Saturday, August 27, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၂၅)

Noun တစ်ခုရဲ့နေရာမှာ သုံးထားတဲ့ပုဒ်စုကို ( Noun Clause ) ခေါ်တာပါပဲ။
I know the boy.
I know he is honest.
ဒီဝါကျနှစ်ခုအနက် ပထမ၀ါကျမှာ know ကြိယာရဲ့ကံ ( Object ) ဟာ the boy ဆိုတဲ့ နာမ်ဖြစ်တယ်။ ဒုတိယ၀ါကျမှာ know ကြိယာရဲ့ကံက he is honest ဆိုတဲ့ ပုဒ်စုဖြစ်တယ်။ ဒီတော့ the boy ဆိုတဲ့ Noun နေရာမှာ he is honest ပုဒ်စုကို သုံးထားတယ်ဆိုတာကို တွေ့ရလိမ့်မယ်။ ဒါကြောင့် Noun တစ်ခုအစား သုံးထားတဲ့ ဒီပုဒ်စုကို Noun Clause လို့ခေါ်တယ်။ အလားတူ...
The story is not true.
That he has come back is not true.
ဒီမှာလည်း The story ရဲ့နေရာမှာ That he has come back ဆိုတဲ့ ပုဒ်စုကို သုံးထားတယ်။ Noun နေရာမှာ သုံးတော့ Noun clause ပါပဲ။ တစ်နည်းအားဖြင့် ( Subject ) နေရာမှာ သုံးထားတဲ့ N clause ပေါ့ ။
The fact is I have no money. ( Complement အဖြစ် N clause ကို သုံးထားတာ )
He is listening to what we are talking. ( Preposition နောက်မှာ N clause )
မှတ်ချက်။.......။ ကျောင်းသားများဟာ N clause နဲ့ Adj clause ရောထွေးပစ်လေ့ ရှိတယ်။ N နဲ့ တွဲနေတဲ့ clause ကို N clause လို့ ထင်သွားတဲ့သဘော။ အဲလို မဖြစ်အောင်မှတ်ပါ။ N နောက်ကနေ N ကို အထူးပြုနေတာက Adj clause။ သူကိုတိုင်က N ဖြစ်နေမှ N clause ပါ။
အောက်ပါဝါကျများကို သေသေချာချာ ယှဉ်ကြည့်ပါ။

ဒီပုဒ်စုတစ်ခုတည်းကိုပဲ Adj ဖြစ်နိုင်သလို Adv ဖြစ်နိုင်ကာ N လည်းဖြစ်နိုင်ပုံကို တွေ့ရလိမ့်မယ်.။
The place where he was born is not known. ( နာမ် place ကို အထူးပြုနေတဲ့ Adj Clause )
Where he was born, people married young. ( ပင်မ၀ါကျကို အထူးပြုနေတဲ့ Adv Clause )
Where he was born is not known. ( is not known ကြိယာရဲ့ ကတ္တား၊ N clause )
N Clause မှာ အတွေ့ရများတဲ့ စကားဆက်များကတော့ that, what, which, who, when, why, where, how, if, whether စတာတွေပါပဲ။
That it will rain this evening is certain.
ကနေ့ညနေ မိုးရွာမယ်ဆိုတာ သေချာတယ်။
တကယ်လို့ ဒီပုဒ်စုကို ကံအဖြစ်သုံးလျှင် that ကို ဖြုတ်ပစ်မယ်ဆိုလျှင်လည်း ဖြုတ်နိုင်ပါတယ်။ ခုခေတ်မှာတော့ ဖြုတ်ပစ်တာများပါတယ်။ မဖြုတ်လည်း ရပါတယ်။ စကားရောထွေးစရာရှိလျှင် that ကို မဖြုတ်ပါနဲ့။
I think it will rain this evening.
I think that it will rain this evening.
ပြောပြချက် ( statement ) များမှာ that ( ဒါမှမဟုတ် that ကို ဖြုတ်ပြီး ) သုံးတယ်လို့ မှတ်ယူနိုင်ပါတယ်။
Wh – pronouns လို့ခေါ်တဲ့ what, when စာတာတွေကတော့ မေးခွန်းမှာသုံးတဲ့ အဓိပ္ပာယ်မျိုးနဲ့ပဲ သုံးရတာပါ။
I know what she wants.
သူဘာလိုချင်လည်း ငါသိတယ်။
What she wants is a computer.
သူလိုချင်တာ ကွန်ပျူတာလေ။
I don’t know which one is better.
ဘယ်ဟာပိုကောင်းမှန်း မသိဘူး။
Do you know who I am?
ငါဘယ်သူလည်းဆိုတာ မင်းသိရဲ့လား။
Who i am is not important.
ငါဘယ်သူလည်းဆိုတာ အရေးမကြီးပါဘူး။
Tell me when the train will arrive.
မီးရထား ဘယ်တော့ရောက်မလည်း ပြောပြပါ။
When he was born is not known.
သူဘယ်တုန်းက မွေးခဲ့သလည်း မသိကြဘူး။
I want to know where she went.
သူမဘယ်သွားလည်း ငါသိချင်တယ်။
Where she went is a mystery.
သူဘယ်သွားလည်းဆိုတာ စုံစမ်းမရဖြစ်နေတယ်။
Do you know why she went away?
သူဘာကြောင့် ထွက်သွားလည်းဆိုတာ သိလား။
Why she went away puzzled us.
သူဘာကြောင့် ထွက်သွားသလည်းဆိုတာက ငါတို့ကို ဦးနှောက် ခြောက်စေတယ်။
We wanted to know how we could win.
ဘယ်လိုနိုင်ရမလည်း ငါတို့သိချင်တယ်။
How we can win is the problem.
ဘယ်လိုနိုင်ရမလည်းဆိုတာ အခက်အခဲပဲ။
She asked if she looked all right.
သူက လှရဲ့လားလို့မေးတယ်။
He asked whether it was convenient or not.
အဆင်ပြေမပြေ သူကမေးတယ်။
ကံနေရာမှာရှိတဲ့ N clause များဟာ direct speech ကနေ indirect speech ပြောင်းလဲနိုင်တယ်လို့ ယူဆရမှာပါ။ တနည်းပြောရလျှင် ကျောင်းများမှာ direct speech ကနေ indirect speech ( reported speech ) ပြောင်းပါဆိုတဲ့ သင်ခန်းစာမျိုး ဟာ N clause တွေကို ပြောင်းရေးခိုင်းတာပဲလို့ ဆိုရမယ်။
She said, “do I look all right?” ( Direct Speech )
She asked if she looked all right! ( Indirect Speech )
He said, “I have no idea where she is”. ( Direct Speech )
He said he had no idea where she was. ( Indirect Speech )
ဒီဥပမာများမှာ Do I look all right? ဆိုတဲ့ ပုဒ်စုဟာ Direct Speech မှာ said ကြိယာရဲ့ ကံပုဒ်၊ if she looked all right က Indirect Speech မှာ asked ကြိယာရဲ့ ကံပုဒ်၊ I have no idea စတဲ့ပုဒ်စုက Direct Speech မှာ said ကြိယာရဲ့ ကံပုဒ်၊he had no idea ….. ပုဒ်စုက Indirect Speech မှာ said ကြိယာရဲ့ ကံပုဒ်ဖြစ်တယ်။
Direct Speech မှာ ကံပုဒ်ဖြစ်တဲ့ N clause ဟာ said, asked စတဲ့ ကြိယာရဲ့ ရှေ့ကနေနိုင်တာကို သတိပြုပါ။ ဥပမာ-
“I have no idea where she is,” said he.
တခါတလေ ပြောစကားရဲ ( N Clause ရဲ့ ) ခလယ်က ဖောက်ပြီး he said စသည်ထည့်လို့ ရသေးပါတယ်။ ဥပမာ …
“I have,” he said, “no idea where she is.”
Ind Sp မှာ N clause ကို he said စသည်ရဲ ရှေ့ကထားလျှင် Comma (,) သုံးရပါတယ်။
( he said က ရှေ့ကရှိနေလျှင် Comma မလိုတာလည်း သတိပြုပါ။ )
He had no idea where she was, he said. ဒါပေမယ့် He said he had no idea where she was.
Indirect Speech မှာ မေးခွန်းအစဉ်အလာ Subject နဲ့ Verb ရှေ့နောက် ပြောင်းရတာမျိုး
( inversion ) မရှိတာကိုလည်း သတိပြုပါ။
I asked who he is.
I asked who is he? ( သတိ.... အဲလို မရေးပါနဲ့။ )

Posted by ကိုတူး(မိတ္ထီလာ GTI)

No comments:

Post a Comment