Monday, July 25, 2011

လွဲမှားမှုများ

(ဒီ post လေးကတော့ ရည်းစားမရသေးသော စင်္ကာပူရောက် ကျွန်တော်ရဲ့ ဘော်ဘော်တွေအတွက် ရည်ရွယ်ပါတယ်။ ရည်းစားစကားပြောတဲ့အခါ မှားသုံးမိမှာစိုးလို့ မတတ်ပေ့မဲ့ ဆရာလုပ်လိုက်ပါတယ်)
“ချစ်သူ” ဆိုတဲ့စကားလုံးကို “lover”လို့ ထင်နေကြတယ်။ အဲလိုပဲ လူတော်တော်များများ သုံးနေကြတယ်။ love ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကတော့ ချစ်တယ်တဲ့။ ဒါတော့ လူတိုင်းသိမှာပါ။
အင်္ဂလိပ်စာ word/verb တစ်ခုကို နောက်ကနေ -er,-or ဆိုတဲ့ နောက်လိုက်လေးတွေ
ထည့်လိုက်ရင် noun ဖြစ်သွားတယ်ဆိုတာလေးကိုလည်း လူတိုင်းလိုလိုသိကြတယ်။ အဲ.. အဲဒီမှာ ပြဿနာစတာပဲ။
မမှန်ဘူးမဟုတ်ပါဘူး။ မှန်ပါတယ်။ ဒါပေမယ့် ဒီ lover ဆိုတဲ့ နေရာမှာကျတော့မှားနေပြီဗျ။
ကျွန်တော်တို့ တွေက love (ချစ်တယ်) ဆိုတာကို အစွဲပြုပြီး နောက်မှာ -er ထည့်လိုက်ရင် lover(ချစ်သူ) ဖြစ်ပြီ ထင်နေကြတယ်။
အမှန်တော့ lover ဆိုတာက ချစ်သူမဟုတ်ပါဘူး။ အောက်မှာ definition ရေးပေးလိုက်ပါတယ်။
*lover (noun) - a partner in a sexual relationship outside marriage*
သူ့ရဲ့ မြန်မာလို အဓိပ္ပါယ်ကတော့... လက်မထပ်ပဲ လိင်ဆက်ဆံ ပေါင်းသင်းနေတဲ့
အဖော်တဲ့ ခင်ဗျ။
ဒါဟာ Oxford Advanced Learner's Dictionary ထဲက အတိုင်း ဖော်ပြထားတာပါ။
အဲ.. ချစ်သူ ဆိုတာကို အင်္ဂလိပ်လိုပြောချင်ရင် ...
ယောက်ျားလေးကို ဆိုရင်တော့ boyfriend ပေါ့။
မိန်းကလေးကို ဆိုရင်တော့ girlfriend ပေါ့။
ဒါကြောင့်ဗျာ.. ဒီလိုလွဲမှားမှုတွေ မဖြစ်ပါစေနဲ့ဗျာ။ lover နဲ့ boyfriend & girlfriend အဓိပ္ပါယ်က
အကွာကြီး ကွာတယ်နော်။ မှားမသုံးမိပါစေနဲ့ဗျာ။
နောင်ပြင်ပြီးသုံးနိုင်မယ်ဆိုရင် ကျွန်တော် ဒီ discussion ရေးတာရေးရကျိုးနပ်ပါပြီဗျာ။
ကျွန်တော် ပြောဖို့တောင် တစ်ခု မေ့ကျန်ခဲ့တယ်ဗျ။
ကိုယ်ချစ်တဲ့သူကိုလည်း my love လို့ ပြောနိုင်ပါသေးတယ်။ He/She is my love
ဆိုရင်လည်း ချစ်နှစ်သက်တဲ့လူဆိုတာ သိနိုင်ပါတယ်။ You are my love ဆိုရင်လည်း
မင်းဟာ ငါ့အချစ်လေး လို့ အဓိပ္ပါယ်ရပါတယ်။
Posted by KAE

No comments:

Post a Comment