Saturday, November 19, 2011

Cover letter အကြောင်း

Cover letter သည် သင်ပေးပို့လိုက်တဲ့ ကိုယ်ရေးရာဇ၀င်နှင့် တစ်ပါတည်း ပါသွားရမှာ ဖြစ်ပါတယ်။ သင်လျှောက်ထားတဲ့ အလုပ်အတွက် လူတွေ့စစ်ဆေးခံရခြင်းနှင့် သင့်ရဲ့ကိုယ်ရေးရာဇ၀င် လစ်လျူရှုခံရခြင်းတို့သည် cover letter ပေါ်မှာ မူတည်ပါသည်။ ထို့ကြောင့် လိုအပ်တဲ့အချိန်ကိုယူပြီး အကျိုးရှိစေမည့် cover letter ရေးခြင်းဟာ အဓိပ္ပါယ်ရှိပါတယ်။
Cover letter အမျိုးအစားများ
အလုပ်ရှာဖွေတဲ့အခါ - အလုပ်ကို လျှောက်ပုံ လျှောက်နည်း (သို့) အလုပ်လျှောက်ရာတွင် အကူအညီ ရယူခြင်းတို့နှင့် သင့်တော်မည့် cover letter မျိုးကို ရွေးချယ်တတ်ဖို့ အရေးကြီးပါတယ်။ cover letter အမျိုးအစားများနှင့် ၎င်းတို့ကို ဘယ်အခါမှာအသုံးပြုရမယ်ဆိုတဲ့ အချက်တွေကို အောက်တွင်ဖော်ပြလိုက်ပါတယ်။
Cover letter ပုံစံ
Cover letter သည် ရုံးစာရဲ့ အခြေခံကျတဲ့ပုံစံနှင့် ကိုက်ညီပြီး ဒီစာကိုရေးရတဲ့အကြောင်းရင်း၊ ကိုယ့်အနေနဲ့ ကမ်းလှမ်းနိုင်တဲ့အရာများ၊ ဘယ်လိုဆက်လက်ဆောင်ရွက်သွားမယ်ဆိုတဲ့ အချက် (၃) ချက်ကို ထည့်သွင်းရေးသားရမှာ ဖြစ်ပါတယ်။
Cover letter ထဲတွင် ပါဝင်ရမည့် အချက်အလက်များ
အပေါ်စာတစ်စောင်ရေးတဲ့အခါမှာ  ပါဝင်ရမည့်အချက်တွေကတော့ အတိအကျရှိပါတယ်။ အဲဒါတွေကတော့
-          ဆက်သွယ်ရန်လိပ်စာ
-          အဖွင့်နှုတ်ဆက်စကား
-          သင်ဟာဘာကြောင့် ဒီအလုပ်အတွက် သင့်တော်ပါတယ်ဆိုတဲ့ အချက်တွေ
-          နိဂုံးချုပ်နှင့်
-          သင့်ရဲ့ လက်မှတ်တို့ပဲဖြစ်ပါတယ်။
Cover letter ရေးရန်အတွက် အကြံပြုချက်များ
Cover letter ရေးတဲ့အခါမှာ အပြစ်အနာအစာကင်းပြီး ပြည့်စုံရန်အရေးကြီးပါတယ်။ သင်ရေးတဲ့ အပေါ်စာတိုင်းသည် သင်လျှေက်ထားသောအလုပ်၏ သဘာဝနှင့်ကိုက်ညီဖို့လိုပါတယ်။ ထို့အပြင် အပေါ်စာတစ်စောင်သည် ရှင်းလင်းပြီးကျစ်လစ်ရန်၊ မှန်ကန်သော သဒ္ဒါအသုံးအနှုန်းဖြစ်ရန်၊ အမှားအယွင်းကင်းရန် လိုအပ်ပါသည်။
အီးမေးလ် cover letter
Email cover letter ကို ပေးပို့သည့်အခါတွင် cover letter နှင့် ကိုယ်ရေးရာဇ၀င်တို့ကို ဘယ်လိုပေးပို့ရမယ်ဆိုတဲ့ အလုပ်ရှင်ရဲ့ ညွှန်ကြားချက်ကို လိုက်နာရန် အရေးကြီးပါတယ်။ သင့် email cover letter တွေကို သင်ပေးပို့တဲ့ အခြားပေးစာတွေလိုပဲ ကောင်းစွာရေးသားဖို့ လိုပါတယ်။
Email cover letter ရေးပုံရေးနည်းနှင့် ပို့ပုံပို့နည်း တို့ကို အောက်တွင်ဖော်ပြလိုက်ပါတယ်။
Cover letter ၏ အစိတ်အပိုင်းများ
Cover letter တစ်စောင်တွင်
-          ဆက်သွယ်ရန် အချက်အလက်
-          အဖွင့် နှုတ်ဆက်စကား
-          စာကိုယ်
-          သင့်တော်သော နိဂုံးချုပ် တို့ပါရှိရပါမည်။
Cover letter ၏ အဖွင့်နှုတ်ဆက်စကား
အလုပ်လျှောက်ရန်အတွက် cover letter တစ်စောင်ရေးတဲ့အခါ (သို့) email အမှာစကား (email message) ပို့တဲ့ အခါ  cover letter ရဲ့ (သို့) အမှာစကားရဲ့ အစမှာ သင့်တော်တဲ့အဖွင့်နှုတ်ဆက်စကား ပါရန် အရေးကြီးပါတယ်။
Cover letter နိဂုံး
အလုပ်လျှောက်ရန်အတွက် cover letter တစ်စောင်ရေးတဲ့အခါ (သို့) email message ပို့တဲ့အခါ မိမိရဲ့စာကို ကျွမ်းကျင်စွာ နိဂုံးချုပ်ရန် အရေးကြီးပါတယ်။
Cover letter ပါ အကြောင်းအရာများကို တိုက်စစ်ရမည့် စာရင်း (Cover letter checklist)
ကိုယ့်ရဲ့အလုပ်ရှင် ဖြစ်လာနိုင်မဲ့သူဆီကို အဓိကအကြောင်းအရာတွေပါသော ပြီးပြည့်စုံတဲ့ cover letter တစ်စောင်ကို ပေးပို့လိုက်ကြောင်း သေချာအောင် ကိုယ့်ရဲ့ ပေးစာကို  အောက်ပါ စာရင်းနှင့် တိုက်ဆိုင် စစ်ဆေးကြည့်ပါ။
-          ဆက်သွယ်ရမည့် လိပ်စာနှင့် ကုမ္ပဏီနာမည် မှန်ကန်မှု ရှိမရှိ
-          ဖြစ်နိုင်ပါက သတ်သတ်မှတ်မှတ် ပုဂ္ဂိုလ်တစ်ဦးဆီ လိပ်မူထားခြင်းရှိမရှိ
-          သင်လျှောက်ထားတဲ့ အလုပ်ရာထူးနှင့် ၎င်းကိုဘယ်မှာ စာရင်းထုတ်ပြန်ထားတယ်ဆိုတဲ့အချက်တွေပါမပါ
-          ကိုယ်ရေးအချက်အလက် (အမည်၊ လိပ်စာ၊ အိမ်ဖုန်း၊ လက်ကိုင်ဖုန်း၊ အီးမေး(လ်)) ပြည့်ပြည့်စုံစုံနှင့် မှန်မှန်ကန်ကန် ပါမပါ
-          ကုမ္ပဏီမှာ အဆက်အသွယ်ရှိပါက ထိုပုဂ္ဂိုလ်အကြောင်းကို ပထမဦးဆုံးစာပိုဒ်မှာ ထည့်သွင်းဖော်ပြထားခြင်းရှိမရှိ
-          Cover letter ဟာ ကိုယ်လျှောက်ထားတဲ့ အလုပ်ရာထူးကို ဦးတည်ထားခြင်းရှိမရှိ
-          မိမိရဲ့ လုပ်သက်မှာ ကွာဟချက်ရှိနေပါက ၎င်းအကြောင်းကို အပေါ်စာတွင် ရှင်းပြထားခြင်းရှိမရှိ
-          စာလုံးပုံစံ (font) သည် ၁၀ (သို့) ၁၂ ရှိပြီး အလွယ်တကူဖတ်လို့ ရနိုင်ခြင်း (ဥပမာ - Times New Roman or Arial) ရှိမရှိ
-          စာလုံးပေါင်း၊ သဒ္ဒါနှင့် ပုံနှိပ်အမှားများ ကင်းရှင်းခြင်းရှိမရှိ
-          စာလုံးမကျန်စေရန် အပေါ်စာကို အသံထွက်ဖတ်ခြင်းရှိမရှိ
-          မိမိမှတ်တမ်းအတွက် မိတ္တူ (copy) တစ်စုံထားရှိခြင်းရှိမရှိ
-          စာတိုက်မှတစ်ဆင့် ပေးပို့မည်ဆိုပါက လက်မှတ်ထိုးထားခြင်းရှိမရှိ
-          (ပထမဦးစားပေးအနေဖြင့်) ကိုယ်ရေးရာဇ၀င်နှင့် cover letter တို့ကို ရုံးသုံးစာအိတ်ထဲတွင် အပြန့်လိုက်ထည့်၍ စာတိုက်မှတစ်ဆင့် ပို့ပေးခြင်း (သို့) cover letter ပေါ်မှာ ကိုယ်ရေးရာဇ၀င်ကို တင်ပြီး ၃ ချိုးချိုးထားခြင်းရှိမရှိ
-          Cover Letter ကို ကိုယ့်ရဲ့ ကိုယ်ရေးရာဇ၀င်နှင့် လိုက်ဖက်တဲ့ အရည်အသွေးကောင်းသော စာရေးစက္ကူပေါ်တွင် ရေးထားခြင်းရှိမရှိ
ကံကောင်းကြပါစေ။
ရေးသားသူ ကျော်ကျော်
Posted by အိမ်လွမ်းသူ

No comments:

Post a Comment