Sunday, July 08, 2012

အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ (၁၀)

Right you are! (ကောင်းပါပြီ)
ကောင်းပါပြီ right you are! ကို တစ်စုံတစ်ဦးက အကြံပြုသည့်အတိုင်း (သို့) အမှာပြုသည့်အတိုင်းဆောင်ရွက်ရန် သဘောတူသည့်အခါတွင် အသုံးပြုပါသည်။
  1. 'Plant the rose bushes in a sunny place in the garden.'
      နှင်းဆီရုံတွေကို ပနးခြံထဲက နေရောင် ရတဲ့ နေရာတွေမှာ စိုက်လိုက်ပါ။
      'Right you are!'
      ကောင်းပါပြီ။
  2. We would like two black coffees, please.'
      ကျေးဇူးပြု၍ ဘလက်ကော်ဖီ ၂ ခွက် လုပ်ပေးပါ။
      'Right you are!'
      ကောင်းပါပြီ။
Don't you think? (...လို့ မင်းမထင်ဘူးလား)
....လို့ မင်းမထင်ဘူးလား don’t you think?  ကို တစ်ဦးတစ်ယောက်သည် တစ်စုံတစ်ခုနှင့်ပတ်သက်၍ သင်နဲ့တူညီတဲ့ အယူအဆ (သို့) စိတ်ကူးရှိမရှိကို မေးလိုသောအခါတွင် အသုံးပြုပါသည်။ အများအားဖြင့်သင်နှင့်သဘောထားတူညီကြောင်းယူဆပြီး မေးလေ့ရှိပါသည်။
  1. This is an interesting menu, don't you think?
      ဒါက စိတ်ဝင်စားစရာကောင်းတဲ့ ဟင်းလျာစာရင်းလို့မင်းမထင်ဘူးလား
  2. Tom has decorated his flat very well, don't you think?
      Tom က သူ့ရဲ့တိုက်ခန်းကို တော်တော်ကောင်းကောင်းပြင်ဆင်ထားတယ်လို့ မင်းမထင်ဘူးလား
The only trouble is (ပြဿနာကတော့)
ပြဿနာကတော့ the only trouble is ကို တစ်နည်းနည်းဖြင့် မှန်ကန်နေသော (သို့) လက်ခံနိုင်ဖွယ်ရှိသော (သို့) သင့်တော်နေသော အကြောင်းအရာနှင့် ပတ်သက်နေသော ပြဿနာ (သို့) အခက်အခဲကို ရည်ညွှန်းလိုသော အခါတွင် သုံးပါသည်။
  1. The cottage would make an ideal holiday home. The only trouble is that it's a bit small for our large family.
      ဒီအိမ်ငယ်လေးကတော့ အပန်းဖြေအိမ်လုပ်ဖို့ အသင့်တော်ဆုံးဖြစ်မှာပဲ ပြဿနာကတော့ ငါတို့လိုမျိုးမိသားစုများတဲ့ လူတွေအတွက်တော့ သေးလွန်းတယ်
  2. I've been offered a very good job. The only trouble is that I would have to move house if I accept it.
      ငါအလွန်ကောင်းမွန်တဲ့ အလုပ်ကမ်းလှန်းချက်ကို ရထားတယ်။ ပြဿနာကတော့ ငါလက်ခံလိုက်ရင် အိမ်ပြောင်းရမယ်။