Monday, September 24, 2012

dog နဲ့ပတ်သက်သော အင်္ဂလိပ်အသုံးအနှုံးများ

မြန်မာစကားမှာခွေးကို မကောင်းတဲ့အနက်နဲ့တွဲဖက်သုံးလေ့ရှိပါတယ်။  “ခွေးကျင့်ခွေးကြံ”၊ “ခွေးဖြစ်သွားမယ်”၊ “ခွေးသူတောင်းစား”၊ “ဆင့်အ၀ှာခွေးမျှော်”၊ “ခွေးမြီးကောက်ကျည်တောက်စွပ်”၊ “ခွေအိုကြီးလက်ပေးသင်”၊ “ခွေးနဲ့ကြောင်လိုပဲ”၊ “ဆင်ခေါင်းခွေးချီ” ၊ “ခွေးတစ်ကောင်ကြောင်တစ်မြီးမှမရှိ”စသဖြင့်ရှိကြသလို အင်္ဂလိပ်ဘာသာစကားမှာလည်း ခပ်ဆင်ဆင်အသုံးတွေ၊ စကားပုံတွေ၊ အီဒီယံတွေရှိပါတယ်။ တစ်ချို့ကိုလေ့လာဖို့ ဖော်ပြပေးလိုက်ပါတယ်။
To be as sick as a dog ခွေးတွေနေမကောင်းဖြစ်တာတွေ့ဖူးကြတယ်မဟုတ်လား။ စားထားသမျှတွေအကုန်အန်ထုတ်ပစ်တာပဲ။ ဒီလိုပဲလူတစ်ယောက်အော့အန်နေမကောင်းဖြစ်လို့ရှိရင် She is as sick as a dog. လို့ပြောနိုင်ပါတယ်။
Every dog has its day! ခွေးတွေတောင်မှ သူ့အတွက်ကောင်းမွန်တဲ့နေ့တစ်နေ့ရှိပါတယ်တဲ့။ ဘယ်လောက်ပဲကံဆိုးလှပါပြီဆိုတဲ့လူတစ်ယောက်ဟာ တစ်နေ့နေ့မှာတော့ သူ့အတွက် ကံကောင်းခြင်းတွေ၊ အောင်မြင်ခြင်းတွေနဲ့ သာယာလှပတဲ့နေ့တစ်နေ့တော့ အနည်းဆုံးပိုင်ဆိုင်ခွင့်ရမှာပါ။
အခုရက်ပိုင်းအတွင်းမှာ မိုးတွေကသည်းကြီးမည်းကြီးရွာနေ It's raining cats and dogs. တော့အပြင်ထွက်ဖို့ကတော့ a dog's chance မဖြစ်နိုင်သလောက်အခွင့်အရေးပါပဲ။
To be top dog မြန်မာ့ယဉ်ကျေးမှုမှာ ခွေးနဲ့အနှိုင်းခံရတာအနာဆုံးအရိုင်းဆုံးဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဒီအင်္ဂလိပ်စကားကတော့ အရေးအကြီးဆုံးထိပ်ဆုံးကပုဂ္ဂိုလ်လို့ရည်ညွှန်းတာပါ။ Henry is the top dog in his company.