Sunday, March 04, 2012

ဘရူနိုင်းဖိတ်ခေါ်ဖလားပွဲ၏ မြန်မာယူ-၂၁အသင်းရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်

ဘရူနိုင်းဖိတ်ခေါ်ဖလားပွဲ၏ အုပ်စု(က) ဒုတိယပွဲစဉ်အဖြစ် ယနေ့ည စင်ကာပူစံတော်ချိန် ည(၈း၁၅)တွင် မြန်မာ ယူ-၂၁ အသင်း နှင့် စင်ကာပူ ယူ-၂၁ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်သင်းနဲ့တစ်သင်း ဂိုးမသွင်းနိုင်ကြပဲ သရေပွဲဖြစ်ခဲ့ကြသည်။  အုပ်စု(က) ပထမပွဲစဉ်တွင် အင်ဒိုနီးရှား ယူ-၂၁ အသင်းက ဖိလစ်ပိုင် ယူ-၂၁ အသင်းကို ၃ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ မြန်မာ ယူ-၂၁ အသင်းသည် အုပ်စု(က)တွင် လေးပွဲကစား ရမှတ်(၁၀)ဖြင့် အုပ်စုပထမ၊ အင်ဒိုနီးရှားအသင်းသည် လေးပွဲကစား ရမှတ်(၇)ဖြင့် အုပ်စုဒုတိယဖြင့် အကြိုဗိုလ်လုပွဲသို့ အသီးသီးတက်ရောက်သွားကြပြီ ဖြစ်သည်။ အုပ်စု(ခ)တွင် ဗီယက်နမ်အသင်းသည် လေးပွဲကစား ရမှတ်(၁၀)ဖြင့် အုပ်စုပထမ၊ အိမ်ရှင် ဘရူနိုင်းအသင်းနှင့် အရှေ့တီမောအသင်းတို့သည် သုံးပွဲစီကစား၍ ရမှတ်(၆)စီဖြင့် ဂိုးကွာခြားချက်အရ အုပ်စုဒုတိယနှင့်တတိယ အသီးသီးရပ်တည်နေကြသည်။ မတ်လ(၅)ရက်နေ့ အုပ်စု(ခ)ဒုတိယပွဲစဉ်အဖြစ် အိမ်ရှင်ဘရူနိုင်း ယူ-၂၁ အသင်းနှင့် အရှေ့တီမော ယူ-၂၁ အသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်၍ အနိုင်ရရှိသောအသင်းသည် အကြိုဗိုလ်လုပွဲသို့ တက်ရောက်နိုင်မည်ဖြစ်ပြီး သရေဖြစ်ခဲ့လျှင် အိမ်ရှင်ဘရူနိုင်းအသင်းသည် အကြိုဗိုလ်လုပွဲသို့ တက်ရောက်သွားမည်ဖြစ်သည်။ တချိန်တည်းတွင် အုပ်စု(ခ)ပထမပွဲစဉ်အဖြစ် မလေးရှား ယူ-၂၁ အသင်းနှင့် ကမ္ဘောဒီးယား ယူ-၂၁ အသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ပထမအကြိုဗိုလ်လုပွဲ
မတ်လ(၇)ရက် စင်ကာပူစံတော်ချိန် (ည ၈း၀၀)နာရီ
မြန်မာ ယူ-၂၁ အသင်း နှင့် ဘရူနိုင်း ယူ-၂၁ အသင်း (သို့) အရှေ့တီမော ယူ-၂၁ အသင်း

ဒုတိယအကြိုဗိုလ်လုပွဲ
မတ်လ(၇)ရက် စင်ကာပူစံတော်ချိန် (ည ၁၀း၀၀)နာရီ
ဗီယက်နမ် ယူ-၂၁ အသင်း နှင့် အင်ဒိုနီးရှား ယူ-၂၁ အသင်း 
Posted by ဝတီ

1 comment:

Anonymous said...

ကျေးဇူးတင်ပါတယ်ဗျာ။ ခုလိုသတင်းလေးတွေတင်ပေးတာ

Post a Comment