Sunday, May 29, 2011

ဘဝတု သဗ္ဗမင်္ဂလာ သုံးဂါထာ

(၁)ဘဝတု သဗ္ဗမင်္ဂလံ ၊ ရက္ခန္တု သဗ္ဗဒေဝတာ။
   သဗ္ဗဗုဒ္ဓါ နုဘာဝေန ၊ သဒါ သုခိ ဘဝန္တုတေ။

(၂)ဘဝတု သဗ္ဗမင်္ဂလံ ၊ ရက္ခန္တု သဗ္ဗဒေဝတာ။
   သဗ္ဗဓမ္မာ နုဘာဝေန ၊ သဒါ သုခိ ဘဝန္တုတေ။

(၃)ဘဝတု သဗ္ဗမင်္ဂလံ ၊ ရက္ခန္တု သဗ္ဗဒေဝတာ။
   သဗ္ဗသံဃာ နုဘာဝေန ၊ သဒါ သုခိ ဘဝန္တုတေ။

မှတ်ချက်။     ။ဤဂါထာသည် မင်္ဂလာဖြစ်ရန် ၊ နတ်များချစ်ခင်စောင့်ရှောက်ရန် ၊
                 သတ္တဝါများချမ်းသာရန် ရတနာသုံးပါး၏ တန်ခိုးတေဇော်အာနုဘော်
ကိုယူ၍ ဆုတောင်းသောဂါထာဖြစ်သည် နေ့ စဉ်  ညစဉ်ရွတ်ဆိုပွားများပါက လောကီ
လောကုတ္ထရာနှစ်ဖြာသောအကျိုးစည်းပွားကို ရရှိခံစားရမည် ဖြစ်ပါသည်။

Posted by ဝတ

ကျွန်တော် ခရီးသွား (၁)

၂၀၀၈ ခုနှစ်၊ မေလ (၂၄)ရက်။
ဒီနေ့သည် ဂျပန်ဘာသာသင်ကြားမှု (၁)လခွဲပြည့်မြောက်သည့်နေ့ဖြစ်ပါတယ်။ အဲဒီနေ့မှာ ဂျပန်နိုင်ငံရောက်ပြီး ဦးစွာပထမခရီးတစ်ခု ထွက်ဖြစ်ဖို့ အကြောင်းပေါ်လာပါတယ်။ မြန်မာပြည်က ထွက်မလာခင် ဂျပန်ကို ပညာတော်သင်သွားရဖို့ ပြင်ကြဆင်ကြတုန်းကလည်း ဂျပန်နိုင်ငံနဲ့ ပတ်သက်တဲ့ အထောက်အထားစာရွက်စာတမ်း တွေလက်လှမ်းမှီသလောက် ရှာကြည့်ပါတယ်။ ထုံးစံအတိုင်း အမြဲရောက်နေကျ ပန်းဆိုးတန်းလမ်း ဘက်မှာပဲပေါ့။ ကံကောင်းထောက်မစွာ “ဂျပန်ပြည်မှာ ရက်ပေါင်း ၁၃၀၀” ဆိုတဲ့ စာအုပ်လေးတစ်အုပ်တွေ့တယ်။ ရေးတဲ့သူကလည်း MONBUKAGASHOU အတိုကောက်အခေါ် မွန်ဘူးရှိုး လို့ခေါ်တဲ့ ဂျပန်ပညာရေးဝန်ကြီးဌာန အထောက်အပံ့နဲ့ ဂျပန်နိုင်ငံမှာ ပညာတော်သင်နေသွားသူက ရေးသားထားတာဆိုတော့ ကျွန်တော့်အတွက် မွန်ဘူးရှိုးကျောင်းသားလဲ ဖြစ်ပြန်တော့ များစွာမှ အထောက်အကူရလှပါတယ်။ သူတို့တုန်းက Osaka gaidai အိုဆာကာ ဂိုင်းဒိုင်း လို့ခေါ်တဲ့ အိုဆာကာ နိုင်ငံခြားဘာသာသင် တက္ကသိုလ်မှာ နိုင်ငံတကာက ကျောင်းသားပေါင်းစုံ ဂျပန်စာ စုဝေးသင်ကြရပြီး အဲဒီနောက်မှ သက်ဆိုင်ရာ တက္ကသိုလ်များသို့ သွားကြရတာဖြစ်ပါတယ်။ သူတို့ ဂျပန်စာသင်ကြားနေစဉ်ကာလများမှာလည်း မကြာခဏဆိုသလို လေ့လာရေး အပျော်ခရီးစဉ်လေးတွေ စီစဉ်ပေးတယ်ဆိုတာ ဖတ်ခဲ့ရတယ်။ ဆိုတော့ ခရီးသွားလာရတာ အင်မတန်မှ နှစ်ခြိုက်တတ်တဲ့ ကျွန်တော့်အတွက်တော့ စူဋ္ဌလိပ်ရေထဲလွှတ်သလိုနေတော့တာပေါ့။ ကျွန်တော်လဲ ခရီးသွားလာပြီး ဒေသန္တရဗဟုသုတလေးတွေ ရှာဖွေရတာ အင်မတန်မှ စိတ်ဝင်စားပါတယ်။ ဘာလို့လဲဆိုတော့ ဒေသတစ်ခုနဲ့တစ်ခု၊ အဲဒီဒေသမှာ နေထိုင်နေကြတဲ့ လူမျိုးစုတွေရဲ့ နေထိုင်ပြုမူတာတွေကအင်မတန်မှ စိတ်ဝင်စားစရာကောင်းတဲ့အတွက်ကြောင့်လဲဖြစ်ပါတယ်။

ကျွန်တော် ပညာသင် (၁)

၂၀၀၈ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့။
ဒီနေ့သည် ကျွန်တော်၏ ဘဝသစ်တစ်ခု အစပျိုးမည့်နေ့ဖြစ်ပါသည်။ သွားရမည်နေ့ရောက်သော်လည်း ကျွန်တော့်မှာ လိုအပ်သည်များပြင်ဆင်လို့ မပြီးသေးပါ။ အစတည်းက ဘယ်လိုပင် စီမံချက်ဆွဲ ပြင်ဆင်ခဲ့သော်လည်း လိုအပ်သည်များ ဖြည့်ဆည်းလို့ မဆုံးနိုင်သေးပါ။ ဒါက ဓမ္မတာဖြစ်ပါသည်။ မနှင်းယုရွှေ (ကွန်ပျူတာတက္ကသိုလ်) ထံ ဖုန်းဆက်ဖြစ်တာ ကံကောင်းသည်။ Hand Carry ထဲအစားအသောက်မှအစ Custom မလွတ်ကင်းတာမသယ်ဖို့ Luggage ထဲပဲထည့်ဖို့ပြောပါသည်။ သူက ကိုးရီယားတစ်ခေါက် ထွက်ထားဖူးတော့ သိနေတာဖြစ်သည်။ မြို့ထဲမှ အိမ်ပြန်ရောက်တော့ ပြင်ဆင်ထားသမျှ ပြန်ပြောင်းထည့်ရသည်။ ညနေ (၁၇း၄၅) နာရီ အိမ်မှ ထွက်ဖို့ပြင်ဆင်ထားပါသည်။ KME မှ ကိုဝေဖြိုးဆန်း ဂျစ်တစ်စီးနှင့် TAXI တစ်စီးသွားဖို့ ပြင်ဆင်ထားပြီး၊ ကျွန်တော်ချိန်းထားသည့် အချိန်အတိုင်း ရောက်မှလာပါ့မလား စိုးရိမ်နေဆဲမှာပင် လမ်းထိပ်မှ ကားချိုးကွေ့ဝင်လာတာမြင်ရသည်။ ယောဂီကျောင်းလမ်းထဲမှ ကျွန်တော့်အစ်ကို မိသားစု(ပြင်/ထိန်း) အား ဝင်ခေါ်ပြီး မင်္ဂလာဒုံလေဆိပ်သို့ ထွက်ခဲ့ပါသည်။