Friday, June 17, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၁၇)

PHRASES (2)
Adj တစ်ခု ဦးဆောင်ပြီးတော့ လည်း Phrase ဖြစ်လာနိုင်ပါတယ်။ သူ့ကို Adj လိုရော၊ Adv လိုရော သုံးနိုင်ပါတယ်။ ဒါပေမယ့် Adjective လို ပိုပြီး အသုံးများတယ်။ အလျင်ခန်းက ဆွေးနွေးခဲ့တဲ့ Preposition Phrase ရှေ့မှာ Adj တစ်ခု ဖြည့်စွက်ထားတာပါပဲလို့ ယူဆနိုင်ပါတယ်။
People worthy of honour should be honoured.
ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုရမယ်။
We came to a pond full of lilies
ကြာအပြည့်နဲ့ ရေကန်တစ်ကန်ဆီ ရောက်လာခဲ့ကြတယ်။
He lay there still like a corpse.
လူသေလိုငြိမ်လို့ သူလဲကျနေတယ်။
ဒီနမူနာများမှာ worthy of honour ဆိုတဲ့ ပုဒ်စုက people ဆိုတဲ့ နာမ်ကို အထူးပြုတဲ့ Adj phr ဖြစ်မှန်း ၊ full of lilies ပုဒ်စုက pond နာမ်ကို အထူးပြုတဲ့ Adj phr ဖြစ်မှန်း သိသာပါလိမ့်မယ်။ still like a corpse ပုဒ်စုကတော့  လဲကျခြင်း ကြိယာ lay ကို အထူးပြုနေတဲ့ Adv phr ဖြစ်တယ်။
ဒီပုဒ်စုတွေမှာပါတဲ့ Adj တွေနေရာမှာ V-ing and V-ed တို့ကို ထည့်လိုက်လျင် Participle Phrase (or) Participial Phrase လို့ခေါ်တယ်။ မြန်မာ ( ပါဠိသက် )လိုကတော့  ကိတ်ပုဒ်စုလို့ ခေါ်ရမှာပေါ့ လေ။ V-ing and V-ed ဆိုတာ V ကို Adj လုပ်လိုက်တဲ့ သဘောသာဖြစ်ကြောင်း အလျင်က ( V-ed ) မှာ တင်ပြခဲ့ဖူးပါပြီ။ Active အဓိပ္ပာယ်ဆောင်လျှင် V-ing ၊ Passive အဓိပ္ပာယ်ဆောင်လျှင် V-ed ဆိုတာကိုလည်း တင်ပြခဲ့ပြီးပါပြီ။ အခုသင်ခန်းစာမှာ phrase အနေနဲ့ တစ်ကဏ္ဏသီးခြားခွဲထုတ်ပြတာပဲ ထူုးခြားပါတယ်။ လုပ်နည်းကိုင်နည်း သုံးနှုန်းနည်းတွေ ဆွေးနွေးပြီးသားဖြစ်ပါတယ်။ ဒါကြောင့် အခု ထပ်ပြီး မရှင်းပြတော့ပါ။ နမူနာတွေပဲ ပေးလိုက်ပါတော့မယ်။

အသုံးဝင်မယ့် websites များ (၄)

သူငယ်ချင်းတို့အတွက် ဘာသာရေးနှင့်လူမှုရေးဆိုင်ရာ websites တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

ဘာသာရေးနှင့်လူမှုရေးဆိုင်ရာ websites များ

ဓမ္မဟေဝန်

ဓမ္မရောင်ခြည်

ဓမ္မစေတမန်

ဓမ္မမေတ္တာ

ဓမ္မရသ

အာနန္ဒာ

ရုရှားဆရာတော်

ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏိတ

ပြည်တော်ဦး ဗုဒ္ဓသာသနာ့ရိပ်မွန်

ဝေဇယန္တာကျောင်းတိုက်

သိရီမင်္ဂလာ ကျောင်းတိုက်

အရိယာဝါသ ဓမ္မရိပ်သာ

ထေရဝါဒ ဗုဒ္ဓဘာသာလူငယ်များ အသင်း

MIET တက္ကသိုလ် မြန်မာကျောင်းသားများ

မပြီးဆုံးသော နေ့ရက်များကိုကျော်ဖြတ်ခြင်း

သစ္စာတရား

သစ္စာပါရမီ

အဖြူရောင်မေတ္တာ

မေတ္တာဥယျာဉ်

မေတ္တာရိပ်မြုံ

သော်ဇင် (စိန်ပန်းမြေ)

အလင်းရောင် ပညာရေး ပရဟိတ အဖွဲ့

သုက္ခရိပ်

မင်းဝေ

MM Kaluga

Live Dhama

World Buddha Community
http://tknn.org/
Posted By မောင်စူးစမ်း (MTLA GTI)