Monday, November 21, 2011

Which tablet PC …?

Tablet computer လေးတွေ ၀ယ်သုံးချင် သူတွေအတွက် ကျွန်တော့ အတွေ့အကြုံ နဲ့ သိသမျှလေးတွေ ကို မျှဝေပေးချင် ပါတယ်။ အခုမှ tablet တစ်ခု ၀ယ်ဖို့ စဉ်းစားနေသူတွေ အတွက် အသုံးတည့်မယ်လို့ မျှော်လင့်ပါတယ်။
အခုလောလောဆယ် ဈေးကွက်ထဲမှာ နာမည်ကြီးနေတဲ့ tablet ကွန်ပျူတာ တွေက Apple iPad2, Samsung Galaxy Tab 10.1 (or 8.9), Asus EEE Pad Transformer, Acer Iconia နဲ့ Sony ရဲ့ နောက်ဆုံးထွက် 10.1” tablet လေးတွေ ဖြစ်ပါတယ်။ ကျွန်တော့ သူငယ်ချင်းတွေလည်း ၀ယ်ထားကြတော့ iPad, Galaxy Tab 10.1, Acer နဲ့ Asus EEE Pad Transformer တွေကို စမ်းကြည့်ခွင့် ရခဲ့ပါတယ်။
Apple iPad2 က ထုံးစံအတိုင်း IOS နဲ့ ဖြစ်ပြီး တစ်ခြား tablet တွေကတော့ Android OS သုံးပါတယ်။ Acer Iconia W series ကတော့ Windows OS သုံးပါတယ်။ ပုံမှန်အတိုင်း ဆိုရင် ကျွန်တော်က Android OS သုံးထားတဲ့ tablet တွေကို သဘောကျပါတယ်။ ISO ထက်ပိုလို့ လွတ်လွတ်လပ်လပ် ရှိတဲ့အပြင် အဓိက သဘောကျမိတာက Adobe Flash ကို support လုပ်တဲ့အတွက် ဖြစ်ပါတယ်။ ကျွန်တော့ အနေနဲ့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် Adobe Flash player က အရေးပါနေဆဲပါ။ Flash content တွေပါတဲ့ web site တွေကို ဖွင့်တာအပြင် Myanmar video/movie တွေကြည့်လို့ ရတဲ့ web site တော်တော်မျာများး ကလည်း Flash နဲ့ပဲ အလုပ်လုပ်တဲ့အတွက် Adobe Flash နဲ့ အဆင်ပြေဖို့က ကျွန်တော့အတွက် အေ၇းကြီးပါတယ်။ Apple ရဲ့ အဓိက ပြဿနာက အဲဒီလို Flash ကို support မလုပ်တာပါပဲ။ Flash contents တွေကို ကြည့်ခွင့် မရတာဟာ ကျွန်တော်တို့ အတွက်တော့ အများကြီး စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ နောက်ပိုင်းမှာ Flash ကို HTLM5 လို နည်းစနစ်တွေနဲ့ အစားထိုးမယ် ဆိုပေမယ့် ကျွန်တော့အမြင်တော့ နောက်နှစ်အတော်ကြာထိ Flash က ရှိနေ၊ သုံးနေ ဦးမှာသေချာပါတယ်။ IOS အတွက် Flash ကို ကြည့်လို့ရအောင် လုပ်ပေးနိုင်တယ် ဆိုတဲ့ software တွေ ရှိပေမယ့် ဘယ်ဟာမှ ရာနှုန်းပြည့် အဆင်မပြေပါဘူး။