Wednesday, November 23, 2011

Core i3, Core i5, Core i7 ဘာတွေ ကွာခြားသလည်း…

Intel Core processor (CPUs) တွေကို စဉ်းစားမယ် ဆိုရင် အခုမှ ကွန်ပျူတာ လောကကို စပြီး အခြေချသူတွေ နဲ့ Intel CPU အသစ်တွေအကြောင်း သေချာမသိသေးတဲ့ သူတွေအတွက် ကျွန်တော် သိတာလေးကို မျှဝေချင်ပါတယ်။
အထူးသဖြင့် Intel ရဲ့ second generation Core processor တွေမှာ Core i3, Core i5, Core i7 ဆိုပြီး ကွဲပြားနေပါတယ်။ ယျေဘူယျ ပြောရရင် Core i7 က အကောင်းဆုံးပေါ့နော်။ Core i5 က Core i3 ထက်ပိုကောင်းတာ ပေါ့နော်။ ဈေးနှုန်းကလည်း ကွာတာကိုး။ ဒါဖြင့် ဘာတွေများ ကွာသလည်းလို့ နဲနဲ ပိုပြီး အတွင်းကျကျ သိချင်တဲ့ beginner တစ်ယောက်က မေးလာမယ်ဆိုရင် ကျွန်တော် သိသလောက် ပြောပြချင်ပါတယ်။
Intel Core i3 processorတွက dual core ဖြစ်ပါတယ်။ ဆိုလိုတာက အထဲမှာ တစ်ကယ် အလုပ်လုပ်တဲ့ CPU core ၂ ခုပါတာပေါ့။ ဒါပေမယ့် ကောင်းတာတစ်ခုက Core i3 CPU က Hyper Thread နည်းပညာကို support လုပ်တဲ့အတွက် သူ့ရဲ့ core တစ်ခုမှာ thread ၂ ခုကို ကိုင်တွယ်နိုင်တဲ့ အတွက် 2 cores/4 threads ဖြစ်သွားပါတယ်။ ဒါကြောင့် Windows OS ထဲမှာ သွားကြည့်ရင် CPU ၄ ခုရှိတယ်လို့ မြင်ရနိုင်ပါတယ်။ တစ်ကယ်တမ်းက 2 cores ဖြစ်ပြီး နောက် ၂ ခုက  ”virtual cores” တွေလို့ပြောရမှာပါ။ Core i5 ကတော့ 4 cores (Quad-core) processor ဖြစ်ပါတယ်။ တစ်ကယ် အလုပ်လုပ်တဲ့ physical cores ၄ ခုပါပါတယ်။ ဒါပေမယ့် Hpyer Thread ကိုတော့ support မလုပ်ပါဘူး။ Core i5 ရဲ့  Core i3 ထက် သာတဲ့ အချက်က Turbo Boost နည်းပညာ ပါပါတယ်။ Turbo Boost ဆိုတာ automatic  overlcocking လို့ အလွယ်ပြောလို့ ရပါတယ်။ တစ်ကယ်လို့ application တွေက လောလောဆယ် CPU ရဲ့   core အကုန်လုံးကို သုံးမနေဘူး ဆိုရင် လက်ရှိသုံးနေတဲ့ cores တွေရဲ့ clock speed ကို default clock spped ထက် ပိုပြီမြန်မြန် လုပ်ခိုင်းတာကို ပြောတာပါ။ ဥပမာ=  3.3GHz Core i5 CPU ရဲ့ Turbo Boost frequency က 3.7GHz ဖြစ်ပါတယ်။ ဒါကြောင့် တစ်ကယ်လို့ လက်ရှိ သုံးနေတဲ့ application က core (all 4 cores) အကုန်လုံးကိုသာ လောလောဆယ် သုံးမနေဘူးဆိုရင် application ကလည်း clock spped မြန်မြန်တစ်ကယ် လိုအပ်တယ်ဆိုရင် လက်ရှိ active ဖြစ်နေတဲ့ cores တွေကို 3.7GHz နဲ့ run နိုင်ပါတယ်။ Core အားလုံးကို တစ်ပြိုင်ထဲမှာ Turbo Boost မသုံးရတဲ့ အကြောင်းကတော့ heat ကြောင့် ဖြစ်နိုင်ပါတယ်။ Core i5 ရဲ့ Core i3 ထက်သာတဲ့ အချက်က Turbo Boost ဖြစ်ပါတယ်။
         
Core i7 ကတော့ အကောင်းဆုံး ပေါ့နော်။ Core i7 က   Quad Core ဖြစ်တဲ့အပြင် Turbo Boost နည်းပညာ ကိုလည်း support လုပ်တယ်။ Hpyer Thread နဲ့လည်း ကောင်းကောင်း အလုပ်လုပ်ပါတယ်။ ဒါကြောင့် Windows OS ထဲမှာဆိုရင် cores ၈ ခုပါတယ်လို့ မြင်ရနိုင်ပါတယ်။ Phyiscal cores က ၄ ခုဖြစ်ပြီး၊ Hyper Thread ကြောင့် virtual cores က ၄ ခုဖြစ်ပါတယ်။ ဒါကြောင့် Core i7 က Multi-thread application တွေကိုလည်း ကောင်းကောင်း ကိုင်တွယ်နိုင်တာ ပေါ့နော်။
Core i3/i5/i7 တွေကို နောက်ထပ် ကွာဟစေတဲ့ အချက်က cache memory ဖြစ်ပါတယ်။  CPU တစ်ခုမှာ စွမ်းဆောင်ရည် ကောင်းစေဖို့ အတွက် Cache memory က အရေးကြီးတယ် ဆိုတာ ကျွန်တော်တို့အားလုံး သိကြမှာပါ။ Core i3 CPU တွေမှာ 3MB cache ပဲ ပါပါတယ်။ Core i5 CPU တွေက 4MB ကနေ 6MB ထိ ပါပါတယ်။ ဒါကြောင့် Core i5 က သိသိသာသာ ပိုကောင်းတာလည်း ဖြစ်နို်င်ပါတယ်။ Core i7 CPU ကတော့ cache memory 8MB တောင် ပါတဲ့အတွက် အားလုံးထဲမှာ စွမ်းဆောင်၇ည် အကောင်းဆုံး ဖြစ်တာ မဆန်းပါဘူးနော်။
ကျွန်တော့အနေနဲ့ အကြံပေးရမယ် ဆိုရင် တော်ရုံတန်ရုံ gamer တွေနဲ့ နေ့စဉ်သုံး လုပ်ငန်းတွေ၊ editing/rendering application တွေအတွက် စဉ်းစားမယ်ဆိုရင် Core i5 2500 ကို စဉ်းစားသင့်ပါတယ်။ ဈေးနှုန်းနဲ့ စွမ်းဆောင်ရည်မှာ အရမ်း မျှတတယ်လို့ မြင်မိပါတယ်။ Core i7 ကို မှစဉ်းစားမယ် ဆိုရင်တော့ Core i7 2600 ကို စဉ်းစားသင့်ပါတယ်။ သူက စွမ်းဆောင်ရည် ကောင်းပေမယ့် ဈေးလည်းမြင့်တာကို သတိထားသင့် ပါတယ်။ ဖြစ်နိုင်ရင် first generation CPU တွေအစား second generation CPU တွေကိုပဲ စဉ်းစားသင့်ပါတယ်။ Second genration (Sandi bridge) CPU တွေရဲ့ HD graphic processing ကလည်း အရင်ထက် အများကြီး ကောင်းပါတယ်။ Overclock လုပ်ချင်တယ် ဆိုရင်တော့ multiplier ကို unlock လုပ်ပေးထားတဲ့ K အမျိုးအစား (Core i5 2500K, Core i7 2600K) တွေကို ရွေးချယ်သင့်ပါတယ်။

Credit to http://www.thihaoo.com
Posted by NHA

No comments:

Post a Comment