Monday, March 12, 2012

သောက

နှစ်မကုန်ခင်
မြစ်ဆုံတော့ သွားကြည့်ထားဦးမှ
မလိဇွပ်နားဝယ်
ဆည်ဆောက်မှာလေ
သေမလောက်ကြောက်မိပါရဲ့။ 

မျိုးပြုတ်အောင် တောတွေခုတ်
လုပ်ချင်သလို လုပ်နေကြတဲ့ အဖြစ်
မြစ်တကြော
လောဘဇောတိုက် နေတဲ့ လူတသိုက်
ရွှေနှိုက်နေပုံ များကလည်း မြင်မကောင်းဘူး။

ကချင်မြေတ၀ိုက်
ရေလိုက်လွဲနေပုံများ
မဟားဒရား တွင်းတွေတူး
အရူးအမူးတောင်တွေဖြို
အို…ကြောက်စရာ ကောင်းလှချည့်
ရှိသမျှ သယံဇာတ
အစလေးမှ ကျန်ပါဦးမလား
ခါးသီးစရာ မြင်ကွင်းများ
အားလို့ online ပေါ်တက်တိုင်း မြင်နေရ
လှပတဲ့ တောတောင် ရေမြေသဘာဝ
မပျက်စီးခင်က ငါတော့ အ၀သွားကြည့်ထားဦးမှ
သွားကြည့်ထားဦးမှ ။      ။


Posted by ဂျစ်တီး

အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ(၃)

With a bit of luck (ကံကောင်းမယ်ဆိုရင်)
You say with a bit of luck when you hope that you will be fortunate enough for something to happen:
ကံကောင်းမယ်ဆိုရင် (with a bit of luck) ကို တစ်စုံတစ်ခုဖြစ်ပေါ်လာစေရန် ကံအကြောင်းတိုက်ဆိုက်မှုရှိလာစေရန် မျှော်လင့်သည့် အချိန်တွင် ပြောဆိုနိုင်သည်။
1. With a bit of luck we should reach home before midnight.
    ကံကောင်းမယ်ဆိုရင် အိမ်ကို ညသန်းခေါင်မရောက်ခင် ပြန်ရောက်နိုင်တယ်။
2. With a bit of luck we'll find a cheap hotel down by the beach.
    ကံကောင်းမယ်ဆိုရင် ကမ်းခြေမှာ ဈေးပေါပေါနဲ့ ဟိုတယ် ရနိုင်မယ်။
What did I tell you? (မင်းကိုငါဘာပြောခဲ့လဲ)
You say what did I tell you? when you have been proved to be right about something, especially when you had warned someone that something bad might happen:
မင်းကိုငါဘာပြောခဲ့လဲ (what did I tell you?) ကို တစ်စုံတစ်ခုနှင့်ပတ်သက်၍ မှန်ကန်ကြောင်း ကို သက်သေပြနိုင်သည့်အခါ၊ အထူးသဖြင့် တစ်စုံတစ်ယောက်အား ဆိုးရွားစွာ ဖြစ်ပေါ်လာနိုင်သည့်ကိစ္စတစ်ခုခုနှင့် ပတ်သက်၍ သတိပေးထားသည့်အခါမျိုးတွင် သုံးနိုင်သည်။