Monday, July 02, 2012

The Key to Excellent English Speaking

အရေးအကြီးဆုံးသော English ကျွမ်းကျင်မှုက ဘာပါလဲ။ ပြေပြေပြစ်ပြစ် English လို (ပြောဆို) ဆက်ဆံဖို့ ဘယ်လိုကျွမ်းကျင်မှုရှိရမှာပါလဲ။
အထင်အရှားဆုံ နံပတ် (၁) တော့ fluencyပါ။ fluencyဆိုတာကရော ဘာပါလဲ။ fluencyဆိုတာ  ဘာသာပြန်မှုမပြုပဲ လွယ်ကူ မြန်ဆန်စွာ အင်္ဂလိပ်လို နားလည် ပြောဆိုနိုင်တဲ့ စွမ်းရည် ဖြစ်ပါတယ်။ fluencyဆိုတာ ဒေသခံ အင်္ဂလိပ်လူမျိုးတွေနဲ့ သက်တောင့်သက်သာ စကားပြောနိုင်တဲ့ စွမ်းရည်လို့ ဆိုလိုပါတယ်။ သူတို့ သင်ပြေတာကို လွယ်လင့်တကူ နားလည် သင်က သူတို့ပြောတာကို လွယ်လင့်တကူနဲ့ နားလည်နိုင်ရမယ်ပေါ့။ တကယ်ပြောရရင် သင်ဟာ ချက်ချင်း နားလည်နိုင် ပြန်ပြောနိုင်ရပါမယ်။ fluencyဆိုတာ English စာသင်ကြားခြင်းရဲ့ အရေးအကြီးဆုံးသော ပန်းတိုင်ပါ။
သုတေသီတွေရဲ့ အလိုကတော့ ရှင်းပါတယ်။ fluencyကိုရဖို့ တနည်းပဲ ရှိပါတယ်။ ပြဋ္ဌာန်းစာအုပ်တွေကို ဖတ်လို့ fluencyကို မရနိုင်ပါဘူး။ English ကျောင်းတွေမှာ တက်လို့လဲ fluencyကို မရနိုင်ပါဘူး။ Grammar စည်းကမ်းတွေကို သင်ယူလို့လဲ fluencyကို မရနိုင်ပါဘူး။
နားထောင်ခြင်းသည် သော့ချက်
fluencyကို ရဖို့ ကျွန်တော်တို့တွေ နားလည်ပြီး ပြန်လည် ရွတ်ဆိုနိုင်တဲ့ ( English စကားသံတွေကို) နားထောင်မှု အများကြီး လိုပါတယ်။ ဒါဟာ တခုတည်းသော နည်းလမ်းပါ။ English စကားပြော ကောင်းသူ တယောက်ဖြစ်ဖို့ နားနဲ့ ကျွန်တော်တို့ သင်ယူရမှာပါ။ မျက်စိနဲ့ သင်ယူရမှာ မဟုတ်ပါဘူး။ တနည်းအားဖြင့် ကျွန်တော်တို့ ( English စကားသံတွေကို) နားထောင်ရပါမယ်။ ကျွန်တော်တို့ရဲ့ နားတွေဟာ English စကားပြော ကောင်းသူ ဖြစ်ဖို့ သော့ချက်တွေ ဖြစ်ပါတယ်။
ဘယ်လို ( English စကားတွေကို) နားထောင်ခြင်းက အကောင်းဆုံးပါလဲ။ ကောင်းပါပြီ၊ ကျွန်တော်တို့ နားထောင်တဲ့ English ဟာ ကျွန်တော်တို့ နားလည်ရပါမယ်။ လိုက် ပြောနိုင်ရပါမယ်။ ဒီနှစ်ခုက အင်မတန် အရေးကြီးပါတယ်− နားလည်ရပါမယ် ပြီးတော့ လိုက်ပြောနိုင်ရပါမယ်။