Friday, March 23, 2012

နားထောင်တိုင်းလည်း မကြားပါ။ ကြားတိုင်းလည်း နားမလည်ပါ (၁)

ဘာသာစကားတစ်ခုကိုလေ့လာရာတွင် အကြားသန်အောင်ပါ အားထုတ်ရသည်။ အကြားသန်အောင် များများနားထောင်ရာမှတစ်ပါး အခြားမရှိပါ။ နားထောင်စရာ နှစ်မျိုးရှိသည်။ တစ်ဦးနှင့်တစ်ဦး စကား ပြောသောအခါတွင် သူတစ်ပါးဘာပြောသလဲဆိုသည်ကို ကြားအောင် နားထောင်ရသည်။ ရုပ်ရှင်ဂီတ စသည့် ဖျော်ဖြေစရာများနှင့် သတင်းမိန့် ခွန်းစသည့် အချက်အလက်တို့ ကိုနားထောင်ရာတွင်လည်း ကြားအောင် နားထောင်ရပါသည်။
ကြားအောင် နားထောင်ခြင်း
မိခင်ဘာသားစကားမဟုတ်သည့် စကားဖြင့် ပြောသောသူတစ်ပါး ပြောစကား (သို့မဟုတ်) သတင်း (သို့မဟုတ်) ပုံပြင်တစ်ပုဒ်ကို နားထောင်ကြည့်ပါ။ ဘာကြားပါသလဲ။ ကွိကွိ ကွကွ အိအိ အအ ဒိဒိ ဒဒ ကလွဲပြီး ဘာမှကြားမည်မထင်ပါ။ ကြားဖို့ ဘာလိုသလဲ။ အခြေခံ စကားသံတို့ကို ကြားနိုင်ရပါမည်။
အင်္ဂလိပ်စကားနှင့် ပတ်သက်လျှင် Phoneme ဟုခေါ်သော /s/, /i:/ စသည့် အင်္ဂလိပ်စကားသံတို့နှင့် နားယဉ်နေရပါမည်။ ၎င်းစကားသံတို့ ကို နှစ်မျိုးခွဲထားသည်။ ဗျည်းသံ consonant နှင့် သရသံ vowel တို့ ဖြစ်သည်။ /s/, /b/, /k/ စသည်တို့ သည် ဗျည်းသံများဖြစ်၍  /i:/, /u:/  တို့ သည် သရသံများဖြစ်သည်။ ထိုအသံများပေါင်း၍ စကား လုံး တစ် လုံး၏ အသံဖြစ်ပေါ်လာပါသည်။ ဥ ပ မာ အားဖြင့် see သည် /s/ နှင့် /i:/ တို့ ပေါင်းကာ /si:/ ဟု အ သံ ထွက် ခြင်း ဖြစ်သည်။