Wednesday, July 27, 2011

မြန်မာနိုင်ငံ အလံများ

မြန်မာနိုင်ငံ ခေတ်အဆက်ဆက်အသုံးပြုခဲ့ သောအလံများ
ဗဟုသုတအလို့ငှာ စုစည်း ဖော်ပြလိုက်ပါတယ်။


မြန်မာနိုင်ငံအလံအကြောင်းသိချင်သူများအတွက်


တစ်လင်နှစ်မယား

2008ခုနှစ်တွင် ရွာခံသတို့သမီးမနှင်းဆွေနှင့် မောင်မင်းမင်းစို့တို့ချစ်ခ​င်စုံမက်ရာ လူကြီးမိဘများကိုအသိပေးခြဲ့​ကလေသည်။သတို့သားဘက်မှအလွန်ချို့တဲ့သည့်အလျှောက် သတို့သားမိဘများကလည်းတောင်း​ရန်းလက်ထပ်မပေးနိုင်ပေ။ထို့​ကြောင့် မောင်မင်းမင်းစိုးမှာ ချစ်သူနှင့်ပေါင်းဖက်နိုင်ရ​န်အလိုငှာ ရွှေတော ခေါ် ဖတ်ရှည်သိုကအရင်းအနှီးရှာရန် ချစ်သူကိုဇာတိကျေးရွာတွင်ထားခဲ့ကာ ခရီးထွက်လေတော့သည်။ လုပ်ရင်းကိုင်ရင်းမှ နည်းနည်းပါးပါးအဆင်ပြေသောအခါတွင်မောင်မင်းမင်းစိုးသည်တ​ စ်ရွာတစ်ယောက်ဆိုသလို့ ရင်းနှီးသော ဖတ်ရှည်မှ မပိုပိုနှင့်ရည်းစားဖြစ်ပါေ​တာ့သည်။မပိုပိုကိုလည်းချစ်သ​ ည်။ဇာတိတွင်ကျန်ခဲ့သောမနှင်းဆွေကိုလည်းချစ်သည်။ အလွန်ခက်ခဲသောပြသနာကိုမောင်​မင်းမင်းစိုစတင်ရင်ဆိုင်ရတော့သည်။ အမျိုးသမီးနှစ်ဦးကလည်းအလျှော့မပေး တင်းမားနေကြရာမည်သူကမှအဆုံး​အရှုံးမခံနိုင်ကြချေ။ မောင်မင်းမင်းစိုးကိုနှစ်ဦးနှစ်ယောက်လုံးကရယူလိုကြလေေ​တာ့သည်။ထိုအခါ အမျိုးသမီးနှစ်ဦးကအပြိုင်အ​ဆိုင်ပြိုင်ကြရာမှ ထိုမင်္ဂလာပွဲစတင်ဖြစ်ပေါ်လာပါ​တော့သည်။မိဘဆွေမျိုးများကဘယ်လိုပင်တားတား အလျှော့မပေးကြပေ။ငယ်ရွယ်ကြေ​သ်ာလည်း မာနကိုယ်စီနှင့်ပြိုင်ကြရာသုံးယောက်သားတစ်ရက်တည်းမင်္ဂလာ​ ဆောင်သည်အထိဖြစ်ပေါ်လာပါတော့​သည်ခင်ဗျာ...
(http://www.facebook.com/me​dia/set/?set=a.13231511685​2340.34904.10...)

Posted by ထွန်းမြင့်ဌေး

Tuesday, July 26, 2011

ဘာသာစကား

တရုတ်စီးပွားရေးလုပ်ငန်းရှင် ဝေချောင်လင်းသည် လုပ်ငန်းကိစ္စဖြင့် နယူးဒေလီမြို့သို့ 
ရောက်လာစဉ် အရေးပေါ်နာမကျန်းဖြစ်၍ ဆေးရုံတတ်ရသည်။ ဝေချောင်လင်းနှင့်သိကျွမ်း
သော တရုတ်စကားမတတ်သည့် အိန္ဒိယလုပ်ငန်းရှင် မာမွတ်ဆေးရုံသို့ လူနာမေးရန်ရောက်လာသည်။ ဝေချောင်လင်း၏ ကုတင်အနီးတွင် ထိုင်နေသော မာမွတ်ကိုမျက်လုံးဖွင့်ကြည့်ပြီး "လီကိုင်ယန် ကျွိဂွမ်'' ဟုပြောသည်။ မာမွတ်က ဘာပြောမှန်းမသိ။ ဝေချောင်လင်းကိုသာ ငေးကြည့်နေသည်။
"လီကိုင်ယန် ကျွိဂွမ်..လီကိုင်ယန် ကျွိဂွမ်''ဟု ဝေချောင်းက အကြိမ်ကြိမ်ပြောနေသည်။
မာမွတ် လည်းနားမလည်၍ စဉ်းစားနေစဉ် "လီကိုင်ယန် ကျွိဂွမ်'' ဟုအော်ရင်း ဝေချောင်လင်း အသက်ပျောက်သွားသည်။ သို့ နှင့်စိတ်မကောင်းစွာဖြင့်အိမ်သို့ ပြန်လာခဲ့သည်။
နောက်တစ်နှစ်ခန့် ကြာသော် ...
မာမွတ်အလုပ်ကိစ္စဖြင့် ရှန်ဟိုင်းမြို့ သို့ ရောက်လာ၏။ ရှန်ဟိုင်းမြို့၏ စာအုပ်ဆိုင်တစ်ဆိုင်တွင် တရုတ်-အိန္ဒိယ အဘိဓါန် စာအုပ်ကိုတွေ့ ၍၀ယ်လိုက်ပြီး "လီကိုင်ယန် ကျွိဂွမ်''၏အဓိပ္ပါယ်ကိုရှာလေသည်။
 စာမျက်နှာ ၆၈ တွင်တွေ့ ၏။
"လီကိုင်ယန် ကျွိဂွမ်'' = " အောက်စီဂျင်ပိုက်ကိုဖင်ခုမထိုင်ပါနဲ '' ....
Posted by ဝတီ

1 နဲ့ 2 နဲ့ပေါင်းရင်ဘာရလဲ

သူငယ်တန်းဆိုတဲ့ အတန်းလေးတစ်တန်းမှာ ဆရာမတစ်ယောက် သင်္ချာ သင်နေတာပေါ့။ ဆရာမက ကျောင်းသားတစ်ယောက်ကိုစာမေးလိုက်တယ။် 1 နဲ့ 2 နဲ့ပေါင်းရင်ဘာရလဲတဲ့။ အဲဒါကို ကျောင်းသားလေးကမဖြေနိုင်ဘူး ဖြစ်နေတယ်။ အဲဒါနဲ့ ဆရာမလည်း ဒေါသထွက်ပြီးတော့ နောက်နေ့ကြရင်မေးမယ်။ မင်းအိမ်က လူတွေကိုမေးခဲ့လို့ပြောလိုက်တယ်...။
ဒါနဲ့ပဲ ကျောင်းသားလေးက အိမ်ကိုရောက်သွားတော့  ထမင်းအိုးမွှေနေတဲ့ သူ့အမေကိုမေးလိုက်တယ်။ “အမေ... အမေ... 1 နဲ့ 2 ပေါင်းရင်ဘာရလဲ” လို့။ အဲဒီအချိန်မှာ ယောင်းမကို ကိုင်ပြီး ထမင်းအိုးမွှေနေတဲ့ အမေ ပြန်ဖြေလိုက်တာက “ယောင်းမ ယောင်းမ”တဲ့... ။
ခဏနေတာ့ မန်နေဂျာ ရူးရူးနေတဲ့ သူ့အကိုကို သွားမေးပြန်တယ်။ “အစ်ကို... အစ်ကို... 1နဲ့2 ပေါင်းရင်ဘာရလဲ” တဲ့။ အကိုလုပ်သူကပြန်ဖြေလိုက်တယ်။ “မန်နေဂျာ မန်နေဂျာ” ။
အဲ့ဒါနဲ့ ကျောင်းသားလဲမှတ်ထားလိုက်တယ်။ အဖြေနှစ်ခုစလုံးကို မပြီးသေးဘူး။ အ၀တ်လျှော်တဲ့ ကုလားမနဲ့ ရန်ဖြစ်နေတဲ့ သူ့အစ်မကိုလည်း သွားမေးလိုက်သေးတယ်။ “1နဲ့2ပေါင်းရင်ဘာရလဲ အစ်မ...” ဆိုတော့ အစ်မကဖြေတယ်။ “အ၀တ်လျှော်တဲ့ ကုလားမစုတ် အ၀တ်လျှော်တဲ့ ကုလားမစုတ်” တဲ့ မှတ်ထားလိုက်ပြန်တယ်...။
နောက်ပြီးတော့ အေးအေးဆေးဆေး သတင်းစာဖတ်နေတဲ့ သူ့အဖေကို သွားမေးပြန်တယ်။ “အဖေ... အဖေ... 1နဲ့ 2ပေါင်းရင် ဘာရလဲ” မေးတော့ အဖေကပြန်ဖြေလိုက်တယ်။ “အေးဆေးပဲ” တဲ့ ...။
ဒါနဲ့ ကျောင်းသားလည်း အားလုံးကိုမှတ်ထားလိုက်တယ် ။
နောက်တစ်နေ့ ကျောင်းသွားတက်တော့ ဆရာမက စာမေးပါလေရော။ မောင်ကျောင်းသားကို “1နဲ့2 နဲ့ပေါင်းရင် ဘာရလဲ” ဆိုတော့ ကျောင်းသားက ပြန်ဖြေလိုက်တယ်။ “ယောင်းမ ယောင်းမ” တဲ့။ အဲ့ဒါနဲ့ ဆရာမ စိတ်တိုပြီးတော့ မေးလိုက်ပြန်တယ်။ နင့်ကိုနင် ဘာထင်နေလည်း ဆိုရော “မန်နေဂျာ မန်နေဂျာ”တဲ့။ ငါ့ကိုဘာများအောက်မေ့နေလဲ လို့မေးလိုက်တော့ “အ၀တ်လျှော်တဲ့ ကုလားမစုတ် အ၀တ်လျှော်တဲ့ ကုလားမစုတ်”တဲ့။ အဲ့ဒါနဲ့ ဆရာမ ဒေါသအလွန်ထွက်သွားတယ်။ မင်းကို ငါကျောင်းထုတ်လိုက်ရမလားလို့ပြောလိုက်တော့ မောင်ကျောင်းသားက ပြောလိုက်တယ် “အေးဆေးပဲ” တဲ့..။
ref:
ဧဒင်ဥယျာဉ် မှ ကူးယူပါသည်။
Posted By ၀တီ

Handsome woman နှင့် Pretty man

အင်္ဂလိပ်စာလေ့လာခဲ့တဲ့တစ်လျှောက်လုံး ရုပ်ရည်ရူပကာချောမောတာကိုပြောချင်တဲ့အခါမှာ  ယောက်ျားလေးဆိုရင် handsome  မိန်းကလေးဆိုရင် pretty လို့သုံးရတယ်ဆိုလို့ မှတ်သားမိခဲ့ကြမှာပါ။ ဝေါဟာရဆိုတာကလည်း သင်္ချာညီမျှခြင်းလို ပုံသေ သတ်မှတ်ဖို့အခက်သား။ စာရေးတဲ့သူ မိမိပြောလိုတဲ့ အဓိပ္ပါယ်ရောက်အောင် တစ်ခါတစ်လေ တင်စားချက်နဲ့ သုံးကြတဲ့အခါ  စကားလုံးတွေနဲ့ ကျား/မ ဆက်စပ်မှုဟာ နေရာရွေ့သွားတတ်ကြပါတယ်။ ပုံမှန်အားဖြင့်တော့  ယောက်ျားလေးတစ်ယောက်ကို pretty man လို့အခေါ်ခံ ရတာဟာ နည်းနည်းစော်ကားသလိုဖြစ်မယ်နဲ့တူပါတယ်။ ဒါပေမယ့်လည်း မြန်မာစကားမှာလည်း မိန်းမချောချောတယ် လို့ သုံးလေ့ရှိတယ်မဟုတ်လား။ တစ်ချို့ယောက်ျားလေးတွေကျတော့ မိန်းကလေးတွေထက်ကို ချောနေတဲ့အခါ ကွယ်ရာမှာ pretty man လို့အခေါ်ခံရတတ်တယ်လေ။ ဥပမာအားဖြင့် အခုတကော အင်မတန်နာမည်ကြီးနေတဲ့ Justin Beieber ကို တစ်ချို့က pretty boy လို့ခေါ်ကြသလိုပေါ့။ M2M ရဲ့ pretty boy သီချင်းကိုလည်း ကြားဖူးကြမှာပါ။
ဒီလိုပဲ handsome ကို မိန်းမတစ်ယောက်နဲ့တွဲသုံးလိုက်တဲ့အခါ မိန်းကလေးလို သွယ်လျနွဲ့နှောင်းမနေဘဲ ခန္ဓာကိုယ်အချိုးအဆက်ပြေပြစ်တဲ့ လုံးကြီးပေါက်လှ မိန်းမတစ်ယောက်ရဲ့အသွင် မြင်ယောင်လာပါလိမ့်မယ်။ အောက်စဖို့ အဘိဓာန်မှာ ဒီလို ရှင်းပြထားပါတယ်။

Monday, July 25, 2011

လွဲမှားမှုများ

(ဒီ post လေးကတော့ ရည်းစားမရသေးသော စင်္ကာပူရောက် ကျွန်တော်ရဲ့ ဘော်ဘော်တွေအတွက် ရည်ရွယ်ပါတယ်။ ရည်းစားစကားပြောတဲ့အခါ မှားသုံးမိမှာစိုးလို့ မတတ်ပေ့မဲ့ ဆရာလုပ်လိုက်ပါတယ်)
“ချစ်သူ” ဆိုတဲ့စကားလုံးကို “lover”လို့ ထင်နေကြတယ်။ အဲလိုပဲ လူတော်တော်များများ သုံးနေကြတယ်။ love ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကတော့ ချစ်တယ်တဲ့။ ဒါတော့ လူတိုင်းသိမှာပါ။
အင်္ဂလိပ်စာ word/verb တစ်ခုကို နောက်ကနေ -er,-or ဆိုတဲ့ နောက်လိုက်လေးတွေ
ထည့်လိုက်ရင် noun ဖြစ်သွားတယ်ဆိုတာလေးကိုလည်း လူတိုင်းလိုလိုသိကြတယ်။ အဲ.. အဲဒီမှာ ပြဿနာစတာပဲ။
မမှန်ဘူးမဟုတ်ပါဘူး။ မှန်ပါတယ်။ ဒါပေမယ့် ဒီ lover ဆိုတဲ့ နေရာမှာကျတော့မှားနေပြီဗျ။
ကျွန်တော်တို့ တွေက love (ချစ်တယ်) ဆိုတာကို အစွဲပြုပြီး နောက်မှာ -er ထည့်လိုက်ရင် lover(ချစ်သူ) ဖြစ်ပြီ ထင်နေကြတယ်။
အမှန်တော့ lover ဆိုတာက ချစ်သူမဟုတ်ပါဘူး။ အောက်မှာ definition ရေးပေးလိုက်ပါတယ်။
*lover (noun) - a partner in a sexual relationship outside marriage*
သူ့ရဲ့ မြန်မာလို အဓိပ္ပါယ်ကတော့... လက်မထပ်ပဲ လိင်ဆက်ဆံ ပေါင်းသင်းနေတဲ့
အဖော်တဲ့ ခင်ဗျ။
ဒါဟာ Oxford Advanced Learner's Dictionary ထဲက အတိုင်း ဖော်ပြထားတာပါ။
အဲ.. ချစ်သူ ဆိုတာကို အင်္ဂလိပ်လိုပြောချင်ရင် ...
ယောက်ျားလေးကို ဆိုရင်တော့ boyfriend ပေါ့။
မိန်းကလေးကို ဆိုရင်တော့ girlfriend ပေါ့။
ဒါကြောင့်ဗျာ.. ဒီလိုလွဲမှားမှုတွေ မဖြစ်ပါစေနဲ့ဗျာ။ lover နဲ့ boyfriend & girlfriend အဓိပ္ပါယ်က
အကွာကြီး ကွာတယ်နော်။ မှားမသုံးမိပါစေနဲ့ဗျာ။
နောင်ပြင်ပြီးသုံးနိုင်မယ်ဆိုရင် ကျွန်တော် ဒီ discussion ရေးတာရေးရကျိုးနပ်ပါပြီဗျာ။
ကျွန်တော် ပြောဖို့တောင် တစ်ခု မေ့ကျန်ခဲ့တယ်ဗျ။
ကိုယ်ချစ်တဲ့သူကိုလည်း my love လို့ ပြောနိုင်ပါသေးတယ်။ He/She is my love
ဆိုရင်လည်း ချစ်နှစ်သက်တဲ့လူဆိုတာ သိနိုင်ပါတယ်။ You are my love ဆိုရင်လည်း
မင်းဟာ ငါ့အချစ်လေး လို့ အဓိပ္ပါယ်ရပါတယ်။
Posted by KAE

၂၀၃၀ ခုနှစ်ဘန်ကောက်မြို့ရဲ့ ကံကြမ္မာ

တစ်နေ့ထက် တစ်နေ့ ဘန်ကောက်မြို့ကြီး ရေအောက် ရောက်ဖို့ ရှိလာသည်။ အဆိုးမြင်ပညာရှင် အများစုက ၂၀၃၀ ခုနှစ်တွင် ထိုင်းနိုင်ငံရဲ့ မြို့တော် အစိတ်အပိုင်းအချို့ ပင်လယ်ရေအောက် နစ်မြုပ်သွားဖွယ် ရှိသည်ဟု အပြတ်ဟောကိန်းထုတ်နေကြသည်။ ကျွမ်းကျင်သူများက ဖြစ်လာမယ့် ဘေးအန္တရာယ်ဆိုးကို ကာကွယ်ဖို့ မည်သည့်ပေါ်လစီမှ ပြင်ဆင်မှုမရှိသေးသည့်အတွက် အစိုးရကို အပြစ်တင်နေကြသည်။
ကျရောက်မည့် သဘာဝဘေးအန္တရာယ်ကပ်ဆိုးကြီးက၊ ဇူလိုင်(၃)ရက်နေ့မှာ ရွေးကောက်ပွဲအနိုင်ရရှိခဲ့တဲ့ ခွန်ယင်လပ် အစိုးရသစ်အတွက် စိန်ခေါ်မှုတွေ ဖြစ်လာမည်။ ကလေးတစ်ယောက် လက်ပ်တော့ ကွန်ပျူတာတစ်လုံး ပေးမယ့် ခွန်ယင်လပ် အတွက်၊ ဘန်ကောက် ရေအောက်မရောက်အောင်  ကြိုတင်လုပ်ဖို့က အဓိက အရေးပေါ်တာဝန် ဖြစ်လာမည်။
ရာသီဥတု ပြောင်းလဲမှု၊ ပင်လယ်ရေ မြင့်တက်မှု၊ ပင်လယ်ကမ်းရိုးတမ်းများ တိုက်စားပြိုကျမှု စတဲ့ ပေါင်းစု ပျက်စီးမှုများကြောင့် ကျောက်ဖရား မြစ်ဝကျွန်းပေါ်ရှိ ဘန်ကောက်မြို့ကြီးရဲ့ နိဂုံးကံကြမ္မာမှာ မတွေးဝံ့စရာ ဖြစ်သည်။
အယုဒ္ဓယမြို့တော် မြန်မာများရဲ့ ဖျက်ဆီးခံရပြီးနောက်၊ ၁၇၈၂ ခုနှစ် ဧပြီ ၂၁ ရက်နေ့တွင် ချာကရီမင်းဆက်က ဘန်ကောက်မြို့တော်ကို စတင်တည်ထောင်အုပ်စိုးခဲ့သည်မှာ ယနေ့ထိတိုင် ဖြစ်သည်။
မိုးမျှော်တိုက်ကြီးများ ထိုးထိုးထောင်ထာင် ၀ိုင်းပတ်ထားသည့် ဘန်ကောက်မြို့တွင် လက်ရှိ လူ ၁၀ သန်းကျော် နေထိုင်လျက်ရှိသည်။ တစ်နှစ်ထက်တစ်နှစ် အပေါ်ယံမြေဆီလွှာ ၁.၅ မှ ၅.၃ စင်တီမီတာ လျော့ပါးကျဆင်းလျက် ရှိပြီး၊ လူအများအပြားနေထိုင်သည့် နေရာများကို ပင်လယ်ရေ လွှမ်းသွားဖို့ ရှိနေသည်။
တက်လာမည့် ပင်လယ်ရေက အဆောက်အဦ အိမ်ခြေ ၁ သန်းကျော်ကို အနှေးနှင့် အမြန် အန္တရာယ်ပေးမည့် အနေအထား ရှိသည်။ ဘန်ကောက်မှ ၁၅ ကီလိုမီတာဝေးသော ဆာမောင့် ဖရာခန် ဆိပ်ကမ်း ရပ်ကွက်ကြီးရှိ လူနေအိမ်များမှာ နှစ်စဉ် မြစ်ရေလွှမ်းမှုခံနေရသည်။
ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ် တို့မှ ထုတ်တဲ့ Report များတွင် ရာသီဥတု အပြောင်းအလဲကြောင့် ဘေးအန္တရာယ်ကျရောက်မည့် ကမ္ဘာ့မြို့ကြီးများစာရင်းမှာ ဘန်ကောက်က ထိပ်ဆုံးက ပြေးနေသည်။ ဘန်ကောက်မှ ကမ္ဘာ့ဘဏ်အရာရှိ Jan Bojo က ‘ဘန်ကောက် ရေနစ်တော့မည့် အဓိကအကြောင်း တစ်ခုမှာ မြေအောက်ရေများကို အလွဲသုံး စုတ်ထုတ်ခြင်းကြောင့် ဖြစ်သည်’ ဟု ဆိုသည်။
လာမယ့် နှစ်အနည်းငယ်အတွင်း အခြေအနေဆိုးဆိုက်ဖွယ် ရှိမရှိဆိုသည်ကို ပညာရှင်များကြား အငြင်းအခုန် ဖြစ်နေကြသည်။ သို့သော် သေချာတာက ‘၂၁၀၀ ခုနှစ်တွင် ဘန်ကောက်သည် အတ္တလန်တစ် အသစ် ဖြစ်သွားတော့မည်’ ဟု ပညာရှင်အားလုံးက သဘောတူသလောက် ရှိသည်။
အကယ်၍ မည်သည့် တင်ကြိုပြင်ဆင် ဆောင်ရွက်မှုမှ မလုပ်ခဲ့ရင်တော့၊ ၂၀၃၀ ခုနှစ်မှာတင် ဘန်ကောက် ကိစ္စတုံးသွားနိုင်သည်ဟု ထိုင်းနိုင်ငံ သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဌာန အကြီးအကဲ Smith Dharmasaroja ခန့်မှန်းထားသည်။
တစ်ခုထဲသော ဖြေရှင်းနည်းမှာ ကြီးမားသော ပင်လယ်ရေကာ တံတိုင်းကြီးများ ကမ်းခြေတလျှောက် တည်ဆောက်ဖို့ ဖြစ်သည်။ ၄င်း Project အတွက် ယူရို ၂ ဘီလီယံခန့် ကုန်ကျမည်ဟု ဆိုသည်။
သို့သော် အရှေ့တောင်အာရှ ပင်လယ်ရေကြောင်းပညာရှင် Anond Snidyongs က ‘ပင်လယ်ရေကာ တံတိုင်းကြီးများ တည်ဆောက်မှုကလည်း အသုံးမ၀င်နိုင်ကြောင်း၊ တစ်နှစ်ထက်တစ်နှစ် ပင်လယ် ကမ်းရိုးတမ်း တိုက်စားခံရမှု များလာတာကြောင့် ကာကွယ်ဖို့ ကြိုစားလည်း မရတော့ကြောင်း၊ စကတည်းက ဘန်ကောက်ကို ရွှံ့မြေပေါ်တည်ထားတာဖြစ်ပြီး၊ မြို့က ပင်လယ်ရေ အထက် ၁.၅ မီတာ အမြင့်သာရှိကြောင်း’ မျှော်လင့်ချက်မဲ့ စကားကို ပြောဆိုသည်။
ဘန်ကောက်၏ အနာဂတ်မှာ အနှေးနှင့် အမြန် အတ္တလန်တစ်ပင်လယ်သစ် ဖြစ်ဖို့သာရှိကြောင်း ပညာရှင်များ ရင်ထိတ်နေကြသည်။
Source: Reuters & Time
Posted By မောင်စူးစမ်း (MTLA GTI)

၄၂ နှစ်လုံးလုံး ဓာတ်ဆီသောက်ခဲ့သည့် တရုတ်နိုင်ငံမှ အမျိုးသားကြီး

တရုတ်နိုင်ငံတွင် အသက် ၇၁ နှစ်အရွယ် အမျိုး​​သား​​ကြီး​​ တစ်ဦး​​သည် ၄၂ နှစ်လုံး​​လုံး​​ ဓာတ်ဆီကို စွဲလန်း​​စွာ ​​သောက်​​နေခဲ့​​​ကြောင်း​​ သိရှိရသည်။
ချန်ဒီဂျန်က အဆက်မပြတ် ​​ချောင်း​​ဆိုး​​ပြီး​​ ရင်ဘတ်တွင် နာကျင်မှု ​​ဝေဒနာ ခံစား​​ရခြင်း​​ကို ဓာတ်ဆီ​​သောက်ခြင်း​​ဖြင့်​​ ကုစား​​နိုင်မည်ဟု ယုံကြည်ရာမှ ယခုလို စွဲစွဲမြဲမြဲ ဓာတ်ဆီ​​သောက်​​နေခြင်း​​ဟု ​​ပြောကြား​​ခဲ့​​သည်။ ချန်သည် တစ်လလျင် ဓာတ်ဆီ ၃ လီတာမျှထိ ​​သောက်​​လေ့​​ရှိပြီး​​ ယခုအခါ ဓာတ်ဆီ စွဲ​​နေပြီဖြစ်သည်။
ချုံကင်း ​​တွင် ​​နေထိုင်သည့်​​ ချန်သည် ၁၉၆၉ ခုနှစ်မှ စတင်ပြီး​​ ဓာတ်ဆီ​​သောက်လာခြင်း​​ဖြစ်သည်။ အလွန် ပြင်း​​ပြင်း​​ထန်ထန် ​​ချောင်း​​ဆိုး​​ပြီး​​ မခံမရပ်နိုင်​​အောင် ရင်ဘတ် နာကျင်လာသည့်​​အတွက် ချန်က ယခုလို ဓာတ်ဆီ ​​သောက်ခဲ့​​ခြင်း​​ဖြစ်သည်။ ချုံကင်း​​​​နေခင်း​​ သတင်း​​စာက ချန်၏ ထူး​​ဆန်း​​​သော အ​​လေ့​​အထကို ​​ဖော်ပြခဲ့​​ပြီး​​ ချန် စုစု​​ပေါင်း​​ ​​သောက်ခဲ့​​သည့်​​ ဓာတ်ဆီပမာဏသည် လီတာ​​ပေါင်း​​ ၁၅၀၀ မျှ ရှိ​​နေပြီဟု ခန့်မှန်း​​ ​​ဖော်ပြခဲ့​​သည်။
ချုံကင်း ​​ ​​ဆေး​​တက္ကသိုလ်မှ ​​ဒေါက်တာ ဖန်ဖူး​​က ချန်အား​​ ​​လေ့​​လာမှုများ​​ ပြုလုပ်ပြီး​​​နောက် ချန်၏ ခန္ဓာာကိုယ်အတွင်း​​ ဓာတ်ဆီ၏ အဆိပ်အ​​တောက် ဖြစ်​​စေနိုင်​​သော အာနိသင်ကို ဟန့်တား​​​ပေး​​သည့်​​ ကိုယ်ခံစွမ်း​​ရည်တစ်မျိုး​​ ​​ပေါ်​​ပေါက်​​နေ​​ကြောင်း​​ ​​ပြောကြား​​ခဲ့​​သည်။ ထိုသို့ မဟုတ်ပါက ချန်အ​​နေနှင့်​​ အသက်ရှင်နိုင်ရန် မဖြစ်နိုင်​​တော့​​ဟုလည်း​​ ​​ဒေါက်တာဖန်က မှတ်ချက်ပြုသွား​​သည်။
ချန်က ဓာတ်ဆီ​​သောက်ခြင်း​​သည် ရင်ဘတ်နာကျင်မှုနှင့်​​ ပတ်သက်ပြီး​​ စိတ်​​ပြေ​​ပျောက်စရာ တစ်ခုတည်း​​​သော နည်း​​လမ်း​​ဟု ​​ပြောဆိုခဲ့​​​သော်လည်း​​ အမှန်တကယ် ​​ဝေဒနာ သက်သာ ​​ပျောက်ကင်း​​မှု မရှိ​​ကြောင်း​​ ဝန်ခံသွား​​သည်။
Posted By မောင်စူးစမ်း (MTLA GTI)

Sunday, July 24, 2011

သီတဂူဆရာတော်ကြီး ဦးဥာဏိဿရ၏ တရားပွဲ

သီတဂူဆရာတော်ကြီး ဦးဥာဏိဿရ၏ တရားပွဲ”ကို Function Room 1, The ARENA Country Club, 511 Upper Jurong Road, Singapore 638366, Near (Joo Koon MRT) တွင် ၃၀-၀၇-၂၀၁၁ စနေနေ့ ညနေ(ရ)နာရီမှ ည(၈း၃၀)နာရီထိ နှင့် ၃၁-၀၇-၂၀၁၁ တနင်္ဂနွေနေ့ ညနေ(ရ)နာရီမှ ည(၈း၃၀)နာရီထိ (၂)ရက်ကျင်းပမည်ဖြစ်ပါ၍ တရားဓမ္မနာယူနိုင်စေရန် ဓမ္မမိတ်ဆွေ သူငယ်ချင်းအပေါင်းတို့အား နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါသည်။

Posted by MTLA GTI GROUP

စင်ကာပူတွင် ဘွဲ့လက်မှတ်အတုဖြင့် လုပ်ကိုင်နေသူများ၊ သွားရောက်လုပ်ကိုင်မည့်သူများ ထောင်ဒဏ် အထိချမှတ်ခံရနိုင်

စင်ကာပူနိုင်ငံတွင် လက်ရှိဘွဲ့လက်မှတ် အတုဖြင့် လုပ်ကိုင်နေသူများ နှင့်ဘွဲ့လက်မှတ် အတုဖြင့် သွားရောက်လုပ်ကိုင်မည့်သူများအနေဖြင့် စင်ကာပူနိုင်ငံတွင် ထောင်ဒဏ်အထိ ချမှတ်ခံရနိုင်ကြောင်း ပြည်ပအလုပ်အကိုင်ကျွမ်းကျင်သူ အသိုင်းအ၀ိုင်းမှ သိရသည်။
စင်ကာပူနိုင်ငံတွင် ဘွဲ့လက်မှတ်အတုဖြင့် ၀င်ရောက်လုပ်ကိုင်နေကြောင်းစစ်ဆေးတွေ့ရှိပါက စင်ကာပူအစိုးရမှ ထောင်ဒဏ်၂ နှစ် အထိချမှတ်နိုင်ကြောင်း စင်ကာပူရောက် မြန်မာအလုပ်သမားများကပြောဆိုကြသည်။
“အခုနောက်ပိုင်း စင်ကာပူမှာ  S.Pass အလုပ်တွေက WP ထက်ပိုပြီးခေတ်စားလာတယ်။ S.Pass နဲ့ မရရအောင်လာကြတယ်။ S.Pass ကဘွဲ့ရပဲ ခေါ်တော့ဘွဲ့လက်မှတ်တင်ပြရတယ်။ အဲ့ဒီမှာ ဘွဲ့မရသေးတဲ့သူတွေက ဘွဲ့လက်မှတ်အတုတွေလုပ်ပြီး ပွဲစားတွေ နဲ့ရောက်လာကြတယ်။ လွန်ခဲ့တဲ့ ၃ နှစ်လောက်တုန်းကတော့ ဒီကအလုပ်ရှင်တွေကိုယ်တိုင်က လက်ခံပေးထားတယ်။ အခုနောက်ပိုင်းမှာအလုပ်သမားက ပေါလာတော့ သူတို့အနေနဲ့ကျွမ်းကျင် တဲ့တကယ့်ဘွဲ့ရအလုပ် သမားပဲသေချာစိစစ်ပြီးမှ ပဲခေါ်တယ်။ တကယ်လို့ ဘွဲ့လက်မှတ် အတုဖြစ်တယ်ဆိုတာကို စင်ကာပူအလုပ်သမားဝန်ကြီးဌာနက စစ်ဆေးတွေ့ရှိရင်ထောင်ကျမယ်။ အကောင်းဆုံးကတော့ ကိုယ့်အရည်အချင်း အစစ်အမှန်နဲ့ လာတာပဲကောင်းပါတယ်”ဟု စင်ကာပူနိုင်ငံတွင် လေးနှစ်ကျော်ကြာ အလုပ်လုပ်ကိုင်နေသူတစ်ဦး က ဆိုသည်။

Friday, July 22, 2011

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)၏ ပထမဆုံးအကြိမ် စင်္ကာပူတရားပွဲ


ဓမ္မမိတ်ဆွေ သူငယ်ချင်းအပေါင်းတို့

ဓမ္မဒေါင်းလုပ်၏ (၉)နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် အဖြစ် ဓမ္မဒေါင်းလုပ်မိသားစုနှင့် ဓမ္မမိတ်ဆွေများ စုပေါင်း၍ “အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)၏ ပထမဆုံးအကြိမ် စင်္ကာပူတရားပွဲ”ကို Function Room 1, The ARENA Country Club, 511 Upper Jurong Road, Singapore 638366, Near (Joo Koon MRT) တွင် ၂၃-၀၇-၂၀၁၁ စနေနေ့ ညနေ(၆)နာရီမှ ည(၈)နာရီထိ နှင့် ၂၄-၀၇-၂၀၁၁ တနင်္ဂနွေနေ့ ညနေ(၆)နာရီမှ ည(၈)နာရီထိ (၂)ရက်ကျင်းပမည်ဖြစ်ပါ၍ ဓမ္မမိတ်ဆွေ သူငယ်ချင်းအပေါင်းတို့အား နိဗ္ဗန်အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါသည်။ထိုတရားပွဲများကို on-line ကနေ အိမ်မှာ နားနားနေနေ နာယူနိုင်စေရန်အတွက် ကျွန်တော်တို့ blog မှတဆင့် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

Posted by MTLA GTI GROUP 

Wednesday, July 20, 2011

မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ် လျှောက်ထားမှုအခြေအနေ

မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် ကြာမြင့်ချိန်များနှင့် လုပ်ထုံးလုပ်နည်းအချို့ကို လျှော့ချ ပေးသွားရန်ရှိရာ ဇူလိုင်လ ဒုတိယပတ်မှ စတင်ကာ နိုင်ငံကူးလက်မှတ် လျှောက်ထားမှုများအတွက် ကြာမြင့် ချိန်ကို ယခင်ရက် (၃၀) ၀န်းကျင်ကြာ မြင့်ရာမှ ယခုအခါ (၂၁) ရက်ဝန်းကျင်သို့ လျှော့ချဆောင်ရွက်ပေးသွားရန် ရှိကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ယခင်က နိုင်ငံကူးလက်မှတ် စလစ်ရရှိသည့်အချိန်မှ စာအုပ်ရရှိသည့်အချိန်အထိရက် (၃၀) ၀န်းကျင် စောင့်ဆိုင်းရမှုများရှိကြောင်းနှင့် ယခု အခါတွင် ပတ်စ်ပို့စလစ် ရရှိပြီး နောက် (၂၁) ရက်အတွင်း နိုင်ငံကူး
လက်မှတ်စာအုပ်ရရှိရန် ဆောင်ရွက် ပေးသွားရန်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံကူးလက်မှတ်ထုတ် ပေးရေးရုံးမှ တာဝန်ရှိသူတစ်ဦးက “ဇူလိုင်လ (၁) ရက်နေ့ ရန်ကင်းရုံးကို ပြောင်းရွှေ့ပြီး နောက်ပိုင်းမှာ နိုင်ငံ ကူးလက်မှတ်ထုတ်ပေးရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတချို့ကို ဖြေလျော့ ပေးသွားဖို့ ဆောင်ရွက်နေကြပါတယ်။ အရင်က နိုင်ငံကူးလက်မှတ် ပြုလုပ်တဲ့အခါမှာ ရက် (၃၀) ၀န်းကျင်လောက် အနည်းဆုံးကြာပါတယ်။ အခု (၂၁)ရက်ဝန်းကျင်နဲ့ နိုင်ငံကူးလက်မှတ် စာအုပ်ရရှိနိုင်အောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ လျှောက်ထားမှုအတွက် ကြာမြင့်ချိန်တွေကို ဒီထက်ပိုလျှော့ချသွားဖို့ အစီအစဉ်ရှိပါတယ်” ဟုပြောကြားခဲ့သည်။
“အရင်တုန်းက နိုင်ငံကူးလက်မှတ် လျှောက်ထားရာမှာ အမှုတွဲဆိုင်ရာ လျှောက်လွှာစုစုပေါင်း (၁၅) ရွက်လောက် ဖြည့်ရပါတယ်။ အခု ခုနစ်ရွက်လောက်ပဲ ဖြည့်ရအောင် ဆောင်ရွက်ထားပါတယ်။ လျှောက်ထားရာမှာ မှတ်ပုံတင်နဲ့ သန်းခေါင်းစာရင်းပဲ အဓိကလိုအပ်မှာဖြစ်ပါတယ်။ ဘွဲ့ရဖြစ်ရင် EC တွဲပေးဖို့လိုအပ်မှာ ဖြစ်ပါတယ်။ လျှောက်ထားသူက အဖွဲ့အစည်းကဖြစ်ရင် သက်ဆိုင်ရာအဖွဲ့အစည်းရဲ့ ထောက်ခံချက်လိုမှာ ဖြစ်ပါတယ်။
လုံခြုံရေးပိုင်း ဆိုင်ရာမှာလည်း လျှောက်ထားသူတွေရဲ့ မှတ်ပုံတင်ကို အ၀င်ဂိတ်မှာ Scan ဖတ်တယ်။ ပြီး ရင် webcam  နဲ့ ဓာတ်ပုံရိုက်တယ်။ ပြီးမှ ၀င်ခွင့်ပေးပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ မြန်
မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကို ရန်ကင်းမြို့နယ်သို့ ပြောင်းရွှေ့ခဲ့သော်လည်း ပုံစံ ၁၉ ရုံးမှာ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်း၌ ဆက်လက် ဆောင်ရွက်ရမည်ဖြစ်သည်။

Posted by အိမ်လွမ်းသူ

နောင်တ တရားကြီး (၁၀) ပါး (သို့မဟုတ်) ကုက္ကုစ္စ (၁၀) ပါး

(၁) ငယ်ရွယ်စဉ်က ပညာသင်ကြားရန် အခွင့်အရေး ရပါလျက် ပညာကို မသင်ကြားဘဲ ဆိုးပေတေကာ ကျောင်းပြေးလုပ်၍ နောင်အခါမှ အသက်မွေးမှု မပြည့်စုံခြင်းကြောင့် နောင်တကြီးစွာ ရခြင်း။
(ငယ်စဉ်က ပညာ မသင်ခဲ့မိခြင်း)
(၂) ငယ်ရွယ်စဉ် အခါက ပစ္စည်းဥစ္စာ မရှာမိခဲ့၍ အိုမင်းရင့်ရော် နောင်သောအခါမှ မရှိဆင်းရဲ မွဲပြာကျသောကြောင့် နောင်တကြီးစွာ ရခြင်း။
(ဒုတိယ အရွယ်က ဥစ္စာ မစုခဲ့မိခြင်း)
(၃) ကောက်ကျစ်စဉ်းလဲ ကုန်းချောစကားဖြင့် ရန်တိုက်ပေးခဲ့ မိသောကြောင့် သေရာညောင်စောင်း လဲလျောင်းမိသောအခါ ငါပြုခဲ့မိတာမှားလေခြင်း ဟု နောင်တကြီးစွာ ရခြင်း။
(သူတစ်ပါး၏ ချစ်ခင်မှုများကို ဖျက်ဆီးခဲ့မိခြင်း)
(၄) သတ္တ၀ါများအား သနားမဖက် ရက်စက်ကြမ်းကြုတ်စွာ သတ်ခဲ့မိခြင်းကြောင့် သက်ရွယ် ကြီးရင့်လာသောအခါ ယူကြုံးမရ ဖြစ်ကာ နောင်တကြီးစွာ ရခြင်း။
(သူ့အသက်ကို သတ်၍ စားခဲ့မိခြင်း)
(၅) မသွားလာအပ်သော သူ့မယားနှင့် သမီးများကို သွားလာပေါင်းသင်း ဖျက်ဆီးမိခြင်းကြောင့် မိမိသားသမီးများ ရလာပါက နောင်တတဖန် ပူပန်ရခြင်း။
(သူတစ်ပါး သားမယားကို ဖျက်ဆီးခဲ့မိခြင်း)
(၆) များစွာသော ပစ္စည်းဥစ္စာ ဂုဏ်အင်္ဂါနှင့် ပြည့်စုံခဲ့ပါလျက် ဒါနတည်း ဟူသော လှူဒါန်းပေးကမ်းရန် သတိမရဘဲ မွဲပြာကျကာမှ ငါမလှူခဲ့မိတာ မှားလေခြင်းဟု နောင်တကြီးစွာ ရခြင်း။
(ပစ္စည်းရှိလျက် အလှူဒါန မစွန့်ကြဲခဲ့မိခြင်း)
(၇) မိဘို၊ ဖအိုများကို ကျွေးနိုင်မွေးနိုင် ဥစ္စာအင်အား ရှိပါလျက် အသက်ထင်ရှား ရှိစဉ်က ကျွေးမွေးရန် သတိမရဘဲ သေလွန်သွားပါမှ ငါမကျွေးခဲ့မိတာ မှားလေခြင်းဟု နောင်တကြီးစွာ ရခြင်း။
(မွေးမိ၊ မွေးဘတို့ကို မကွယ်လွန်မီ မပြုစုခဲ့ရခြင်း)
(၈) မွေးသည့် မိခင်၊ ဖခင် ကျေးဇူးရှင်တို့အား မထေမဲ့မြင် ပြုခဲ့ ပြောခဲ့ မိသောကြောင့် နောင်သောအခါမှ ရင်ထုမနာ ဖြစ်ရခြင်း။
(ကျေးဇူးရှင်များအား ကျေးဇူးကန်းခဲ့မိခြင်း)
(၉) သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံသော ရဟန်းကောင်း၊ ရဟန်းမြတ် လူပုဂ္ဂိုလ်များ ရှိပါလျက် မဆည်းကပ် မကိုးကွယ် မိခြင်းကြောင့် နောင်တကြီးစွာ ရခြင်း။
(သူတော်ကောင်း၊ ပညာရှိတို့၏ ဆုံးမစကား နည်းနာများကို မနာယူမိခဲ့ခြင်း)
(၁၀) ငြိမ်သက်သော အကျင့်၊ ခြိုးခြံသောအကျင့်သည် ကောင်း၏ဟု သူတော်ကောင်းများ ဟောကြားခဲ့ပါလျက် တွေဝေသည့်အတွက် မကျင့်ကြံခဲ့မိသောကြောင့် အခါနှောင်းကာမှ နောင်တကြီးစွာ ရခြင်း။
(၀ိပဿနာ တရားများ ကျင့်ကြံအားထုတ်မှု မရှိခဲ့ခြင်း)
ဤ နောင်တတရား စာစုကို ဖတ်ရှုခြင်းဖြင့် ကုသိုလ်ကောင်းမှုများ ပွားများ အားထုတ်နိုင်ကြပါစေ။

အရှင်ဉာဏဒီပ (ဓမ္မရတနာ)
Posted by ဝတီ

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၂၀)

CLAUSES (3) - Adjective Clauses (2)
 အရင်ခန်းက Subject မှာ သုံးတဲ့ Relatives ကို ဖော်ပြခဲ့ပြီ။ ကျန်သေးတဲ့ တစ်ခုကတော့  ပိုင်ဆိုင်သူကို ဖော်ပြတဲ့ whose ပါပဲ။ Defining ရော ၊ Non-defining ပါ သူ့ကို သုံးတယ်။ Comma မပါတာနဲ့ ပါတာပဲ ထူးခြားပါတယ်။
The boy whose book you want is not here.
Maung Soe, whose book you want, is not here.
မှတ်ချက်။.......... ။whose သုံးထားတဲ့ ၀ါကျမျိုးကို မြန်မာလို တိတိကျကျ ဘာသာပြန်ဖို့ ခဲယဉ်းတယ်။ လှည့်ပတ်ပြီးတော့ သာ ပြန်နိုင်တယ်။ ၀ါကျနှစ်ခုကို ခွဲပစ်တန်ခွဲပစ်ရတယ်။
( ခင်များစာအုပ်လိုချင်တဲ့ကောင်လေးက ဒီမှာမရှိဘူး ) လို့ပြောလျှင်ရပါရဲ့။ မရှင်းလှပါဘူး။
( ကောင်လေးရဲ့ စာအုပ်ကို ခင်များက လိုချင်တယ်၊ အဲဒီ ကောင်လေးဒီမှာမရှိဘူး ) လို့ ပြောမှ ရှင်းရှင်းလင်းလင်း နားလည်မယ်။ ( သူ့စာအုပ်ကို ခင်များလိုချင်တဲ့ ကောင်လေးဟာ ဒီမှာမရှိဘူး ) လို့ အချို့ ပြန်နည်းမျိုးဟာ မြန်မာစကားမပီသပေဘူး။
Whose ကို ကွက်လပ်မှာဖြည့်ရတာ အခက်အခဲ မရှိပါဘူး။ အဓိပ္ပာယ်ကို သိလျှင် ( သူက သူ့ကို ပိုင်တယ်လို့ နားလည်လျှင် ) မှန်မှန်ကန်ကန်ဖြည့်နိုင်မှာပါပဲ။
The boy ………. want to see you is coming.
The boy ………. you want to see is coming.
The boy ………. father you want to see is coming.
ပထမ၀ါကျကို ကြည့်လျှင် ကွက်လပ်နောက်မှာ want ဆိုတဲ့ verb ရှိနေတယ်။ Verb ရှေ့က subject ရှိမြဲ ။ ဒီတော့  ဖြည့်ရမယ့် relative ဟာ subject ဖြစ်ရမယ်။ လူဆို who ပေါ့ ။
ဒုတိယ၀ါကျကိုကြည့်လျှင် you ဆိုတဲ့ subject နဲ့ want ဆိုတဲ့ verb ရှိနေပြီ။ ဒီတော့ လိုတာဟာ verb ရဲ့ object ပဲ ဖြစ်ရမယ်။ မင်းက သူ့ကိုတွေ့ချင်တယ်။ တကယ်လို့ non-defining သာ ဖြစ်လျှင်တော့ whom ထည့်ရမှာပဲ။အခုတော့  defining ဖြစ်နေတဲ့အတွက်ဘာမှမထည့်တော့ဘူး။

Tuesday, July 19, 2011

Happy Birthday To Our Lovely Friend

အမှတ်တရ မွေးနေ့ပွဲလေးပေါ့ဗျာ။ စလုံးမှ အပြီးပြန်သွားသော သူငယ်ချင်း ၂ ယောက် ကိုလည်း အမှတ်တရ အနေနဲ့ တင်လိုက်ပါတယ်။ 19-June-2011 သူငယ်ချင်း ကိုဂျွန်မျိုးမင်း ရဲ့ မွေးနေ့ပွဲဖြစ်ပါတယ်။
             


Posted by သူငယ်ချင်းတစ်ဦး
မေ့မရသော အာဇာနည်နေ့ အပိုင်း(၁)

Posted by သူငယ်ချင်းတစ်ဦး
မေ့မရသော အာဇာနည်နေ့ အပိုင်း(၂)

Posted by သူငယ်ချင်းတစ်ဦး

အာဇာနည်နေ့ဂုဏ်ပြုတေးများ


02 Ah Lay Pyu Par Tel- May Hla Myaing by myomyintcho

Posted by သူငယ်ချင်းတစ်ဦး

ဓမ္မစကြာနေ့



Posted by ဝတီ

ကျောင်းတော်ကြီး ကိုအလွမ်းပြေ ပြန်ကြည့် ရအောင် သူငယ်ချင်းတို့...



Posted by MTLA GTI GROUP

Billie Jean

Michael Jackson ရဲ့ Moon Walk ကိုခံစားကြည့်ရအောင်။ ဘယ်တော့မှ မရိုးနိုင်တဲ့ အကလေးတွေပါပဲ။ 




Posted by ငခဲ

ထူးအိမ်သင် - ဂျပ်ဆင်ထိပ်က လရိပ်ပြာ


Posted by ငခဲ

၁၉ ဇူလိုင် မမေ့နိုင်

မြန်မာပြည်လွတ်လပ်ရေးရအောင် သက်စွန့် ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသော ဗိုလ်ချူပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား ဦးညွှတ် အလေးပြုအပ်ပေသည်။
Posted by သူငယ်ချင်းတစ်ဦး

အာဇာနည်ခေါင်းဆောင်ကြီးများ၏ မူလအာဇာနည်ဗိမာန်

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့ မှာ အာဏာရူးလူတစ်စုရဲ့  လုပ်ကြံသတ်ဖြတ်မှုကြောင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချူပ်အောင်ဆန်းနဲ့  အာဇာနည်ခေါင်းဆောင်ကြီးများ အသက်ဆုံးရှူံးခဲ့ကြရပြီး တစ်တိုင်းတပြည်လုံး ၀မ်းနည်းပူဆွေးခဲ့ကြသည်။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချူပ်အောင်ဆန်းနဲ့  အာဇာနည်ခေါင်းဆောင်ကြီးများအား ဦးညွှတ်ဂုဏ်ပြု အောက်မေ့တမ်းတ လွမ်းဆွတ်ကြပြီး၊ လွတ်လပ်ရေးရရှိရေးအတွက် သက်စွန့် ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသော ဂုဏ်ကျေးဇူးကို အလေးထားသောအားဖြင့် နှစ်စဉ်နှစ်တိုင်း အာဇာနည်ဗိမာန်ရှိရာသို့  ပြည်သူပြည်သားများ သွားရောက် ဂါဝရပြုလေ့ရှိကြသည်။
 ဗိုလ်ချူပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများရဲ့  ရုပ်ကလပ်များ ဂူသွင်းသင်္ဂြိုလ်ခဲ့ရာ မူလ အာဇာနည်ဗိမာန်၏ သမိုင်းကြောင်းအကျဉ်းအားဖြင့် ဖေါ်ပြအပ်ပါသည်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီးနောက်တွင် အာဇာနည်ဗိမာန်တည်ဆောက်ရေးကော်မတီကို ဥက္ကဋ္ဌသခင်နုက ဦးဆောင်ဖွဲ့စည်းခဲ့ရာ၌ ဆာဘဦး (နိုင်ငံတော်တရားဝန်ကြီးချုပ်)၊ ဦးသိမ်းမောင် (လွှတ်တော်တရားဝန်ကြီးချုပ်)၊ ဦးစံလွင် (စာရင်းစစ်မင်းကြီး)၊ ဦးသန်းစိန် (ပါလီမန်အမတ်)၊ ဦးထွန်းတင် (မြို့တော်ဝန်)၊ ဦးစိန် (ကရင်နီ (ကယား) ရေးရာ ပါလီမန်အတွင်းဝန်)၊ ဒေါ်လှမေ၊ ဦးကျော်စိန်နှင့် ဦးအုန်းကြိုင်(အင်ဂျင်နီယာ) တို့ ပါဝင်ခဲ့ကြပါသည်။
အာဇာနည်ဗိမာန်တည်ဆောက်ရေးအတွက် အာဇာနည်ဗိမာန်အက်ဥပဒေကို သတ္တမမြောက် တိုင်း ပြည်ပြုလွှတ်တော် (ပါလီမန်) အစည်းအဝေး၌ ၄ ရက်နေ့ ၊ ဖေဖော်ဝါရီလ၊ ၁၉၄၉ ခုနှစ်တွင် တင်သွင်းခဲ့ရာ ယင်းနှစ်၌ပင် ပါလီမန်က အတည်ပြုပေးခဲ့ပါသည်။
သို့ဖြစ်၍ အာဇာနည်ဗိမာန်ပုံစံကြမ်းကို ပြည်သူပြည်သားများ၊ စေတနာရှင်များထံမှ ဖိတ်ခေါ်ကာ ရွေးချယ်အတည်ပြုပေးခဲ့တယ်လို့  သမိုင်းမှတ်တမ်းများက အဆိုကြပါသည်။

အာဇာနည်ဗိမာန် တည်ဆောက်ပြီးစီးချိန်မှာ ဗိုလ်ချူပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများရဲ့  ရုပ်ကလပ်များကို ဂျူဗလီဟောမှနေ အာဇာနည်ကုန်းတည်ရှိရာ အာဇာနည်ဗိမာန်သို့  ပို့ ဆောင်ကာ ဂူသွင်းသင်္ဂြိုလ်ခဲ့ကြပါသည်။

မူလ အာဇာနည်ဗိမာန်ဟာ ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့  မြောက်ဘက်မုဒ်အရပ်ဘက်ရှိ အာဇာနည်ကုန်းတွင် တည်ရှိခဲ့တာ ဖြစ်ပါသည်။
Posted By မိတ္ထီလာGTI ကျောင်းသားပောာင်းတဦး

ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နှုတ်ချက် (စုစည်းမှု-၁)

၁၉၄၅ ခုနှစ်၊ သြဂုတ်လ စတုတ္ထအကြိမ်မြောက် နိုင်ငံခေါင်းဆောင်များ အစည်းအဝေးတွင် မြွက်ကြားသည့် မိန့်ခွန်း ကောက်နှုတ်ချက်
ယခုအခါမှာ ငြိမ်းချမ်းရေးကို အဖျက်ဆီးဆုံးဝါဒဟာ ဖက်ဆစ်ဝါဒဖြစ်လို့ ဒီဝါဒ ကမ္ဘာမှာ ဘယ်နေရာမှာဖြစ်ဖြစ် ရှိနေရင် စစ်ဖြစ်ဦးမှာမို့လို့ ဒီဝါဒ ပပျောက်အောင် လုပ်ဖို့လိုတယ်။ ဒီတွင်လားဆိုရင် မဟုတ်သေးဘူး။ ဒီဝါဒမျိုးဟာ သူတို့ပြည်မှာလည်း တိုင်းသူပြည်သားတွေကို ချုပ်ချယ်တယ်။ ကမ္ဘာမှာလည်း အင်မတန် ရိုင်းစိုင်းသေးနုပ်တဲ့ လူမျိုးရေးဝါဒကို လက်ကိုင်ထားပြီး ပိုပြီးချုပ်ချယ်ဖို့ ရည်ရွယ်ချက်ရှိတယ်။ ကမ္ဘာမှာလည်း ကမ္ဘာ့လွတ်လပ်ရေးကို ထိခိုက်တယ်။ ကမ္ဘာ့လွတ်လပ်ရေးကို ထိခိုက်လို့ရှိရင် ကမ္ဘာ့လွတ်လပ်ရေး မရှိနိုင်ဘဲ ဖြစ်သွားမယ်။ ကမ္ဘာ့လွတ်လပ်ရေး မရှိရင် ဗမာ့လွတ်လပ်ရေးဆိုတာလည်း မရှိနိုင်ဘူး။ ဒါကြောင့် ဖက်ဆစ်ဝါဒ ကမ္ဘာမှာ ပပျောက်ရေးကို ကျနော်တို့ ရည်ရွယ်ချက်ထဲမှာ ထည့်ထားတယ်။ ကမ္ဘာမှာ အဲဒီ ၀ါဒမျိုးကို တိုက်ဖျက်မယ့်သူတွေနဲ့ အမြဲပူးပေါင်းပြီး အခွင့်အာဏာရတိုင်း ဆောင်ရွက်ဖို့ပဲ။

ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နှုတ်ချက် (စုစည်းမှု-၂)

၁၉၄၇ ခုနှစ်၊ မေလ (၁၉) ရက် ဖဆပလ ပဏာမ ပြင်ဆင်မှုညီလာခံ မိန့်ခွန်းကောက်နှုတ်ချက်
တော်လှန်ရေးဆိုတာ လူထုက လူထုရဲ့ကံကြမ္မာကို အခြေခံကနေပြီး ဖန်တီးရာမှာ ဘယ်လိုပဲဖြစ်ဖြစ်ဆိုပြီး လူထုကိုယ်တိုင် ပါဝင်ဆောင်ရွက်ခြင်း ဖြစ်တယ်။ ရာဇ၀င်ကြောင်းအရ မလွှဲမရှောင်သာလို့လည်း လိုတယ်။ ဖြစ်ပျက်ပေါ်ပေါက်နေတဲ့ ရာဇ၀င်အခြေအနေ အချက်အလက်တွေနဲ့ အခြားတစ်လမ်းဖြစ်တဲ့ အခြောက်တိုက်စိတ်ကူး စီမံကိန်းမျိုးနဲ့တော့ မဖြစ်နိုင်ဘူး။ ပြီးတော့ မျက်စိစုံမှိတ်ပြီး အကန်းလို ရမ်းလို့ မဖြစ်ဘူး။ တစ်ဖက်တွင်သာလုပ်တဲ့အလုပ်၊ အလိုအလျောက် လူထုထကြွမှု၊ ဖျက်ဆီးရုံအလုပ်ကိုလည်း လက်မခံနိုင်ဘူး။ အဲဒါတွေကြောင့် တော်လှန်ရေးဆိုတာ အကြီးကျယ်ဆုံး ပြုပြင်ဖန်တီးတတ်တဲ့ သတ္တိရှိပါတယ်။
တော်လှန်ရေးရဲ့ အခြေခံရည်ရွယ်ချက်ကြီးကတော့ လုပ်စားကိုင်စား လူထုကြီးလွတ်လပ်မှု ဖြစ်ပါတယ်။ တော်လှန်ရေးရဲ့ အခြေခံအုတ်မြစ်ကတော့ လူထုပါဝင်အောင် ဆောင်ရွက်ရေး ဖြစ်ပါတယ်။ တော်လှန်ရေးအောင်မြင်မှု အခြေခံကတော့ လူထုကြီးရဲ့ နိုးကြားထကြွမှု တနည်းအားဖြင့် လူထုကြီးအား ဘယ်အထိ ဖွဲ့ဖွဲ့စည်းစည်းရှိလို့ ဘယ်အထိ မိမိရဲ့တာဝန်နဲ့ တန်ခိုးအာဏာကို သိရှိနားလည် နိုးကြားသလဲဆိုတဲ့ အပေါ်မှာ တည်ပါတယ်။
ကျနော်တို့ အခုလုပ်နေတာတွေ အားလုံးတွေဟာ ဘာကိုလုပ်နေတာလဲ၊ ကျုပ်တို့တိုင်းပြည်ကြီးကို တော်လှန်ပြောင်းလဲနေကြတာပဲ မဟုတ်လား။ အဲဒီလို တော်လှန်ပြောင်းလဲနေတဲ့အခါ ကြမ်းသင့်အခါလည်း ကြမ်းခဲ့တယ်။ ကြမ်းစရာလိုသေးရင်လည်း ကြမ်းရအုံးမှာပဲ။ အမိဝမ်းက ဖွားမြင်လာတဲ့ကလေးဟာ မမွေးခင် ပဋိသန္ဓေတည်ရတယ်။ နေ့ရက်စေ့မှ မွေးဖွားရတယ်။ အဲဒီမတိုင်မီ မွေးဖွားရင် သေရင်လည်း သေမယ်။ လျှောရင်လည်း လျှောမယ်။ ချည့်နဲ့ရင်လည်း ချည့်နဲ့မယ်။ အင်မတန်ကောင်းခဲတယ်။ ပြီးတော့ မွေးဖွားတဲ့အခါမှာလည်း ပြင်းပြင်းထန်ထန်နဲ့ ဖွားရတာရှိတယ်။ သက်သက်သာသာနဲ့ ဖွားရတာရှိတယ်။ အမေ၊ အဖေရဲ့ ကျန်းမာရေး၊ လက်သည်လုပ်တဲ့သူ ကျင်လည်မှု အစရှိတဲ့ အခြေအနေတွေအရ ဖြစ်တာပဲ။
Posted by သူငယ်ချင်းတစ်ဦး

ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နှုတ်ချက် (စုစည်းမှု-၃)

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ(၁၃)ရက်နေ့ မြို့တော်ခန်းမ၌ ကျင်းပသော ပြည်သူ့အစည်းအဝေးကြီးတွင် ပြောကြားခဲ့သော ဗိုလ်ချုပ်၏ နောက်ဆုံးမိန့်ခွန်းမှ ကောက်နှုတ်ချက်
ကျနော်တို့ကလည်းဘဲ လွတ်လပ်ရေးကို အေးအေးချမ်းချမ်းရနိုင်အောင် ကျနော်တို့ ကြိုးစားမယ်။ အဲဒီလိုကြိုးစားမယ်ဆိုပြီးတော့ ကျနော်တို့ လုပ်နေတယ်။ ဒီလိုလုပ်နေတဲ့အတိုင်း ကျနော်တို့လုပ်တဲ့ လုပ်ငန်းဟာ အောင်မြင်သလား မအောင်မြင်ဘူးလားဆိုတာ ယခုနေအခါ ဘယ်သူမှ မပြောနိုင်သေးဘူး။ ဘာဖြစ်လို့လည်းဆိုရင် အချိန်တွေလိုပါသေးတယ်။ ကျနော်တို့ လုပ်နေတဲ့လုပ်ငန်းတွေဟာ မပြီးသေးဘူး။ ပြီးလာတဲ့တစ်နေ့ ခင်ဗျားတို့ မြင်လာတဲ့တစ်နေ့မှာ ကျနော်တို့လုပ်ငန်းတွေဟာ အောင်မြင်သလား၊ မအောင်မြင်ဘူးလား ဆိုတာ ခင်ဗျားတို့မြင်နိုင်မှာပဲ။
အဲဒီလိုမြင်လာတဲ့အခါမှာ ဖဆပလအဖွဲ့ချုပ်ဟာ ဘယ်လိုအဖွဲ့ချုပ်မျိုးလဲ၊ အလုပ်လုပ်တဲ့နေရာမျိုးမှာ ဘယ်လိုထိရောက်အောင် လုပ်နိုင်သလဲဆိုတာ ခင်ဗျားတို့ မြင်လာမယ်။ အဲဒီတော့ အခုနေအခါမှာ ကျနော် ဘာမှ သိပ်ကြီးကြီးကျယ်ကျယ် ပြောနေဖို့မလိုပါဘူး။ အဲဒီတော့ ဖဆပလအဖွဲ့ချုပ်က ဘာမှ သွေဖီပြီးတော့ လုပ်နေတာ မရှိပါဘူး။ ဒီလွတ်လပ်ရေးရအောင် ဆိုပြီး လုပ်နေတာပဲ။ သို့သော်လည်းပဲ အဲဒီလို လွတ်လပ်ရေးရအောင် ကျုပ်တို့လုပ်နေတဲ့နေရာမှာ အလွယ်ဆုံး၊ အကောင်းဆုံး၊ အအေးဆုံးနည်းကို ရှာတယ်။ အဲဒီလို ရှာတာကို ကျုပ်တို့ကို ဘာအပြစ်ပြောစရာ ခင်ဗျားတို့ရှိသလဲ။ ဘယ်သူတွေက ဘာဖြစ်လို့ ကျုပ်တို့ကို အပြစ်တင်နေရသလဲ။

ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နှုတ်ချက် (စုစည်းမှု-၄)

၁၉၄၆ ခု ဇွန်လ ၇ ရက်နေ့တွင် ကန်တော်မင်ပန်းခြံ၌ လူထုဆန္ဒပြ ကန့်ကွက်ပွဲ အစည်းအဝေးမှ ကောက်နှုတ်ချက်
ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို တရားသဖြင့် တောင်းဆိုခြင်းကို လမ်းကုန်အောင် ဆောင်ရွက်ရလိမ့်မယ်။ ယခုလို တရားသဖြင့် တောင်းဆိုချက်တွေကို မရရင် ဘာလုပ်မယ်ဆိုတာတွေလည်း ဖဆပလ ဥက္ကဋ္ဌ မိန့်ခွန်းမှာ ဖြေရှင်းပြခဲ့ပြီးဖြစ်တယ်။ လွတ်လပ်ရေးတိုက်ပွဲ အထိ ရောက်ချင်မှ ရောက်လိမ့်မယ်။ သို့ပေမယ့် ပြင်ဆင်ထားရမယ်။ လွတ်လပ်ရေးဆိုတာဟာ ချက်ချင်း ရချင်မှရတာ။ ကျုပ်တို့ လိုလားချက်ဟာ တရားသဖြင့် နည်းနဲ့ ရချင်မှရမယ်လို့ သံသယရှိတယ်။ အဲဒီကိစ္စတွေဟာ တိုင်းပြည်တွင်လား မဟုတ်ဘူး။ ဗြိတိသျှအစိုးရ အပေါ်မှာလည်း တာဝန်ရှိတယ်။ ဗြိတိသျှအစိုးရဟာ သူတို့နယ်အတွင်းရှိ တိုင်းပြည်များ ဆူပူခြင်းကို မလိုဘူးဆိုပေမယ့် သူတို့ ဒီလို လုပ်နေရင် မပေါ်သင့်ပဲနဲ့ ဆူပူမှုတွေ ပေါ်လာလိမ့်မယ်။ ကျုပ်တို့ကလည်း လွတ်လပ်ရေးတိုက်ပွဲ မဆင်နွှဲပဲနဲ့ ပြီးမြောက်သွားလိုပေမယ့် ကျုပ်တို့ တစ်ဖက်တည်းအပေါ်မှာ တည်နေတာ မဟုတ်ဘူး။
တိုင်းပြည်က နားလည်ထားသင့်တာက တိုက်ပွဲဆိုတာက ပရိယာယ်အကြီး၊ ပရိယာယ်အသေး ဆိုတာတွေနဲ့ သူ့နေရာနဲ့သူ တိုက်ရတယ်။ နောက်ဆုတ်သင့်ဆုတ် ရှေ့တိုးသင့်တိုး အခြေအနေကြည့်ကာ ပရိယာယ်သုံးသွားရတယ်။ ကျုပ်တို့ တိုင်းသူပြည်သားများကို ယုံကြည်ပါတယ်။ အခုပြောရင် အခုလုပ်ကြမယ်ဆိုတာ သိရပေမယ့် လွတ်လပ်ရေးတိုက်ပွဲအထိ မရောက်စေပဲ တိုက်ပွဲကလေးများနဲ့ပင် လိုရာရောက်အောင် တိုင်းပြည်အခြေအနေကို ကြည့်ပြီး ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နှုတ်ချက် (စုစည်းမှု-၅)

၂၃--၁၉၄၆ ရက်နေ့တွင် ဖဆပလ ပြည်လုံးကျွတ်ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း တင်သွင်းခဲ့သည့် ညီညွတ်ရေးအဆို မိန့်ခွန်းမှ ကောက်နုတ်ချက်
ကျနော်တို့ဟာ တိုင်းပြည်နဲ့ လူထုလွတ်လပ်ရေးကို အမြဲတမ်း သစ္စာမဖောက်ဘဲ လုပ်ပါမယ်ဆိုတဲ့အကြောင်း ပဋိညာဉ်ကတိ ပေးထားပါတယ်။ အဲဒီလို ပဋိညာဉ်ပေးထားတဲ့အတိုင်း ညီညွတ်ရေးအဆိုကို တင်သွင်းရခြင်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ကာ လွတ်လပ်ရေးလုပ်တဲ့ကိစ္စမှာ တတိုင်းတပြည်လုံး သွေးစည်းပြီး စည်းစည်းလုံးလုံး အလုပ်လုပ်မှ ဖြစ်နိုင်မှာမို့ပဲ။ ဒီလိုမလုပ်ရင် ညီညွတ်ရေး မရဘူး။ မရဘူးဆိုလို့ရှိရင် တိုင်းပြည်နဲ့လူမျိုး လွတ်လပ်ရေးဟာ ကျကျနန မဖြစ်နိုင်ဘူး။ မဖြစ်နိုင်လို့ရှိရင် ညီညွတ်ရေးကို ပျက်စီးရာ ပျက်စီးကြောင်း လုပ်တဲ့သူတွေ၊ ကျနော်တို့ကိုယ်တိုင်က ညီညွတ်ရေးကို ဖြစ်မြောက်အောင် တတ်နိုင်သမျှ ဆောင်ရွက်ခြင်းမရှိရင် ခုန တိုင်းပြည်အတွက် လူမျိုးအတွက် အင်မတန် အသက်စွန့်စားပြီး လုပ်ကိုင်ဆောင်ရွက်သွားကြတဲ့ သူတွေကို သစ္စာဖောက်ရာ မလေးစားရာကျမှာမိုလို့ ဒီညီညွတ်ရေးအဆိုကို ကျနော်တင်သွင်းခြင်း ဖြစ်ပါတယ်။
ခုနေအခါမယ် ဗမာပြည်ဟာ ဘာအလိုဆုံးလဲဆိုလို့ရှိရင် ညီညွတ်ရေးလိုတယ်။ ဘာကြောင့် ညီညွတ်ရေး လိုသလဲ။ ကျနော်တို့ ဗမာပြည်ဟာ အာဏာပိုင် တိုင်းပြုပြည်ပြုလွှတ်တော်ကြီး ခေါ်၍ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော အခြေအနေမျိုး ဆိုက်ရောက်အောင် (၀ါ) လွတ်လပ်ရေးရအောင် ဆောင်ရွက်ဖို့ လိုပါတယ်။ လွတ်လပ်ရေးဆိုတော့ကာ ကျနော်တို့ လွတ်လပ်တဲ့နိုင်ငံ တည်ထောင်မယ်ဆိုရင် တိုင်းပြုပြည်ပြု လွှတ်တော်ကြီးကို တည်ထောင်ရမယ်။ အဲဒီ တိုင်းပြုပြည်ပြုလွှတ်တော်ကြီးက လွတ်လပ်တဲ့တိုင်းနိုင်ငံ ထူထောင်တဲ့အခါ ကျရင် ဖွဲ့စည်းပုံ ဥပဒေ အစီအစဉ်တွေ စီမံရမယ်။ ဒီတိုင်းပြည်ကြီးကို ဘာစနစ်နဲ့ အုပ်ချုပ်မှာလဲ။ သမ္မတစနစ်နဲ့ အုပ်ချုပ်မလား။ ဘယ်စနစ်နဲ့ အုပ်ချုပ်မလဲ။ ဘယ်လိုတိုင်းပြည်မျိုး ထူထောင်မလဲ။ ဘယ်လိုလုပ်ရမလဲဆိုတာ စီစဉ်ရမယ်။ အဲဒီလို စီစဉ်ပြီးတဲ့အခါကျတော့မှ လွတ်လပ်ရေးလုပ်ငန်းဟာ ပေါ်လာမယ်။

Monday, July 18, 2011

ဦးခင်အောင် - ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ
Posted By မိတ္ထီလာGTI ကျောင်းသားပောာင်းတဦး

တရားဓမ္မ မမေ့ကြစေဖို့

    ကျွန်တော်တို့တွေ ရဲ့နေ့တဓူဝ ကိစ္စတွေမှာ စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာတွေများစွာနဲ့ လှုပ်ရှား ရုန်းကန်နေ ကြရတာတွေက များလှပါတယ်။ ဒီတော့ ကိုယ်အနားရတဲ့ အချိန်လေးတွေမှာ စိတ်အပန်းပြေမှုအတွက် ကိုယ်နှစ်သက်တာ လေးတွေလုပ်ပြီး Stress တွေကိုလျှော့ကြရပါတယ်။ ဒါဟာလည်း ကိုယ့်အလုပ်မှာ အောင်မြင်မှု အတွက်အထောက်အကူ ဖြစ်စေတာတော့ အမှန်ပါ။ ဗုဒ္ဒ္ဒ္ဓ္ဓ္ဓ္ဓ္ဓရဲ့အဆုံးအမ အတိုင်းကျင့်ကြံအား ထုတ်နေနိုင်ရင်တော့ ဒီသံသရာတင်သာမက၊ နောင်သံသရာအတွက်ပါ အင်မတန်မှ အကျိုးများလှပါတယ်။ အားတဲ့အချိန်မှာ ကျွန်တော်တို့အနေနဲ့ ဘုရားတရား မလုပ်ဖြစ်တာကများပါတယ်။ အောက်မှာဖော်ပြထားတဲ့ ပုံလေးကို တွေ့လိုက်တော့ ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ အတော်လေးပီတိဖြစ်မိတာ ကတော့ အမှန်ပါခင်ဗျာ။ တကယ်ကို မုဒိတာပွားမိပါတယ်။ ခေါင်းထဲမှာလည်း အသိဥာဏ်တစ်ခု လင်းလက်သွားပါတယ်။ ၎င်း သူငယ်ချင်းလို အင်မတန်မှ အလုပ်များလှသော သူပင် တရားဓမ္မကို အချိန်ရသခိုက် အကျိုးရှိအောင် လုပ်နေသကဲ့သို့ ကျွန်တော်တို့လို သူ့ထက်အချိန်ပေါများ သောသူတွေ အဖို့ ပိုပြီးအားထုတ် သင့်ပါကြောင်း နိဗ္ဗန်အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါတယ် ခင်ဗျာ။



Posted by MTLA GTI GROUP

Sunday, July 17, 2011

ဝါဆိုလပြည့်ကျော် ၁ရက် ရွှေတိဂုံစေတီတော်မှ ထူးခြားစွာ ကောင်းကင်ပေါ်တွင် အရိပ်ထင်

ဝါဆိုလပြည့်နေ့က ရွှေတိဂုံစေတီတော် နှစ် ၂၆၀၀ ပြည့် ဆီမီး ၂၆၀၀ ပန်း ၂၆၀၀ သစ်သီး ၂၆၀၀ ဆပ်ကပ်ပူဇော်ပွဲ အကြောင်း ကျွန်တော် "forever fiends" နဲ့ ဧဒင်ဥယျာဉ်မှာ စာတင်ခဲ့ပါတယ်။  ဘုရားရဲ့ နှစ်အတိကျကို ကျွန်တော်လဲ သေချာမသိပါဘူး။ ရန်ကုန်က သူငယ်ချင်းပြောပြလို့ ကျွန်တော်သိရသလို  ရွှေတိဂုံစေတီတော်နဲ့ ဝေးကွာ နေတဲ့ အဝေးရောက် ညီကိုမောင်နှမ သူငယ်ချင်းတွေအတွက် အသိပေးချင်စိတ်သက်သက်ပါ။ အမှားယွင်းတစ်စုံတစ်ရာပါခဲ့ ခွင့်လွှတ်ပေးဖို့တောင်းပန်ပါတယ်
နှစ် ၂၆၀၀ ပြည့်အထိမ်းမှတ်ပူဇော်ပွဲပုံတော်တွေကို ရန်ကုန်ကသူငယ်ချင်းအကူညီနဲ့ တင်ပေးလိုက်ပါတယ်။ ၀ါဆိုလပြည့်ကျော် ၁ရက်နေ့က ရိုက်ခဲ့တဲ့ပုံပါ။ connection အခက်ခဲကြောင့် ၂ပုံပဲ ကျွန်တော် တင်ပြနိုင်ခဲ့ပါတယ်။
ဒီပုံကတော့ ရွှေတိဂုံစေတီတော် နှစ်၂၆၀၀ပြည့်အတိမ်းမှတ် ပူဇော်ပွဲ ဆိုတာကို ဆိုင်းဘုတ်စာတန်းမှာ မြင်နိုင်ပါတယ်။
 
ဒီပုံကတော့တော်တော်ကိုထူးခြားပါတယ်။ ဘုရားရင်ပြင်တော်ပေါ်မှာ ည ၈လောက်က ကောင်းကင်ပေါ်မှာ  ရွှေတိဂုံ စေတီအရိပ် ထင်နေတုန်းရိုက်လို့ရခဲ့တာပါ။ အဲဒီချိန် ဘုရားပေါ်ရောက်နေတဲ့ သူတွေ အလုယက်ပူဇော်ကြ ဓာတ်ပုံရိုက်ကြနဲ့  ခဏပါပဲ ပြီးတော့မပေါ်တော့ပါဘူး။( အရင်ပုံမှန်ချိန်တွေ အဲလို ပေါ်မနေပါဘူးတဲ့ ) ကျွန်တော်ဖူးမြော်ရသလို ညီကိုမောင်နှမတွေ ဖူးမြော်ရအောင် တင်ပေးလိုက်ပါတယ်။.....  ဘယ်လို ဖန်တီးမှု့မျိုးမှမပါပါဘူး။ အဲချိန်ဘုရားရင်ပြင်တော်ပေါ်ရှိနေတဲ့ သူတွေလဲ ဒီဖြစ်စဉ်ကို မြင်တွေ့ကြမှာပါ။
 
connection အခက်ခဲကြောင့် ညီကိုမောင်နှမတွေအတွက် ဒီပုံတော်တွေကိုပဲ ဦးဦးဖျားဖျား တင်ပေးလိုက်ပါတယ်
ကျွန်တော့် သူငယ်ချင်းညီကိုမောင်နှမတွေအားလုံးနဲ့ လောကသက်ရှိအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ငြိမ်းအေးချမ်းသာရှိကြပါစေ။ မိသားစုတွေ မခွဲမခွာနဲ့ အပူပင်သောက ကင်းဝေးကြပါစေ...
(ကျွန်တော် Mail Box ထဲရောက်လာတဲ့ Forward Mail ကို သူငယ်ချင်းတို့အားလုံး ကြည်ညိုနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။)

 Posted by ဂျွန

Saturday, July 16, 2011

စာအုပ်မရှိတဲ့ စာကြည့်တိုက် (bookless library)


ယခု အနောက်မှ တက္ကသိုလ်နှင့် ကောလိပ်အချို့တွင် စာအုပ်မရှိတဲ့ စာကြည့်တိုက် (bookless library) များ ခေတ်စား လာသည်။
အမေရိကန် ပင်ဆဲလ်ဗေးနီးယားပြည်နယ် ဖီလာဒဲလ်ဖီယားမြို့ကြီးရှိ Drexel တက္ကသိုလ်တွင် သုတေသနဌာန စာကြည့်တိုက်အသစ်ကို ပြီးခဲ့တဲ့လမှာ ဖွင့်လှစ်ခဲ့ပြီး၊ စာအုပ်များ မထားဘဲ ကွန်ပျူတာများသာ ထားရှိသည်ဟု စာကြည့်တိုက် တာဝန်ခံ Danuta Nitecki က စီအင်အင် သတင်းဌာနကို ပြောခဲ့သည်။
ကွန်ပျူတာများစွာကို စီတန်း ချထားပြီး၊ ဖီလာဒဲလ်ဖီးယား တက္ကသိုလ်ရဲ့ ‘အီးဘွတ်’ နှင့် အခြား အီလက်ထရောနစ် စီဒီများ စုစုပေါင်း ၁၇၀ သန်း ကို စာဖတ်သူများ အလွယ်တကူ အသုံးပြုနိုင်ဖို့ စီစဉ်ပေးထားသည်ဟု ဆိုသည်။
စာကြည့်တိုက်သစ်ကို ဒီဇိုင်း ဆွဲပေးခဲ့သူ Scott Erdy ကလည်း ပရိဘောဂတွေ ထိုင်ခုံတွေ ကွန်ပျူတာတွေကို နံရံတွေကို စိတ်ကြိုက် ပုံစံနေရာအမျိုးမျိုး ရွှေ့နိုင်အောင် စီစဉ်ပေးခဲ့ကြောင်း ပြောသည်။ သူက “ကျနော်တို့ စာအုပ်တွေ ထားဖို့ အဆောက်အဦ ဆောက်တာမဟုတ်ဘူး၊ ကျောင်းသားတွေ သင်ယူလေ့လာဖို့၊ အသိပညာ ဖလှယ်ဖို့ အဆောက်အဦကို ဆောက်ထားတာ” ဟု ရှင်းပြသည်။ စာကြည့်တိုက် အဆောက်အဦတွင် စာအုပ်များအတွက် နေရာမရှိတော့သော အခြေအနေသို့ ရောက်ခဲ့ပြီ။
၂၀၀၀ ခုနှစ်မှာ အမေရိကန် Kansas State University က စာအုပ်မဲ့ စာကြည့်တိုက်ကို ပထမဆုံး စတင်ဆောင်ရွက်ခဲ့ပြီး၊ အင်ဂျင်နီယာ ကျောင်းသားများအတွက် ကွန်ပျူတာခန်းများ၊ အီးဘွတ်များ စီစဉ်ပေးခဲ့သည်။ နောက်ပိုင်း Texas တက္ကသိုလ်နှင့် အခြား တက္ကသိုလ်များတွင် စာအုပ်မထား စာကြည့်တိုက်များကို ထူထောင်လာကြသည်။
ယခု ‘စာအုပ်တွေ မထားတော့ရင် စာကြည့်တိုက်ဆိုတာ အဓိပ္ပါယ် ရှိပါဦးမလား’ ဆိုတဲ့ မေးခွန်းကို ဆွေးနွေးလာကြသည်။

Posted  by ထွန်းမြင့်ဌေး

Friday, July 15, 2011

ကွန်ပြူတာအသုံးပြုသူတိုင်း အသုံးဝင်သည့် စာအုပ်များ

ကျွန်တာ် internet ကနေ ရှာလို့ရထားတာလေးတွေကို သူငယ်ချင်းတို့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

http://www.mediafire.com/?ememzwhndzm = Gmail ရဲ့  လှို့ ဝှက်ချက်တွေသိချင်ရင်
http://www.mediafire.com/?noziemyl5yj = GTALK နှင့်ပက်သက်သမျှ

http://www.mediafire.com/?050ltj4kgkd = လွယ်ကူစွာဂျီမေးနှင့်ဂျီတော့အသုံးပြုနည်း

http://www.mediafire.com/?yyyzjylj2gy = ဂူးဂဲလျို့ဝှက်ချက်များ

http://www.mediafire.com/?twdjnizznnu = PHOTOSHOP NOTES(2) အကြောင်း
http://www.mediafire.com/?p07vsb70gmrk9q5 = ADOBE PHOTOSHOP CS (မြန်မာ)
http://www.mediafire.com/?52q0ew2umzg = TIPS AND TRICKS OF PS CS4 (အင်္ဂလိပ်)
http://www.mediafire.com/?wlzgykyjmjw = MAYA AND PHOTOSHOP (အင်္ဂလိပ်)
http://www.mediafire.com/?0yxwwztxf1k = ADOBE PHOTOSHOP 7.0
http://www.mediafire.com/?twdjnizznnu = ဖိုတိုရှော့မှတ်စုများ
http://www.mediafire.com/?jd0hmmzdqdj = ပုံရိပ်များရဲ့ဖွဲ့စည်းပုံသဘာဝ
http://www.mediafire.com/?ijjgjjvz3t3 = ဗီဒီယိုတည်းဖြတ်ခြင်းသင်ခန်းစာ
http://www.mediafire.com/?dluzztilwmb = PC MECHANIC
http://www.mediafire.com/?ytoevqnnqwy = ပီစီတစ်လုံးတပ်ဆင်ရန်ရွေးခြယ်ခြင်း
http://www.mediafire.com/?qatznyhmycx = ကွန်ပြူတာသိပံ္ပ္ပမိတ်ဆက်
http://www.mediafire.com/?dluzztilwmb = ဒီစာအုပ်ဖတ်ပြီးမှ ကွန်ပျူတာပြင်ပါ
http://www.mediafire.com/?qnji1uh2qnj = ကွန်ပျူတာအကြောင်းအသေးစိတ်သိစရာ
http://www.mediafire.com/?zxjnayfxynw = ကွန်ပျူတာတပ်ဆင်ပြုပြင်ထိန်းသိမ်းနည်း
http://www.mediafire.com/?ksqsyeashheupib = အကောင်းဆုံးကွန်ပျူတာပြုပြင်ခြင်း အခြေခံနည်းစနစ်
http://www.mediafire.com/?qndaxgdede0 =ကွန်ပျူတာအမေးအဖြေ
http://www.mediafire.com/?wswd9ayna1t = ကွန်ပျူတာပြုပြင်ထိန်းသိမ်းခြင်း
http://www.mediafire.com/?z0jmgzdyggq = ကွန်ပျူတာအဆင့်တိုးမြှင့်ခြင်း
http://www.mediafire.com/?dzsiyudsbh3 = သတင်းအချက်အလက်ဆက်သွယ်ရေးစနစ်
http://www.mediafire.com/?twnftxnvxtr = ကွန်ပျူတာသုံးစွဲသူတိုင်းအတွက်အင်္ဂလိပ်စာ
http://www.mediafire.com/?njiycdz4htw = တီထွင်မှုမှော်ဝိဇ္ဇာကြီးအယ်လ်ဗာအယ်ဒီဆင်
http://www.mediafire.com/?ymzb9ubyzmm = ၂၁ရာစုဂူးဂဲနှင့်ပြောင်းလဲသွားသောအင်တာနက်စီးပွားရေးစနစ်ကိုလေ့လာခြင်း
http://www.mediafire.com/?cigqtwgskzx = တီထွင်မှုများ
http://www.mediafire.com/?wymogtik4cu = သိပ္ပံနှင့်နည်းပညာ
http://www.mediafire.com/?kv1qe99nr8id3gb = TWENTY THINGS I LEARNED ABOUT BROWSER AND INTERNET (အင်္ဂလိပ်)
http://www.mediafire.com/?fflsbgmr77i9rbo = WEB DESIGN HTML AND CSS
http://www.mediafire.com/?jhh7u5ksx3hum5m = AUTOCAD 2005
http://www.mediafire.com/?uv7gv93w69ykx13 = AUTOCAD 2002
http://www.mediafire.com/?udt25jcc8o5f3d2 = MICROSOFT WORD 2002
http://www.mediafire.com/?yzyummzde2m = MICROSOFT EXCEL 2002
http://www.mediafire.com/?yidm0udqzuz = WINDOW INSTALLATION (မြန်မာ)
http://www.mediafire.com/?gzzntmzzcxm = INTRODUCING MAYA 2008 (အင်္ဂလိပ်)
http://www.mediafire.com/?zzydzvnm0dd = MS FRONT PAGE 2002
http://www.mediafire.com/?mj2nzlrzw3v = BASIC WORD PROCESSING (အင်္ဂလိပ်)
http://www.mediafire.com/?niyytyqwwtj = COMPUTER DICTIONARY (အင်္ဂလိပ်)
http://www.mediafire.com/?quhmiu0gomy = LEARNING GUIDE FOR
http://www.mediafire.com/?gzt2tycucb3 = VIDEO CONFERENCING SERVER (မြန်မာ)
http://www.mediafire.com/?d1dkxscgcsz = SMALL OFFICE OR HOME OFFICE
http://www.mediafire.com/?uu0mj6i2dyd6nkf = REMOTE DESKTOP ENVIRONMENT
http://www.mediafire.com/?wgjxwdznend = PROTECTING FROM
http://www.mediafire.com/?cclacsgsywd = NETWORK ADDRESS TRANSLATION
http://www.mediafire.com/?wan1g45myhw = CMS AND DYNAMIC PORTAL ENGINE
http://www.mediafire.com/?wjzrnumnmtg = INTERNET CONNECTION SHARING
http://www.mediafire.com/?nyf3dwiezmz = E-MAIL SERVER
http://www.mediafire.com/?jmzmewt9cm1 = DOMAIN NAME SYSTEM SERVER
http://www.mediafire.com/?gzdzlffuzqz = LEARNING CSS- 2
http://www.mediafire.com/?eoe2jwhniyd = MS POWER POINT 2002
http://www.mediafire.com/?znjmdeh3zkd = LEARNING CSS
http://www.mediafire.com/?myzzm4tjnh4 = HARDWARE AND NETWORK
http://www.mediafire.com/?44ykzzz1m2m = VISUAL BASIC 6.0
http://www.mediafire.com/?jnmgjymmz1u = VB 6.0 TUTORIALS (အင်္ဂလိပ်)
http://www.mediafire.com/?l07778b87waz8os = MICROSOFT ACCESS 2002
http://www.mediafire.com/?d2ikzdwunad = LEARNING HARDWARE IN 5 MIN
http://www.mediafire.com/?xo9txgs54c2cytf = BUILDING WEBSITES WITH JOOMLA
http://www.mediafire.com/?bb71n4lq41v045t = JOOMLA QUICK START (အင်္ဂလိပ်)
http://www.mediafire.com/?mfmegtmadyx = FrontPage2002 (မြန်မာ)
Posted by ဝတီ
ဝါဆိုလပြည့်ဓမ္မစကြာနေ့အကြောင်း

Posted by ဝတီ
ဓမ္မစကြာ ပါဠိတော် မြန်မာပြန်

Posted by ဝတီ

ကွန်ပျူတာအကြောင်း လေ့လာကြရအောင်…..(၇)

Internet အကြောင်း
Posted By မိတ္ထီလာGTI ကျောင်းသားပောာင်းတဦး

ဗုဒ္ဓစာပန်းချီ-(၅) (ငွေဥဒေါင်း)

ပဉ္စမအတွဲပါ။ အောက်ပါ link ကို နှိပ်ပြီး ဖတ်ရှုနိုင်ပါသည်။

ဗုဒ္ဓစာပန်းချီ-(၄) (ငွေဥဒေါင်း)

စတုတ္ထအတွဲပါ။ အောက်ပါ link ကို နှိပ်ပြီး ဖတ်ရှုနိုင်ပါသည်။

ဗုဒ္ဓစာပန်းချီ-(၃) (ငွေဥဒေါင်း)

တတိယအတွဲပါ။ အောက်ပါ link ကို နှိပ်ပြီး ဖတ်ရှုနိုင်ပါသည်။

Piping Handbook

Piping အလုပ်လုပ်နေသူများအတွက် Piping Handbook မြန်မာပြန် တင်ပေးလိုက်ပါတယ်။ အောက်ပါ Link မှာ ဖတ်နိုင်ပါတယ်။ စာရေးသူအနေနဲ့ ရန်ကုန်မှာ ပုံနှိုပ်ထုတ်ဝေဖို့ စီစဉ်နေပါတယ်။ စာအုပ်ဝယ်လိုရင် ဆက်သွယ်ပေးပါ့မယ်။
Piping Handbook 
Posted  by ထွန်းမြင့်ဌေး

ဗုဒ္ဓစာပန်းချီ-(၂) (ငွေဥဒေါင်း)

ဒုတိယအတွဲပါ။ အောက်ပါ link ကို နှိပ်ပြီး ဖတ်ရှုနိုင်ပါသည်။

Posted by KAE

ကွန်ပျူတာအကြောင်း လေ့လာကြရအောင်…..(၆)

Microsoft Power Point 2002 Office မှာအလုပ်လုပ်နေတဲ့ သူငယ်ချင်းတွေအတွက် အသုံးဝင်မှာပါ။ စာအုပ်လေးက version နိမ့်ပေမယ် အခြေခံပြန်လေ့လာဖို့ အတွက်ကောင်းတဲ့ စာအုပ်ပါ။
Posted By မိတ္ထီလာGTI ကျောင်းသားပောာင်းတဦး

ဗုဒ္ဓစာပန်းချီ-(၁) (ငွေဥဒေါင်း)

စာအုပ်ကောင်းလေးတစ်အုပ်ပါ။ Blog တွင်တင်ပေးချင် သော်လည်း blog လေးမှာစိုးလို့ အောက်ပါ link ကို နှိပ်ပြီး ဖတ်ရှုနိုင်ပါသည်။

Posted by KAE

SolidWorks 2005

ကျွန်တော်သတိထားမိသလောက် အခုနောက်ပိုင်း စင်္ကာပူမှာ Solid Works Job တွေ အခေါ်များလာတာကို တွေ့ရပါသည်။ အခုလက်ရှိ Solid Works Job နဲ့ အလုပ်လုပ်နေသူများအတွက်ပဲဖြစ်ဖြစ်၊ Solid Works Job  နဲ့ပြောင်းပြီး အလုပ်လုပ်ချင်သူများအတွက်ပဲဖြစ်ဖြစ်၊ Solid Works အကြောင်းစိတ်ဝင်စားလို့ လေ့လာလိုသူများအတွက်ပဲဖြစ်ဖြစ် သူငယ်ချင်းတို့အတွက် အကျိုးရှိစေရန် ဒီစာအုပ်လေးကို ရှာဖွေတင်ပေးလိုက်ပါတယ်။
SolidWorks 2005
Posted by ဝတီ