အနေနဲ့ တင်လိုက်ပါတယ်။
Posted by Jenny Sanngwe
Posted by Jenny Sanngwe
Monday, February 13, 2012
ဗိုလ်ချုပ်မွေးနေ့အမှတ်တရ
ဒီနေ့ဟာ ကျွန်တော်တို့ မြန်မာပြည်ကြီး လွှတ်လပ်ရေးရအောင် ကြိုးစားပေးခဲ့တဲ့ လွှတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ပါ။ ကျွန်တော်မြန်မာတွေအတွက် မမေ့အပ်သော နေ့ထူးနေ့မြတ် တစ်ခုပါ။ ဒါကြောင့်လဲ ဗိုလ်ချုပ်ရဲ့မွေးနေ့ကို ဂုဏ်ပြုသောအားသောအားဖြင့် ကလေးများနေ့ အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ ဒီနေ့လိုနေ့မျိုးမှာ မြန်မာပြည်တလွှား ဗိုလ်ချုပ်အတွက် ကောင်းမှူကုသိုလ်တွေပြုလုပ်ပြီး အမျှအတမ်းပေးဝေးကြကာ ဗိုလ်ချုပ်အောင်ဆန်း ကောင်းရာသုဂတိရောက်စေဖို့ ဆုတောင်းပွဲတွေ ကျင်းပခဲ့ကြပါတယ်။ ကျွန်တော်တို့လဲ ဗိုလ်ချုပ်အတွက် ဆုတောင်းပေးရင်း ငယ်ငယ်တုန်းက ကျောင်းမှာသင်ခဲ့ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ကဗျာလေးကို ယနေ့ထက်တိုင် အမှတ်ရနေဆဲပါ....
ဖေဖော်ဝါရီ တစ်ဆယ့်သုံးမှာ ... ဗိုလ်ချုပ်မွေးနေ့ ပါ...
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး ... ရှေ့နေဦးဖာ သား ...
ဇာတိနတ်မောက် မကွေးခရိုင် ... သိကြ များခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား ... မိခင် ဒေါ်စုသား ….
တစ်ထောင့် ကိုးရာလေးဆယ့်ခွန် ... ပြောင်းကြွတမလွန်...
မျက်ရည်သွန်လို့ ဘ၀င်ညှိုး ... ဇူလိုင် တစ်ဆယ့်ကိုး...
ပြည်ထောင်စုရဲ့ ကျေးဇူးရှင် ... ဗိုလ်ချုပ် ဒို့ဖခင်...
ကောင်းစေချင်တဲ့ အမှာစကား ...ငါတို့ မမေ့အား.....။
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး ... ရှေ့နေဦးဖာ သား ...
ဇာတိနတ်မောက် မကွေးခရိုင် ... သိကြ များခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား ... မိခင် ဒေါ်စုသား ….
တစ်ထောင့် ကိုးရာလေးဆယ့်ခွန် ... ပြောင်းကြွတမလွန်...
မျက်ရည်သွန်လို့ ဘ၀င်ညှိုး ... ဇူလိုင် တစ်ဆယ့်ကိုး...
ပြည်ထောင်စုရဲ့ ကျေးဇူးရှင် ... ဗိုလ်ချုပ် ဒို့ဖခင်...
ကောင်းစေချင်တဲ့ အမှာစကား ...ငါတို့ မမေ့အား.....။
Posted by အိမ်လွှမ်းသူ
Saturday, February 11, 2012
ငွေနဲ့ဝယ်လို့မရတဲ့အရာ
တစ်ခါတုန်းက အလွန်ချောမောလှပတဲ့ အမျိုးသမီးတစ်ဦးဟာ ကျွန်တော်ဆေးခန်းကို ရောက်လာပါတယ်။ သူမဟာ တန်ဖိုးကြီးသော အဝတ်အစားများနဲ့ အဖိုးတန်ရတနာများကို ဝတ်ဆင်လာပါတယ်။ နယ်စပ်မှာနေတဲ့အတွက် ဒီလိုမြင်ကွင်းမျိုးတွေကို မြင်နေကျဖြစ်ပေမယ့် သူမရဲ့ဝတ်ဆင်မှုက သူများထက် အများကြီးပိုနေတယ်လို့ထင်မိပါတယ်။
သူမရဲ့နာမည်ကိုမေးကြည့်တော့မှ မရွှေကြိုင်ဖြစ်ပြီး၊အသက်မှာ ၃၆-နှစ်ဖြစ်ကြောင်းသိရပါတယ်။
သူမကို သေသေချာချာစမ်းသပ်ကြည့်တော့လည်းထူးထူးခြားခြားရောဂါဆိုပြီး ဘာမှ မတွေ့ရပါ။
သူမပြောစကားကိုနားထောင်ကြည့်တော့ သူမဟာ မကြာသေးခင်ကမှ လင်ယောကျာ်းနဲ့ကွာရှင်းပြတ်ဆဲပြီးကြောင်း သိရပါတယ်။
သူမရဲ့ တောင်းဆိုမှုတွေက များလွန်းလာတာကြောင့် လင်ယောကျာ်းမှာ မခံနိုင်တော့၍ ကွာရှင်းခြင်းဖြစ်ကြောင်းလည်း ပြောပြပါတယ်။
အခု သူမမှာ တိုက်အိမ် သုံးလုံး၊ ကားသုံးစီးအပြင် ရတနာပစ္စည်းမြောက်များစွာ ပိုင်ဆိုင်နေပေမယ့် စိတ်ထဲမှာ အထီးကျန်၊ အဖော်မဲ့နေကြောင်း၊ စိတ်ထဲမှာလည်း ရောဂါတစ်မျိုးမျိုးရှိနေတယ်လို့ ထင်မြင်မိကြောင်းပြောပါတယ်။
Sunday, December 18, 2011
Thursday, September 08, 2011
How to Do Something Even When You Don’t Feel Like Doing It
ဘ၀မှာ ကိုယ်မလုပ်ချင်တာတွေကိုလည်း လုပ်ရတဲ့အခါမျိုးတွေ ရှိတတ်ပါတယ်။ အဲဒီလိုအချိန်မျိုးမှာ စိတ်ထဲကလုံးဝ မနှစ်သက်သော်လည်း မလုပ်မဖြစ်မို့၊ တာဝန်အရမို့ လုပ်ကြရပါတယ်။ ကိုယ်စိတ်ထဲက မကြိုက်သော်လည်း လုပ်ရတဲ့အခါမျိုးတွေမှာ အသုံးတည့်မယ့် ခြေလှမ်း(၃)ခုကို မျှဝေလိုပါတယ်။
ခြေလှမ်း ၁ – လက်ခံပါ
မလုပ်ချင်ပေမဲ့ မဖြစ်မနေလုပ်ရမယ့် အလုပ်တစ်ခုကို လုပ်တဲ့အခါ ကျနော်တို့ဟာ အဲဒီမလုပ်ချင်တဲ့စိတ်ကို ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားတတ်ကြပါတယ်။ အဲဒီလိုလုပ်တာဟာ စိတ်ကိုပင်ပန်းစေပါတယ်။ ဒါကြောင့် အဲဒီမလုပ်ချင်တဲ့စိတ်ကို လက်ခံပါ။ ကိုယ့်ကိုယ်ကိုယ် ဒီလိုပြောကြည့်လိုက်- “ငါ ဒီအလုပ်ကို မလုပ်ချင်ဘူး။ ငါမကြိုက်ဘူး။ အဲဒါကို ငါလက်ခံတယ်။”
အဲဒီစကားက အရှုံးပေးတဲ့စကားလိုလို ထင်ရပါတယ်။ ဒါပေမဲ့ သင့်စိတ်ထဲမှာ ခံစားနေရတဲ့ခံစားချက်တစ်ခုခုကို အတင်းတွန်းလှန်ဖို့ ကြိုးစားခြင်းဟာ စွမ်းအင်တွေအများကြီး ကုန်ခမ်းစေပါတယ်။ ဒါကြောင့် မကြိုက်တဲ့စိတ်ကို ဖယ်ရှားပစ်ဖို့မကြိုးစားဘဲ လက်ခံလိုက်ပါ။ တဖြေးဖြေးနဲ့ အဲဒီစိတ်ဟာ ဆီကုန်သွားတဲ့ကားလို အရှိန်လျော့သွားပါလိမ့်မယ်။ ပြီးတော့ မကြာခင်ပဲ သင့်စိတ်ထဲကနေ ပျောက်သွားပါလိမ့်မယ်။
ဒီခြေလှမ်းနဲ့ အဆင်မပြေသေးဘူးဆိုရင်တော့ နောက်ထပ်ခြေလှမ်းတစ်ခုကို သွားကြရအောင်။
ခြေလှမ်း ၂ – အကျိုးကျေးဇူးတွေကို စဉ်းစားပါ
သင်ဟာ အဲဒီအလုပ်ကို မကြိုက်ဘူး၊ မလုပ်ချင်ဘူးဆိုတာကို သင် လက်ခံပြီးတဲ့နောက်မှာ အဲဒီအလုပ် ပြီးမြောက်သွားခြင်းအားဖြင့် ရရှိလာမယ့်အကျိုးကျေးဇူးတွေကို ချရေးကြည့်ပါ။ စာရွက်ပေါ်မှာဖြစ်ဖြစ်၊ ကွန်ပျူတာထဲမှာဖြစ်ဖြစ်ပေါ့။ ဒါမှမဟုတ် စိတ်ထဲကနေပဲ စဉ်းစားကြည့်ပါ။ အလုပ်တစ်ခုကို သင်မကြိုက်တဲ့အခါ အဲဒီအလုပ်နဲ့ပတ်သက်တဲ့ မကောင်းတဲ့အကြောင်းအရာတွေဘက်ကို စိတ်က ရောက်သွားဖို့ အလွန်လွယ်ကူပါတယ်။ ဥပမာ- အဲဒီအလုပ်ဟာ အရမ်းခက်ခဲလွန်းတယ်ဆိုတဲ့ အတွေးမျိုးပေါ့။
ဘယ်လိုပဲဖြစ်ဖြစ် မလုပ်မဖြစ် လုပ်ရတော့မယ်ဆိုမှတော့ သင့်စိတ်ကိုသင် တက်ကြွလာအောင် ခွန်အားပေးဖို့လိုပါတယ်။ ဒီတော့ သင့်ရဲ့ အာရုံကို ပြောင်းလိုက်ရပါမယ်။ အဲဒီအလုပ်ကို လုပ်ခြင်းဖြင့် ရလာမယ့် အခွင့်အရေးတွေ၊ အကျိုးကျေးဇူးတွေကို ချရေးကြည့်ခြင်းဟာ သင့်ရဲ့ စိတ်ကို တက်ကြွလာစေပါတယ်။ဘယ်အရာနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ် ကောင်းတဲ့အရာတွေကို အမြဲတမ်း ရှာဖွေတွေ့ရှိနိုင်ပါတယ်။ သင်ဟာ အကြောင်းအရာဖြစ်ရပ်တွေကို မှန်ကန်တဲ့နည်းလမ်းနဲ့ ရှုမြင်မယ်ဆိုရင် သင့်ကိုယ်သင်နဲ့ ပတ်သက်တဲ့၊ သင့်ရဲ့ဘ၀နဲ့ပတ်သက်တဲ့ သင်ခန်းစာတွေကို တွေ့နိုင်ပါတယ်။ ပြီးတော့ အခွင့်အရေးတွေကိုလည်း သင် တွေ့ရပါလိမ့်မယ်။
ခြေလှမ်း ၃ – အခု စ လုပ်ပါ
အခုဆိုရင် အလုပ်တစ်ခုကို သင်မကြိုက်ဘူးဆိုတဲ့အတွေးတွေကို လျှော့ချပြီးပြီ။ အဲဒီအလုပ်ကို လုပ်ဖို့ လိုအပ်တဲ့ စိတ်ဓာတ်ခွန်အားတွေရအောင်လည်း လုပ်ပြီးလောက်ပါပြီ။ ဒီအဆင့်မှာ စိတ်က နောက်တစ်ကြိမ် ပြန်တွေးမိတတ်ပါတယ်။ သင်ဟာ သင်အစပြုခဲ့တဲ့နေရာကို ပြန်ရောက်သွားတတ်ပါတယ်။ ဒီအလုပ်ကို ဘာကြောင့်လုပ်ရမှာလဲဆိုတဲ့အတွေးတွေ ပြန်ဝင်လာတတ်ပါတယ်။ ပြီးတော့ အဲဒီအလုပ်နဲ့ပတ်သက်တဲ့ မကောင်းတဲ့အကြောင်းအရာတွေအပေါ် စိတ်က ပြန်ရောက်သွားတတ်ပါတယ်။
ဒါကြောင့် ဒီအဆင့်ကို ရောက်တဲ့အခါ ကျနော်လုပ်လေ့ရှိတာကတော့ တွေးနေတာကို ရပ်လိုက်ပြီး ထိုင်ခုံကနေ ထလိုက်ပါတယ်။ ပြီးတော့ အဲဒီအလုပ်ကို စလုပ်တော့တာပါပဲ။
ဒီစာက သင့်အတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။ ထူးကဲတဲ့နေ့တစ်နေ့ကို သင်ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။
Ref: How to Do Something Even When You Don’t Feel Like Doing It by Henrik
Posted by ဝတီ
Saturday, September 03, 2011
Puppies For Sale
ဆိုင်ပိုင်ရှင်တစ်ယောက်သည်“ခွေးကလေးများရောင်းရန်ရှိသည်”ဆိုသောဆိုင်းဘုတ်ကို တံခါးရဲ့အပေါ်မှာ သံမှို နဲ့ ရိုက်တင်ထားလိုက်၏။ ဒီဆိုင်းဘုတ်ဟာ ကလေးငယ်တွေကို ဆွဲဆောင် နိုင်တာ
ကတော့သိပ်ကိုသေချာပြီးသူ့မကြာခင်သူ့ဆိုင်ကိုရောက်လာကြတော့တာပါပဲ။ ခွေးကလေးတွေကိုဘယ်လောက်နဲ့ရောင်းမှာပါ လဲ ခင်ဗျာလို့ ကောင်လေးတစ်ယောက်ကမေးလိုက်သည်။ ၃၀ နဲ့ ၅၀ ကြားလောက်ဖြစ်လိမ့် မယ်လို့ ဆိုင်ရှင်ကပြန်ပြောလိုက်၏။ ဒီတော့ ကလေးရဲ့ လက်ကသူ့ ပိုက်ဆံအိတ်ဆီ ရောက်သွားပြီး အကြွေ တစ်ချို့ကို ဆွဲထုတ်လိုက်သည်။ ပြီးတော့ ကျွန်တော့်မှာ ၂ဒေါ်လာနဲ့ ၃၇ ဆင့်ပဲရှိတယ်၊ ကျေးဇူးပြုပြီး ကျွန်တော် သူတို့ကို ကြည့်လို့ရမလားလို့ မေးလိုက်၏။
ကတော့သိပ်ကိုသေချာပြီးသူ့မကြာခင်သူ့ဆိုင်ကိုရောက်လာကြတော့တာပါပဲ။ ခွေးကလေးတွေကိုဘယ်လောက်နဲ့ရောင်းမှာပါ လဲ ခင်ဗျာလို့ ကောင်လေးတစ်ယောက်ကမေးလိုက်သည်။ ၃၀ နဲ့ ၅၀ ကြားလောက်ဖြစ်လိမ့် မယ်လို့ ဆိုင်ရှင်ကပြန်ပြောလိုက်၏။ ဒီတော့ ကလေးရဲ့ လက်ကသူ့ ပိုက်ဆံအိတ်ဆီ ရောက်သွားပြီး အကြွေ တစ်ချို့ကို ဆွဲထုတ်လိုက်သည်။ ပြီးတော့ ကျွန်တော့်မှာ ၂ဒေါ်လာနဲ့ ၃၇ ဆင့်ပဲရှိတယ်၊ ကျေးဇူးပြုပြီး ကျွန်တော် သူတို့ကို ကြည့်လို့ရမလားလို့ မေးလိုက်၏။
ဆိုင်ရှင်က ပြုံးပြီး ခွေးလှေင်အိမ်နားမှာရှိနေတဲ့အမျိုးသမီးတစ်ယောက်ကို အချက်ပြလိုက်သည်။ အဲဒီအမျိုးသမီးဟာပြေးဆင်းလာပြီး သူ့နောက်မှာတော့အလွန်သေးငယ်လှတဲ့မွေးပွခွေးကလေး၅ကာင်ပြေးလိုက် လာ၏။အဲဒီအထဲက ခွေးကလေးတစ်ကောင်ကတော့အတော်လေးကိုသိသိသာသာနောက်မှာပြတ်ကျန်နေခဲ့သည်။
ချက်ချင်းဆိုသလိုပဲကောင်လေးဟာအဲဒီနောက်ကျကျန်နေရစ်ပြီးယိုင်တိုင်တိုင်ဖြစ်နေတဲ့ခွေးကလေးကိုကြည့်ပြီးမေး လိုက်တယ် "အဲဒီခွေးလေးဘာဖြစ်နေလဲ ခင်ဗျာ"။
ချက်ချင်းဆိုသလိုပဲကောင်လေးဟာအဲဒီနောက်ကျကျန်နေရစ်ပြီးယိုင်တိုင်တိုင်ဖြစ်နေတဲ့ခွေးကလေးကိုကြည့်ပြီးမေး လိုက်တယ် "အဲဒီခွေးလေးဘာဖြစ်နေလဲ ခင်ဗျာ"။
တိရစ္ဆာန်ဆရာဝန်ပြောတာကတော့သူ့မှာတင်ပဆုံအခေါင်း(ဂျွိုင့်)ပါမလာလို့ လို့ပြောတာပဲဟု ဆိုင်ရှင်ကရှင်းပြ၏။ ဒါကြောင့် သူဟာ အမြဲတမ်း ပျော့ခွေနေပြီး ခြေဆာ နေတော့ မှာလို့ ပြောလိုက်သည်။ ကောင်လေးဟာ အတော်စိတ်လှုပ်ရှား သွားခဲ့တယ်၊ ပြီးတော့ “ကျွန်တော် ၀ယ်ချင်နေတဲ့ ခွေးလေးဟာ ဒီလိုခွေးလေး” ပါ ပဲလို့ ပြောလိုက်ပါတော့တယ်။
ဆိုင်ရှင်က “မဟုတ်သေးဘူး၊ ဒီခွေးလေးကို မင်းမ၀ယ်ချင်ပါနဲ့၊ မင်းတကယ်ကို သူ့ကိုမှ လိုချင်တယ်ဆိုရင် ငါမင်းကို အလကားလေးလိုက် ပါ့မယ်” လို့ ပြောလိုက်သည်။ကောင်လေးဟာ အတော်ကို စိတ်ပျက် လက်ပျက် ဖြစ်သွားခဲ့တယ်။ ပြီးတော့ ဆိုင်ရှင် ရဲ့ မျက်လုံးထဲကို တည့်တည့် ကြည့်ပြီး လက်ညှိုးထိုးကာ အောက်ပါအတိုင်း ပြောချလိုက်သည်။
“ ခင်ဗျား ကျွန်တော့်ကို အလကားပေးတာ မလိုချင်ဘူး၊ ဒီခွေးလေးဟာ လည်း တခြားခွေးတွေ လိုပဲ တန်ဖိုးရှိတယ်။ ကျွန်တော် သတ်မှတ်ထားတဲ့ ဈေးအတိုင်း အပြည့်ပေးမယ်။ ဒါပေမယ့် လောလောဆယ် ကျွန်တော့်မှာ ၂ဒေါ်လာနဲ့ ၃၇ ဆင့်ပဲရှိတယ်။ ဆိုတော့ တစ်လကို ဆင့် ၅၀ နှုန်းနဲ့ မကြေမချင်း ပေးသွားမယ်” ။
မင်းသူ့ကို တကယ်သာ ၀ယ်လိုက်မယ်ဆိုရင် သူဟာ တခြားခွေးတွေလို ပြေးလိုက် ခုန်လိုက် လုပ်ပြီး မင်းနဲ့ ကစားနိုင်မှာ မဟုတ်ဘူး လို့ ဆိုင်ရှင် ကတုန့်ပြန် လိုက်၏။
အဲဒီမှာပဲ ကောင်လေးက အောက်ငုံ့ပြီး သူ့ဘောင်းဘီ ရဲ့ ခြေထောက်ကို အပေါ် လိပ်တင်ပြီး လှစ်ပြ လိုက်တော့တယ်။သတ္တုနဲ့လုပ်ထားတဲ့ကိရိယာခပ်ကြီးကြီးတစ်ခုနဲ့ထိန်းချုပ်ထားရတဲ့တ်ာတော်ကိုဆိုးဆိုးရွားရွားလိမ်ပြီးကျိုးနေတဲ့ ဘယ်ဖက် ခြေထောက် တစ်ဖက်ကို တွေ့လိုက်ရတော့သည်။
ပြီးတော့ ကောင်လေးက ဆိုင်ရှင်ကို မော့ကြည့်် ပြီး ညင်ညင်သာသာ နဲ့ ပြန်ပြောလိုက်တယ် “ကျွန်တော် ကိုယ်တိုင်လဲ ကောင်းကောင်း မပြေးနိုင်ပါဘူးဗျာ၊ ဒီခွေးလေးဟာ သူ့ကို နားလည်ပေးနိုင် မဲ့ လူတစ်ယောက် လိုအပ်နေပါလိမ့်မယ်” ။
ဖတ်မိသော“Puppies For Sale” ဆိုသော STORY လေးကို အဆင်ပြေသလို ဘာသာပြန်ဆို ထားပါသည်။
ဂျစ်တီး Friday, August 26, 2011
ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး
တိုင်းပြည်နှင့် လူမျိုးကို ချစ်မြတ်နိုးဖို့လိုသလား။ လူရယ်လို့ဖြစ်လာလျှင် စားဝတ်နေရေး ပြေ လည်ဖို့ ကိုယ့်မိသားစု ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ဖို့ ကြိုးစားအလုပ်လုပ်ရမယ်။ နောင်ဘ၀မှာ ယခု ထက် ပိုပြီး သာလွန်ကောင်းမွန်တဲ့ ဘ၀သစ်ရရှိဖို့ ကုသိုလ်ကောင်းမှုတွေ ပြုရမယ်။ ဒါဆိုရင် ဘ၀ရဲ့အဓိပ္ပါယ် ပြည့်စုံပြီပေါ့ဟု သာမာန်လူအများက ယုံကြည်ကြသည်။ ထိုယုံကြည်ချက် မမှားချေ။ လူတစ် ယောက်၏ အခြေခံလိုအပ်ချက်ကို လက်ခံယုံကြည်ခြင်းဖြစ်၍ မှားယွင်းခြင်းမရှိချေ။
သို့သော် လူ့ဘ၀၏ အဓိပ္ပါယ်သည် ထိုမျှနှင့် ပြီးပြည့်စုံပြီဟု မဆိုအပ်ပေ။ လူသည် တစ်ဦးချင်း သဘောဆောင်သော်လည်း ကမ္ဘာပေါ်တွင် မိမိနှင့် မိမိ၏ ဆွေမျိုးသားချင်းတစ်စုသာ နေထိုင်နေကြခြင်း မဟုတ်ပေ။ လူသည် အခြားသော လူများနှင့် သတ္တ၀ါအမျိုးမျိုးတို့နှင့် တစ်ဆက်တစ်စပ်တည်း ရောနှော နေထိုင်လျက်ရှိသည်။ ထို့ကြောင့် လူသည် မိမိ၏ လူ့အဖွဲ့အစည်းဝင် အချင်းချင်းနှင့် မိတ်ဖက်သတ္တ၀ါ များနှင့် သဟဇာတဖြစ်အောင် ကြိုးစားနေထိုင်ကြရသည်။ စိတ်တူကိုယ်တူရှိသော မျိုးနွယ်တူများ စုပေါင်းနေထိုင်ကြခြင်းဖြင့် တိုင်းပြည်နိုင်ငံများဟူ၍ ပေါ်ပေါက်လာခဲ့ရာ မိမိ မှီတင်းနေထိုင်သော တိုင်းပြည်၏ အရိပ်အာဝါသသည် ဆွေရိပ်မျိုးရိပ်ပင်ဖြစ်သည်။ မိမိ၏ အရင်းအချာဆွေမျိုး သားချင်း များကို ချစ်တတ်လျှင် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို ချစ်တတ်ဖို့ မခဲယဉ်းပါချေ။
သို့သော် ထိုသို့ အသိတရားမထားတတ်လျှင် သာမန်လူအများသည် တစ်ကိုယ်ကောင်းစိတ် ၏ စေ့ဆော်ချက်ဖြင့် တိုင်းပြည်နှင့် လူမျိုးဆိုသည်ကို မေ့လျော့နေတတ်ကြသည်။ မည်သည့်အချိန်မျိုး တွင် သိသာသနည်းဆိုသော် တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက် မိမိတစ်ဦးချင်း၏ အကျိုးစီးပွား အနည်းငယ်မျှကို အထိပါးခံရမည့် အနေအထားမျိုး ကြုံရချိန်များတွင် ဖုံးမနိုင်ဖိမရ ပေါ်လာလေ့ရှိသည်။
ကိုယ့်တိုင်းကိုယ့်ပြည် ကိုယ့်လူမျိုးဆိုသော အသိကို တိုင်းတစ်ပါးသို့ ရောက်နေချိန်တွင် ပို၍ နှလုံးသွင်းမိတတ်ကြသည်။ “နီးတကျက်ကျက် ဝေးတသက်သက်” ဟူသော စကားအတိုင်းပင် ကိုယ့် တိုင်းပြည်မှ အဝေးသို့ ရောက်နေသူများသည် အိမ်လွမ်းစိတ် ပိုဖြစ်ပေါ်တတ်ကြသည်။ နိုင်ငံရပ်ခြား တိုင်းတစ်ပါးတွင် ဘယ်နိုင်ငံကလဲ၊ ဘာလူမျိုးလဲဟူသော မေးခွန်းနှင့် မကြာခဏ ကြုံကြရမည် ဖြစ် သည်။ ထိုအခါ မိမိ ဘာလူမျိုးလဲဆိုသည့် အမှတ်အသား(identity)ကို မပြောမဖြစ် ပြောကြလေသည်။ ယင်းသည် ကိုယ့်လူမျိုး ဂုဏ်သိက္ခာကျဆင်းမည်စိုးသော စိတ်ကလေးကြောင့် ဖြစ်ရကား အမျိုးသား သံယောဇဉ်၏ ကောင်းသော ရလဒ်တစ်ခုဟု ဆိုနိုင်ပေသည်။
အချို့ကမူ မိမိလူမျိုးအမှတ်အသားကို ပြောလိုက်လျှင် အထင်အမြင်သေးခံရမည် စိုး၍ လှီးလွှဲ ပြောဆိုတတ်ကြသည်။ ယင်းသည် ကိုယ့်အကျိုး ထိခိုက်မည်စိုးသောကြောင့် ဖြစ်ရကား ကောင်းသော နမူနာ မဖြစ်နိုင်ချေ။
လူမျိုး၏ဂုဏ်သတင်း(reputation)ဟူသည် နေ့ချင်းညချင်း ဖြစ်ပေါ်လာခြင်းမဟုတ်ပေ။ နှစ်ကာလများစွာ အစိုင်အခဲဖြစ်ပြီးမှ အထင်သေးစရာ အထင်ကြီးစရာ ထုနှင့်ထည်နှင့် ပေါ်ထွက်လာ ခြင်းဖြစ်သည်။ မိမိတစ်ဦးတည်း တစ်ယောက်ထဲ၏ လုပ်ရပ်ကြောင့် လူမျိုး၏ဂုဏ်သတင်း ကောင်းခြင်း ဆိုးခြင်း မဖြစ်နိုင်သော်လည်း ယနေ့မျက်မှောက်ကာလ လူအများက ဖန်တီးခဲ့သော ဂုဏ်သတင်းသည် နောက်မျိုးဆက်များအတွက် ကောင်းမွေသော်လည်းကောင်း၊ ဆိုးမွေသော်လည်းကောင်း ဖြစ်ပေမည်။ သို့ဖြစ်ရာ မျက်မှောက်ခေတ်ကို ကိုယ်စားပြုသူများအနေဖြင့် ကောင်းမွေများများ ထားနိုင်ခဲ့ ကြဖို့ တာဝန်ရှိကြောင်း အလေးအနက် ခံယူအပ်ကြသည်။ သို့မဟုတ်ပါက နောင်လာနောက်သားများ က ကျွန်ုပ်တို့၏ အုတ်ဂူကို တံတွေးနှင့် ထွေးကြလိမ့်မည်။
Posted by အိမ်လွမ်းသူ
Wednesday, July 06, 2011
မြန်မာဟာ မြန်မာပဲ ဖြစ်ရမယ်
ဟေ့- မြန်မာဟာ မြန်မာပဲကွ၊ မြန်မာဟာ မြန်မာပြည်ကို ချစ်ရမယ်။ မြန်မာဟာ မြန်မာပြည်မှာပဲ နေရမယ်။ မြန်မာပြည်မှာပဲ သေရမယ်။ အကြောင်းအမျိုးမျိုးကြောင့် ရေမြေခြားကို ရောက်နေပေမယ့် တစ်နေ့နေ့ ကိုယ့်နိုင်ငံကို ပြန်ရမယ်။ အခွင့်အရေး တစ်စုံတရာကြောင့် နိုင်းခြားသားလုပ်ဖို့ ဘယ်တော့မှ စိတ်မကူးနဲ့။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်
Posted by ထွန်းမြင့်ဌေး
Monday, July 04, 2011
ခြင်္သေ့မြိုတော်
ခြင်္သေ့မြိုတော်က အဖြစ်အပျက်လေးတွေကို သူငယ်ချင်းတို့ကို ဝေမျှချင်ပါတယ်...ဗဟုသုတအဖြစ်အနေနဲ့ပေါ့.. ခြင်္သေ့မြိုတော်ကို သွားဖို့ဆုံးဖြတ်ထားတဲ့သူတွေကိုလည်း အကျိုးရှိစေမှာပါ...
နိဒါန်းကတော့ သိပ်မလှပါဘူး။ဇွန်လ ၂၀၁၀ မှာ ခြင်္သေ့မြို့တော်ကိုရောက်တယ်။ ကိုယ့်ရည်မှန်းချက်တွေကို ပြည့်စေမလားဆိုတဲ့။ အတွေးနဲ့ကြိုးစားထွက်လာတယ် ဆိုပါစို့။ စရောက်ကာစ ဘယ်လိုတွေးမိလည်းဆိုတော့ စင်ကာပူဆိုတာ မြန်မာနဲ့သိပ်မခြားနားပါဘူး။ မီးတွေကလည်းထိန်လင်းပြီး MRT(ရထား)၊ Bus Car က အစ အဆင့်တန်းမြင့်တယ်ဆိုတာစမြင်တွေ့ရပါတယ်။ ကျန်တာကတော့ အဲ့လောက်မဟုတ်ပါဘူး။ (ကွာခြားတာတွေကတော့ တော်တော်ကိုများပါတယ် လမ်းတွေက အစပေါ့လေ။) တကယ်တမ်းတွေးကြည့်မယ်ဆိုရင် မြန်မာပြည်မှာရှိတဲ့လူတွေရဲ့အပြုံးနဲ့ စင်ကာပူက လူတွေရဲ့မျက်နှာက သိပ်ကိုကွာခြားပါတယ် နွေးထွေးမူ လုံးဝမရှိတာအမှန်ပါ။ မြန်မာတွေက ဗုဒ္ဓဘာသာအယူအဆရယ် ငယ်စဉ်ကတည်းက လူကြီးမိဘကိုရိုသေရမယ်ဆိုတာရယ် သိထားကြတော့ ဒီကလူတွေနဲ့ယှဉ်ရင် အပုံကြီးသာပါတယ်။ မပျော်ပါဘူး။ အလုပ်လုပ်ဖို့လာတာဆိုတော့ မနက်စောစောအိပ်ယာထ၊ ဘုရားရှိခိုး၊ သတင်းစာသွားဝယ်။ ပြီးတော့ မျက်လုံးပျက်မတတ် ဖတ်၊ မှတ်၊ အွန်လိုင်းကနေ အရင်လျှောက်။ ၉နာရီခွဲရင် ဖုန်းတွေဆက်ပြီး မေး။ ဒီနေရာမှာ ပြောပြချင်ပါတယ်။ ဘယ်လိုကြုံတွေ့ရတယ် ဆိုတာတွေလေ။ ကိုယ်ကမေးတယ်၊ အလုပ်လျောက်ချင်လို့ပါ၊ မြန်မာလက်ခံလားပေါ့။
Subscribe to:
Posts (Atom)





