Monday, August 08, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၂၁)

Verb ရဲ့ အဓိပ္ပာယ်ကို ဖြည့်စွက်တဲ့ ပုဒ်၊ ( သို့မဟုတ် ) ပုဒ်စုကို Adverb ခေါ်ကြောင်း ဆွေးနွေးခဲ့ပြီ။ အချိန်၊ နေရာ၊ အကြောင်း၊ အကျိုး စသည်ဖြင့် အမျိုးမျိုးခွဲခြားပြီး လေ့လာကြရမယ်။
(a)Time
အချိန်ကို ပြောပြတဲ့ Adv Clause တွေမှာသုံးတဲ့ စကားလုံးများကတော့  when, while, after, before, as, as soon as, till ( until ), since, whenever တို့ပါပဲ။ အဓိပ္ပာယ်အရ ကွဲပြားကြပေမယ့် သုံးပုံသုံးနည်းကတော့ အတူတူပါပဲ။ Clause ရှေ့ကထားရတယ်။ အဲဒီ Clause ကိုတော့  ၀ါကျရှေ့မှာ၊ နောက်ဆုံးမှာ ( တခါတလေ အလယ်မှာ ) သင့်သလို ထားနိုင်ပါတယ်။
When I grow up, I will be a teacher. ( သို့မဟုတ် )
I will be a teacher, when I grow up.
ငါကြီးလာရင် ကျောင်းဆရာလုပ်မယ်။
When we got to Mandalay, it was already dark.
ငါတို့ မန္တလေးရောက်တော့ မှောင်နေပြီ။
When ကို မြန်မာလို တော့ ၊ တဲ့အခါ၊ ရင်၊ သောအခါ၊ သော် စသည်ဖြင့်အမျိုးမျိုး ပြန်ဆိုနိုင်ပါတယ်။
When ထက် လေးနက်စေချင်ရင် အကြိမ်ကြိမ်သဘောကို ဖော်ပြလိုရင် whenever ကို သုံးတယ်။ မြန်မာလို ( တိုင်း ) လို့ ပြန်ရတယ်။
Whenever I feel lonely, I listen to music.
ငါတစ်ယောက်တည်း ငြီးငွေ့တိုင်း သီချင်းနားထောင်တယ်။
Whenever I got to Mandalay, I visited the Maha Muni Pagoda.
ငါ မန္တလေးရောက်တိုင်း မဟာမုနိဘုရားကို သွားဖူးတယ်။
--- လျှင် ၊ ချင်းဆိုတဲ့ မြန်မာအဓိပ္ပာယ်ကို ဖော်ပြဖို့ as soon as ကို သုံးပါတယ်။
As soon as he saw the police, the thief ran off.
ရဲကို မြင်လျှင်မြင်ချင်း သူခိုးထွက်ပြေးတယ်။
တစ်ခုခုလုပ်တုန်း၊ လုပ်ဆဲ၊ လုပ်နေစဉ်ဆိုတဲ့ သဘောကို ပြောချင်လျှင် while ကို သုံးတယ်။
Make hay while the sun shines. ( စကားပုံ )
နေပူတုန်း မြက်ခြောက်လှန်းပါ။ ( လသာတုန်း ဗိုင်းငင်ပါ )
While I was walking to school, I met a stranger.
ငါကျောင်းသွားစဉ် လူစိမ်းတစ်ယောက်နဲ့ တွေ့တယ်။
While အစား as ကို သုံးနိုင်တယ်။ အဓိပ္ပာယ်တူတယ်။
As I was walking to school, I met a stranger.
တစ်ခုခု လုပ်ပြီးတဲ့နောက်လို့ ပြောချင်လျှင် after ကို သုံးတယ်။
After I had read my lessons, I went to bed.
စာဖတ်ပြီးတဲ့နောက် ငါအိပ်ယာဝင်ခဲ့တယ်။
Answer the questions after you have read the passage.
စာပိုဒ်ကို ဖတ်ပြီးနောက် မေးခွန်းများကို ဖြေပါ။
မလုပ်ခင်၊ မလုပ်မီဆိုတဲ့ သဘောကို ဖော်ပြဖို့ before ကို သုံးတယ်။
Look before you leap. ( စကားပုံ )
မခုန်ခင် ကြည့်ပါ။
Before we make any decision, Let us consider the facts.
ဆုံးဖြတ်ချက်မချခင် အချက်အလက်တွေကို စဉ်းစားကြရအောင်။