Voice and Tense
မြန်မာကျောင်းသားတွေကို ကိုယ်ပိုင် အင်္ဂလိပ်စာလေး တစ်ကြောင်းလောက် အရေးဖွဲ့ ခိုင်းလျှင် အများစုဖြစ်လာတတ်တာကတော့ I am go, He is eat, You are write ဆိုတဲ့ ၀ါကျမျိုးတွေပါပဲ။ ဘာ့ကြောင့် ဒီလိုဖြစ်ကြရလည်းလို့  စိတ်ထဲမှာ စီစစ် စဉ်းစားကြည့်တဲ့ အခါ အင်္ဂလိပ်စာကို စသင်ကတည်းက I am here, He is there, This is a book ဆိုတဲ့ ၀ါကျမျိုးနဲ့  အစချီလေ့ရှိကြတာကိုး။ ဒီတော့ဆက်လက်ပြီး စနစ်တကျမသင်ရလျှင် အင်္ဂလိပ်စကားဆိုတာ I နောက်ကအမြဲ am ပါတယ်။ He, She နောက်က အမြဲ is ပါတယ်လို့  ကျောင်းသားရဲ့ မသိစိတ်ထဲမှာ အလိုလို အထင်ရောက်သွားတော့တာပါပဲ။ဒါကြောင့် အင်္ဂလိပ်စာကို ကျကျနန မသင်ခဲ့ ရပါဘူး။ စနစ်တကျတတ်ချင်လှချည်ရဲ့ ဆိုတဲ့ ကျောင်းသားဟာ ပထမဦးဆုံး အဲသလို I နောက်က am ပါတယ်၊ He, She တို့ နောက်က is ထည့်ချင်တဲ့ အကျင့်ဆိုးကြီးကို အလျင်ဖျောက်ဖျက်ပစ်ဖို့  ကြိုးစားရမှာဖြစ်ပါတယ်။