Tuesday, February 07, 2012

၂၀၁၂ ခုနှစ် အကယ်ဒမီ ဆုရရှိကြသူများ


၂၀၁၂ ခုနှစ် အကယ်ဒမီ ဇာတ်ညွန်းဆု ကို ခင်မောင်ဦး၊ စိုးသိန်းထွဍ် က ပင်လယ်ထက်ကနေ၀န်းနီ ဇာတ်ကားတွင် ဆုရရှိပါသည်။

၂၀၁၂ ခုနှစ် အကယ်ဒမီ မြန်မာတေးဂီတဆု ကို မြန်မာပြည်ကျောက်စိမ်း က အငိုမျက်လုံးအပြုံးမျက်နှာ ဇာတ်ကားတွင် ဆုရရှိပါသည်။

၂၀၁၂ ခုနှစ် အကယ်ဒမီ ရုပ်ရှင်တည်းဖြတ်ဆု ကို ဦးမြင့်ခိုင် က ပင်လယ်ထက်ကနေ၀န်းနီ ဇာတ်ကားတွင် ဆုရရှိပါသည်။

၂၀၁၂ ခုနှစ် အကယ်ဒမီ အမျိုးသမီးဇာတ်ပို့ဆု ကို မ၀ါဝါအောင် က အမေကျေးဇူးဆပ်ဖူးချင်တယ် ဇာတ်ကားတွင် ဆုရရှိပါသည်။

၂၀၁၂ ခုနှစ် အကယ်ဒမီ အမျိုးသားဇာတ်ပို့ဆု ကို ဝေဠုကျော် က ပင်လယ်ထက်ကနေ၀န်းနီ ဇာတ်ကားတွင် ဆုရရှိပါသည်။

၂၀၁၂ ခုနှစ် အကယ်ဒမီ အမျိုးသမီးဇာတ်ဆောင်ဆု ကို သက်မွန်မြင့် က အာဒမ်ရယ် ဧ၀ရယ် ဒဿရယ် ဇာတ်ကားတွင် ဆုရရှိပါသည်။

၂၀၁၂ ခုနှစ် အကယ်ဒမီ ရုပ်ရှင်ဓာတ်ပုံဆု ကို ပန်းချီစိုးမိုး က ပင်လယ်ထက်ကနေ၀န်းနီ ဇာတ်ကားတွင် ဆုရရှိပါသည်။

၂၀၁၂ ခုနှစ် အကယ်ဒမီ အမျိုးသားဇာတ်ဆောင်ဆု ကို ပြေတီဦး က အာဒမ်ရယ် ဧ၀ရယ် ဒဿရယ် ဇာတ်ကားတွင် ဆုရရှိပါသည်။

၂၀၁၂ ခုနှစ် အကယ်ဒမီ ဒါရိုက်တာဆု ကို ခင်မောင်ဦး၊ စိုးသိန်းထွဋ် က ပင်လယ်ထက်ကနေ၀န်းနီ ဇာတ်ကားတွင် ဆုရရှိပါသည်။

၂၀၁၀ ခုနှစ် အတွက် အကောင်းဆုံး အကယ်ဒမီ ရုပ်ရှင်ဇတ်ကားဆု ကို အာဒမ်ရယ် ဧ၀ရယ် ဒဿရယ် ဇာတ်ကား မှ ဆုရရှိပါသည်။
Posted by ခဲကြီး

အွန်လိုင်းပေါ်မှ အခမဲ့ပညာဘဏ်တိုက်များအကြောင်း

မူကြိုမှသည် ဘွဲ့ရတဲ့အထိ ပညာလမ်းကြောင်းကို ပြန်လေ့လာကြည့်ရင် အလွန်ခက်ခဲပင်ပန်းတယ်လို့ ထင်ရတယ်။ ဒီနေ့ ခေတ်ပညာရေးက မိဘရော၊ ကျောင်းသားပါ အေးအေးသက်သာနေရတဲ့ခေတ်မဟုတ် ပါဘူး။ ပညာဆိုတာကို မရ ရအောင်ယူနေကြရတာကလည်း ပညာဗဟုသုတ အသိဥာဏ်ပြည့်ဝပြီး ဘ၀မှာရပ်တည်နိုင်အောင်ဆိုတာထက်၊ အလုပ်အကိုင်ရအောင်ဆိုတဲ့ ဦးတည်ချက်ကများနေတာကလည်း ဘ၀င်မကျစရာပါ။ အစဉ်အလာပညာရေးရဲ့ လမ်းကြောင်းအဆုံးဟာ အလုပ်ဖြစ်နေပြီး၊ အလုပ်အကိုင်နဲ့ ဘ၀ရပ်တည်လို့ရသွားရင် ပညာဆိုတာ လမ်းဆုံးသွားတတ်ပါတယ်။ အလုပ်ရပြီးချိန်မှာမှ ပညာ လမ်းကြောင်း ကို ပြန်သွားမယ်၊ ပညာပြန်သင်မယ်ဆိုတဲ့ စိတ်ကူးမျိုးတွေလည်း နည်းကြပါတယ်။ ပညာအခွင့်အလမ်းဆိုတာ ယူချင်ရင်ရနိုင်တဲ့၊ ယူချင်သူကို ပေးနိုင်တဲ့အနေအထားမျိုးကို ဖြစ်နေရလိမ့်မယ်။ ပညာရေးဆိုတာ အချိန် မရွေး၊ နေရာမရွေး၊ အသက်အရွယ်မရွေး ရှာမှီးနိုင်အောင် စီစဉ်ထားရမယ်။
ပညာရေးကို ဘွဲ့ရပြီးတာနဲ့ လမ်းဆုံးလို့ သဘောမထားချင်သူတွေအတွက်၊ အကြောင်းအမျိုးမျိုးကြောင့် ပညာဆုံးခန်းမတိုင်မီ အလုပ်ထွက်ပြီး လုပ်နေရသူတွေအတွက် ပညာလမ်းကြောင်းဆက်စရာ နည်းလမ်းတွေ အများကြီးရှိပါတယ်။
ကိုယ့်ဘ၀အတွက် ရှေ့ဆက်ရမယ့် တက်လမ်းတစ်ခုအနေနဲ့ဖြစ်စေ၊ အခွင့်အလမ်းတစ်ခုအနေနဲ့ဖြစ်စေ အခမဲ့ သင်ကြားလေ့လာနိုင်တဲ့ ပညာလမ်းကြောင်းတွေရှိနေပါတယ်။ ခုခေတ်မှာ တက္ကသိုလ် အတော်များများနဲ့ ပညာရေးအဖွဲ့အစည်းတွေက အခမဲ့ အွန်လိုင်းပညာရေး၊ သင်တန်းတွေကို ဖွင့်လှစ်သင်ကြားပေးလာကြတယ်။  အွန်လိုင်းပညာရေးဆိုတာ ပြဌာန်းချက် သင်ခန်းစာတွေ၊ လေ့ကျင့်ခန်းတွေ၊ လမ်းညွှန်မှုတွေ၊ ဖတ်စာအုပ် တွေနဲ့ အခိုင်အမာဖွဲ့စည်းထူထောင်လာကြတာကိုလည်း သတိထားမိတယ်။
အခမဲ့ပညာသင်ကြားရေးကြောင့် အိုးမကွာ၊ အိမ်မကွာ၊ အလုပ်အကိုင်မကွာနဲ့ ဘွဲ့ရသူတွေရှိလာပြီ။ ပိုက်ဆံ အကုန်အကျ သက်သာစွာနဲ့ ပညာရှာနိုင်တာဟာ နည်းပညာကြောင့်လို့ပြောရမှာပါ။ မရှိသေးသူတွေက အသစ်ရှာနိုင်တယ်၊ ရှိပြီးသားသူတွေကလည်း မရသေးတာ ထပ်ရှာနိုင်တယ်။ ဒါဟာ အွန်လိုင်းပညာရေးရဲ့ အနှစ်သာရလို့ပြောနိုင်တယ်။ ပိုက်ဆံမရှိလို့ ပညာမသင်နိုင်ဘူးဆိုတာတွေ၊ အချိန်မရလို့ ပညာမသင်ကြား နိုင်ဘူးဆိုတာတွေ ခေတ်သစ်မှာ လာမပြောပါနဲ့တော့။ အွန်လိုင်းပေါ်မှာ အခမဲ့ e-book တွေ၊ အခမဲ့ သင်ယူနိုင်တဲ့ ပညာဘဏ်တိုက်တွေ ရှိနေပါတယ်။