Saturday, November 19, 2011

Cover letter အကြောင်း

Cover letter သည် သင်ပေးပို့လိုက်တဲ့ ကိုယ်ရေးရာဇ၀င်နှင့် တစ်ပါတည်း ပါသွားရမှာ ဖြစ်ပါတယ်။ သင်လျှောက်ထားတဲ့ အလုပ်အတွက် လူတွေ့စစ်ဆေးခံရခြင်းနှင့် သင့်ရဲ့ကိုယ်ရေးရာဇ၀င် လစ်လျူရှုခံရခြင်းတို့သည် cover letter ပေါ်မှာ မူတည်ပါသည်။ ထို့ကြောင့် လိုအပ်တဲ့အချိန်ကိုယူပြီး အကျိုးရှိစေမည့် cover letter ရေးခြင်းဟာ အဓိပ္ပါယ်ရှိပါတယ်။
Cover letter အမျိုးအစားများ
အလုပ်ရှာဖွေတဲ့အခါ - အလုပ်ကို လျှောက်ပုံ လျှောက်နည်း (သို့) အလုပ်လျှောက်ရာတွင် အကူအညီ ရယူခြင်းတို့နှင့် သင့်တော်မည့် cover letter မျိုးကို ရွေးချယ်တတ်ဖို့ အရေးကြီးပါတယ်။ cover letter အမျိုးအစားများနှင့် ၎င်းတို့ကို ဘယ်အခါမှာအသုံးပြုရမယ်ဆိုတဲ့ အချက်တွေကို အောက်တွင်ဖော်ပြလိုက်ပါတယ်။
Cover letter ပုံစံ
Cover letter သည် ရုံးစာရဲ့ အခြေခံကျတဲ့ပုံစံနှင့် ကိုက်ညီပြီး ဒီစာကိုရေးရတဲ့အကြောင်းရင်း၊ ကိုယ့်အနေနဲ့ ကမ်းလှမ်းနိုင်တဲ့အရာများ၊ ဘယ်လိုဆက်လက်ဆောင်ရွက်သွားမယ်ဆိုတဲ့ အချက် (၃) ချက်ကို ထည့်သွင်းရေးသားရမှာ ဖြစ်ပါတယ်။

Burmese Girl killed herself in Singapore – စင်္ကာပူရောက် မြန်မာတဦး တိုက်ပေါ်မှခုန်ချ သတ်သေ

www.shwelone.com။ နိုဝင်ဘာ ၁၇၊ ၂၀၁၁

စင်ကာပူနိုင်ငံ၊ Serangoon Central, Block 420 နေ မရင်ငြိမ်းပွင့်သည် ဗုဒ္ဓဟူးနေ့နံနက်ပိုင်းတွင် သူမနေထိုင်ရာ တိုက်ခန်းမှ ခုန်ချပြီး မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ တုန်လှုပ်ဖွယ်သတင်းသည် Facebook အပါအဝင် လူမှုရေးကွန်ယက်များမှတဆင့် အလျင်အမြန် ပျံ့နှံ့သွားခဲ့ပြီး လူအများ အနေဖြင့် အကြီးအကျယ် အံ့အားသင့်သွားခဲ့ရသည်။

သူမ၏ Facebook ပေါ်တွင်လည်း “I Miss Being Happy” ဆိုသည့် စကားလုံးအား ပုံဖော်ရေးသားထားသည်ကို တွေ့ရှိရမည်ဖြစ်သည်။