Thursday, May 31, 2012

ယူရို ၂၀၁၂ ယှဉ်ပြိုင်ကစားမည့် ဘောလုံးကွင်းကြီးများအကြောင်း

ယူရို ၂၀၁၂ ယှဉ်ပြိုင်ကစားမည့် ပိုလန်နိုင်ငံနှင့် ယူကရိန်းနိုင်ငံမှ ဘောလုံးကွင်းကြီးများအကြောင်းကို ဘောလုံးချစ်သူ စာဖတ်သူများ သိရှိစေရန်အလို့ငှာ တင်ဆက်ပေးလိုက်ရပါသည်။
ယူကရိန်းနိုင်ငံမှ ဘောလုံးကွင်းကြီးများ
ကိဗ်အိုလံပစ် စတေဒီယမ် ( ပရိသတ် ၀င်ဆန့်မှု – ၆၀၀၀၀ )
ကိဗ် အိုလံပစ်ဘောလုံးကွင်းကြီးကို ယူကရိန်းနိုင်ငံမြို့တော် ကိဗ်ယက် တွင် တည်ဆောက်ထားသည်။ အဆိုပါကွင်းကြီးသည် လက်ရှိယူကရိန်းတွင် အကြီးဆုံးကွင်းကြီးအဖြစ် သတ်မှတ်ထားပြီး ယူကရိန်း ကလပ် ဒိုင်နမိုကိဗ်အသင်း ပိုင်ဆိုင်သောကွင်းကြီးလည်း ဖြစ်သည်။
ထိုကွင်းကြီးတွင် ယူရို ၂၀၁၂ ပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်ကို ယှဉ်ပြိုင်ကစားရန် စီစဉ်ထားပြီး၊ ကွာတားဖိုင်နယ် ပွဲစဉ်တစ်ပွဲနှင့် ယူကရိန်းအသင်း ပါဝင်သောအုပ်စုပွဲစဉ်များကိုလည်း အဆိုပါကွင်းတွင်ပင် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
နယူးအယ်လ်ဗစ် စတေဒီယမ် (ပရိသတ် ၀င်ဆန့်မှု – ၃၀၀၀၀)
အဆိုပါကွင်းကို ယူကရိန်းဘောလုံးကလပ် FC Lviv အသင်းပိုင်ဆိုင်ပြီး ယူကရိန်းနိုင်ငံ အနောက်ပိုင်းမြို့တော်ဟု ခေါ်တွင်သည့် Lviv မြို့တွင် တည်ဆောက်ထားသည်။ အဆိုပါကွင်းတွင် ဂျာမနီ၊ ပေါ်တူဂီ၊ ဒိန်းမတ်နှင့် ဟော်လန်အသင်း တို့ပါဝင်သော အုပ်စုပွဲစဉ် အချို့ကို လက်ခံကျင်းပမည် ဖြစ်သည်။