Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

Monday, July 15, 2013

MRTV ကို မိမိ Mobile ဖုန်းမှတဆင့် တိုက်ရိုက်ကြည့်ရှုနိုင်

Internet ပေါ်တွင် http://www.mrtv.gov.mm/ (Web Media Protal) ၏ computer ဖန်သားပြင်မှတဆင့် MRTV Live Stream ကို ၁၅.၇.၂၀၁၃ (ယနေ့) မှစတင်၍ ကြည့်ရှုနိုင်ပါသည်။Android Mobile ဖုန်းမှလဲ ကြည့်ရှုနိုင်ရန် အောက်ပါအတိုင်းပြုလုပ်ရပါမည်။

(၁) MRTV တိုက်ရိုက်အစီအစဉ်ကို ကြည့်ရှုနိုင်ရန် မိမိ mobile ဖုန်းတွင် Andriod Version 2.3.6 နှင့်အထက် ရှိရမည်ဖြစ်သည်။ ထို့နောက် GooglePlay မှ Download ပေးသော Vplayer (Video Player) ကို ဦးစွာ Install ပြုလုပ်ထားရပါမည်။ထို့နောက် mobile ဖုန်းအတွင်းတွင် mmrtv.gov.mm domain name ကို တိုက်ရိုက်နှိပ်၍ MRTV mobile version ကို ဝင်ရောက်နိုင်ပါသည်။ အဆိုပါ Mobile Version တွင် MRTV Live Stream နှင့် Video on-demand များကို ကြည့်ရှုရန် VPlayer ကို ရွေးချယ်၍ ကြည့်ရှုနိုင်ပါသည်။

(၂) GooglePlay တွင် Android Application Package (APK) ကို download ချ၍လည်း MRTV mobile version ကိုဝင်ရောက်နိုင်ပါသည်။ အဆိုပါ Mobile Version တွင် MRTV Live Stream နှင့် Video on-demand များကို ကြည့်ရှုရန် VPlayer ကိုရွေးချယ်၍ ကြည့်ရှုနိုင်ပါသည်။

Posted by မောင်စူးစမ်း (MTLA GTI Group)

Monday, February 11, 2013

ZawGyi Font for Windows 8

If somebody gets the problem with ZawGyi font in Windows 8. Please read the post from the link below. Follow the instructions shown in that post. Then, you will need to change the font with ZawGyi in the Option of IE or Firefox as usual. Please leave the message here if you cannot get it.

http://mhuthaw.blogspot.sg/2012/11/windows-8-zawgyi-font.html

Credit to


Tuesday, July 24, 2012

Mozila Firefox ထက်ပိုမြန်တယ်ဆိုပဲ


Mozila Firefox ထက်ပိုပြီမြန်တဲ့ browser ပေါ်လာပါပြီ။ Maxthon (Version 3) ဖြစ်ပါတယ်။ ကျွန်တော်ကတော့ သုံးကြည့်ပြီးပါပြီ။ သူငယ်ချင်းတို့ သုံးနိုင်ဖို့ မူရင်းလင့်နှင့်တကွ download လုပ်နိုင်တဲ့လင့်တွေကိုပါ ဖော်ပြပေးလိုက်ပါတယ်။ ကျွန်တော် ဒီ browser အကြောင်းကို MMID ကနေ ဖတ်ရှူခဲ့ပြီး တဆင့် ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။
http://www.mediafire.com/?5neq2o1t32i47hb  မှာလဲ download ရယူနိုင်ပါတယ်။

Posted by မောင်စူးစမ်း (MTLA GTI GROUP)

Sunday, June 24, 2012

Facebook မှာ Comment ကို ပြန်ပြင်နိုင်ပြီ

Facebook မှာ ကိုယ်ပေးခဲ့တဲ့ Comment တွေကို ပြန်ပြင်နိုင်တဲ့ Feature တစ်ခုကို ထည့်သွင်းပေးလိုက်ပါပြီ။ ကိုယ့် Comment ပေါ်မှာ Mouse တင်လိုက်တာနဲ့ ပေါ်လာတဲ့ ခဲတံပုံလေးကို နှိပ်ပြီး ပြင်လို့ရပါပြီ။

အရင်တုန်းက ကိုယ်ပေးခဲ့တဲ့ Comment ကို ဖျက်လို့ပဲရပြီး ပြင်လို့ မရခဲ့ပါဘူး။ အခုမှသာ ပြန်ပြင်ဆင်နိုင်ခွင့် ထည့်ပေးလိုက်ခြင်း ဖြစ်ပါတယ်။
Posted by ဂျစ်တီး
Source: MM IT

Thursday, June 21, 2012

မည်သည့်ဖုန်းဖြင့်မဆို နိုင်ငံတကာသို့ တိုက်ရိုက် ဖုန်းခေါ်ဆိုမှု စနစ်

မည်သည့်ဖုန်းဖြင့်မဆို နိုင်ငံတကာသို့ တိုက်ရိုက် ဖုန်းခေါ်ဆိုမှု စနစ်ကို ဇူလိုင်တွင် စတင်မည်ဖြစ်ကြောင်း Blue Ocean Operating Management ကုမ္ပဏီလီမိတက်မှ သိရသည်။ ယင်းသို့ ဖုန်းခေါ်ဆိုခြင်းကို မိုဘိုင်းဖုန်း သို့မဟုတ် လိုင်းဖုန်းတွင်ပါ အသုံးပြုနိုင်မည်ဖြစ်ပြီး 1877 သို့ ဖုန်းဆက်သွယ်ရုံဖြင့် မိမိခေါ်ဆိုလိုသည့် နိုင်ငံသို့ တိုက်ရိုက် ဖုန်းပြောဆိုနိုင်မည်ဖြစ်ကြောင်း သိရသည်။ “ဒီစနစ်က အင်တာနက်ရှိဖို့ မလိုအပ်ပါဘူး။ Call Center ကနေ ၂၄ နာရီ ဝန်ဆောင်မှုပေးမှာပါ။ ဖုန်းခေါ်ဆုခကိုတော့ ဖုန်းထဲကနေပဲ ဖြတ်သွားမှာပါ။ ကျသင့်ငွေကို မိနစ်အလိုက် ကောက်ခံသွားမှာပါ။ Y talk Service ကို Call Center နဲ့ ပူးပေါင်းလိုက်ခြင်းပါပဲ။ နိုင်ငံတကာနဲ့ ဖုန်းခေါ်ဆိုခကိုတော့ အတိအကျ မသတ်မှတ်ရသေးပါဘူး။ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းနေဆဲပါ” ဟု Blue Ocean အုပ်ချုပ်မှု ဒါရိုက်တာ ဦးထွန်းထွန်းနိုင်က ပြောသည်။ ယင်းစနစ်ဖြင့် စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ အမေရိကန် အစရှိသည့် နိုင်ငံများသို့ ဖုန်းခေါ်ဆိုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းဖုန်းခေါ်ဆိုခြင်းနှင့်ပတ်သက်၍ ကုမ္ပဏီဝန်ထမ်းကို အောင်အောင်က “ဒီစနစ်လုပ်ပေးတာ ကောင်းပါတယ်။ ဈေးနှုန်းကတော့ ဘယ်လိုဖြစ်ဦးမလဲ မသိဘူး။ ဆက်သွယ်ရေးကနေ နိုင်ငံခြားကို ဖုန်းခေါ်ဆိုရတာလဲ အဆင်မပြေတာတွေ ရှိတယ်လေ။ အဓိကက ဈေးနှုန်းသက်သာဖို့ပါပဲ” ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။

Posted by ဂျစ်တီး
Source: MEG

Tuesday, May 29, 2012

Photoshop Cs5 (မြန်မာလို)

Photoshop လေ့လာလိုသူများအတွက် ရည်ရွယ်၍ တင်ပေးလိုက်ပါတယ်။
Posted by ဝတီ

Sunday, May 27, 2012

3D Studio Max အသုံးပြုနည်း (မြန်မာလို)

3D Studio Max အကြောင်း အသုံးပြုနည်းလမ်းညွှန် စာအုပ်လေးပါ။ 3D အကြောင်း စိတ်ဝင်းစားသူများအတွက် အဆင်ပြေမဲ့ စာအုပ်တစ်အုပ်ပါ။
Posted by ဝတီ

Monday, May 21, 2012

ဗွီဒီယိုတည်းဖြတ်မူဆိုင်ရာ နည်းပညာစာအုပ်

ဒါစာအုပ်လေးဟာအသုံးချ ဗွီဒီယိုတည်းဖြတ်နည်းပညာ ဆိုတဲ့ စာအုပ်လေးပဲဖြစ်ပါတယ်.။ ဗွီဒီယိုတည်းဖြတ် ဝါသနာပါတတ်တဲ့ သူငယ်ချင်းတွေအတွက် ရှာဖွေပြီး တင်ပေးထားတာပါ။ Posted by ဝတီ

Sunday, May 20, 2012

Internet ကနေ Mobile Phone တွေဆီ Free SMS ပို့ကြရအောင်


ခေါင်းစဉ်လေးကိုဖတ်လိုက်တာနဲ့တင်ဘဲ အားလုံးစိတ်ဝင်စားသွားကြမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီwebsite လေးက ဘယ်လောက်တောင်အဆင်ပြေလည်းဆိုရင် Register လည်းလုပ်စရာမလိုဘူး။ တခါတည်းတန်းပြီး နိုင်ငံရွေး ဖုန်းနံပါတ်ရေးပြီး Message ရိုက်ပြီးတာနဲ့ တန်းပို့လိုက်ရုံပါပဲ။ အရမ်းလွယ်ပါတယ်။ အားလုံးအဆင်ပြေမယ်လို့ ထင်ပါတယ်။ ပြည်ပနိုင်ငံများအချင်းချင်းလဲ ပို့လို့ အဆင်ပြေပါတယ်။ စမ်းပြီးသုံးကြည့်ပါ။ အောက်မှာအသုံပြုပုံကို ပုံလေးတွေနဲ့ သေချာစွာ ရှင်းပြပေးထားပါတယ်။

Sunday, May 06, 2012

Autodesk AutoCAD 2013 64bit

Requirements to install 64-Bit AutoCAD 2013
1)Microsoft Windows 7 Enterprise, Ultimate, Professional, or Home Premium (compare Windows 7 versions) or Microsoft Windows XP Professional (SP2 or later)
2)AMD Athlon 64 with SSE2 technology, AMD Opteron® processor with SSE2 technology, Intel® Xeon® processor with Intel EM64T support and SSE2 technology, or Intel Pentium 4 with Intel EM64T support and SSE2 technology
3)2 GB RAM (4 GB recommended)
4)6 GB free space for installation
5)1,024 x 768 display resolution with true color (1,600 x 1,050 with true color recommended)
6)Internet Explorer 7.0 or later
ကျွန်တော် တင်ပေးလိုက်ပါပြီ။ ဖိုင်ဆိုဒ်ကတော့ 3.08 GB ရှိပါတယ်။ ကျွန်တော် ၁၃ဖိုင်ခွဲပြီး တင်ထားပါတယ်။
Installation procedures of Autodesk Autocad 2013
1.Install Autodesk Autocad 2013
2.Use as Serial 666-69696969, 667-98989898, 400-45454545 066-66666666 ..
  or anything matching those templates
3.Use as Product Key 001E1
4.Finish the installation & restart Autodesk Product
5.Before clicking on Activate
  You have 2 options :
   - a) Disable Your network Card, pull the network cable out or block with firewall
     (this is just to disable online serial check)
OR
   - b) Click on Activate and it will tell you that your serial is wrong, simply click
     on close and click on activate again.
Choose option a or b.
6. Select I have an activation code from Autodesk
7.Once at the activation screen:
  start XFORCE Keygen 32bits version or 64bits version
8.Click on Mem Patch (you should see successfully patched)
9.Copy the request code into the keygen and press generate
10.Now copy the activation code back to the activation screen and click Next
  You have a fully registered autodesk product
NB: Make sure you are running the Keygen as administrator and with UAC off on Windows7
    And use the keygen for the right Product
မှတ်ချက်။ Keygun က Crack ဆိုတဲ့ဖိုင်ထဲမှာရှိပါတယ်။
အကယ်၍ ကီးဂျမ်းကို ရှာမတွေ့ရင် ဒီမှာ ဒေါင်းသွားပါ။
Source : မောင်ညီ (နည်းပညာနှင့် အထွေထွေ)
Posted by ဝတီ

Wednesday, April 25, 2012

SkyNet TV Live

အမိမြေရဲ့ အဝေးမှာရောက်ရှိနေကြတဲ့ သူငယ်ချင်းတို့အတွက် မြန်မာပြည်မှ SkyNet TV Live ထုတ်လွှင့်ချက်ကို ကြည့်ရှုနိုင်ပြီဖြစ်သည်။ တချိုလဲ သိရှိပြီးဖြစ်သော်လည်း မသိသေးသူများအတွက် ရည်ရွယ်ပြီး ဖော်ပြပေးလိုက်ပါသည်။ အဆိုပါ လိုင်းကိုကြည့်ရှုနိုင်စေရန် မိမိ၏ ကွန်ပျူတာတွင် TVU Player ရှိဖိုလိုအပ်ပါသည်။ ထို player ကို အောက်ပါလင့် http://www.tvunetworks.com/downloads/player.html မှ program အား download လုပ်ပြီး မိမိ၏ကွန်ပျူတာတွင် install လုပ်ပါ။ ပြီးရင် TVU Player ၏ Search channels box နေရာမှာ (လိုင်းနံပါတ်) 99221 ကိုရိုက်ထည့်ပြီး တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။
Posted by ဝတီ

Monday, April 23, 2012

Programming ဘာသာရပ်လေ့လာလိုသူများအတွက်

Programming ဘာသာရပ်ကိုလေ့လာချင်သူတွေအတွက် အွန်လိုင်းပေါ်ကရင်းမြစ် (resources) တွေကို ညွှန်းချင်ပါတယ်။ ပညာရပ်တစ်ခုဆိုတာ လေ့လာလေနက်နဲလေ၊ ရှာဖွေလေတွေ့ရှိလေပါပဲ။ ပိုပြီးကျယ်ပြန့်စွာသိချင်ရင် အွန်လိုင်းမှာ programming နဲ့ coding တွေအတွက် ရှာနိုင်တဲ့နေရာတွေ အများကြီးပါ။
      ကျွန်တော် Network Computing ဘွဲ့အတွက်ကျောင်းတက်တုန်းက ပထမနှစ်မှာ Java နဲ့ပတ်သက်ပြီး object-oriented programming နှစ်ဘာသာယူရပါတယ်။ ကျွန်တော့်ဆရာက လည်း တကယ့်ပရိုဂရမ်းမင်းခရေဇီလေ။ သူဖတ်ဖို့ပေးထားတဲ့စာအုပ် ကလည်း ဘာသာရပ်နှစ်ခုစလုံးအတွက် တစ်မျိုးတည်းပဲ။ ဒါပေမယ့် ဆရာရော စာအုပ်ပါ သိပ်မထူးပါဘူး။ ပျင်းစရာကောင်းလှတယ်။ တစ်ခုကောင်းတာက ဆရာက အသင်အပြတော့ မကောင်းဘူး။ အညွှန်းတွေသိပ်ကောင်းတယ်။ သူတို့ညွှန်းတဲ့ site တွေကို ကျောင်း သားတိုင်းစိတ်မဝင်စားပေမယ့် ကျွန်တော်ကတော့ စိတ်ဝင်စားတယ်။ ကွန်ပျူတာအင်တာနက်ကို မွှေနှောက်နေရရင် စိတ်ထဲမှာ ပြေပျောက်နေတတ်တဲ့ကောင်ဆိုတော့ မွှေပြီပေါ့ဗျာ။
      ကျွန်တော်ပြောခဲ့တာအခြေအနေအမှန်ပါဗျာ။ ဆရာသင်တာ မရှင်းတော့ သိချင်စိတ်တွေများလာတယ်။ ဒီတော့ ပိုကောင်းတဲ့ စာအုပ်ကိုရှာဖို့ ဆုံးဖြတ်လိုက်ရတယ်။ စာအုပ်ဆိုင်တွေမှာ စာအုပ်တွေ ရှိပေမယ့် ဈေးကြီးတယ်ဗျာ။ တကယ်မဝယ်နိုင်ပါဘူး။ ဈေးပေါတာ တွေကအလုပ်မဖြစ်။ ဝယ်နိုင်တယ်ပဲထား အဲဒီစာအုပ်ကြီးတွေရှင်းမှ ပိုရှုပ် ကုန်တယ်။ ကျောင်းပြဋ္ဌာန်းစာအုပ်တွေလောက်တောင် မထူးတဲ့ စာအုပ်တွေကို စိတ်ကုန်လာတယ်။ ဒါပေမယ့် ကျွန်တော်က စိတ်မပျက်ဘူးဗျ။ စာအုပ်တွေနောက်က အညွှန်းတွေနောက်၊ သူတို့ ကိုးကားထားတဲ့ စာအုပ်တွေ စာရင်းနောက်ကို လိုက်ရင်လည်းရတာပဲ မဟုတ်လား။ ဒီနေရာကနေ ရှေ့ဆက်ဖို့စတာ အကောင်းဆုံးလို့ သတ်မှတ်လိုက်တယ်။
      ကျွန်တော်စိတ်အဝင်စားဆုံးက website တွေပဲ။ အိုင်တီကျောင်းသားတွေအများစု စိတ်မဝင်စားတတ်တဲ့နေရာလို့ ဆိုရမလားပဲ။  အဲဒီအထဲမှာ အကောင်းဆုံး site တွေကိုပြောပါဆိုရင် programming language နဲ့ပတ်သက်တဲ့ site တွေပဲ။ အခြား ပရိုဂရမ်းမင်းနဲ့ပတ်သက်တဲ့  coding community က အဖွဲ့ဝင် member site တွေလည်းရှိသေးတယ်။ အဲဒါတွေကိုတွေ့ကြုံရတာ ကျွန်တော့်အတွက်တော့ ရတနာသိုက်ကို ရှာတွေ့လိုက်ရသလိုပါပဲ။

Monday, February 20, 2012

SolidWorks Tutorials

SolidWorks လေ့လာနေတဲ့ သူငယ်ချင်းတွေအတွက်တော့ ဒီစာအုပ်လေးက အကျိုးရှိစေမှာပါ။
SolidWorks Tutorials
Posted by ဝတီ

Wednesday, November 23, 2011

Core i3, Core i5, Core i7 ဘာတွေ ကွာခြားသလည်း…

Intel Core processor (CPUs) တွေကို စဉ်းစားမယ် ဆိုရင် အခုမှ ကွန်ပျူတာ လောကကို စပြီး အခြေချသူတွေ နဲ့ Intel CPU အသစ်တွေအကြောင်း သေချာမသိသေးတဲ့ သူတွေအတွက် ကျွန်တော် သိတာလေးကို မျှဝေချင်ပါတယ်။
အထူးသဖြင့် Intel ရဲ့ second generation Core processor တွေမှာ Core i3, Core i5, Core i7 ဆိုပြီး ကွဲပြားနေပါတယ်။ ယျေဘူယျ ပြောရရင် Core i7 က အကောင်းဆုံးပေါ့နော်။ Core i5 က Core i3 ထက်ပိုကောင်းတာ ပေါ့နော်။ ဈေးနှုန်းကလည်း ကွာတာကိုး။ ဒါဖြင့် ဘာတွေများ ကွာသလည်းလို့ နဲနဲ ပိုပြီး အတွင်းကျကျ သိချင်တဲ့ beginner တစ်ယောက်က မေးလာမယ်ဆိုရင် ကျွန်တော် သိသလောက် ပြောပြချင်ပါတယ်။
Intel Core i3 processor တွေက dual core ဖြစ်ပါတယ်။ ဆိုလိုတာက အထဲမှာ တစ်ကယ် အလုပ်လုပ်တဲ့ CPU core ၂ ခုပါတာပေါ့။ ဒါပေမယ့် ကောင်းတာတစ်ခုက Core i3 CPU က Hyper Thread နည်းပညာကို support လုပ်တဲ့အတွက် သူ့ရဲ့ core တစ်ခုမှာ thread ၂ ခုကို ကိုင်တွယ်နိုင်တဲ့ အတွက် 2 cores/4 threads ဖြစ်သွားပါတယ်။ ဒါကြောင့် Windows OS ထဲမှာ သွားကြည့်ရင် CPU ၄ ခုရှိတယ်လို့ မြင်ရနိုင်ပါတယ်။ တစ်ကယ်တမ်းက 2 cores ဖြစ်ပြီး နောက် ၂ ခုက  ”virtual cores” တွေလို့ပြောရမှာပါ။ Core i5 ကတော့ 4 cores (Quad-core) processor ဖြစ်ပါတယ်။ တစ်ကယ် အလုပ်လုပ်တဲ့ physical cores ၄ ခုပါပါတယ်။ ဒါပေမယ့် Hpyer Thread ကိုတော့ support မလုပ်ပါဘူး။ Core i5 ရဲ့  Core i3 ထက် သာတဲ့ အချက်က Turbo Boost နည်းပညာ ပါပါတယ်။ Turbo Boost ဆိုတာ automatic  overlcocking လို့ အလွယ်ပြောလို့ ရပါတယ်။ တစ်ကယ်လို့ application တွေက လောလောဆယ် CPU ရဲ့   core အကုန်လုံးကို သုံးမနေဘူး ဆိုရင် လက်ရှိသုံးနေတဲ့ cores တွေရဲ့ clock speed ကို default clock spped ထက် ပိုပြီမြန်မြန် လုပ်ခိုင်းတာကို ပြောတာပါ။ ဥပမာ=  3.3GHz Core i5 CPU ရဲ့ Turbo Boost frequency က 3.7GHz ဖြစ်ပါတယ်။ ဒါကြောင့် တစ်ကယ်လို့ လက်ရှိ သုံးနေတဲ့ application က core (all 4 cores) အကုန်လုံးကိုသာ လောလောဆယ် သုံးမနေဘူးဆိုရင် application ကလည်း clock spped မြန်မြန်တစ်ကယ် လိုအပ်တယ်ဆိုရင် လက်ရှိ active ဖြစ်နေတဲ့ cores တွေကို 3.7GHz နဲ့ run နိုင်ပါတယ်။ Core အားလုံးကို တစ်ပြိုင်ထဲမှာ Turbo Boost မသုံးရတဲ့ အကြောင်းကတော့ heat ကြောင့် ဖြစ်နိုင်ပါတယ်။ Core i5 ရဲ့ Core i3 ထက်သာတဲ့ အချက်က Turbo Boost ဖြစ်ပါတယ်။
         

Monday, November 21, 2011

Which tablet PC …?

Tablet computer လေးတွေ ၀ယ်သုံးချင် သူတွေအတွက် ကျွန်တော့ အတွေ့အကြုံ နဲ့ သိသမျှလေးတွေ ကို မျှဝေပေးချင် ပါတယ်။ အခုမှ tablet တစ်ခု ၀ယ်ဖို့ စဉ်းစားနေသူတွေ အတွက် အသုံးတည့်မယ်လို့ မျှော်လင့်ပါတယ်။
အခုလောလောဆယ် ဈေးကွက်ထဲမှာ နာမည်ကြီးနေတဲ့ tablet ကွန်ပျူတာ တွေက Apple iPad2, Samsung Galaxy Tab 10.1 (or 8.9), Asus EEE Pad Transformer, Acer Iconia နဲ့ Sony ရဲ့ နောက်ဆုံးထွက် 10.1” tablet လေးတွေ ဖြစ်ပါတယ်။ ကျွန်တော့ သူငယ်ချင်းတွေလည်း ၀ယ်ထားကြတော့ iPad, Galaxy Tab 10.1, Acer နဲ့ Asus EEE Pad Transformer တွေကို စမ်းကြည့်ခွင့် ရခဲ့ပါတယ်။
Apple iPad2 က ထုံးစံအတိုင်း IOS နဲ့ ဖြစ်ပြီး တစ်ခြား tablet တွေကတော့ Android OS သုံးပါတယ်။ Acer Iconia W series ကတော့ Windows OS သုံးပါတယ်။ ပုံမှန်အတိုင်း ဆိုရင် ကျွန်တော်က Android OS သုံးထားတဲ့ tablet တွေကို သဘောကျပါတယ်။ ISO ထက်ပိုလို့ လွတ်လွတ်လပ်လပ် ရှိတဲ့အပြင် အဓိက သဘောကျမိတာက Adobe Flash ကို support လုပ်တဲ့အတွက် ဖြစ်ပါတယ်။ ကျွန်တော့ အနေနဲ့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် Adobe Flash player က အရေးပါနေဆဲပါ။ Flash content တွေပါတဲ့ web site တွေကို ဖွင့်တာအပြင် Myanmar video/movie တွေကြည့်လို့ ရတဲ့ web site တော်တော်မျာများး ကလည်း Flash နဲ့ပဲ အလုပ်လုပ်တဲ့အတွက် Adobe Flash နဲ့ အဆင်ပြေဖို့က ကျွန်တော့အတွက် အေ၇းကြီးပါတယ်။ Apple ရဲ့ အဓိက ပြဿနာက အဲဒီလို Flash ကို support မလုပ်တာပါပဲ။ Flash contents တွေကို ကြည့်ခွင့် မရတာဟာ ကျွန်တော်တို့ အတွက်တော့ အများကြီး စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ နောက်ပိုင်းမှာ Flash ကို HTLM5 လို နည်းစနစ်တွေနဲ့ အစားထိုးမယ် ဆိုပေမယ့် ကျွန်တော့အမြင်တော့ နောက်နှစ်အတော်ကြာထိ Flash က ရှိနေ၊ သုံးနေ ဦးမှာသေချာပါတယ်။ IOS အတွက် Flash ကို ကြည့်လို့ရအောင် လုပ်ပေးနိုင်တယ် ဆိုတဲ့ software တွေ ရှိပေမယ့် ဘယ်ဟာမှ ရာနှုန်းပြည့် အဆင်မပြေပါဘူး။