Sunday, March 04, 2012

ပန်တော်ဦး

ပန်တော်ဦး...
မင်းက လတစ်စင်းဆိုရင်
ငါက ဒီရေပဲဖြစ်ချင်ပါတယ်။

ပန်တော်ဦး...
မင်းက နေရောင်ခြည်ဆိုပါတော့
ငါက သစ်တပင်ပဲ ဖြစ်ပါလိမ့်မယ်။

ပန်တော်ဦး...
မင်းက ကံဇာတ်ဆရာ ဆိုရင်လည်း
ငါက လူတစ်ယောက်ပါပဲ။

Posted by ဂျစ်တီး

ဘရူနိုင်းဖိတ်ခေါ်ဖလားပွဲ၏ မြန်မာယူ-၂၁အသင်းရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်

ဘရူနိုင်းဖိတ်ခေါ်ဖလားပွဲ၏ အုပ်စု(က) ဒုတိယပွဲစဉ်အဖြစ် ယနေ့ည စင်ကာပူစံတော်ချိန် ည(၈း၁၅)တွင် မြန်မာ ယူ-၂၁ အသင်း နှင့် စင်ကာပူ ယူ-၂၁ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်သင်းနဲ့တစ်သင်း ဂိုးမသွင်းနိုင်ကြပဲ သရေပွဲဖြစ်ခဲ့ကြသည်။  အုပ်စု(က) ပထမပွဲစဉ်တွင် အင်ဒိုနီးရှား ယူ-၂၁ အသင်းက ဖိလစ်ပိုင် ယူ-၂၁ အသင်းကို ၃ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ မြန်မာ ယူ-၂၁ အသင်းသည် အုပ်စု(က)တွင် လေးပွဲကစား ရမှတ်(၁၀)ဖြင့် အုပ်စုပထမ၊ အင်ဒိုနီးရှားအသင်းသည် လေးပွဲကစား ရမှတ်(၇)ဖြင့် အုပ်စုဒုတိယဖြင့် အကြိုဗိုလ်လုပွဲသို့ အသီးသီးတက်ရောက်သွားကြပြီ ဖြစ်သည်။ အုပ်စု(ခ)တွင် ဗီယက်နမ်အသင်းသည် လေးပွဲကစား ရမှတ်(၁၀)ဖြင့် အုပ်စုပထမ၊ အိမ်ရှင် ဘရူနိုင်းအသင်းနှင့် အရှေ့တီမောအသင်းတို့သည် သုံးပွဲစီကစား၍ ရမှတ်(၆)စီဖြင့် ဂိုးကွာခြားချက်အရ အုပ်စုဒုတိယနှင့်တတိယ အသီးသီးရပ်တည်နေကြသည်။ မတ်လ(၅)ရက်နေ့ အုပ်စု(ခ)ဒုတိယပွဲစဉ်အဖြစ် အိမ်ရှင်ဘရူနိုင်း ယူ-၂၁ အသင်းနှင့် အရှေ့တီမော ယူ-၂၁ အသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်၍ အနိုင်ရရှိသောအသင်းသည် အကြိုဗိုလ်လုပွဲသို့ တက်ရောက်နိုင်မည်ဖြစ်ပြီး သရေဖြစ်ခဲ့လျှင် အိမ်ရှင်ဘရူနိုင်းအသင်းသည် အကြိုဗိုလ်လုပွဲသို့ တက်ရောက်သွားမည်ဖြစ်သည်။ တချိန်တည်းတွင် အုပ်စု(ခ)ပထမပွဲစဉ်အဖြစ် မလေးရှား ယူ-၂၁ အသင်းနှင့် ကမ္ဘောဒီးယား ယူ-၂၁ အသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ပထမအကြိုဗိုလ်လုပွဲ
မတ်လ(၇)ရက် စင်ကာပူစံတော်ချိန် (ည ၈း၀၀)နာရီ
မြန်မာ ယူ-၂၁ အသင်း နှင့် ဘရူနိုင်း ယူ-၂၁ အသင်း (သို့) အရှေ့တီမော ယူ-၂၁ အသင်း

ဒုတိယအကြိုဗိုလ်လုပွဲ
မတ်လ(၇)ရက် စင်ကာပူစံတော်ချိန် (ည ၁၀း၀၀)နာရီ
ဗီယက်နမ် ယူ-၂၁ အသင်း နှင့် အင်ဒိုနီးရှား ယူ-၂၁ အသင်း 
Posted by ဝတီ

အမေရိကန်တက္ကသိုလ်တွေမှာ ပညာသင်ယူခဲ့တဲ့ နိုင်ငံတကာ ခေါင်းဆောင်များ

ဂရိ ၀န်ကြီးချုပ်နှင့် အီတလီ ၀န်ကြီးချုပ်
လစ်ဗျားဝန်ကြီးချုပ် Abeurrahim el-Keib ၊ ဂရိဝန်ကြီးချုပ် Lucas Papademos နဲ့ အီတလီ ၀န်ကြီးချုပ် Mario Monti တို့မှာ တူညီမှု အတော်များများရှိပါတယ်။ အဲဒီခေါင်းဆောင်သုံးဦးဟာ တည်ငြိမ်အေးဆေးသူတွေဖြစ်ပြီး၊ နိုင်ငံရေးသမားတွေ မဟုတ်ဘဲ ပညာရှင် technocrat တွေ ဖြစ်ခြင်းက အဓိက ထူးခြားချက် ဖြစ်ပါတယ်။
နိုင်ငံရေးသမားတွေ မဟုတ်ကြပေမဲ့၊ အခု သူတို့နိုင်ငံတွေရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ သူတို့ ပခုံးပေါ် တာဝန်တွေ ပုံကျလာပါတယ်။ သူတို့နိုင်ငံတွေကို ရေထဲမိုးထဲ အခြေအနေကနေ ပြန်ရုန်းထွက်နိုင်အောင် သူတို့ရဲ့ အတတ်ပညာကျွမ်းကျင်မှုနဲ့ နိုင်ငံတကာ အတွေ့အကြုံတွေက ကူညီနိုင်မယ်လို့ အားလုံးက မျှော်လင့်ထားကြပါတယ်။ ဒါဖြင့် သူတို့ သုံးဦးက အဲဒီ အတတ်ပညာတွေ ဘယ်ကများ ဆည်းပူးခဲ့တာလဲ။