Tuesday, July 05, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၁၈)

CLAUSES (1)
Finite verb ပါတဲ့ စကားလုံးအစုအဝေးကို Clause လို့ ခေါ်တဲ့အကြောင်း တင်ပြခဲ့ပြီးပါပြီ။ တစ်နည်းအားဖြင့် Subject တစ်ခုနဲ့ Verb တစ်ခု တွဲထားတာကို Clause ခေါ်တာပါပဲ။ Clause တစ်ခု၊ ဒါမှမဟုတ် တစ်ခုထက်ပိုပြီး စုစည်းထားတာကို Sentence လို့ ခေါ်ပါတယ်။
Birds fly. ( Clause တစ်ခုပါ sentence )
S..+....V
I go to school. ( အလားတူ )
S+V
I know birds fly. ( Clause နှစ်ခုပါ sentence )
S+V.......S..+..V
I know birds fly though ducks don’t.
S+V......S...+.V................S...+...V ( Clause သုံးခုပါ sentence )
အင်္ဂလိပ်သဒ္ဒါမှာ Clause ရယ် Sentence ရယ် ခွဲခြားထားပေမယ့် ပါဠိသဒ္ဒါမှာတော့  ၀ါကျပဲ ခေါ်တယ်။ ဒါကြောင့် မြန်မာလိုမှာလည်း ၀ါကျပဲ ခေါ်ရမှာပါပဲ။ တစ်ချို့ ဆရာသမာများကတော့  ၀ါကျကဏ္ဍလို့ စကားလုံးအသစ်ထွင်ပြီး ခေါ်ခဲ့ကြဖူးတယ်။ မြန်မာစကားသက်သက်ကြိုက်သူ မြန်မာဆရာတစ်တစ်ချို့ကတော့ ပုဒ်စုတဲ့။ Phrase ရော Clause ပါ ပုဒ်စုပဲခေါ်တယ်။
Phrase လိုပဲ Clause ကိုလည်း Adj Clause, Adv Clause, Noun Clause ရယ်လို့ ၀ါကျမှာလုပ်နေတဲ့သဘောအရ သုံးမျိုးခွဲပါတယ်။ Adj အလုပ်ကိုလုပ်နေလျှင် ( N တစ်ခုကို ညွှန်ပြနေလျှင် ) Adj Clause, Adv အလုပ်ကိုလုပ်နေလျှင် ( V ကို ၊သို့မဟုတ်၊ Sentence ကို အထူးပြုနေလျှင် ) Adv Clause, Noun အလုပ်ကို လုပ်နေလျှင် ( သူကိုတိုင်က N တစ်ခုသဖွယ် Subject, Object စသည်ဖြစ်နေလျှင် ) Noun Clause ခေါ်လိုက်တာပါပဲ။

သင့်မျက်စီ ကို ဘယ်လို ဂရုစိုက်မလဲ

နည်းလမ်းကတော့ ကွန်ပျုတာကြည့်သည်ဖြစ်စေ စာဖတ်သည်ဖြစ်စေ တစ်နာရီတစ်ခါ မျက်စီကို အနားယူရပါမယ်။ မျက်စီကိုအနားပေးနေတဲ့ အချိန်မှ မြတ်ခင်စိမ်းစိမ်း ပန်းပင်များကို ခပ်လှမ်းလှမ်း အဝေးကနေ ကြည့်ရှုပေးရပါမယ်။ နောက်တစ်နည်းကတော့ မျက်စီကို တစ်မိနစ်ခန့် မှိတ်ကာအနားယူပါ။ သင့်ရဲ့ မျက်လုံးကို ဘယ် ညာ အပေါ် အောက်သို့ ရွေ့လျားလှုပ်ရှားပေးသည့် မျက်လုံးလေ့ကျင့်ခန်း လုပ်ပေးပါ။ မျက်နာသုတ်ပ၀ါကို ရေဆွတ်ပြီးမျက်စီကို ၅မိနစ် ၁၀ မိနစ်လောက် အုပ်ထားပေးနိုင်ပါတယ်။ ကွန်ပျုတာကို အာရုံစိုက်နေချိန်တွင် သတိရရင် ရသလို မျက်တောင်ခတ်ပေးပါ။ အမြင်အာရုံအားကောင်းစေသော အစားအစာများအနေဖြင့် လက်ဘက်ခြောက်စိမ်း အခါးရည်သော်လည်းကောင်း၊ ကော်ဖီခါးခါသော်လည်းကောင်း၊ မြေပဲ၊ သစ်ကြားသီး အစရှိသောအခွံမာသီးများ၊ အရွက်စိမ်းစိမ်းများကို နေ့စဉ်မှီဝဲစားသုံး ပေးသင့်ပါတယ်။ ကွန်ပျုတာနဲ့တချိန်လုံး အလုပ်လုပ်နေတဲ့ ကျွန်တော်ရဲ့အခန်းဖော် ငခဲအပါအဝင် သူငယ်ချင်းအားလုံးတို့ကို forward mail မှတဆင့် စေတနာနဲ့မျှဝေးလိုက်ပါတယ်။
သူငယ်ချင်းများအားလုံး ကျန်းမာပျော်ရွင်နိုင်ကြပါစေ။
Posted By ၀တီ