Monday, June 11, 2012

တတ်ချင်ရင်ဖတ်ပါ

ဆိုလိုချင်တာက အင်္ဂလိပ်စာတတ်ချင်ရင် အင်္ဂလိပ်စာဖတ်၊ ပြင်သစ်စာတတ်ချင်ရင် ပြင်သစ်စာဖတ်ဖို့ပြောချင်တာ။ စာဖတ်တာဟာ ဘာသာစကားတစ်ခုခုကို ကျွမ်းဝင်ဖို့အတွက် အများကြီး အထောက်အကူပြုနိုင်တယ်။
စာဖတ်တယ်ဆိုတာ ဦးနှောက်ကို အများကြီး အလုပ်ပေးရတယ်။ စာရေးရင် တွေးရတယ်၊ ရေးရတယ်၊ ပိုပြီး အလုပ်ရှုပ်သွားတယ်။ စာဖတ်တယ်ဆိုတာလည်း မျက်လုံးကကြည့်၊ ဦးနှောက်နဲ့ အသိဖလှယ်နိုင်မှ နားလည်ခံ စားလို့ရတယ်။ အင်္ဂလိပ်စာတစ်လုံးမှ မတတ်သူက အင်္ဂလိပ်စာတွေကို ကြည့်သာကြည့်တယ် နားမလည်ရင် ဘယ်လိုမှ ခံစားနိုင်မှာ မဟုတ်ဘူး။
စာဖတ်ရင်
-       ခေါင်းထဲမှာ အရင်ဆုံး သူပြောတာဘာလဲဆိုပြီး မြင်ကြည့်ရတယ်
-       သူပြောတဲ့အကြောင်းအရာကို သိပြီဆိုရင် ခံစားကြည့်ရတယ်
-       စာရေးသူရဲ့ ရေးသားထားချက်ကို သဘောတူခြင်း မတူခြင်းတွေနဲ့ တုံ့ပြန်နိုင်ရတယ်
စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူး
ဘာသာစကားတစ်ခုကို လေ့လာရာမှာ Skill လေးမျိုးစလုံးအရေးကြီးတယ်။ Listening, Speaking, Writing, Reading တွေအားလုံး အရေးကြီးတယ်။ Reading က အများကြီးအထောက်အကူပေးနိုင်တယ်။ စာဖတ်ခြင်း ကြောင့် ရရှိလာနိုင်တဲ့ အကျိုးတရားတွေ အများကြီးရှိတယ်။