Wednesday, September 14, 2011

ပြည်ပမှ ကားတင်သွင်းခွင့်များ ပေးတော့မည့် မြန်မာပြည်

သက်တမ်းရင့် ကားအိုကား ဟောင်းများအား ပယ်ဖျက်ကာ ကားသစ်များဖြင့် အစားထိုးခွင့် ပြုသွားမည့်အပြင် ပြည်ပမှ ကား တင်သွင်းခွင့်များအား အကန့်အသတ်ဖြင့် ပေးရန်အစီအစဉ်ရှိကြောင်း သတင်းရရှိပါသည်။ 
ပို့ကုန်လုပ်ငန်း၊ ဟိုတယ်ခရီး သွားလာမှုလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းလုပ်ကိုင်သူများ၊ နိုင်ငံခြားတွင် တရားဝင်သွားရောက်အလုပ် လုပ်နေသူများနှင့် သင်္ဘောသားများ သည် နိုင်ငံတော်ဘဏ်များတွင် တရားဝင်နိုင်ငံခြားငွေစုဆောင်းထားရှိပါက မော်တော်ယာဉ်ဝယ်ယူခွင့် ပါမစ်အား စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ယင်းအပြင် နိုင်ငံတော်အစိုးရအနေဖြင့်လည်း ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ ကိုရီးယား၊ မလေးရှားနှင့်ထိုင်း နိုင်ငံတို့မှ နိုင်ငံခြားကားထုတ်လုပ်သည့် ကုမ္ပဏီများနှင့်ဆက်သွယ်ပြီး မြန်မာနိုင်ငံတွင် ယာဉ်အရောင်းပြခန်း Show Room များ ဖွင့်လှစ်ရောင်းချနိုင်ရေး ခွင့်ပြုပေးသွား မည်ဖြစ်ကြောင်းသိရသည်။ 
ထိုသို့အရောင်းပြခန်း Show Roomများမဖွင့်လှစ်နိုင်မီသေးမီ ကာလအတွင်း၌မူ ကားအိုကားဟောင်းများ ဖြစ်သည့် မှတ်ပုံတင်သက်တမ်း အနှစ် ၄၀ကျော်ယာဉ်များကို ယာဉ်သစ်များဖြင့် လဲလှယ်ရာ၌ ကားဝယ်ယူခွင့်ပါမစ်များဖြင့်သာ နိုင်ငံခြားမှတင်သွင်းကြရမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။
ထုတ်ပြန်ချက်အရ နိုင်ငံတော်ရှိ အများပြည်သူအနေဖြင့် မော်တော်ယာဉ်အရောင်းပြခန်း Show Room များမှဖြစ်စေ၊ နိုင်ငံခြားမှမှာယူတင်သွင်း၍ဖြစ်စေ မိမိတတ်နိုင်သောငွေကြေးဖြင့် လွတ်လပ်စွာ ၀ယ်ယူ သုံးစွဲခွင့်ရသည်အထိ ဆောင်ရွက်ပေးသွားရန်ရှိကြောင်း သိရသည်။
ယခုကဲ့သို့ ထုတ်ပြန်ပေးမှုအပေါ် လုပ်ငန်းရှင်များနှင့် စီးပွားရေးဆိုင်ရာအသင်းအဖွဲ့များတွင်ပါဝင် လုပ်ဆောင်နေသူများက ထင်မှတ်မထားသည့် အပြောင်းအလဲတစ်ခု အားဖြေလျော့ပေးခြင်းဖြစ်၍ ဆက်လက်၍ အများပြည်သူ မျှော်လင့်နေသည့် အပြောင်းအလဲများအတွက်ပါ မျှော်လင့်ချက်ထား၍ ရလာနိုင်ကြောင်း သုံးသပ်ကြသည်။

အမေရိကန် အားကစား လောကထဲ ဝင်ရောက်လာတဲ့ ရွှေမြန်မာများ


ကနေဒါနိုင်ငံ ဗင်ကူးဗား ဘီစီ မြို့က Battle Field Fight League သတ်ကွင်းထဲ ဝင်မလို့ ပြင်နေတဲ့ ကရင် - မြန်မာ အမျိုးသား မိုင်အောင် ( Mai Aung )

         အရင် တစ်ယောက်လိုဘဲ ကနေဒါနိုင်ငံ ဗင်ကူးဗား ဘီစီ မြို့က ကရင် - မြန်မာ အမျိုးသား မိုင်အောင် ( Mai Aung ) ဆိုသူလဲ MMA လို Battle Field Fight League ခေါ်တဲ့ ကနေဒါနိုင်ငံက ပွဲစဉ်တွေမှာ 1-0-0 (Win-Loss-Draw) ရလဒ်နဲ့ စတင် ဝင်ရောက် ထိုးသတ်နေကြောင်း နဲ့ အားကစား လောကထဲက ပြည်ပရောက် ရွှေမြန်မာများ အကြောင်း တင်ပြလိုက် ရပါတယ်။

Credit to Ko Thar Ngel (Facebook)
 Posted by ဂျစ်တီး