Wednesday, February 29, 2012

ဆင်းရဲခြင်းသည် ရောဂါ (Poverty is a disease)




ဆင်းရဲမွဲတေမှု လျော့ချရေးကို ဦးသိန်းစိန်အစိုးရက လုပ်ဆောင်နေပါသည်။ နိုင်ငံသားတွေကလည်း ပါဝင်နေကြသည်။ နိုင်ငံရေးပါတီတွေကလည်း ဆင်းရဲမှုလျော့ကျအောင် အလုပ်အကိုင် အခွင့်အလမ်း များပြားအောင် ဖန်တီးပေးမယ်ဆိုပြီး မဲဆွယ်စည်းရုံးနေကြသည်။ စီးပွားရေးပညာရှင်တွေ၊ စီးပွားရေးဘွဲ့ရတွေကလည်း Seminar လေးတွေ လုပ်ပြီး ဆင်းရဲမွဲတေမှု လျော့ကျအောင် ဆွေးနွေး အဖြေရှာနေကြသည်။ အားလုံးသော ပုဂ္ဂိုလ်များမှာ ကျေးဇူးတင်စရာ ကောင်းပါသည်။ လေးစားစရာလည်း ကောင်းပါသည်။ သို့သော် ဆင်းရဲမွဲတေမှုကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်းက ဘောင်ကျဉ်းနေသည်ဟု ထင်မြင်မိပါသည်။ အကြောင်းအရာတခုကို ဆွေးနွေးရာတွင် ထောင့်စုံမှ စဉ်းစားပါက အဖြေရှာရန် လွယ်ကူပြီး ဆက်လက်လုပ်ဆောင်ရန် လွယ်ကူမည်ဟု ထင်ပါသည်။

ဆင်းရဲခြင်းသည် နောက်ပိုင်း ရောဂါအမျိုးအစားအထဲ ထည့်သွင်းလာသဖြင့် ဆရာဝန်တွေလည်း သိထားသင့်ပါသည်။ ထို့ကြောင့် ဆင်းရဲမွဲတေမှုကို ရောဂါတခုကို လေ့လာသလို လေ့လာခြင်းသည် အဖြေမှန်ရရန် ပိုနီးစပ်ပါသည်။ လက်တွေ့လည်း ပါရပါမည်။

လေ့လာပုံမှာ ...

(၁) ဆင်းရဲမွဲတေမှုကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း (Definition)
(၂) ဆင်းရဲမွဲတေခြင်း၏ လက္ခဏာများ (Signs and symptoms)
(၃) ဆင်းရဲမွဲတေမှုဖြစ်ရခြင်း အကြောင်းအရင်းများ (Causes)
(၄) ဆင်းရဲမွဲတေခြင်း၏ နောက်ဆက်တွဲ လက္ခဏာများ (Complications)
(၅) ဆင်းရဲခြင်း ရာဇ၀င်နှင့် စမ်းသပ်ပုံ (History taking and Physical examination)
(၆) ဆင်းရဲခြင်း ရောဂါသတ်မှတ်ပုံ (Diagnosis)
(၇) ဆင်းရဲခြင်းရောဂါကို စီမံကုသပုံ (Management)

အထက်ပါအတိုင်း လေ့လာကုသပါမှ ရောဂါအမြစ်ပြတ်နိုင်မည်။

Tuesday, February 28, 2012

ဘရူနိုင်းဖိတ်ခေါ်ဖလားပွဲ၏ မြန်မာယူ-၂၁အသင်းရဲ့ ဒုတိယပွဲစဉ်

ဘရူနိုင်းဖိတ်ခေါ်ဖလားပွဲ၏ အုပ်စု(က) ဒုတိယပွဲစဉ်အဖြစ် ယနေ့ညတွင်  မြန်မာ ယူ-၂၁ နှင့် အင်ဒိုနီးရှား ယူ-၂၁ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာလူငယ် အသင်းက ၃ဂိုး ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။  အင်ဒိုနီးရှားအသင်းက ပထမပိုင်းတွင် အန်ဒစ်ခ်၏ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် မြန်မာအတွက် ကျော်ဇေယျာဝင်းက ချေပဂိုး သွင်းယူပေးသွားခဲ့ပြီး၊ အနိုင်ဂိုး(၂)ဂိုးကို ကျော်ကိုကို တစ်ဦးတည်းက သွင်းယူပေးသွားခဲ့သည်။ အုပ်စု(က) ပထမပွဲစဉ်တွင် လာအို ယူ-၂၁ အသင်းက စင်ကာပူ ယူ-၂၁ အသင်းကို ၂ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ မြန်မာ ယူ-၂၁ အသင်းသည် မတ်လ(၂)ရက်နေ့ သောကြာနေ့ည စင်ကာပူစံတော်ချိန် ၈း၁၅ (မြန်မာစံတော်ချိန် ၆း၄၅)တွင် လာအို ယူ-၂၁ အသင်းနှင့် တတိယပွဲစဉ်အဖြစ် ဆက်လက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။  မြန်မာ ယူ-၂၁ နှင့် အင်ဒိုနီးရှား ယူ-၂၁ အသင်းတို့၏ ဘောလုံးပွဲစဉ်ကို အောက်ပါ link မှတဆင့် တိုက်ရိုက်ပြသသွားခဲ့ပါသည်။
http://www.poztmo.com/2011/08/rcti-online-live-streaming.html

Posted by ဝတီ

Sunday, February 26, 2012

ဘရူနိုင်းဖိတ်ခေါ်ဖလားပွဲ၏ မြန်မာယူ-၂၁အသင်းရဲ့အဖွင့်ပွဲစဉ်

 
ဘရူနိုင်းဖိတ်ခေါ်ဖလားပွဲ၏ အဖွင့်ပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့သည့် ဖိလစ်ပိုင် ယူ-၂၁ နှင့် မြန်မာ ယူ-၂၁ အသင်းတို့၏ ပွဲစဉ်တွင် မြန်မာလူငယ် အသင်းက ၈ဂိုး ၂ဂိုးဖြင့် ဂိုးပြတ် အနိုင်ရရှိခဲ့သည်။
မြန်မာအသင်းသည် အဖွင့်ပွဲတွင် မိုင်းအိုက်နိုင်၊ ကျော်ကိုကို၊ ကြည်လင်း၊ သိန်းသန်းဝင်း၊ ပြည့်ဖြိုးအောင်၊ ကျော်ဇေယျာဝင်း၊ ရန်အောင်ဝင်း၊ ဇော်မင်းထွန်း အစရှိသည့် ကစားသမား များဖြင့် ပွဲထွက်လာခဲ့သည်။ ပွဲချိန် ၁၃မိနစ်တွင် သိန်းသန်းဝင်းက မြန်မာတို့ အတွက် အဖွင့်ဂိုးအား သွင်းယူပေးခဲ့ကာ ချက်ချင်းဆိုသလိုပင် မိုင်းအိုက်နိုင်က ဒုတိယဂိုး သွင်းပေးခဲ့ပြီး မြန်မာတို့ နှစ်ဂိုးပြတ် ဦးဆောင်နေခဲ့သည်။ ပွဲချိန် ၃၉မိနစ်တွင် ဖိလစ်ပိုင် ကစားသမား မာဗင်က ချေပဂိုး ပြန်သွင်းခဲ့ပြီး ၄၅မိနစ်တွင် မြန်မာတို့ ပင်နယ်တီ ကန်ခွင့် ရခဲ့သည်။ ယင်းပင်နယ်တီအား အသင်းခေါင်းဆောင် ကျော်ဇေယျာဝင်းက ကန်သွင်းခဲ့ကာ ပထမပိုင်းအပြီး (၃-၁)ဂိုးဖြင့် အနိုင်ရနေခဲ့သည်။
ဒုတိယပိုင်းအစတွင် မြန်မာအသင်း ဂိုးများဆက်တိုက်ရခဲ့သည်။ ပွဲစစချင်းပင် လူစားဝင် ကစားသမား ကောင်းစည်သူက မြန်မာတို့အတွက် စတုတ္ထဂိုးအား သွင်းပေးခဲ့ကာ ၄၉မိနစ်တွင် ကျော်ဇေယျာဝင်းက ပင်နယ်တီမှတစ်ဆင့်ပင် နောက်တစ်ဂိုး သွင်းယူပေးခဲ့သည်။ တစ်ဖန် ၆၇မိနစ်တွင် ကျော်ဇေယျာဝင်းက ၎င်း၏ ဟက်ထရစ်ဂိုးအား သွင်းပေးကာ (၆-၁)ဂိုးဖြင့် ဦးဆောင်နေခဲ့သည်။ ၇၅မိနစ်တွင် လူစားဝင်း ကစားသမား သက်နိုင်က မြန်မာတို့အတွက် သတ္တမမြောက် ဂိုးအား သွင်းပေးခဲ့ကာ ၈၅မိနစ်တွင် ဘီလိုဗာက ဖိလစ်ပိုင်အတွက် ပြန်လည်ချေပခဲ့သည်။ မြန်မာတို့အတွက် ပွဲသိမ်း အနိုင်ဂိုးကိုမူ သက်နိုင်ကပင် မိနစ် ၉၀၌ သွင်းယူပေးခဲ့ကာ အဖွင့်ဂိုးပြတ်နိုင်ပွဲ ရရှိခဲ့သည်။
မြန်မာ အသင်းသည် ဖေဖော်ဝါရီ ၂၈ရက်နေ့တွင် အင်ဒိုနီးရှား အသင်းနှင့် ဆက်လက် ရင်ဆိုင်ရမည် ဖြစ်သည်။
Posted by ဝတီ

Saturday, February 25, 2012

MathLAB and Pro-E

MathLAB ဆိုတဲ့ Programming လေးကိုတော့ သိကြမှာပါ။ ဆက်ပြီးတော့ လေ့လာချင်တယ် ဆိုရင်တော့ အောက်မှာ ဒေါင်းလိုက်ပါ။ မြန်မာ လိုလေးဆိုတော့ အသုံးလို နေတဲ့ သူတွေ အတွက် အတော်လေး အဆင်ပြေမှာပါ။ အရင်တုန်းက လိုချင်လို့ လိုက်ရှာခဲ့တာ မြန်မာလို ရေးထားတာ မတွေ့ခဲ့ ပေမယ့် အခုတော့ ထွက်လာပါပြီ။
http://www.mediafire.com/?z5lmlk1zjzo 
Pro-E နဲ့ ပတ်သက်လို့ လေ့လာချင် သေးတယ်ဆိုရင်လည်း အောက်ပါ လင့် လေးကို သွားင်္ပြီး ဒေါင်းကြပါ။
http://www.ptc.com/for/education/schools/curriculum/index.htm

Source: မောင်ပညာ
Posted by ဂျစ်တီး

အများသိချင်နေတဲ့ မြင့်မိုရ်တောင်နဲ့စကြာဝဠာအကြောင်း

မြတ်ဗုဒ္ဓက မိမိအတွက် ကောင်းမှုကုသိုလ်ရမဲ့အရာမဟုတ်ရင် မလုပ်နဲ့၊ မကြံစည်နဲ့၊ မပြောဆိုနဲ့။ အဲဒါမျိုးတွေနဲ့ အချိန်ကုန်နေမယ်ဆိုရင် မိမိလက်ရှိအချိန်လေးဟာ တန်ဖိုးမဲ့တဲ့အချိန်တွေ ဖြစ်သွားလိမ့်မယ်တဲ့။ ဒါပေမဲ့ ခုခေတ်လူတွေဟာ သူတို့သိချင်တာကို မသိရရင် ဗုဒ္ဓတရားတော်များ မှားနေသလို သူတို့ပဲ ဗုဒ္ဓကိုယုံကြည်ရတာ အကျိုးမရှိသလိုဖြစ်နေကြပါတယ်။ ဦးဇင်းစပြီး အွန်လိုင်းမှာ မေးဖြေလုပ်ပေးကတည်းက လူအများဆုံးအမေးခံရတဲ့အရာဟာ ဒီမြင့်မိုရ်တောင်ကိစ္စပဲ ဖြစ်နေပါတယ်။ ဒါပေမဲ့ ဦးဇင်း မဟုတ်တဲ့အရာနဲ့အချိန်ကုန်မခံချင်လို့ ဖြေမပေးခဲ့ပါဘူး။ ခုတော့ ဖြေမပေးရင် ဦးဇင်းတို့ဘာသာဝင်တွေကို သူများက ကဲ့ရဲ့လို၍ဖြစ်စေ၊ ပညာစမ်းချင်လို့ဖြစ်စေ မေးလာတဲ့အခါ မဖြေနိုင်မည်ဆိုးတာကြောင့် ဦးဇင်းလေ့လာသိရှိသမျှ မြင့်မိုရ်တောင်နဲ့စကြာဝဠာအကြောင်းကို ရေးသားတင်ပြပေးလိုက်ပါတယ်။

Thursday, February 23, 2012

အာကာသဖုန်စုပ်စက် ဆွစ်ဇာလန်ပညာရှင်များ ဖန်တီးနေ


ဖုန်စုပ်စက်၏ သဘောတရားကိုအခြေခံပြီး အာကာသတွင်းရှိ ဂြိုဟ်တုပျက်အစိတ်အပိုင်းများ၊ ဒုံးပျံအစိတ်အပိုင်းများကို ရှင်းလင်းပစ်မည့် အာကာသဖုန်စုပ်စက်ဂြိုဟ်တုများကို တီထွင်နေကြောင်း ဆွစ်ဇာလန်နိုင်ငံမှ သိပ္ပံပညာရှင်များက ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဆွစ်ဇာလန် ထိပ်တန်းတက္ကသိုလ် Ecole Polytechnique Federale de Lausanne(EPFL)ရှိ ဆွစ်အာကာသစင်တာမှ ပညာရှင်များက အာကာသဖုန်စုပ်စက်အတွက် ဖြစ်နိုင်ခြေပုံစံနှစ်မျိုးကို စဉ်းစားနေခြင်းဖြစ်သည်။
အချင်း ၁၀ စင်တီမီတာ ထက်ကြီးသော အမှုန်အမွှား ၁၆၀၀၀ ကျော်နှင့် ယင်းထက်သေးသော အမှုန်အမွှား သန်းပေါင်းများစွာမှာ ကမ္ဘာကိုပတ်နေကြောင်း အာကာသစင်တာမှ ပါမောက္ခနှင့် အာကာသယာဉ်မှူးဖြစ်သူ ကလော်ဒီနီကိုလီယာ က သုံးသပ်သည်။
''မတူညီတဲ့ ဂြိုဟ်တုအမျိုးမျိုးကို ပတ်လမ်းထဲက ရှင်းပစ်ပေးနိုင်မဲ့ အသင့်သုံးလို့ရတဲ့စနစ်မျိုး ထုတ်လုပ်ပေးနိုင်ဖို့ ကျွန်တော်တို့က ၀န်ဆောင်မှုပေးမှာပါ။ အာကာသအေဂျင်စီတွေက (အာကာသအမှိုက်) ပြဿနာကို အဖြေရှာဖို့ ကြိုးပမ်းနေကြပါပြီ။ သူတို့ပို့လွှတ်မှုကဖြစ်တဲ့ အမှိုက်တွေသူတို့ ရှင်းရမှာပါ။အဲဒီနယ်ပယ်မှာ ကျွန်တော်တို့က စွန့်ဦးတီထွင်သွားမှာပါ'' ဟု အာကာသစင်တာမှ ဒါရိုက်တာဗော်လ်ကာ ဂတ်စ်ကဆိုသည်။

Source: MDSNG
Posted by ဂျစ်တီး

Further Moderating Demand for Foreign Manpower

17 February 2012

  1. As announced by Deputy Prime Minister and Finance Minister Tharman Shanmugaratnam in his Budget 2012 speech, the Government will introduce further measures to moderate the increasing dependence on foreign manpower which has grown by 7.5% per annum over the last two years.
  2. Specifically, the Ministry of Manpower (MOM) will reduce the Dependency Ratio Ceilings (DRCs) in the Manufacturing and Services sectors, as well as the S Pass sub-DRC in all sectors. The Construction sector, which employs more than one-third of all Work Permit holders, will also see further adjustments to moderate foreign manpower demand and raise productivity. These measures are directly targeted at companies that continue to rely heavily on foreign manpower.

    Key Features of the Changes
  3. The key changes are:

    a. DRC reductions:

    i. Services Sector Work Permit DRC will be reduced from 50% to 45%1;

    ii. Manufacturing Sector Work Permit DRC will be reduced from 65% to 60%; and

    iii. S Pass Sub-DRC for all sectors will be reduced from 25% to 20%.

    To give companies time to adjust their strategies, they will have up to 30 June 2014 to comply with the new DRCs in relation to their existing foreign workers. However, from 1 July 2012, companies which hire new foreign workers will not be allowed to exceed the new DRCs.

    To illustrate, a company in the Services sector which hires 10 local workers can currently hire up to 10 foreign workers. With the reduced DRC, if the company’s local workforce remains at 10, it would have to reduce its foreign workforce by 2 (see Annex A1). Similarly, while a company in the Manufacturing sector with 5 local workers can hire up to 9 foreign workers currently, the reduced quota would mean that, if the local workforce remains at 5, the company would have to reduce its foreign workforce by 2 foreign workers (see Annex A2).

    b. Construction Sector2:

    i. Further reductions in the Man-Year-Entitlement (MYE) by an additional 5% for new projects awarded with effect from 1 July 2012. This will bring cumulative MYE cuts to 45% by July 2013;

    ii. A higher Foreign Worker Levy (FWL) of $650 will be introduced for basic skilled Work Permit holders in the MYE-waiver category from 1 January 2013, and this will be raised to $750 in July 2013.
  4. Please refer to Annex A and Annex B for an overview of the changes.
  5. Companies can go online to the MOM website to calculate their new DRC/sub-DRC to see what the changes would mean specifically for them.


1 As a special concession, Services sector companies with only one local employee will be allowed to continue to employ one work permit holder.

2 In response to industry feedback, MND/BCA are currently exploring new upskilling pathways and schemes to recognise and retain experience among the construction foreign workforce, to support the construction productivity drive.


Annex A - Overview of Changes to be implemented from July 2012

Annex A1 - Impact of Measures (Services)

Annex A2 - Impact of Measures (Manufacturing)

Annex B - Revised foreign worker levy for basic skilled workers in the MYE-waiver category for the construction sector

Annex C - Glossary of Terms

From: www.mom.gov.sg
Posted by Htun

Wednesday, February 22, 2012

အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ(၁)

Wonders will never cease!  (အံ့သြမကုန်နိုင်ဘွယ်ပါလား)
အံ့သြတယ်လို့ သိစေချင်ရင် wonders will never cease! လို့ ပြောနိုင်တယ်။
1. Wonders will never cease! There were no delays at the airport.
    အံ့သြမကုန်နိုင်ဘွယ်ပါလား။ လေဆိပ်မှာ မစောင့်ရဘူး။
2. Wonders will never cease! We're getting quite a large pay rise this year.   
    အံ့သြမကုန်နိုင်ဘွယ်ပါလား။ ဒီနှစ်အတွက် လစာ အများကြီး တိုးရတော့မှာ။
Don’t bank on it (အပိုင်တွက်ထားလို့ မရဘူးနော်)
တစ်ခုခုအပေါ်မှာ လုံးလုံးလျားလျား မှီခိုအားထားပြီး ကြိုတွက်မထားနဲ့လို့ အကြံပေးချင်ရင် don’t bank on it လို့ ပြောနိုင်တယ်။
1. 'According to the weather forecast it's going to be a fine day for a picnic tomorrow.' 'Don't bank on it! The weather forecasters often get things wrong.
မိုးလေဝသခန့်မှန်းချက်မှာ မနက်ဖြန် ပျော်ပွဲစားထွက်ဖို့ ရာသီဥတုကောင်းမယ်လို့ ပါတယ်။
အပိုင်တွက်ထားလို့ မရဘူးနော်။ မိုးလေ၀သ ခန့်မှန်းချက်ထုတ်တဲ့ လူတွေ မကြာမကြာ မှားတယ်နော်။
2. Jim said that he'd help us move house, but don't bank on it. He's not very reliable.  
    ဒို့အိမ်ပြောင်းတဲ့အခါ ဂျင်မ်က ကူမယ်လို့ ပြောတာဘဲ။ ဒါပေမယ့် အပိုင်တွက်မထားနဲ့။ ဒီလူက သုံးခွက်တစ်ခွက်တင် လူစားမျိုး။
No big deal (ရေးကြီးခွင်ကျယ်မဟုတ်ပါ။)
ဘာမှအရေးကြီးတဲ့ကိစ္စမဟုတ်ပါဘူးလို့ ပြောချင်ရင် no big deal ကို သုံးနိုင်တယ်။
1. Many people considered that John was a hero for rescuing the boy from the fire, but he said modestly that it was no big deal.
   ကောင်လေးကို မီးထဲက ကယ်ထုတ်ခဲ့လို့ ဂျွန်ကို သူရဲကောင်းလို့ အများက သဘောထားကြပေမယ့် ဂျွန်ကတော့ ဒါဘာမှ ကြီးကျယ်တဲ့ လုပ်ရပ်မဟုတ်ပါဘူးလို့ နှိမ့်ချစွာနဲ့ ပြောပါတယ်။
2. Bob said it was no big deal when he borrowed the firm's van for his personal business, but the boss was furious when he found out.
    ဘော့ဘ်က ဘာမှ ရေးကြီးခွင်ကျယ်ကိစ္စမဟုတ်ဘူးလို့ ဆိုပြီး ကုမ္ပဏီက ဗင်ကားကို ကိုယ်ရေးကိုယ်တာ အတွက် ယူသုံးတယ်၊ ဘော့စ်လဲသိရော ဒေါသူပုန်ထပါလေရော။
Talk of the devil! (အသက်ရှည်အုံးမယ်။)
လူတစ်ယောက်အကြောင်း ပြောနေတုံး အဲဒီလူကို ရုတ်တရက် အနားရောက်လာတာ တွေ့ရတဲ့အခါ talk of the devil! လို့ ပြောနိုင်တယ်။
1. Talk of the devil! We were just saying that we hadn't seen you for a long time.
    အသက်ရှည်အုံးမယ်။ မင်းကို မတွေ့တာကြာပြီလို့ အခုဘဲ ပြောနေတာ။
2. Talk of the devil! I'd have just remarked that I don't see many of my old student friends these days when two of them came into the pub.
    ဒီလူတွေ အသက်ရှည်အုံးမယ်၊ ကျောင်းတုံးက သူငယ်ချင်းဟောင်းတွေ တော်တော်များများ ပြန်မဆုံတော့ဘူးလို့ ပြောရုံရှိသေး၊ (လက်ဖက်ရည်/အရက်) ဆိုင်ထဲ သူငယ်ချင်းဟောင်း နှစ်ယောက်ဝင်လာတယ်။
Not exactly ... (တော့ မ...ဘူး။)
အကြောင်းအရာတစ်ခုခု မမှန်ကြောင်း ပြောချင်တဲ့အခါ not exactly ကို သုံးနိုင်တယ်။
1. The neighbours are not exactly friendly. They all ignored us.
    အိမ်နီးချင်းတွေက ရင်းရင်းနှီးနှီးတော့ မရှိဘူး။ ဆေးဖော်ကြောဖက်ကို မလုပ်တာ။
2. Property is not exactly cheap in this area. I am amazed that Lucy was able to afford a flat here.
    ဒီရပ်ကွက်ထဲမှာ အိမ်ခြံမြေဈေး မသေးဘူး။ ဒီရပ်ကွက်ထဲမှာ လူစီ အိမ်ခန်းဝယ်နိုင်တာ သိပ်အံ့သြတာဘဲ။
ကိုယ့်ကို တစ်ခုခု လာပြောတဲ့အခါ မဟုတ်သေးဘူးလို့ ပြန်ပြောချင်ရင် not exactly ကို သုံးနိုင်တယ်။
1. 'Was Jack happy to be transferred to the London office?' 'Not exactly, but he didn't complain because he thought the transfer would lead to   promotion.'  
    ဂျက် က လန်ဒန်ရုံးကို ပြောင်းသွားရတာ ပျော်ရဲ့လား။ ပျော်တော့ မပျော်ဘူး။ ဒါပေမယ့် ပြောင်းပြီးရင် ရာထူးတက်မယ်ထင်လို့ အောင့်အည်းပြီး နေနေတယ်။
Posted by ကိုတူး(မိတ္ထီလာ GTI)

Tuesday, February 21, 2012

တရားစခန်းများ

Posted by ငခဲ

စင်ကာပူနိုင်ငံတွင် ပြည်ပမှ လာရောက်လုပ်ကိုင်သော အလုပ်သမားများကို လျှော့ချသွားမည်

စင်ကာပူနိုင်ငံတွင် ကုမ္ပဏီများ ငွေကြေးလည်ပတ်မှု အခက်အခဲနှင့် နိုင်ငံခြားမှ လာရောက်လုပ်ကိုင်သော အလုပ်သမားဦးရေ တိုတးက်များပြားမှုကြောင့် ပြည်ပမှ လာရောက်လုပ်ကိုင်သော အလုပ်သမားများကို လျှော့ချသွားမည်ဖြစ်ကြောင်း စင်ကာပူအရာရှိများက ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြောကြားသည်။ လာမည့် ဇူလိုင် ၁ ရက်မှစတင်၍ ကုမ္ပဏီများတွင် လာရောက်လုပ်ကိုင်နေသော ပြည်ပအလုပ်သမားများဦးရေးကို ၆၀ ရာခိုင်နှုန်းအထိ လျှော့ချသွားမည်ဖြစ်သည်။ စင်ကာပူနိုင်ငံတွင် လောလောဆယ်၌ ပြည်ပအလုပ်သမားဦးရေ ၆၅ ရာခိုင်နှုန်းခန့် ရှိနေသည်။ ၀န်ဆောင်မှုလုပ်ငန်းများတွင် ၅၀ ရာခိုင်နှုန်းမှ ၄၅ ရာခိုင်နှုန်းသို့လည်းကောင်း၊ ထုတ်လုပ်ရေးလုပ်ငန်းများနှင့် အခြေခံအဆောက်အအုံ လုပ်ငန်းများတွင်လည်း ပြည်ပအလုပ်သမားဦးရေများ သိသိသာသာ လျှော့ချသွားမည်ဟု စင်ကာပူဘဏ္ဍာရေးဝန်ကြီးက ပြောကြားသည်။
Source: Myamar Express
Posted by ငခဲ

Monday, February 20, 2012

စင်ကာပူနေ့စဉ်သတင်းနဲ့ နေ့စဉ်အတင်းများ


သူငယ်ချင်းတို့.ရေ...ဒီနေ့.ခုဓါတ်ပုံပါဘုရားဆင်းတုတော်ကို ' Cash Converter~ Jurong East ' တစ်ပတ်နွမ်းတွေရောင်းတဲ့ ဆိုင်မှာတွေ့လို့ ဆင်းတုတော်ကိုမတော်ရာနေရာတွေ ရောက်မှာစိုးတာရယ် ၊ ဘုရားဆင်းတုဆိုတာမြင့်မြတ်တဲ့ နေရာမှာသာအပူဇော်ခံထားသင့်တာကြောင့် အားလုံးတတ်နိုင်သလောက် စုပေါင်းဝယ်ယူပြီး သင့်တော်တဲ့ဘုန်းတော်ကြီးကျောင်းမှာ ပူဇော်ကြဖို့ တိုက်တွန်းပါတယ်။ ရောင်းဈေးက 3,880 S$ပါ။ ဘုရားဆင်းတုတော်ရဲ့ဉာဏ်တော်ဟာ ၇ပေနီးပါးရှိပါတယ်။ ယခုအခါ ဆင်းတုတော်သီတင်းသုံးစံမြန်းရန် မြန်မာဘုန်းကြီးကျောင်းမှ ဆရာတော်ဘုရားများရဲ့ ခွင့်ပြုမိန့်ကို ပထမဦးစွာတောင်းခံပါမယ်။ ပြီးနောက် အလှူတော်ငွေများကို ကောက်ခံပါ့မယ်။အလှူတော်ငွေစတင်လက်ခံမည့်ရက်ကို မကြာခင်ထပ်မံအသိပေးပါမယ်။ အနယ်နယ်အရပ်ရပ်မှ ဆက်သွယ်လာ ကြသော စေတနာရှင်အလှူရှင်များအား ကျေးဇူးအထူးပင်တင်ရှိပါတယ်။ မည်သူမဆိုပါဝင်လှူဒါန်းနိုင်ရန် နှိုးဆော်အပ်ပါတယ်။ ကျေးဇူးပြု၍ ဒီmessageကို share ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များသို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ မိုးစန္ဒာမြင့် : 65 - 92377911 , ကိုရင်သန့် : 65-93714371 , ကိုဉာဏ်အေး : 65-81399604 ။ကျေးဇူးတင်ပါတယ်
Posted by Htun Myint Htay

SolidWorks Tutorials

SolidWorks လေ့လာနေတဲ့ သူငယ်ချင်းတွေအတွက်တော့ ဒီစာအုပ်လေးက အကျိုးရှိစေမှာပါ။
SolidWorks Tutorials
Posted by ဝတီ

Sunday, February 19, 2012

ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်များ

          တိုင်းပြည်တစ်ခုမှာ ပညာရေးက ဘယ်လောက် အခန်းကဏ္ဍက ပါဝင်နေသလဲဆိုတာကတော့ တိုးတက်နေတဲ့ တိုင်းပြည်တွေရဲ့ ပညာရေး စနစ်တွေကို နှိုင်းယှဉ်ကြည့်ရင် သိနိုင်ပါတယ်။  စာကြည့်တိုက်တွေဟာလည်း နိုင်ငံတစ်ခုရဲ့ ဗဟုသုတ ဟင်လေးအိုးကြီးတွေပါ။  ခုတော့ ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်တွေကို ကြည့်လိုက်ကြရအောင်…..

Library of Congress

 

          ဒီစာကြည့်တိုက်ကြီးကတော့ ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်အဖြစ် ဂင်းနစ်မှတ်တမ်းဝင်ပါတယ်။  ၀ါရှန်တန် ဒီစီမှာ ရှိတဲ့ ဒီစာကြည့်တိုက်ကြီးမှာတော့ စာအုပ်ပေါင်း ၂၉ သန်းစုစည်း ထားရှိပါသတဲ့။  ဒီဟာကြည့်တိုက်ကို ၁၈၀၀ ပြည်နှစ် ဧပြီလ ၂၄ ရက်နေ့မှ စတင်တည်ထောင်ခဲ့တာပါ။  လောလောဆယ် စာကြည်တိုက်မှုးကတော့ James H. Belington ဖြစ်ပါတယ်။  ဒီစာကြည့်တိုက်ဟာ အမေရိကန်ရဲ့ ရှေးအကျဆုံး စာကြည်တိုက်တစ်ခုလည်း ဖြစ်ပါတယ်။


Nation Library of China


          ဒီ စာကြည့်တိုက်ကြီးကတော့ ဘေဂျင်းမှာ ရှိတာဖြစ်ပြီး အာရှတိုက်မှာတော့ အကြီးမားဆုံး စာကြည့်တိုက်တစ်ခုလည်း ဖြစ်ပါတယ်။  စာအုပ်ပေါင်း ၂၃ သန်းရှိပါတယ်။  ဒီစာကြည့်တိုက်ကြီးကိုတော့ ၁၉၀၉ ခုနှစ် ဧပြီလ ၂၄ ရက်နေ့မှာ ချင်း အစိုးရ (Qing government) က စတင်တည်ထောင်ခဲ့တာပါ။။  နောက်ပိုင်းမှာတော့ ၁၉၁၂ ခုနှစ် ရှင်းဟိုင် တော်လှန်ရေးပြီးဆုံးတော့ ပြန်လည် ဖွင့်လှစ်ခဲ့ပါတယ်။  လက်ရှိ စာကြည့်တိုက်မှုးကတော့ Mr. Zhan Furui ဖြစ်ပါတယ်။  (ရှင်းဟိုင်တော်လှန်ရေးကတော့ ၁၉၁၁ လောက်မှာ စဖြစ်တာဖြစ်ပြီးတော့ ၁၉၁၂ မှာ ချင်းအစိုးရကို ဖြုတ်ချပြီး People Republic of China ကို စတင် ထူထောင်နိုင်ခဲ့တဲ့ တော်လှန်ရေးဖြစ်ပါတယ်။)

Library of Russia Academy of Sciences 


          ကမ္ဘာ့ တတိယ အကြီးဆုံး စာကြည့်တိုက်ဖြစ်ပြီးတော့ စာအုပ်ပေါင်း သန်း ၂၀ ကျော်ရှိပါတယ်။  ရုရှားနိုင်ငံ စိန့်ပီတာ စဘက် မြို့မှာ တည်ရှိပြီးတော့ ၁၇၂၄ ဇန်န၀ါရီ ၂၈ ရက်နေ့မှာ Gottfried Leibniz က ကမကထ ပြုလုပ်ခဲ့တာပါ။  ၁၇၂၄ ခုနှစ်ကနေပြီးတော့ ၁၉၁၄ ခုနှစ်အထိကတော့ Saint Petersburg Academy of Sciences  ဆိုတဲ့ နာမည်ကို အသုံးပြုခဲ့ပါတယ်။

National Library and Archives Canada

          ကနေဒါနိုင်ငံ၊ Ottawa မြို့က အမျိုးသား စာကြည့်တိုက်ပါ။  စာအုပ်ပေါင်း ၁၈.၈ သန်းကျော်ရှိပါတယ်။  ဒီစာကြည့်တိုက်မှာတော့ ကနေဒါနိုင်ငံရဲ့ သမိုင်းကြောင်းတွေရော၊ စာအုပ်စာပေတွေ အများကြီးရှိပါသသတဲ့။  ဒီစာကြည့်တိုက်ကြီးကိုတော့ ၁၉၅၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာပါ။  လက်ရှိ စာကြည့်တိုက်မှုးကတော့ Dr. Daniel J. Caron ဖြစ်ပါတယ်။

German National Library


          ဂျာမနီနိုင်ငံ ဖရန့်ဖွတ် (Frankfurt) မြို့မှာ တည်ရှိပါတယ်။  ဂျာမနီလိုတော့ “Deutsche Bibiothek” လို့ ခေါ်ပါတယ်။  ၁၉၁၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး စာအုပ်ပေါင်း ၁၈.၅ သန်းရှိပါတယ်။  လက်ရှိ စာကြည့်တိုက်မှုးကတော့ Dr. Elisabeth Niggemann ဖြစ်ပါတယ်။
Source: http://blog-aunghtut.blogspot.com/
Posted by ငခဲ

Saturday, February 18, 2012

ဖားအောက်တောရ ဆရာတော်ကြီး တရားပွဲ

ဖားအောက်တောရ ဆရာတော်ကြီး၏ တရားပွဲ”ကို Function Room 1, The ARENA Country Club, 511 Upper Jurong Road, Singapore 638366, Near (Joo Koon MRT) တွင် ၂၆-၀၂-၂၀၁၂ တနင်္ဂနွေနေ့ ညနေ(၅း၃၀)နာရီ မှစတင်၍ ကျင်းပမည်ဖြစ်ပါသဖြင့် တရားဓမ္မနာယူနိုင်စေရန် ဓမ္မမိတ်ဆွေ သူငယ်ချင်းအပေါင်းတို့အား နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါသည်။
စာအုပ် နိဒါန်းဖတ်ရန် အောက်ပါ link မှတဆင့် ကြည်ရှူနိုင်ပါသည်။
2%20Introduction%20and%20Inspiration%20Portrait%20%28Letter%20size%...
Posted by ဝတီ

Friday, February 17, 2012

အန္တရာယ်များသော အင်္ဂလိပ်စကား(၂)

ရှောင်ရန်စကားလုံးများ၏ စွမ်းအား
ပုံမှန် သုံးနေကျမဟုတ်တဲ့ စကားတွေကို ရှောင်သင့်ပါတယ်။ ဥပမာ နေ့စဉ် ကျောင်း၊ လုပ်ငန်း၊ မိသားစုထဲမှာ ပုံမှန်ပြောဆို သုံးနှုန်းလေ့မရှိတဲ့ စကားလုံးမျိုးတွေကို ပြောတာပါ။ အချို့သော စကားလုံးတွေမှာ မထင်မှတ်တဲ့ စွမ်းအားတွေ (ပါဝါတွေ) သွားရှိနေတတ်ပါတယ်။
ဥပမာ လူငယ်တွေ “cool” ဆိုတဲ့ စာလုံးကို သိပ်သုံးကြတယ်။ အဲဒီစာလုံးဟာ မိဘတွေနဲ့ ကျောင်းစည်းကမ်း တွေကို ဖောက်ဖျက်တယ်ဆိုတဲ့ သဘောလည်း သက်ရောက်တတ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် စိတ်ဆိုးရင်ဖြစ်စေ ဒေါသထွက်ရင်ဖြစ်စေ မသုံးသင့် မသုံးထိုက်တဲ့ ရှောင်ရန်စကားလုံး တဘူး (taboo) တွေနဲ့ တိုက်ခိုက် အော်ဟစ်တတ်ကြတယ်။
ယောက်ျားတွေ အချင်းချင်းတွေ့ရင် တဘူးတွေနဲ့ ကြမ်းတမ်းပက်စက်စွာပြောတတ်ကြတယ်။ ချစ်သူတွေ အချင်းချင်းလည်း ခံစားချက်တွေ အထွဋ်အထိပ်ရောက်နေချိန်မှာ တဘူးတွေကို သုံးတတ်တယ်။ လူပျက်တွေက လည်း ပွဲတွေမှာ အောက်ပိုင်းပျက်လုံးတွေလို့ခေါ်တဲ့ တဘူးတွေနဲ့ ပျက်လုံးထုတ်ပြီး ပရိသတ်ပွဲကျအောင် လုပ် တတ်ကြတယ်။
ဘာကြောင့် တဘူးတွေများလာရသလဲ
တဘူးတွေကို လူတွေ ဘာကြောင့် စိတ်ဝင်စားကြသလဲ။ အဲဒီလို မဟုတ်တရုတ်စကားတွေကိုပြောဖို့ လူတွေ အများဆုံး စဉ်းစားတတ်ကြတယ်။ ဥပမာ ယဉ်ကျေးတဲ့စကား (euphemisms) တွေနဲ့ ဗန်းစကား (slangs) တွေ ဟာ တဖြည်းဖြည်း တဘူးစကားတွေအဖြစ် ပြောင်းလဲအစားထိုး သုံးစွဲမှုတွေ များလာတာကြောင့်ဖြစ်တယ်။ ဥပမာ လူ့ခန္ဓာကိုယ်ရဲ့ ပခုံး၊ နားရွက်၊ ဒူးတွေမှာ တဘူးအဖြစ်သုံးတဲ့ အပြောင်အပျက်စကားလုံးတွေနည်းပေမယ့် လိင်ပိုင်းဆိုင်ရာ အစိတ်အပိုင်းတွေအတွက် ခေါ်ဝေါ်တဲ့ တဘူးတွေက ရာနဲ့ချီပြီးရှိနေတာတွေ့ရတယ်။
အန္တရာယ်ရှိတယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ
တစ်ယောက်ယောက်က မပြောမချင်းတော့ မသိနိုင်ဘူး။ ဒါကြောင့်လည်း ဒီလိုစာတွေကို ရေးနေရတာပေါ့။
အန္တရာယ်စကားလုံးတွေကို အဓိပ္ပာယ်အတိအကျ ဖွင့်ဆိုပြပါဆိုလို့လည်း ရချင်မှရတတ်တယ်။ ဥပမာ “buttocks, behind, ass” ဆိုတဲ့ စကားလုံးတွေကို ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို ရည်ညွှန်းတဲ့အနေနဲ့ အဓိပ္ပာယ်တူ သုံးစွဲကြတယ်။ “Buttock”  လို့သုံးရင် နည်းနည်းတော်သေးတယ်။ “Behind” ကနည်းနည်းပိုရိုင်းတယ်။ “Ass” ဆိုတာကတော့ အရိုင်းဆုံးအဆင့်အနေနဲ့ သတ်မှတ်တယ်။ ပိုပြီး ညစ်ပတ်တယ်။ သာမန်အခြေ အနေမျိုးတွေမှာပြောရင် မသုံးကြဘူး။ ကျောင်းတွေမှာ၊ စာရေးသားရာမှာ၊ လုပ်ငန်းခွင်မှာ မသုံးကြဘူး။ မဖြစ် မနေသုံးရတော့မယ်ဆိုရင်လည်း “ass” အစား “buttocks” လောက် “behind” လောက်ပဲ သုံးသင့်တယ်။

Thursday, February 16, 2012

Haper သို့မဟုတ် လောကဓံကို အရှုံးမပေးတဲ့ ခွေးကလေး


ဒီခွေးငယ်လေး ကလေးကိုတော့ ၂၀၁၁ သြဂုတ်လ ၃၁ ရက်နေ့က ဖလော်ရီဒါ ပြည်နယ်က အမှိုက်ထုပ်ထဲက တွေ့ရှိခဲ့ကြတာပါ။  တွေ့ရှိတဲ့အချိန်မှာ ဒီခွေးငယ်လေးမှာ "swimmer puppy syndrome" လို့ခေါ်တဲ့ ရောဂါတစ်မျိုးကို ။  ဒီရောဂါဟာ အာရုံကြောနဲ့ဆိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီးတော့ ခွေးကလေးတွေ မတ်တပ်မရပ်နိုင်ပဲ သူတို့ရဲ့ ခြေထောက်လေးတွေဟာ ဘေးကို ကားနေပြီးတော့ မှောက်ရက်အနေအထားနဲ့ အသက်ရှင်နေရပါတယ်။  ဒီလိုမျိုးရောဂါ ခံစားရတဲ့ ခွေးငယ်ကလေးတွေဟာ ပြုစုကုသမယ့်သူမရှိရင် နှစ်ပတ်ကနေ လေးပတ်အတွင်း သေဆုံးရလေ့ရှိပါတယ်။ ဒါပေမယ့် Dolly Foundation က ဒီခွေးငယ်လေးကို ကျန်းမာလာအောင် ပြုစုပေးပါသတဲ့။







Erica Daniel ဆိုတဲ့ အမျိုးသမီးကြီးကတော့ ဒီခွေးကလေးကို ကြင်နာစွာနဲ့ သူမအိမ်သို့ခေါ်ဆောင်သွားပြီး နောက်တစ်နေ့မနက်မှာတော့ ပြုစု၊ နှိပ်နယ် ပေးပါတယ်။  ဒီလို နာရီ အနည်းငယ်အကြာ နှိပ်နယ်ပေးပြီးနောက်ပိုင်းမှာတော့ ခွေးကလေး Harper ဟာ ခေါင်းကလေးတွေ လှုပ်ရှားလာနိုင်ပါသတဲ့။  ဒီလိုနဲက အားတက်သွားတဲ့ Erica Daniel ဟာ ဖလော်ရီဒါ ပြည်နယ် Winter Park မှာနေတဲ့ တရိစ္ဆာန် ဆရာဝန် Bev McCartt ကို ဆက်သွယ်ပြီးတော့ အကူအညီတောင်းပါတယ်။  ဆရာဝန်ကလည်း ခွေးကလေးကို အခမဲ့ ကူညီ ကုသပေးခဲ့ပါတယ်။


ဒီလိုနဲ့ ခွေးကလေးဟာ Harper (Erica Daniel က ပေးထားတဲ့နာမည်) ဟာ ပထမဆုံး ရေကုထုံးအပြီးမှာပဲ မယုံနိုင်လောက်အောင် အခြေအနေကောင်းမွန်လာခဲ့ပါတယ်။  McCartt ကတော့ ကျွန်တော်ခွေးကလေးကို ရဲ့ အခြေအနေကို ကြည့်ရတာ သူ့ဦးနှောက်က အလုပ်လုပ်လာပြီးတော့ ခွေးကလေးရဲ့စိတ်ထဲမှာ သူလုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှု့မျိုး ရှိလာသလိုပါပဲ လို့ ဆိုပါတယ်။
 
နှိပ်နယ်ပေးခြင်းနဲ့ ရေကုထုံးဟာ ဒီလို ခွေးငယ်ကလေးတွေကို အမြန်ဆုံး ကျန်းမာသန်စွမ်းလာအောင် ပြုလုပ်ပေးနိုင်တဲ့ ကုထုံးတစ်ရပ်ပါလို့ McCartt က ပြောသွားပါသေးတယ်။  ခွေးငယ်ကလေးဟာ နှိပ်နယ်ပေးခြင်း၊ ရေကုထုံး နဲ့ လျှပ်စစ် ကုထုံးတို့နှင့် ပေါင်းစပ်ကုသပေးမှု့ကြောင့် အခြေအနေတိုးတက်လာခဲ့ပါတယ်။
 
တရိစ္ဆာန်ဆရာဝန် McCartt ကတော့ "ဒီ ခွေးငယ်ကလေးဟာ တစ်ကယ့်ကို အံမခန်း ခွေးငယ်ကလေးပါ။  သူဟာ ဒီလို လမ်းလျှောက်နိုင်ဖို့ကို အပြင်အထန်ကို ကြိုးစားခဲ့ပါတယ်" လို ဆိုသွားပါတယ်။
 
အောက်တိုဘာလမှာတော့ ဒီလိုမျိုး ကျန်မာလာတဲ့ ခွေးကလေးကို ဂရုတစိုက် ပြုစုခဲ့တဲ့ Erica Daniel က ခွေးကလေးကို မွေးစားခဲ့ပါတယ်။
 
Harper ကလေးဟာ သူရဲ့ ပထမဆုံး ခြေလှမ်းသစ်တွေကို မြက်ခင်းစိမ်းစိမ်းကလေးတွေပေါ်မှာ စတင်ပြီးတော့ လျှောက်လှမ်းနိုင်ခဲ့ပါတယ်။  ဒါပေမယ့် မာကြောတဲ့ ကြမ်းခင်းတွေပေါ်မှာတော့ လမ်းမလျှောက်နိုင်သေးပါဘူး။
 
ခုတော့ Harper ကလေးဟာ Erica Daniel အိမ်မှာ ရှိတဲ့ ခွေး ၇ ကောင်နဲ့ အတူ ပျော်ရွှင်နေပြီ ဖြစ်ပါတယ်။ Erica ကတော့ "ကျွန်မ အိမ်ကခွေးတွေကလည်း Harper ကလေးကို ဂရုစိုက်ကြပါတယ်" လို့ ဆိုပါတယ်။
 
တစ်ကယ်တော့ ခွေးကလေးတွေဟာ သခင်ကို ချစ်တတ်ပြီး သူတို့အတွက် လုံခြုံတဲ့ အိမ်ကို လိုအပ်ပါတယ်။
ဒီခွေးကလေးအတွက် ဖလော်ရီဒါက လူတွေကလည်း အများကြီးကူညီကြပါတယ်။  Flying Fur Pet Photography က Harper ရဲ့ ဓာတ်ပုံလေးတွေကို ရိုက်ကူးပြီး ရောင်းချပါတယ်။  ရရှိတဲ့ ၀င်ငွေတွေကိုတော့ ခွေးကလေးရဲ့ ဆေးဖိုးကုန်ကျစရိတ်ရယ်၊ Dolly's Foundation နှင့် Erica Daniel's dog-rescue organization တွေကို လှုဒါန်းပေးပါတယ်။
 
ဘ၀ပေးအခြေအနေမလှပေမယ့် ဇွဲမလျှော့တဲ့ Harper လေးဟာ အခုတော့ အပူအပင်ကင်းစွာ နေနိုင်ပြီဖြစ်ပါတယ်။  ကဲ… ကျွန်တော်တို့ရော…..  ကိုယ်ကိုကိုယ် မြှင့်တင်ပေးဖို့ စိတ်ဓာတ်ရယ်၊ အားမလျှော့တဲ့ ဇွဲရယ်၊ လုံလရယ်၊ ၀ီရိယရယ် ရှိမယ်ဆိုရင် ပတ်ဝန်းကျင်မှာ ကျွန်တော်တို့ကို ကူညီနိုင်တဲ့ လူတွေ အများကြီးပါ။  ဇွဲမလျှော့ပဲ ဘ၀ခရီးကို အောင်မြင်စွာ လျှောက်လှမ်းကြရအောင်လားဗျာ…….
ဒီစာလေးဖတ်လိုက်လို့ စိတ်နည်းနည်း အိုက်သွားရင် ကြည်လင်သွားအောင်….

ပုံမှန် သုံးနေကြ VNP ကို ငွေမသွင်းမိလို့ Service ကပိတ်၊ Free ရသော အကျော်အခွမှာလည်း လိပ်ဘိုးအေဖြစ်၊ ဤသို့ဖြင့်သုံးရသည်မှာ သေချင်စော်နံအောင် ကြာလွန်းသဖြင့် ဤပိုစ့်ကို နာရီပေါင်းများစွာကြာအောင် အချိန်ယူပြီး တင်ပါသော်လည်း တက်မလာ။  နောက်ဆုံး Gmail မှဆွဲပြီး တင်လိုက်ရပါသောကြောင့် မထော်မလန်းပုံများ ဖြစ်နေပါက သည်းခံတော်မူကြပါခင်ဗျာ။
 
Source: http://blog-aunghtut.blogspot.com

ဘာသာစကား ဗဟုသုတများ

ဘာသာစကားဘယ်နှစ်မျိုးရှိ
ကမ္ဘာတစ်လွှားမှာ ဘာသာစကားအမျိုးပေါင်း ၇၀၀၀ ခန့် လက်ရှိပြောဆိုသုံးစွဲနေတယ်လို့ ခန့်မှန်းကြပါတယ်။ အဲဒီဘာသာစကားတွေရဲ့ ၉၀ % လောက်ကိုလူဦးရေ တစ်သိန်းအောက်ရှိတဲ့လူမျိုးတွေသုံးစွဲကြပါတယ်။ လူဦးရေတစ်သန်းနဲ့အထက် ပြောဆိုသုံးစွဲတဲ့ ဘာသာစကား အမျိုးအစားတွေက ၁၅၀ ကနေ ၂၀၀ လောက်ရှိပါတယ်တဲ့။ ကဲ ကျွန်တော်တို့ရဲ့ကမ္ဘာကြီးဟာ အရောင်အသွေးစုံ၊ ရနံ့စုံတဲ့ ပန်းဥယျာဉ်ကြီးတစ်ခုနဲ့မတူပေဘူးလား။ ပန်းဥယျာဉ်ထဲမှာ အရောင်အဆင်းတစ်မျိုးတည်းရှိတဲ့ပန်းတွေစိုက်ထားတာထက်စာရင် ဖြူ၊ ပြာ၊ နီ၊ ၀ါ ဗဟုသဘောက ပိုပြီးအဆင်းပသာဒလှပမှာအမှန်ပါပဲ။ ဒါပေမယ့်လည်း ကမ္ဘာကြီးက ရွာကြီးတစ်ရွာဖြစ်လာ၊ မတူတာတွေပေါင်းစုလို့တစ်သွင်တည်းညှိကြရာကနေ လူနည်းစုတွေရဲ့ဘာသာစကားတွေပျောက်ကွယ်လို့လာနေပါပြီ။ ယူနက်စကိုရဲ့အဆိုအရ ဘာသာစကားမျိုးပေါင်း ၂၅၀၀ ခန့်ဟာ မျိုးတုန်းပျောက်ကွယ်တော့မယ့် အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရပါပြီတဲ့။
ဘာသာစကားတွေကို အမျိုးတူရာတူ မိသားစုဝင်တွေလိုပဲ အုပ်စုတွေခွဲခြားထားပါတယ်။ ဥပမာအားဖြင့် အင်္ဂလိပ်စကားဟာ ဂျာမန်၊ ဒတ်ခ်ျ ဘာသာတွေနဲ့ ဆွေမျိုးတော်ပါတယ်။ သူတို့ဟာ အင်ဒို-ယူရိုပီယံ ဘာသာစကားအုပ်စုကြီးထဲမှာ ပါလို့ပါပဲ။ အဲဒီအုပ်စုထဲမှာပဲ လက်တင်ဘာသာကဆင်းသက်လာတဲ့ ရိုမန်ဘာသာစကားတွေဖြစ်တဲ့ ပြင်သစ်၊ စပိန်၊ အီတလီ၊ ပေါ်တူဂီ စတဲ့ဘာသာစကားတွေလဲ ပါပါတယ်။ ကမ္ဘာ့ဘာသာစကားတွေထဲက ၂၂၀၀ ခန့်လောက်ဟာအာရှဒေသမှာရှိပြီးတော့ ဥရောပမှာတော့ အမျိုး ၂၅၀ လောက်ပဲရှိပါတယ်တဲ့။
ကမ္ဘာ့အသုံးအများဆုံးဘာသာစကားများ
ယူနက်စကိုရဲ့ကိန်းဂဏန်းများအရ မိခင်ဘာသာစကားအနေနဲ့ရော ဒုတိယဘာသာစကားအနေနဲ့ပါ အတွင်ကျယ်ဆုံး အသုံးပြုနေတဲ့ ဘာသာစကားတွေကတော့

Wednesday, February 15, 2012

ဒုတိယအကြိမ် လောကချမ်းသာသဲပုံစေတီ တည်ထားပူဇော်ပွဲ

စင်္ကာပူနိုင်ငံတွင် လောကချမ်းသာသဲပုံစေတီ တည်ထားပူဇော်ပွဲကြီးကို အဘိဓမ္မာအသင်းကြီး(စင်္ကာပူ) မှ ဦးစီး၍ စင်္ကာပူရောက်မြန်မာမိသားစုများ၊ အသင်းအဖွဲ့များမှ ပါဝင်ကျင်းပခဲ့ကြပါတယ်။ ယခုနှစ်မှာလည်း ဒုတိယအကြိမ် သဲပုံစေတီ တည်ထားပူဇော်ပွဲကို ယခုလ ၂၄ ရက်နေ့ (သောကြာနေ) ညနေ ၅ နာရီ မှ စတင်တည်ထားကိုးကွယ် ပူဇော်ကြမည်ဖြစ်ပြီး၊ ၂၅-၂-၂၀၁၂ (စနေနေ့)တွင် အာရုံတက်ချိန်မှစတင်ကာ တနေ့တာပတ်လုံးဖြင့် ညအချိန်ထိ သစ်သီးဆွမ်းများ၊ ပဋ္ဌာန်းရွတ်ပွဲလေးများ၊ စသဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပါကြောင်း အသိပေးနိုးဆော်လိုက်ရပါသည်။
ကျင်းပမည့်နေရာ - East Cost, Car park E2,Sand Castel, Rock No. 14, Singapore
 ပထမအကြိမ် လောကချမ်းသာသဲပုံစေတီ တည်ထားပူဇော်ပွဲ မှတ်တမ်းဓာတ်ပုံများ
Posted by ဝတီ

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၄၁)

Sentence Structure (14) - Noun
(ကျွန်တော်အင်္ဂလိမ်စာနဲ့ပတ်သက်၍ ဖတ်ရှူလေ့လာခဲ့တဲ့အထဲမှ ဆရာကြီးဦးသာနိုးရဲ့ဆောင်ပါးများကို ဒီ blogတွင် အလျဉ်းသင့်သလို တင်ဆက်ခဲ့ပါတယ်။ ယခုတင်ပြလိုက်တဲ့ ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၄၁)ဟာ နောက်ဆုံးဆောင်းပါးဖြစ်ကြောင်းနှင့် ကျွန်တော်အနေနဲ့ ကောင်းနိုးရာရာ ဆောင်ပါးများကို စာဖတ်ဝါသနာရှင် သူငယ်ချင်းတို့အတွက် တင်ဆက်ပေးသွားပါ့မယ်။ သူငယ်ချင်းတို့တွေလဲ အင်္ဂလိမ်စာနဲ့ပတ်သက်၍ ထူးချွန်ထက်မြက်သူများဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။)
Noun ဆိုတာ ဘာလဲ။ ၀ါကျရဲ့ အဆောက်အအုံထဲမှာ Subject နေရာ၊ Object နေရာ၊ Complement နေရာက ပါဝင်ကပြနိုင်တဲ့ စကားလုံး (၀ါ) စကားလုံး အစုအဝေးကို Noun လို့ သမုတ်ကြတာပါပဲ။ (Complement မှာတော့ Noun အပြင် Adjective လည်း ၀င်ရောက်နိုင်သေးတာကို သတိပြုပါလေ။) ဒီတော့ man, dog, chair တို့ဟာ noun ဖြစ်သလို၊ အောက်ပါဝါကျတွေမှာ Underline တွေနဲ့ ဖော်ပြထားတဲ့ အစုတွေဟာလည်း noun တွေပဲ ဖြစ်ပါတယ်။
1. To err is human. ( Subject )
... မှားတာ လူဆန်တယ်။
2. She hates to be looked at. ( Object )
... အကြည့်ခံရတာကို သူမုန်းတယ်။
3. Her only concern is to look beautiful. ( Subject Complement )
... သူ့တစ်ခုတည်းသောအလုပ်က လှဖို့ပဲ။
4. Where to begin was the problem. ( Subject )
... ဘယ်ကစရမလဲဆိုတာ ပြသနာပဲ။
5. I don't know what to say. ( Direct Object )
... ကျွန်တော် ဘာပြောရမှန်း မသိဘူး။
6. The problem is where to begin. ( Subject Complement )
... ပြသနာကတော့ ဘယ်ကစရမလဲဆိုတာပါပဲ။
7. Walking ten miles is not easy. ( Subject )
... ဆယ်မိုင်လမ်းလျှောက်ရတာ မလွယ်ဘူး။
8. Most of us hate walking a few miles. ( Direct Object )
... ကျွန်တော်တို့အများစုဟာ မိုင်အနည်းငယ် လမ်းလျှောက်ရတာကို မုန်းကြတယ်။
9. The only alternative was taking the bus. ( Subject Complement )
... တစ်ခုတည်းသော ရွေးစရာကတော့ ဘတ်စ်စီးတာပါပဲ။
10. I saw him cross the road. ( Object )
... သူ လမ်းဖြတ်ကူးတာကို ကျွန်တော်မြင်တယ်။
11. I saw him crossing the road. ( Object )
... သူ လမ်းဖြတ်ကူးနေတာကို ကျွန်တော်မြင်တယ်။

Tuesday, February 14, 2012

အင်္ဂလိပ်စာလေ့လာမှုဆိုင်ရာ အကောင်းဆုံး Application များ


ဘာသာစကားလေ့လာရာမှာ ရှေးကတော့ ဆရာ၊ ဖတ်စာအုပ်၊ ကျောက်သင်ပုန်း သုံးမျိုး ဆက်သွယ်မှုနဲ့ လေ့လာခဲ့ကြတယ်။ ဒါကိုတော့ one way လို့ခေါ်ပါတယ်။ ဆရာ နဲ့ ကျောင်းသားဆက်သွယ်မှုမှာ စာအုပ်နဲ့ ကျောက်သင်ပုန်းဆိုတာ medium အဖြစ် အသုံးချရတဲ့ တစ်ခုတည်းသော နည်းလမ်း ဖြစ်ပါတယ်။
၁၉၈၀ နဲ့ ၁၉၉၀ ပြည့်နှစ်အတွင်းမှာ audio နဲ့ video တွေအသုံးပြုပြီး လေ့လာသင် ယူမှုတွေ ခေတ်စားလာတယ်။ အဲဒီခေတ် မတိုင်မီကတော့ ကက်ဆက်ဆိုတာကို သုံးလိုက်ကြသေးတယ်။ Audio နဲ့ video သင်ကြားနည်းဟာ သင်ယူသူကို ပိုပြီး စိတ်ပါဝင်စားစေသလို၊ တတ်မြောက်မှု လည်းမြန်၊ ထိရောက်မှု လည်းရှိတာကြောင့်  အကြိုက်များလာတယ်။
ဒါပေမယ့် နည်းပညာပေါင်းစပ်ပါဝင်လာတာကြောင့် လူတိုင်းဝယ်နိုင် သုံးနိုင်တဲ့ အဆင့်မဖြစ်နိုင် သေးဘူး။ နောက်ပိုင်း MP3 လိုစက်လေးတွေ၊ ရေဒီယိုတွေပေါပေါများများ သုံးလာနိုင်မှ ပိုပြီး ထိရောက်လာတယ်လို့ဆိုရမယ်။

Valentine's Day

ရောမ ခေတ်က ချစ်သူ ၂ ဦးကို တိတ်တဆိတ် ထိမ်းမြားပေးခဲ့တာကြောင့် သေဒဏ်ပေးခံရတဲ့ ဘုန်းတော်ကြီး
St. Valentine ကို ဂုဏ်ပြုတဲ့အနေနဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ ကို ချစ်သူများနေ့လို့ သတ်မှတ်ခဲ့ကြပါတယ်။

Monday, February 13, 2012

ဗိုလ်ချုပ်မွေးနေ့အမှတ်တရ

ဒီနေ့ဟာ ကျွန်တော်တို့ မြန်မာပြည်ကြီး လွှတ်လပ်ရေးရအောင် ကြိုးစားပေးခဲ့တဲ့ လွှတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ပါ။ ကျွန်တော်မြန်မာတွေအတွက် မမေ့အပ်သော နေ့ထူးနေ့မြတ် တစ်ခုပါ။ ဒါကြောင့်လဲ ဗိုလ်ချုပ်ရဲ့မွေးနေ့ကို ဂုဏ်ပြုသောအားသောအားဖြင့် ကလေးများနေ့ အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ ဒီနေ့လိုနေ့မျိုးမှာ မြန်မာပြည်တလွှား ဗိုလ်ချုပ်အတွက် ကောင်းမှူကုသိုလ်တွေပြုလုပ်ပြီး အမျှအတမ်းပေးဝေးကြကာ ဗိုလ်ချုပ်အောင်ဆန်း ကောင်းရာသုဂတိရောက်စေဖို့ ဆုတောင်းပွဲတွေ ကျင်းပခဲ့ကြပါတယ်။ ကျွန်တော်တို့လဲ ဗိုလ်ချုပ်အတွက် ဆုတောင်းပေးရင်း ငယ်ငယ်တုန်းက ကျောင်းမှာသင်ခဲ့ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ကဗျာလေးကို ယနေ့ထက်တိုင် အမှတ်ရနေဆဲပါ.... 

ဖေဖော်ဝါရီ တစ်ဆယ့်သုံးမှာ ... ဗိုလ်ချုပ်မွေးနေ့ ပါ...
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး ... ရှေ့နေဦးဖာ သား
...
ဇာတိနတ်မောက် မကွေးခရိုင် ... သိကြ များခုတိုင်

ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား ... မိခင် ဒေါ်စုသား ….

တစ်ထောင့် ကိုးရာလေးဆယ့်ခွန် ... ပြောင်းကြွတမလွန်...

မျက်ရည်သွန်လို့ ဘ၀င်ညှိုး ... ဇူလိုင် တစ်ဆယ့်ကိုး...

ပြည်ထောင်စုရဲ့ ကျေးဇူးရှင် ... ဗိုလ်ချုပ် ဒို့ဖခင်...

ကောင်းစေချင်တဲ့ အမှာစကား ...ငါတို့ မမေ့အား.....။

 
Posted by အိမ်လွှမ်းသူ

ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရ

မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏မွေးနေ့အား ကြိုဆိုဂုဏ်ပြုပါ၏



Posted by အိမ်လွှမ်းသူ

အသားအရေကိုလှပစေသော သစ်သီးများ

သင်္ဘောသီး (Papaya)
သဘောင်္သီးတွင်ပါဝင်သော အင်ဇိုင်းများနှင့် ဗီတာမင်အေတို့က အရေပြားအတွက် အကောင်းဆုံး သဘာဝ ဆေးတစ်လက်ဖြစ်ပါတယ်။ အရေပြား လန်းဆန်းတောက်ပစေဖို့အတွက် ချေမွထားသော သင်္ဘောသီးနဲ့ ရှားစောင်းလက်ပတ် ၃ဇွန်းခန့်ကို အရေပြားပေါ်သို့ ၅မိနစ်ခန့် လိမ်းကျံပေးပြီး ရေနှင့်စင်အောင်ဆေးကြောရပါမယ်။ ၄င်းနည်းကို တစ်ပတ်တစ်ကြိမ် ပြုလုပ်ပေးပါက သန့်စင်တောက်ပသော အရေပြားကို ရရှိနိုင်ပါတယ်။ အရေပြားထိခိုက်လွယ်သူများ  ပထမဦးဆုံးအကြိမ် စလိမ်လိမ်းချင်းမှာ သတိထားပြီး လိမ်းသင့်ပါတယ်။ အခန့်မသင့်ပါက ၄င်းအရေပြားပိုင်ရှင်များတွင် အဖုအပိန့်စသော လက္ခဏာများ ဖြစ်ပေါ်တတ်ပါတယ်။
ပန်းသီး (Apples)
ပန်းသီးဟာ အသားအရေးကို လန်းဆန်းစေနိုင်တဲ့အစွမ်း ရှိတာကြောင့် Toner နဲ့ Conditioner အဖြစ် အသုံးဝင်ပါတယ်။ အရေပြားကို ကုစားပေးနိုင်စွမ်းရှိတာကြောင့် အလှကုန်ပစ္စည်းများထဲတွင် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ထည့်သွင်းဖော်စပ်ခဲ့ကြပါတယ်။ မိမိချိုးမည့်ရေထဲသို့ ပန်းသီးရည် တစ်ခွက်ခန့် ပေါင်းစပ်ကာ ရေချိုးပါက အသားအရေကို သန့်ရှင်းစင်ကြယ်စေပြီး အရေပြားကို နူးညံ့ ပျော့ပြောင်းစေနိုင်ကြောင်း သိရပါတယ်။ ထို့ပြင် ပန်းသီးအရည်ဟာ ဦးရေပြားတွင်ဖြစ်တတ်သော ဗောက်များကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ ခေါင်းလျှော်ပြီးနောက် ပန်းသီးရည်ကို ဦးရေပြားတွင် သုတ်လိမ်းပြီး ရေစင်အောင်ဆေးပါက ဗောက်များကို ကင်းစင်စေနိုင်စွမ်း ရှိပါတယ်။ မျက်နှာပြင်ပေါ်တွင်ဖြစ်တတ်သော ၀က်ခြံများကိုလည်း ပန်းသီးရည်က ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။
ရှောက်သီး (Lemons)
အလှအပအတွက် မပါမဖြစ် အသီးအနှံတစ်မျိုး ဖြစ်ပါတယ်။ ရှောက်သီးဟာ အရေပြားနဲ့ ဆံပင်ကို လန်းဆန်းစေတယ်။ သန့်စင်စေနိုင်ပါတယ်။ ခြောက်သွေ့ကြမ်းတမ်းနေတဲ့ အရေပြားနဲ့ တံတောင်ဆစ်နဲ့ ခြေဖနောင့်က အသားမာတွေကိုလည်း ရှောက်သီး ဖြင့် ပွတ်တိုက်ပေးပါက အရေပြားများ နူးညံ့သန့်စင်စေလာနိုင်ပါတယ်။ ရေချိုးသောအခေါ ချိုးရေထဲသို့ ရှောက်ရည် အနည်းငယ်ရောစပ်၍ ချိုးပေးပါက တစ်နေ့တာလုံး လန်းဆန်း တက်ကြွစေနိုင်တယ်လို့ ဆိုပါတယ်။ ဦးရေပြားကိုလည်း သန့်စင်စေနိုင်စွမ်းရှိတာကြောင့် ခေါင်းလျှော်တိုင်း ရှောက်ရည်၊သံပုရာရည် လိမ်းကျံကာ နှိပ်နယ်ပြီးမှ ရေစင်အောင်ဆေးချလိုက်ပါက ဦးရေပြားသန့်စင်ကာ ဗောက်များ ကင်းစင်နိုင်စေပါတယ်။ အမာရွတ်များ ထင်ကျန်နေခဲ့ပါက ရှောက်သီး(သို့) သံပုရာသီးဖြင့် ပွတ်တိုက်ပေးပါက ထင်နေသော အမာရွတ်များ၊ အမဲစက်များကို လျှင်မြန်စွာ ပျောက်ကင်းသွားစေနိုင်ကြောင်းလည်း သိရပါတယ်။

Sunday, February 12, 2012

Facebook တွင် ကစားနိုင်မည့်ဂိမ်း NASA လွှင့်တင်

အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (NASA)က Facebookတွင် လူအများ ကစားနိုင်မည့် ဂိမ်းတစ်ခုကို လွှင့်တင် ပေးလိုက်ကြောင်း သိရှိရသည်။ ကမ္ဘာကျော် Social Networking ၀က်ဘ်ဆိုက်တွင် သူငယ်ချင်းသစ်များ တိုးပွားစေရန်နှင့် အာကာသဆိုင်ရာ အသိအမြင် ဗဟုသုတများ ကြွယ်ဝလာစေရန်အတွက် Space Race Blastoffဂိမ်းကို NASAက ဖန်တီးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဂိမ်းသည် ကစားသူများက အာကာသဆိုင်ရာ ဗဟုသတုကို ဆန်းစစ် မေးခွန်းထုတ်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။

ယင်းဂိမ်းကို ကစားသူများသည် တစ်ဦးချင်း မိမိ၏ အသိပညာကို လေ့လာနိုင်သလို အခြားသူများနှင့်လည်း အပျော်သဘော ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ အဆိုပါ ဂိမ်းတွင် “အာကာသထဲ လမ်းလျှောက်တဲ့ ပထမဆုံး အမေရိကန်က ဘယ်သူလဲ”၊ “အရည်လောင်စာသုံး ဒုံးကျည်ကို ပထမဆုံး လွှတ်တင်တာ ဘယ်သူလဲ”အစရှိသည့် ဥာဏ်စမ်း မေးခွန်းများ ပါဝင်မည်ဖြစ်သည်။

NASA၏ သမိုင်းနှင့် သုတေသန ဌာနက Facebookကို အသုံးချကာ အာကာဆိုင်ရာ အသိပညာ ဗဟုသုတ ဖြန့်ဖြူးရန်အတွက် Space Race Blastoffကို ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း NASA၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် တစ်ဦးက ဆိုသည်။ NASAသည် ၎င်းတို့၏ လုပ်ဆောင်မှုများနှင့် ပတ်သက်ပြီး သတင်းအချက်အလက် ဖြန့်ဝေရန်အတွက် Facebookနှင့် Twitterစသည့် Social Network ၀န်ဆောင်မှုများကို ယခင်ကတည်း မှီခိုခဲ့သည်။

Source: MDSNG

ပြည်ထောင်စုနေ့အား ဂုဏ်ပြုပါ၏


MTLA GTI GROUP

Saturday, February 11, 2012

ငွေနဲ့ဝယ်လို့မရတဲ့အရာ

တစ်ခါတုန်းက အလွန်ချောမောလှပတဲ့ အမျိုးသမီးတစ်ဦးဟာ ကျွန်တော်ဆေးခန်းကို ရောက်လာပါတယ်။ သူမဟာ တန်ဖိုးကြီးသော အဝတ်အစားများနဲ့ အဖိုးတန်ရတနာများကို ဝတ်ဆင်လာပါတယ်။ နယ်စပ်မှာနေတဲ့အတွက် ဒီလိုမြင်ကွင်းမျိုးတွေကို မြင်နေကျဖြစ်ပေမယ့် သူမရဲ့ဝတ်ဆင်မှုက သူများထက် အများကြီးပိုနေတယ်လို့ထင်မိပါတယ်။
သူမရဲ့နာမည်ကိုမေးကြည့်တော့မှ မရွှေကြိုင်ဖြစ်ပြီး၊အသက်မှာ ၃၆-နှစ်ဖြစ်ကြောင်းသိရပါတယ်။
သူမကို သေသေချာချာစမ်းသပ်ကြည့်တော့လည်းထူးထူးခြားခြားရောဂါဆိုပြီး ဘာမှ မတွေ့ရပါ။
သူမပြောစကားကိုနားထောင်ကြည့်တော့ သူမဟာ မကြာသေးခင်ကမှ လင်ယောကျာ်းနဲ့ကွာရှင်းပြတ်ဆဲပြီးကြောင်း သိရပါတယ်။
သူမရဲ့ တောင်းဆိုမှုတွေက များလွန်းလာတာကြောင့် လင်ယောကျာ်းမှာ မခံနိုင်တော့၍ ကွာရှင်းခြင်းဖြစ်ကြောင်းလည်း ပြောပြပါတယ်။
အခု သူမမှာ တိုက်အိမ် သုံးလုံး၊ ကားသုံးစီးအပြင် ရတနာပစ္စည်းမြောက်များစွာ ပိုင်ဆိုင်နေပေမယ့် စိတ်ထဲမှာ အထီးကျန်၊ အဖော်မဲ့နေကြောင်း၊ စိတ်ထဲမှာလည်း ရောဂါတစ်မျိုးမျိုးရှိနေတယ်လို့ ထင်မြင်မိကြောင်းပြောပါတယ်။

အန္တရာယ်များသော အင်္ဂလိပ်စကား(၁)

စာတွေ (words) ဟာ အသံတွေ (sounds) နဲ့ ဆက်စပ်နေပါတယ်။ အင်္ဂလိပ်စာမှာ စာနဲ့အသံ ဆက်စပ်မှုကို မှန်ကန်အောင်မသုံးတတ်ရင် ဒုက္ခတွေ့တတ်ပါတယ်။ အင်္ဂလိပ်စာမှာ taboo လို့ခေါ်တဲ့ ရှောင်ရန်ကိစ္စတွေ အများကြီးရှိတယ်။ ဆောင်ရန်တွေပဲသင်ပြီး ရှောင်ရန်တွေမသင်ရင် ကြာတော့ မရှောင်တော့ဘူးပေါ့။ ဒါကလည်း ဝေါဟာရအသစ်တွေ ထပ်ထပ်တိုးလာပြီး အသစ်တွေသုံးရင်းနဲ့ အဟောင်းတွေကိုမေ့တာလည်း ဖြစ်နိုင်တယ်။ အဟောင်းတွေမေ့တော့ သုံးရမှန်းမသိ၊ မသုံးရမှန်းမသိ သုံးမိလိုက်တော့ ဒုက္ခရောက်ကုန်ရော။ အဲဒီလို မသုံးရတဲ့နေရာမှာ သုံးရင် အန္တရာယ်ရှိပြီပေါ့။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း အမေရိကန်မှာ လူမှုရေးပြောင်းလဲမှုတွေ အများကြီးဖြစ်ခဲ့တယ်။ “ရှောင်ရန်”  ဆိုတဲ့စကားတွေကို မသိတော့ဘူး။ ဒီတော့ မသုံးရမယ့်နေရာတွေမှာသုံး၊ သုံးရမယ့်နေရာတွေမှာ မသုံးမိဘဲ ဒုက္ခတွေ့ကြရတယ်။
အမေရိကန်တွေ ဘာကို ရှောင်ကြသလဲ
အမေရိကန်တွေ ဆရာဝန်အခန်းကလွဲပြီး မပြောတဲ့စာလုံးတွေရှိတယ်။ အဲဒီစာလုံးတွေကတော့
-       ကိုယ်ခန္ဓာရဲ့ လိင်ဆိုင်ရာ အစိတ်အပိုင်းတွေ
-       လိင်မှုဆိုင်ရာ လုပ်ဆောင်မှုတွေ
-       ရေချိုးခန်းထဲက အလုပ်တွေ
-       မစင်ကိစ္စတွေ
-       အော့အံတာနဲ့ နှပ်ညှစ် နှပ်ကလော်တဲ့အကြောင်းတွေ
-       ကင်ဆာ၊ သေခြင်း၊ အသုဘကိစ္စတွေနဲ့ ပတ်သက်တဲ့စာလုံးတွေကို ရှောင်ရန်အနေနဲ့ သတ်မှတ်ထား ကြတယ်။

Friday, February 10, 2012

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၄၀)

Sentence Structure - (13) - Adjectives
ပညာရပ်တစ်ခုကို လေ့လာတဲ့ကျောင်းသားအဖို့ ကြုံတွေ့ရမယ့် ပြဿနာတစ်ခုကတော့ ဝေါဟာရပြဿနာပါပဲ။ ဆရာသမားများဟာ “ သူ့ထက်သူ ” လူစွမ်းကောင်း လုပ်ကာ ဝေါဟာရတွေ ထွင်ချင်ကြတယ်။ အင်္ဂလိပ်သဒ္ဒါကို လေ့လာမယ်ဆိုရင် တွေ့ရမှာတွေကတော့ Noun လို့ ရှိပြီးသားကိုပဲ Substantive ခေါ်သူကခေါ်၊ Nominal လုပ်သူက လုပ်ပြီး Subject ကိုလဲ Nominative Case ရယ်လို့ ရှေးဟောင်းခေါ် သဒ္ဒါစကားလုံးကို ပြန်လည်ဆန်းသစ်ကာ အမည်ပေးချင်တဲ့လူက မရှားဘူး။ အခု ဆွေးနွေးမယ့် Adjective ကို ကြည့်လေ။ Verb ကို ချဲ့ထွင်တော့ Adverb ခေါ်တာကို အကြောင်းပြုပြီး Noun ကို ချဲ့ထွင်တာမို့ Adnominal ခေါ်သူက ခေါ်နေကြပြီ။ တလောဆီက ကျွန်တော်တို့ ကျောင်းတွေမှာလည်း Noun modifier လို့ တော်တော်လေး တွင်ကျယ်လိုက်သေးတယ်။ တစ်ချို့ကတော့ Modifier, Qualifier ခွဲခြားပြကြလေသေးရဲ့။ ကျွန်တော်တို့ ငယ်ငယ်က ကျောင်းမှာ သဒ္ဒါသင်စဉ်က Adjunct of Subject / Object စသဖြင့် သင်ခဲ့ရတယ်။ တစ်ချို့စာအုပ်များမှာ Extension, Enlargement သုံးတာကိုလည်း တွေ့ခဲ့ရသေးတယ်။ ခုအခန်းမှာတော့ Adjective ဆိုတဲ့ ဝေါဟာရကိုပဲ သုံးသွားမယ်။ အရင်အခန်းများမှာ တွေ့ခဲ့ရတဲ့အတိုင်း Adjective ကို Complement အဖြစ် သုံးပါတယ်။

Thursday, February 09, 2012

မြန်မာယူ-၂၁အသင်း ပါဝင်ယှဉ်ပြိုင်မည့် ဘရူနိုင်းဖိတ်ခေါ်ဖလားပွဲ

ဖေဖော်ဝါရီလ(၂၄) မှ မတ်လ(၉)ရက်နေ့အထိ ဘရူနိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ဘရူနိုင်းဖိတ်ခေါ်ဖလားပွဲတွင် မြန်မာ ယူ-၂၁အသင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာ ယူ-၂၁ အသင်းသည် အုပ်စု မဲခွဲမှုအရ အုပ်စု(က)တွင် စင်ကာပူ၊ အင်ဒိုနီးရှား အစရှိသည့် အသင်းများနှင့်အတူ ကျရောက်လျှက်ရှိနေသည်။
(၆)သင်းပါဝင်သည့် အုပ်စု(က)တွင် မြန်မာ၊ စင်ကာပူ၊ အင်ဒိုနီးရှား တို့နှင့်အတူ ဖိလစ်ပိုင်၊ လာအိုနှင့် အိမ်ရှင် ဘရူနိုင်းတို့လည်း ပါဝင်လျှက်ရှိပြီး အုပ်စု(ခ)တွင်မူ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် အရှေ့တီမောတို့ ပါဝင်လျှက်ရှိနေသည်။ မြန်မာအသင်းသည် ဖေဖော်ဝါရီ(၂၅)ရက်နေ့တွင် စင်ကာပူအသင်းနှင့် အဖွင့်ပွဲအဖြစ် ပွဲဦးထွက် ယှဉ်ပြိုင်ရမည်ဖြစ်ကာ ဖိလစ်ပိုင်၊ လာအို၊ ဘရူနိုင်း စသဖြင့် အစဉ်လိုက် ဆက်လက် ကစားရမည် ဖြစ်သည်။ အုပ်စုနောက်ဆုံးပွဲစဉ် အဖြစ်မူ မတ်လ(၅)ရက်နေ့တွင် အင်ဒိုနီးရှား အသင်းနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
အုပ်စုများနှင့် ဘောလုံးပွဲစဉ်များမှာ....

တတိယကမ္ဘာမှ ပထမကမ္ဘာသို့

ကျွန်တော်ဖတ်ခဲ့ဖူးသော စာအုပ်တွေထဲမှ စာအုပ်ကောင်းလေး တစ်အုပ်ပါ။ ယနေ့ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ အခြားနိုင်ငံများကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးစားနေချိန်မှာ ဒီစာအုပ်လေးထဲမှာ ယနေ့ စင်္ကာပူနိုင်ငံဖြစ်လာအောင် မည်မျှခက်ခဲကြောင်းကို လေ့လာမှတ်သားနိုင်မှာပါ။ ကျွန်တော်တို့မြန်မာတွေလဲ ကိုယ်နိုင်ငံတိုးတက်ဖို့အတွက် မှတ်သားဆင်ခြင်နိုင်မှာပါ။
ဆရာဟိန်းလတ်ဘာသာပြန်ဆိုခဲ့သည့် တတိယကမ္ဘာမှ ပထမကမ္ဘာသို့ စာအုပ်ဖြစ်ပါတယ်။ မူရင်းစာအုပ်မှာ From Third World to First, The Singapore Story (1965 - 2000) By Lee Kuan Yew ပါ။
တတိယကမ္ဘာမှ ပထမကမ္ဘာသို့

ဟိန်းလတ်

သူရိယ ၊ တတိယအကြိမ် ၊ စက်တင်ဘာလ ၂၀၀၆

၂၀၀၂ ခုနှစ် အမျိုးသားစာပေဆု ဘာသာပြန် (သုတ) ဆုရ
 (စာအုပ်မျက်နှာဖုံး)
 (စာအုပ်ကျောဖုံး)

Wednesday, February 08, 2012

ေ​အာ​င်ြ​မ​င်ြ​ခ​င်း

"တက့်အော်မြင်သူတွဟာ အလုပ်မဖြစ်တဲ့အတွေးတွနဲ့ အချိန်မဖြုးဘူး။ခက်ခက်ခဲခဲ မဖြစ်နိုင်တာ တွေ်းမတွေးဘူး။အန္တရ်ာဖြစ်လောက်အောင်လဲ မစ်ွစားဘူး။သူတိုဟာအပြုသဘောဆောင်တာမျိုးတွေကိုပဲတွ်း။သူတိုအတွေးအေါ်တွေဟာ အော်မြင်ဖို့အတွေးတွပဲြ်တေတ်တာများတ်။"
အထက်ကစကားစုကို ပြောသွားသူကတော့ ဒေါက်တာ Seymour Epstein ဖြစ်ပါတယ်။
ကိုယ်ဘာလိုချင်သလဲ။ ကိုယ်ဘာလုပ်ချင်တာလဲ။ ကိုယ်ဘာဖစ်ချင်တာလဲ။ ကိုဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာကိုပဲတွ်း။ အကျိုးရှိတာတွကို မတွေး၊ မလုပ်ဘူးပါ့။ "အော်ြ်ြ်း" ဆိုတာ မတောဆရောက်လာတာ ဟုတ်ဘူး။ ကို့်စိတ်ကူးကို အကောင်အည်ဖော်ြ်းကနေ ရလာတဲ့်၊ ကို့်ရွေးချယ်မှုကနေ ဖြစ်လာတဲ့လဒ်တစ်ခုဖစ်ပါ်။ ပြောရရ် အော်မြင်မှုဆိုတာ ရွေးချယ်မှုမှန်ကန်လို့ဖြစ်လာတာ၊ ကံကော်းလို့ဖြစ်လာတာ မဟုတ်ပါဘူး။

Tuesday, February 07, 2012

၂၀၁၂ ခုနှစ် အကယ်ဒမီ ဆုရရှိကြသူများ


၂၀၁၂ ခုနှစ် အကယ်ဒမီ ဇာတ်ညွန်းဆု ကို ခင်မောင်ဦး၊ စိုးသိန်းထွဍ် က ပင်လယ်ထက်ကနေ၀န်းနီ ဇာတ်ကားတွင် ဆုရရှိပါသည်။

၂၀၁၂ ခုနှစ် အကယ်ဒမီ မြန်မာတေးဂီတဆု ကို မြန်မာပြည်ကျောက်စိမ်း က အငိုမျက်လုံးအပြုံးမျက်နှာ ဇာတ်ကားတွင် ဆုရရှိပါသည်။

၂၀၁၂ ခုနှစ် အကယ်ဒမီ ရုပ်ရှင်တည်းဖြတ်ဆု ကို ဦးမြင့်ခိုင် က ပင်လယ်ထက်ကနေ၀န်းနီ ဇာတ်ကားတွင် ဆုရရှိပါသည်။

၂၀၁၂ ခုနှစ် အကယ်ဒမီ အမျိုးသမီးဇာတ်ပို့ဆု ကို မ၀ါဝါအောင် က အမေကျေးဇူးဆပ်ဖူးချင်တယ် ဇာတ်ကားတွင် ဆုရရှိပါသည်။

၂၀၁၂ ခုနှစ် အကယ်ဒမီ အမျိုးသားဇာတ်ပို့ဆု ကို ဝေဠုကျော် က ပင်လယ်ထက်ကနေ၀န်းနီ ဇာတ်ကားတွင် ဆုရရှိပါသည်။

၂၀၁၂ ခုနှစ် အကယ်ဒမီ အမျိုးသမီးဇာတ်ဆောင်ဆု ကို သက်မွန်မြင့် က အာဒမ်ရယ် ဧ၀ရယ် ဒဿရယ် ဇာတ်ကားတွင် ဆုရရှိပါသည်။

၂၀၁၂ ခုနှစ် အကယ်ဒမီ ရုပ်ရှင်ဓာတ်ပုံဆု ကို ပန်းချီစိုးမိုး က ပင်လယ်ထက်ကနေ၀န်းနီ ဇာတ်ကားတွင် ဆုရရှိပါသည်။

၂၀၁၂ ခုနှစ် အကယ်ဒမီ အမျိုးသားဇာတ်ဆောင်ဆု ကို ပြေတီဦး က အာဒမ်ရယ် ဧ၀ရယ် ဒဿရယ် ဇာတ်ကားတွင် ဆုရရှိပါသည်။

၂၀၁၂ ခုနှစ် အကယ်ဒမီ ဒါရိုက်တာဆု ကို ခင်မောင်ဦး၊ စိုးသိန်းထွဋ် က ပင်လယ်ထက်ကနေ၀န်းနီ ဇာတ်ကားတွင် ဆုရရှိပါသည်။

၂၀၁၀ ခုနှစ် အတွက် အကောင်းဆုံး အကယ်ဒမီ ရုပ်ရှင်ဇတ်ကားဆု ကို အာဒမ်ရယ် ဧ၀ရယ် ဒဿရယ် ဇာတ်ကား မှ ဆုရရှိပါသည်။
Posted by ခဲကြီး