Friday, May 06, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၇)

Present Perfect Continuous Tense
Has, have........... + been ..... + V-ing
ဒီကြိယာရဲ့ရုပ်က အပိုင်းသုံးပိုင်း ပါတဲ့ အတွက် ကျကျနန မှတ်သားဖို့  လိုလိမ့်မယ်။
Thita has been reading the whole day.
The boys have been playing since four.
မေးခွန်းနဲ့  မဟုတ်ဝါကျ လုပ်နည်းက ရိုးရိုး Present Perfect လုပ်နည်းအတိုင်းပါပဲ။
What have you been doing?
The boys have not been watching TV for days.
ဒီကြိယာရုပ်ကို သုံးတာက ၇ိုးရိုး Present Perfect နဲ့ တချို့ တ၀က်တူပါတယ်။since နဲ့  for တို့ နဲ့  တွဲရာမှာ တူသလောက်ပါပဲ။ အဲ…အလျင် အတိတ်ကစခဲ့ ပြီး ခုထိဆက်လုပ်နေတုန်း ရှိသေးတယ်ဆိုတဲ့ အချက်ကို ပေါ်လွင်စေချင်ရင် ဒီ Tense ကိုသုံးတယ်။

မြန်မာစာ ပါမောက္ခဦးဧမောင် ရဲ့ ဘာသာပြန်နည်း အယူအဆ

 ဘာသာပြန်စာပေအသင်းမှာ ယခုလို လာရောက်ဟောပြောခွင့် ရတဲ့အတွက် များစွာဝမ်း မြောက်ပါတယ်။ ကျွန်တော် ကိုယ်တိုင် ဘာသာပြန်ကိစ္စမှာ ၀ါသနာ ပါခဲ့ပါတယ်။ ဘာသာပြန် ကိစ္စဟာ နိုင်ငံတစ်နိုင်ငံရဲ့
ကြီးပွားရေး အတွက် များစွာအရေးကြီးပါတယ်။ မြန်မာစာပေကြီးပွား တိုးတက်စေရန် ကမ္ဘာ့စာပေ ကမ္ဘာ့စိတ်ကူးစိတ်သန်း များကို မြန်မာ ဖြစ်နိုင်သရွေ့ဖြစ်အောင် ဖန်တီးပြုစုပေးဖို့ လိုပါတယ်။