Monday, August 15, 2011

Apple iPod, iPhone Event Schedule for September 7

ဂျပန်သတင်းဌာနတစ်ခုရဲ့ ဒီကနေ့ ထုတ်ပြန်ကြေညာချက်များအရ Apple မှ ၄င်းတို့ရဲ့ iPod၊ iPhone အသစ် မိတ်ဆက် ပွဲကို စက်တင်ဘာလ ၁၇ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။
ဒါ့အပြင် Apple မှ iPhone 5 များကို စက်တင်ဘာလနှင့် အောက်တိုဘာလ အစာပိုင်းမှာ စတင်ရောင်းချပေးသွားဖွယ်ရှိ တယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါသတင်းဌာနမှ iPhone အသစ်များကို iPod အသစ်များ စတင်မိတ်ဆက်ပေးတဲ့အချိန်မှာ တစ်ခါတည်း မိတ်ဆက် ပေးသွားဖို့နဲ့ ပက်သက်ပြီးတော့ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ Apple မှ ၄င်းတို့ iPhone အသစ်များကို နှစ်စဉ် ဇွန်လတိုင်း ကျင်းပပြုလုပ်တဲ့ Worldwide Developers Conference(WWDC) မှာ မိတ်ဆက်ပေးမှုများ ပြုလုပ်ပေးလျက်ရှိသော်လည်း ယခုနှစ်တွင် မိတ်ဆက်ပေးနိုင်ခဲ့ခြင်းမရှိပါ။
Apple မှ အသစ်ထွက်ရှိလာမည့် iPod အသစ်များတွင် 1.3-megapixel ရှိ camera တစ်လုံး ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

Posted By မောင်စူးစမ်း (MTLA GTI)