Wednesday, June 01, 2011

ထက်မြက်ပြီး မှတ်ဥာဏ်ကောင်းဖို့ ဘာတွေ စားကြမလဲ

ဥာဏ်စွမ်းထက်မြက်ခြင်း ဆိုတာ လူသားတိုင်း အလိုရှိတဲ့ စွမ်းရည်တစ်ခုပါပဲ။ ဥာဏ်စွမ်းလို့ ဆိုရာမှာ မှတ်ဥာဏ် (Memory) နဲ့ ထက်မြက်မှု (Intelligence) နှစ်မျိုးစလုံး ပါဝင်ပါတယ်။ စာသင်သား လူငယ်တွေ အပါအ၀င် အသက်အရွယ် မရွေးအတွက် အထူးအရေးပါလှတယ် ဆိုတာ ပြောနေစရာတောင် မလိုပါဘူး။
ဥာဏ်ကောင်းအောင် ဘယ်လိုလုပ်ရမလဲလို့ လာမေးတဲ့ လူငယ်တွေ၊ ကလေးကို ဥာဏ်ကောင်းအောင် ဘာတွေ ကျွေးရမလဲ ဆိုတဲ့ မိဘတွေ ခဏခဏ ကြုံရပါတယ်။ ခဏခဏ မေ့တတ်လာလို့ ဘယ်လို လုပ်ရမလဲလို့ အကြံလာတောင်းတဲ့ မိတ်ဆွေတွေလဲ ရှိပါတယ်။ ဒါကြောင့် ဦးနှောက်ဥာဏ်ရည် နှစ်မျိုးစလုံးကို တိုးမြှင့်ပေးနိုင်မှု အရှိဆုံး အစားအသောက် ဆယ်မျိုးကို ကမ္ဘာ့အာဟာရ ပညာရှင်များ သုတေသနပြုထားတဲ့ အတိုင်း စုစည်း ဖော်ပြပေးလိုက်ပါတယ်။ ဦးနှောက်ဥာဏ်ရည်ဟာ မိဘမျိုးရိုးဗီဇ၊ ပတ်ဝန်းကျင် အနေအထားများရဲ့ လွှမ်းမိုးမှု အထူးရှိပေမယ့် နေ့စဉ် အစားအသောက်များဟာ လူတစ်ယောက်ရဲ့ ဥာဏ်ရည်ဥာဏ်သွေးမှာ အတိုင်းအတာ တစ်ခုအထိ အရေးပါတယ် ဆိုနိုင်လို့ အောက်ပါအစားအသောက်များဟာ ဥာဏ်ရည်လျော့ပါးမှုကို ကာကွယ်ဖို့၊ ဥာဏ်ရည်တိုးတက်ဖို့ ကောင်းစွာ အထောက်အကူ ပြုမယ် ဆိုတာ သေချာပါတယ်။