Friday, June 17, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၁၇)

PHRASES (2)
Adj တစ်ခု ဦးဆောင်ပြီးတော့ လည်း Phrase ဖြစ်လာနိုင်ပါတယ်။ သူ့ကို Adj လိုရော၊ Adv လိုရော သုံးနိုင်ပါတယ်။ ဒါပေမယ့် Adjective လို ပိုပြီး အသုံးများတယ်။ အလျင်ခန်းက ဆွေးနွေးခဲ့တဲ့ Preposition Phrase ရှေ့မှာ Adj တစ်ခု ဖြည့်စွက်ထားတာပါပဲလို့ ယူဆနိုင်ပါတယ်။
People worthy of honour should be honoured.
ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုရမယ်။
We came to a pond full of lilies
ကြာအပြည့်နဲ့ ရေကန်တစ်ကန်ဆီ ရောက်လာခဲ့ကြတယ်။
He lay there still like a corpse.
လူသေလိုငြိမ်လို့ သူလဲကျနေတယ်။
ဒီနမူနာများမှာ worthy of honour ဆိုတဲ့ ပုဒ်စုက people ဆိုတဲ့ နာမ်ကို အထူးပြုတဲ့ Adj phr ဖြစ်မှန်း ၊ full of lilies ပုဒ်စုက pond နာမ်ကို အထူးပြုတဲ့ Adj phr ဖြစ်မှန်း သိသာပါလိမ့်မယ်။ still like a corpse ပုဒ်စုကတော့  လဲကျခြင်း ကြိယာ lay ကို အထူးပြုနေတဲ့ Adv phr ဖြစ်တယ်။
ဒီပုဒ်စုတွေမှာပါတဲ့ Adj တွေနေရာမှာ V-ing and V-ed တို့ကို ထည့်လိုက်လျင် Participle Phrase (or) Participial Phrase လို့ခေါ်တယ်။ မြန်မာ ( ပါဠိသက် )လိုကတော့  ကိတ်ပုဒ်စုလို့ ခေါ်ရမှာပေါ့ လေ။ V-ing and V-ed ဆိုတာ V ကို Adj လုပ်လိုက်တဲ့ သဘောသာဖြစ်ကြောင်း အလျင်က ( V-ed ) မှာ တင်ပြခဲ့ဖူးပါပြီ။ Active အဓိပ္ပာယ်ဆောင်လျှင် V-ing ၊ Passive အဓိပ္ပာယ်ဆောင်လျှင် V-ed ဆိုတာကိုလည်း တင်ပြခဲ့ပြီးပါပြီ။ အခုသင်ခန်းစာမှာ phrase အနေနဲ့ တစ်ကဏ္ဏသီးခြားခွဲထုတ်ပြတာပဲ ထူုးခြားပါတယ်။ လုပ်နည်းကိုင်နည်း သုံးနှုန်းနည်းတွေ ဆွေးနွေးပြီးသားဖြစ်ပါတယ်။ ဒါကြောင့် အခု ထပ်ပြီး မရှင်းပြတော့ပါ။ နမူနာတွေပဲ ပေးလိုက်ပါတော့မယ်။
The man sitting on a chair is my uncle. ( Adj phr )
ကုလားထိုင်ပေါ် ထိုင်နေတဲ့ လူကြီးက ငါ့ ဦးလေးလေ။
U Soe was reading a newspaper sitting on a chair. ( Adv phr ) .... ( သိုမဟုတ် )
Sitting on a chair, U Soe was reading a newspaper.
ကုလားထိုင်ပေါ်ထိုင်ပြီး ဦးစိုး သတင်းစာဖတ်နေတယ်။
That is the scoundrel wanted by the police. ( Adv )
အဲဒါ ရဲကအလိုရှိနေတဲ့ လူဆိုးပဲ။
Wanted by the police, he stayed in hiding. ( Adv )
ရဲက အလိုရှိနေသမို့ သူပုန်းအောင်းနေခဲ့တယ်။
To infinitive ဟာလည်း phrase ဖြစ်နိုင်တာပါပဲ။ Adj ရော၊ Adv ပါ သုံးနိုင်တယ်။
I want a book to read. ( Adj )
ဖတ်စရာ စာအုပ် လိုချင်တယ်။
He sat down to read. ( Adv )
သူစာဖတ်ဖို့ ထိုင်ချလိုက်တယ်။
The signal to start was given. ( Adj )
စတင်ဖို့ အချက်ပေးလိုက်တော့တယ်။
He went to Mandalay to visit his relatives. ( Adv )
သူ ဆွေမျိုးများနဲ့ တွေ့ဖို့ မန္တလေးသွားတယ်။
She had little time to practise her service. ( Adj )
သူ့မှာ အလုပ်လေ့ကျင့်စရာ အချိန်သိပ်မရှိဘူး။
She got up early to practise her service. ( Adv )
သူမ အလုပ်ကို လေ့ကျင့်ဖို့ စောစောအိပ်ရာက ထတယ်။
Adj ရိုးရိုးကနေ Adj Phrase, Adv ရိုးရိုးကနေ Adv Phrase ပြောင်းလဲတဲ့ လေ့ကျင့်ခန်းများကို ကျောင်းသုံးစာစီစာကုံး စာအုပ်များမှာ ခိုင်းလေ့ရှိကြတယ်။ ဥပမာ... beautiful ကနေ of beauty, wisely ကနေ in a wise manner စသဖြင့် ။ ဒီအလေ့အကျင့်မျိုးဟာ ကျောင်းလေ့ကျင့်ခန်းအနေနဲ့ မဆိုးလှဘူးဆိုပေမယ့် တကယ် အကျိုးမထူးလှပါဘူး။ ဒါပေမယ့် အင်္ဂလိပ်စကားမှာ ဒူးနေရာကဒူး၊ တော်နေရာကတော် ဆိုသလို ရိုးရိုးလုံးချင်း Adj, Adv နဲ့ Adj Phr , Adv Phr သုံးတာချင်း အကျိုးသက်ရောက်မှု မတူကြပါ။ A thing of beauty is a joy for ever. လို့ ကဗျာဆရာ ကိတ်စ်က ပြောထားတာကို ဘယ်လို ဘယ်နည်းနဲ့မှ a beautiful thing………… စသည်ဖြင့် ပြင်ရေးလို့ မရနိုင်ပါဘူး။ ဒါကြောင့် ဒီလေ့ကျင့်ခန်းမျိုးဟာ လမ်းမှားရောက်စေတဲ့ ( misleading ) လုပ်ရပ်လို့ ယူဆစရာဖြစ်ပါတယ်။ နောက်ပြီး Adj / Adv တိုင်းကို Phr ပြောင်းမရသလို ၊ Phr တိုင်းကိုလည်း ရိုးရိုး Adj / Adv မပြောင်းပစ်နိုင်ချေဘူး။ ဒါကြောင့် ဒီလေကျင့်ခန်းမျိုးကို ရှောင်ရှားလိုက်ပါတော့ လို ပြောချင်ပါတယ်။ ကျောင်းသားများကို စာဖတ်သွားရမှာ သြော်. . ဒီနေရာကတော့ ဖြင့် လုံးချင်း Adj သုံးထားသကိုး၊ ဒီနေရာမှာတော့ဖြင့် Phr သုံးရသကိုးလို့ လေ့လာမှတ်သားတဲ့ အကျင့်လုပ်ဖို့ တိုက်တွန်းပါရစေ။
အထက်မှာ ပြခဲ့တဲ့ Preposition phrase, Participle phrase တို့က အဓိက Phrase အမျိုးအစားတွေပါပဲ။ အဲဒါတွေအပြင် ten years old, one thousand feet high, ten feet by fifteen feet စတဲ့အသုံးတွေ ၊ long ago, once upon a time …….. စတဲ့ အချိန်ပြစကားလုံးတွေကိုလည်း Phrase တွေပဲဆိုတာ သတိရပါ။
The pagoda stands on a hill some four hundred feet high. ( Adj )
I want a flat twenty-five feet by sixty feet. ( Adj )
This happened long, long, ago. ( Adv )
Participle phrase တွေကို N အဖြစ်နဲ့လည်း သုံနိုင်တယ်။ Noun phrase လို့ ခေါ်တယ်။ ဒါပေမယ့် V-ing ပဲ ဒီလို သုံးနိုင်ပါတယ်။ V-ed ကိုတော့  the နဲ့တွဲ့ပြီး တော့ သာ N အဖြစ် သုံးနိုင်ကြတယ်။
Reading English books will improve your English.
အင်္ဂလိပ်စာအုပ်တွေ ဖတ်တာက အင်္ဂလိပ်စာကို တိုးတက်စေလိမ့်မယ်။
Climbing mountain is good exercise.
တောင်တက်ခြင်းဟာ လေ့ကျင့်ခန်းကောင်းဖြစ်တယ်။
Mi Mi enjoys going to the cinema.
မီမီက ရုပ်ရှင်သွားရတာကို နှစ်ခြိုက်တယ်။
To ပါတဲ့ Infinitive ကိုလည်း N အဖြစ် သုံးနိုင်တယ်။ N phrase ခေါ်တယ်။
To err is human.
မှားတာ လူ့ သဘာဝ။
To mend cars is the work of a mechanic.
ကားပြင်တာ မက္ကင်းနစ်ရဲ့အလုပ်ပေါ့။
I want to see your sister.
ငါ မင်းအစ်မကို တွေ့ချင်တယ်။
ဒီနောက်ဆုံးဝါကျမှာ မြန်မာပြန်ကြည့်လိုက်လျှင်တော့  ကံပုဒ်က ( မင်းအစ်မ ) ဖြစ်နေတယ်။ အင်္ဂလိပ်လိုမှာကတော့  see your sister ဆိုတဲ့ ပုဒ်စုကသာ want ရဲ့ ကံပုဒ်ဖြစ်နေတယ်။ အဲလို ဘာသာစကားနှစ်ခု ကွာခြားမှုရှိတတ်တာများကို ဆင်ခြင်မှတ်သွားပါ...။
V-ing နဲ့ to infinitive ကို N လို သုံးတာဟာ အတော်တော်များများမှာ အဓိပ္ပာယ်တူသလောက်ပါပဲ ။ Reading books ပြောပြော ၊ To read books ပြောပြော မထူးလှပါဘူး။ အချို့နေရာများမှာတော့ ထူးတယ်။ V-ing နဲ့သုံးလို့ရတာ၊ To နဲ့မှ သုံးလို့ရတာ ခွဲခြားမှတ်ရတယ်။
Posted by ကိုတူး(မိတ္ထီလာ GTI)

No comments:

Post a Comment