Saturday, August 27, 2011

ဘောလုံးပွဲ link များ

ဘောလုံးပွဲဝါသနာရှင် သူငယ်ချင်းတို့အတွက် internet မှတဆင့် ပရီးမီးယားလိဒ်၊ စီးရီးအေ၊ လာလီဂါ၊ ဘွန်ဒစ်လီဂါအပါအဝင် စိတ်ဝင်စားဖွယ်ကောင်းတဲ့ ချန်ပီယံလိဒ်ပွဲစဉ်တွေကို ကြည့်ရှုနိုင်စေဖို့ ကျွန်တော်သိထားသမျှ link တွေကိုစုစည်းတင်ပြပေးလိုက်ပါတယ်။ တချို့ link တွေကို Internet Explorer နဲ့ကြည့်မှ အဆင်ပြေနိုင်မှာပါ။
ဘောလုံးပွဲတွေအပြင် မိမိဝါသနာပါရာ နိုင်ငံတကာTV လိုင်းတွေကို ကြည့်ရှုနိုင်စေဖို့ အောက်မှာရှိတဲ့ မှတဆင့် download ရယူပြီး ကြည့်ရှုနိုင်ပါတယ်။
Posted by ဝတီ

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၂၅)

Noun တစ်ခုရဲ့နေရာမှာ သုံးထားတဲ့ပုဒ်စုကို ( Noun Clause ) ခေါ်တာပါပဲ။
I know the boy.
I know he is honest.
ဒီဝါကျနှစ်ခုအနက် ပထမ၀ါကျမှာ know ကြိယာရဲ့ကံ ( Object ) ဟာ the boy ဆိုတဲ့ နာမ်ဖြစ်တယ်။ ဒုတိယ၀ါကျမှာ know ကြိယာရဲ့ကံက he is honest ဆိုတဲ့ ပုဒ်စုဖြစ်တယ်။ ဒီတော့ the boy ဆိုတဲ့ Noun နေရာမှာ he is honest ပုဒ်စုကို သုံးထားတယ်ဆိုတာကို တွေ့ရလိမ့်မယ်။ ဒါကြောင့် Noun တစ်ခုအစား သုံးထားတဲ့ ဒီပုဒ်စုကို Noun Clause လို့ခေါ်တယ်။ အလားတူ...
The story is not true.
That he has come back is not true.
ဒီမှာလည်း The story ရဲ့နေရာမှာ That he has come back ဆိုတဲ့ ပုဒ်စုကို သုံးထားတယ်။ Noun နေရာမှာ သုံးတော့ Noun clause ပါပဲ။ တစ်နည်းအားဖြင့် ( Subject ) နေရာမှာ သုံးထားတဲ့ N clause ပေါ့ ။
The fact is I have no money. ( Complement အဖြစ် N clause ကို သုံးထားတာ )
He is listening to what we are talking. ( Preposition နောက်မှာ N clause )
မှတ်ချက်။.......။ ကျောင်းသားများဟာ N clause နဲ့ Adj clause ရောထွေးပစ်လေ့ ရှိတယ်။ N နဲ့ တွဲနေတဲ့ clause ကို N clause လို့ ထင်သွားတဲ့သဘော။ အဲလို မဖြစ်အောင်မှတ်ပါ။ N နောက်ကနေ N ကို အထူးပြုနေတာက Adj clause။ သူကိုတိုင်က N ဖြစ်နေမှ N clause ပါ။
အောက်ပါဝါကျများကို သေသေချာချာ ယှဉ်ကြည့်ပါ။