Saturday, February 11, 2012

ငွေနဲ့ဝယ်လို့မရတဲ့အရာ

တစ်ခါတုန်းက အလွန်ချောမောလှပတဲ့ အမျိုးသမီးတစ်ဦးဟာ ကျွန်တော်ဆေးခန်းကို ရောက်လာပါတယ်။ သူမဟာ တန်ဖိုးကြီးသော အဝတ်အစားများနဲ့ အဖိုးတန်ရတနာများကို ဝတ်ဆင်လာပါတယ်။ နယ်စပ်မှာနေတဲ့အတွက် ဒီလိုမြင်ကွင်းမျိုးတွေကို မြင်နေကျဖြစ်ပေမယ့် သူမရဲ့ဝတ်ဆင်မှုက သူများထက် အများကြီးပိုနေတယ်လို့ထင်မိပါတယ်။
သူမရဲ့နာမည်ကိုမေးကြည့်တော့မှ မရွှေကြိုင်ဖြစ်ပြီး၊အသက်မှာ ၃၆-နှစ်ဖြစ်ကြောင်းသိရပါတယ်။
သူမကို သေသေချာချာစမ်းသပ်ကြည့်တော့လည်းထူးထူးခြားခြားရောဂါဆိုပြီး ဘာမှ မတွေ့ရပါ။
သူမပြောစကားကိုနားထောင်ကြည့်တော့ သူမဟာ မကြာသေးခင်ကမှ လင်ယောကျာ်းနဲ့ကွာရှင်းပြတ်ဆဲပြီးကြောင်း သိရပါတယ်။
သူမရဲ့ တောင်းဆိုမှုတွေက များလွန်းလာတာကြောင့် လင်ယောကျာ်းမှာ မခံနိုင်တော့၍ ကွာရှင်းခြင်းဖြစ်ကြောင်းလည်း ပြောပြပါတယ်။
အခု သူမမှာ တိုက်အိမ် သုံးလုံး၊ ကားသုံးစီးအပြင် ရတနာပစ္စည်းမြောက်များစွာ ပိုင်ဆိုင်နေပေမယ့် စိတ်ထဲမှာ အထီးကျန်၊ အဖော်မဲ့နေကြောင်း၊ စိတ်ထဲမှာလည်း ရောဂါတစ်မျိုးမျိုးရှိနေတယ်လို့ ထင်မြင်မိကြောင်းပြောပါတယ်။

အန္တရာယ်များသော အင်္ဂလိပ်စကား(၁)

စာတွေ (words) ဟာ အသံတွေ (sounds) နဲ့ ဆက်စပ်နေပါတယ်။ အင်္ဂလိပ်စာမှာ စာနဲ့အသံ ဆက်စပ်မှုကို မှန်ကန်အောင်မသုံးတတ်ရင် ဒုက္ခတွေ့တတ်ပါတယ်။ အင်္ဂလိပ်စာမှာ taboo လို့ခေါ်တဲ့ ရှောင်ရန်ကိစ္စတွေ အများကြီးရှိတယ်။ ဆောင်ရန်တွေပဲသင်ပြီး ရှောင်ရန်တွေမသင်ရင် ကြာတော့ မရှောင်တော့ဘူးပေါ့။ ဒါကလည်း ဝေါဟာရအသစ်တွေ ထပ်ထပ်တိုးလာပြီး အသစ်တွေသုံးရင်းနဲ့ အဟောင်းတွေကိုမေ့တာလည်း ဖြစ်နိုင်တယ်။ အဟောင်းတွေမေ့တော့ သုံးရမှန်းမသိ၊ မသုံးရမှန်းမသိ သုံးမိလိုက်တော့ ဒုက္ခရောက်ကုန်ရော။ အဲဒီလို မသုံးရတဲ့နေရာမှာ သုံးရင် အန္တရာယ်ရှိပြီပေါ့။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း အမေရိကန်မှာ လူမှုရေးပြောင်းလဲမှုတွေ အများကြီးဖြစ်ခဲ့တယ်။ “ရှောင်ရန်”  ဆိုတဲ့စကားတွေကို မသိတော့ဘူး။ ဒီတော့ မသုံးရမယ့်နေရာတွေမှာသုံး၊ သုံးရမယ့်နေရာတွေမှာ မသုံးမိဘဲ ဒုက္ခတွေ့ကြရတယ်။
အမေရိကန်တွေ ဘာကို ရှောင်ကြသလဲ
အမေရိကန်တွေ ဆရာဝန်အခန်းကလွဲပြီး မပြောတဲ့စာလုံးတွေရှိတယ်။ အဲဒီစာလုံးတွေကတော့
-       ကိုယ်ခန္ဓာရဲ့ လိင်ဆိုင်ရာ အစိတ်အပိုင်းတွေ
-       လိင်မှုဆိုင်ရာ လုပ်ဆောင်မှုတွေ
-       ရေချိုးခန်းထဲက အလုပ်တွေ
-       မစင်ကိစ္စတွေ
-       အော့အံတာနဲ့ နှပ်ညှစ် နှပ်ကလော်တဲ့အကြောင်းတွေ
-       ကင်ဆာ၊ သေခြင်း၊ အသုဘကိစ္စတွေနဲ့ ပတ်သက်တဲ့စာလုံးတွေကို ရှောင်ရန်အနေနဲ့ သတ်မှတ်ထား ကြတယ်။