Tuesday, February 28, 2012

ဘရူနိုင်းဖိတ်ခေါ်ဖလားပွဲ၏ မြန်မာယူ-၂၁အသင်းရဲ့ ဒုတိယပွဲစဉ်

ဘရူနိုင်းဖိတ်ခေါ်ဖလားပွဲ၏ အုပ်စု(က) ဒုတိယပွဲစဉ်အဖြစ် ယနေ့ညတွင်  မြန်မာ ယူ-၂၁ နှင့် အင်ဒိုနီးရှား ယူ-၂၁ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာလူငယ် အသင်းက ၃ဂိုး ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။  အင်ဒိုနီးရှားအသင်းက ပထမပိုင်းတွင် အန်ဒစ်ခ်၏ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် မြန်မာအတွက် ကျော်ဇေယျာဝင်းက ချေပဂိုး သွင်းယူပေးသွားခဲ့ပြီး၊ အနိုင်ဂိုး(၂)ဂိုးကို ကျော်ကိုကို တစ်ဦးတည်းက သွင်းယူပေးသွားခဲ့သည်။ အုပ်စု(က) ပထမပွဲစဉ်တွင် လာအို ယူ-၂၁ အသင်းက စင်ကာပူ ယူ-၂၁ အသင်းကို ၂ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ မြန်မာ ယူ-၂၁ အသင်းသည် မတ်လ(၂)ရက်နေ့ သောကြာနေ့ည စင်ကာပူစံတော်ချိန် ၈း၁၅ (မြန်မာစံတော်ချိန် ၆း၄၅)တွင် လာအို ယူ-၂၁ အသင်းနှင့် တတိယပွဲစဉ်အဖြစ် ဆက်လက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။  မြန်မာ ယူ-၂၁ နှင့် အင်ဒိုနီးရှား ယူ-၂၁ အသင်းတို့၏ ဘောလုံးပွဲစဉ်ကို အောက်ပါ link မှတဆင့် တိုက်ရိုက်ပြသသွားခဲ့ပါသည်။
http://www.poztmo.com/2011/08/rcti-online-live-streaming.html

Posted by ဝတီ