Saturday, June 23, 2012

သီတဂူဆရာတော်ဘုရားကြီး အရှင်ဥာဏိဿရ၏ ဓမ္မသဘင်(ပထမနေ့) ပြန်လည်ထုတ်လွှင့်မူအစီအစဉ်

သီတဂူဆရာတော်ကြီး ဦးဥာဏိဿရ၏ တရားပွဲ (ပထမနေ့)”ကို Function Room 1, The ARENA Country Club, 511 Upper Jurong Road, Singapore 638366, Near (Joo Koon MRT) တွင် ၂၃-၀၆-၂၀၁၂ စနေနေ့ ညနေ(ရး၃၀)နာရီမှ ည(၈း၃၀)ထိ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါသဖြင့် မအားလပ်၍ တရားဓမ္မ မနာယူနိုင်ခဲ့ကြသော ဓမ္မမိတ်ဆွေသူငယ်ချင်းအပေါင်းတို့အတွက် ပြန်လည်ထုတ်လွှင့် တက်ဆက်ပေးခြင်းဖြစ်ပါသည်။

Posted by MTLA GTI GROUP

အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု တိုးတက်စေမည့် နည်းလမ်း (၇၀) - အပိုင်း (၁၃)

၆၁။ အပြန်အလှန်စကားပြောဖို့စီစဉ်ပါ။ ရည်းစားမထားလိုသူတွေ၊ ရှုပ်ရှုပ်ယှက်ယှက် မလုပ်လိုသူတွေ အတွက် ကိုယ့်ရဲ့ဘာသာစကားကို သင်ယူချင်တဲ့သူနဲ့ အပြန်အလှန် သင်ပေး၊ အပြန်အလှန် စကားပြောဖို့ စီစဉ်နိုင်ပါတယ်။ ရွေးချယ်စရာ နည်းလမ်းကောင်းတစ်ခုပါဘဲ။ ရည်းစားထားချင်ရင်လည်း အခွင့်အလမ်း ရလာနိုင်ပါတယ်။
၆၂။ အင်္ဂလိပ်ဘာသာစကားစာမေးပွဲဖြေပါ။ အင်္ဂလိပ်စကားစာမေးပွဲဖြေဖို့ စာရင်းသွင်းပါ။ စာမေးပွဲဖြေဖို့ မလိုဘူးဆိုရင်တောင် ဒါမှမဟုတ် စာမေးပွဲမဖြေချင်ရင်တောင်၊ စာမေးပွဲဖြေဖို့သင်တန်းလည်း မတက်နိုင်ရင်တောင် TOEFL, TOEIC, IELTS ဒါမှမဟုတ် FCE လို စာမေးပွဲအတွက် စာရင်းသွင်းပြီး ဖြေလိုက်မယ်ဆိုရင် အင်္ဂလိပ်စာလေ့လာရာမှာ အလေးအနက်ထားပြီး စိတ်ဝင်တစားဖြစ်လာနိုင်ပါတယ်။
၆၃။ အသံထွက်အတွက် သရုပ်ဆောင်တစ်ဦးကို စံနမူနာထားပြီး လေ့ကျင့်ပါ။ ဥပမာ Robert Deniro လိုမျိုး စကားပြောကြည့်ပါ။ တချို့ ကျောင်းသူကျောင်းသားတွေက အင်္ဂလိပ်စာကို မိခင်ဘာသာစကားအဖြစ် ပြောတဲ့သူတစ်ယောက်လို အသံထွက်ချင်တယ်၊ ဒါပေမယ့် ခက်တာက မိခင်ဘာသာစကားအဖြစ် ပြောတဲ့သူတွေကိုယ်တိုင် တစ်ယောက်နဲ့တစ်ယောက် အသံထွက်က သိပ်မတူကြဘူး။ ဒါကြောင့် တစ်ယောက်ယောက်ကို စံနမူနာအနေနဲ့ ရွေးချယ်လိုက်ခြင်းအားဖြင့် အသံထွက်ပိုကောင်းအောင် လုပ်ရတာ လွယ်သွားတယ်။ ပျော်စရာလည်းကောင်းလာနိုင်တယ်။ ပါတီပွဲတွေလိုနေရာမျိုးမှာလည်း သရုပ်ဆောင်ပြလို့ ရပါတယ်။
၆၄။ အင်္ဂလိပ်-အင်္ဂလိပ်အဘိဓာန်ကိုအသုံးပြုပါ။ ဘာသာနှစ်မျိုး အဘိဓာန်ကို လျှော့သုံးပြီး အင်္ဂလိပ်ဘာသာ တစ်မျိုးတည်း အဘိဓာန်ကို ပြောင်းသုံးခြင်းအားဖြင့် စကားပြောတဲ့အခါ ဒါမှမဟုတ် နားထောင်တဲ့အခါ ဘာသာပြန်မနေရအောင် အထောက်အကူပြုနိုင်ပါတယ်။ အဘိဓာန်သုံးနေတုန်းမှာ အခြားအသုံးဝင်တဲ့ စကားလုံးတွေလည်း ရလာနိုင်ပါတယ်။
၆၅။ ရံဖန်ရံခါ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အင်္ဂလိပ်လို စကားပြောပါ။ e-mail ပို့ပါ။လူအတော်များများက အဲဒီလို အင်္ဂလိပ်လို ပြောရ ရေးရ တာကို ပုံမှန်မဟုတ်သလိုမျိုး၊ ရှက်စရာကောင်းသလိုလို ထင်ကြပါတယ်။ ဒါပေမယ့် ဘာသာစကားလေ့လာ နေတာဘဲလို့ သဘောထားပြီး အချိန် ဒါမှမဟုတ် နေရာ သတ်မှတ်ပြီးတော့ ပြောမယ်ဆိုရင် သင်္ချာအတူ လေ့လာသလိုပါဘဲ၊ ဘာမှ တိုးပြီး ထူးခြားစရာမရှိပါဘူး။
ရေးသားသူ - Language Republic of MyanmarNetwork
Posted by ကိုတူး(မိတ္ထီလာ GTI)