Sunday, July 24, 2011

သီတဂူဆရာတော်ကြီး ဦးဥာဏိဿရ၏ တရားပွဲ

သီတဂူဆရာတော်ကြီး ဦးဥာဏိဿရ၏ တရားပွဲ”ကို Function Room 1, The ARENA Country Club, 511 Upper Jurong Road, Singapore 638366, Near (Joo Koon MRT) တွင် ၃၀-၀၇-၂၀၁၁ စနေနေ့ ညနေ(ရ)နာရီမှ ည(၈း၃၀)နာရီထိ နှင့် ၃၁-၀၇-၂၀၁၁ တနင်္ဂနွေနေ့ ညနေ(ရ)နာရီမှ ည(၈း၃၀)နာရီထိ (၂)ရက်ကျင်းပမည်ဖြစ်ပါ၍ တရားဓမ္မနာယူနိုင်စေရန် ဓမ္မမိတ်ဆွေ သူငယ်ချင်းအပေါင်းတို့အား နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါသည်။

Posted by MTLA GTI GROUP

စင်ကာပူတွင် ဘွဲ့လက်မှတ်အတုဖြင့် လုပ်ကိုင်နေသူများ၊ သွားရောက်လုပ်ကိုင်မည့်သူများ ထောင်ဒဏ် အထိချမှတ်ခံရနိုင်

စင်ကာပူနိုင်ငံတွင် လက်ရှိဘွဲ့လက်မှတ် အတုဖြင့် လုပ်ကိုင်နေသူများ နှင့်ဘွဲ့လက်မှတ် အတုဖြင့် သွားရောက်လုပ်ကိုင်မည့်သူများအနေဖြင့် စင်ကာပူနိုင်ငံတွင် ထောင်ဒဏ်အထိ ချမှတ်ခံရနိုင်ကြောင်း ပြည်ပအလုပ်အကိုင်ကျွမ်းကျင်သူ အသိုင်းအ၀ိုင်းမှ သိရသည်။
စင်ကာပူနိုင်ငံတွင် ဘွဲ့လက်မှတ်အတုဖြင့် ၀င်ရောက်လုပ်ကိုင်နေကြောင်းစစ်ဆေးတွေ့ရှိပါက စင်ကာပူအစိုးရမှ ထောင်ဒဏ်၂ နှစ် အထိချမှတ်နိုင်ကြောင်း စင်ကာပူရောက် မြန်မာအလုပ်သမားများကပြောဆိုကြသည်။
“အခုနောက်ပိုင်း စင်ကာပူမှာ  S.Pass အလုပ်တွေက WP ထက်ပိုပြီးခေတ်စားလာတယ်။ S.Pass နဲ့ မရရအောင်လာကြတယ်။ S.Pass ကဘွဲ့ရပဲ ခေါ်တော့ဘွဲ့လက်မှတ်တင်ပြရတယ်။ အဲ့ဒီမှာ ဘွဲ့မရသေးတဲ့သူတွေက ဘွဲ့လက်မှတ်အတုတွေလုပ်ပြီး ပွဲစားတွေ နဲ့ရောက်လာကြတယ်။ လွန်ခဲ့တဲ့ ၃ နှစ်လောက်တုန်းကတော့ ဒီကအလုပ်ရှင်တွေကိုယ်တိုင်က လက်ခံပေးထားတယ်။ အခုနောက်ပိုင်းမှာအလုပ်သမားက ပေါလာတော့ သူတို့အနေနဲ့ကျွမ်းကျင် တဲ့တကယ့်ဘွဲ့ရအလုပ် သမားပဲသေချာစိစစ်ပြီးမှ ပဲခေါ်တယ်။ တကယ်လို့ ဘွဲ့လက်မှတ် အတုဖြစ်တယ်ဆိုတာကို စင်ကာပူအလုပ်သမားဝန်ကြီးဌာနက စစ်ဆေးတွေ့ရှိရင်ထောင်ကျမယ်။ အကောင်းဆုံးကတော့ ကိုယ့်အရည်အချင်း အစစ်အမှန်နဲ့ လာတာပဲကောင်းပါတယ်”ဟု စင်ကာပူနိုင်ငံတွင် လေးနှစ်ကျော်ကြာ အလုပ်လုပ်ကိုင်နေသူတစ်ဦး က ဆိုသည်။