Sunday, June 12, 2011

ဟိုရောက်ဒီရောက် English Language အကြောင်း (၄)

         ဒီတခါ တင်ပြချင်တာကတော့ past participle လို့ခေါ်တဲ့ V-ed အသုံးလေးနဲ့ တိုလီမုတ်စ အသုံးလေးတွေပါ။ အတော်များများ ကတော့ သိပြီးသား ဖြစ်မှာပါ။ အသုံးများသော စကားလုံးများကတော့ please, surprise, interest, inform, satisfy, amaze, scared… စသဖြင့် ဖြစ်ပါတယ်။  
        ဒီစာလုံးတွေကို သုံးတဲ့ အခါ V-ed အနေနဲ့ သုံးပါတယ်။ I’m pleased, I’m surprised, I’m interested, be informed, I’m satisfied, I’m amazed, I'm scared ဒီလိုလေးတွေပေါ့။ I interest လို့ပြောလို့ မရပါဘူး။ It interests me, it scares me ဒီလိုပြောရင်တော့ ရပါတယ်။ V-ing (Adj) ဖြစ်တဲ့ interesting တို့ amazing တို့ကို တော့ အရာဝတ္ထု၊ အကြောင်းအရာ စတာတွေမှာ သုံးရပါတယ်။ နောက်ကလိုက်တဲ့ စာလုံးလေး တွေကိုလည်း သိဖို့ လိုပါတယ်။ interested in, satisfied with, scared of စသဖြင့်ပေါ့။
       နောက်ဖုန်းပြောတာနဲ့ ပတ်သက်လို့ ပြောချင်တာလေးပါ။ တချို့ကမလိုအပ်ပဲ to ဆိုတာကြီးကို ဇွတ်ထည့်တာ ခဏ ခဏ ကြားမိလို့ပါ။ Call to you ဆိုတာကြီးပေါ့ဗျာ။ နံပါတ်တွေ နဲ့တွဲပြောမယ်ဆို You can reach at xxxxxxxx, ဒီလိုပြောပါတယ်။ ဖုန်ခေါ်မရဘူးဆို Cannot get through ဒီလို ပြောပါတယ်။ ဒီနေရာမှာ ကြုံလို့ ပြော ချင်တာလေးက get အသုံးလေးပါ။ Place ကိုပြောချင်ရင် နောက်က to လိုက်ရပါတယ်။ နောက်က Adjective လိုက်တဲ့ form ကလည်း အတော်ကို အသုံးများပါတယ်။ getting fat, get married စသဖြင့် ပေါ့။  နောက်တခုကတော့ the  ဆိုတာကြီးပါ။ အတော် များများလည်းတွေ့ဖူး ပါလိမ့်မယ်။ စကားကမပြောရသေးဘူး the ဆိုတာကြီးက ထွက်လာတော့တာပဲ။ ကြားထဲမှာလည်း တွဲသုံးပါသေးတယ်။ မလိုအပ်ရင် မထည့်တာကောင်းပါတယ်။ the က definite article ပါ။ နောက်မှဆက်ပါမည်။

 Posted by ငခဲ