Thursday, July 07, 2011

စာပေဝါသနာအိုး သူငယ်ချင်းတို့အတွက်

စာပေဝါသနာအိုး သူငယ်ချင်းတို့အတွက် စာပေဟောပြောပွဲ mp3 ( ၁၂၃ ) ဖိုင်ရဲ့ link တွေကို ဖော်ပြပေးလိုက်ပါတယ်။ တချို့လည်း သိပြီးလောက်ပြီဖြစ်မှာပါ။ တစုတစည်းတည်း နားထောင်နိုင်ဖို့ မီးပြတိုက် မှတဆင့် ကူးယူတင်ပြပေးလောက်ပါတယ်။
1AKyiTaw - AKyiTaw 20110529 LaMinPhanPwe NorthOkkalapa56:27
2AKyiTaw - DoteKhaSoTarNaungTaChangeHarThaPar3:35
3AttaKyaw - AttaKyaw 20110507 SateMyetSiKoPhwintYaAu...44:11
4AttaKyaw - AttaKyaw TanPhoeShiDeLu MawLaMyaing 20100:38
5AungKyawSan - AungKyawSan KaNaungALwanHtooSanHtwayL...27:05
6Aung Pyae - AungPyae YayThuEiPaRiYalPhatThuEiKhanSa...40:37
7AungThin - AungThin 20110529 KoKyintYinPyinNyar Nor...5:54
8Aung Thinn - Youth's Life2:10
9AungThin - YaNayLuNge&SarPay(2)9:57
10Aung Thinn - Today's Youth And Literature58:05
11AungThin - AungThin 20101219 LuNgalHnintPyinNyar He...21:34
12AungThin - AungThin 20110130 LuNgeTwayNeltANarGat K...50:22
13Aung Thin - AungThin AMway _4:12
14Aung Thin - AungThin KhaungSaungSoTar55:40
15Aung Thin - AungThin LetKhanLiteSanBa SarPayLawKa55:59
16Aung Thin - AungThin LuHninrPyinNyar AThode _59:01
17Aung Thin - AungThin PyinNyar Monywa57:09
18Aung Thin - AungThin YaNaeLuNgalHnintYaNaeYaThaSarP...58:11
19Aung Thin - AungThin YaNaeLuNgeBaWaHtuHtaungHmu Pya...2:12
20UAungThin - UAungThin BeAccepted46:55

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၁၉)

CLAUSES (2) - Adjective Clauses (1)
Noun တစ်ခုကို ဖော်ပြတဲ့ ပုဒ်စုကို Adjective Clause လို့ ခေါ်ကြောင်း အရင်အခန်းမှာတုန်းက တင်ပြခဲ့ပြီ။ သူတို့ကို ပြုလုပ်ရာမှာ Relative Pronouns တွေကို အသုံးပြုရတဲ့အတွက် Relative Clause လို့လည်း ခေါ်သေးတယ်။
Adj Clause (or) Relative Clause တွေကို နှစ်မျိုးခွဲခြားထားတယ်။ ဒီအကြောင်း စောစောစီးစီး သဘောပေါက်ထားသင့်တယ်။ နို့မဟုတ်ရင် Relative သုံးရာမှာ၊ ကော်မှာသုံးရာမှာ အလွဲလွဲအမှားမှား ဖြစ်ရတယ်။ နှစ်မျိုးကတော့  Defining Clause and Non-defining Clause တို့ပါပဲ။ ( အချို့ဆ၇ာသမားများကလည်း Restrictive and Non-restrictive လို့ ခေါ်ကြပါတယ်။ )
ဒီနှစ်ခုမှာ defining clause က ပြောစကားမှာ အသုံးအများဆုံးဖြစ်တယ်။ ၉၀ ရာခိုင်နှုန်းလောက် ရှိပါလိမ့်မယ်။ Non-defining Clause ကို စာရေးရာမှာပဲ တွေ့ရတတ်တယ်။ ဒါကြောင့် Defining clause ကို အရင် ပိုင်နိုင်ကျေညက်နေအောင် လေ့ကျင့်ရမယ်။
Define ဆိုတာ limit ကန့်သတ်လိုက်တာ၊ ညွှန်းလိုက်တာပဲ ဖြစ်တယ်။ Defining Clause ဆိုတာ ဘယ်သူဘယ်ဝါလို့ ကန့်သတ်ပေးလိုက်တဲ့ ပုဒ်စု ၊ ညွှန်းပြလိုက်တဲ့ ပုဒ်စုပေါ့ ။ ဥပမာ……….
The girl is my cousin.
ကောင်မလေးက ငါ့ ဝမ်းကွဲနှမ - လို့်ပြောလျှင် အနီးအနားမှာ မိန်းကလေးတစ်ယောက်တည်း ရှိလျှင်ဖြင့် အငြင်းပွားစရာ မပေါ်ဘူးပေါ့။ အဲဒီမိန်းကလေးကိုပဲ ပြောတာပဲပေါ့ ။ ဒါပေမယ့် မိန်းကလေးက တစ်ယောက်တည်းမဟုတ်ပဲ လေးငါးယောက်ရှိနေမယ်ဆိုလျှင်ဖြင့် အဲလိုပြောရုံနှင့် မလုံလောက်တော့ ဘူး။ ဘယ်မိန်းကလေးလည်းလို့ ကန့်သတ် ပေးရပေလိမ့်မယ်။ ထောက်ပြပေးရပေလိမ့်မယ်။ Define လုပ်ပေးရပေလိမ့်မယ်။
The girl who is wearing a blue cardigan is my cousin.
ဆွယ်တာအပြာလေးဝတ်ထားတဲ့ ကောင်မလေးက ငါ့ နှမ ၀မ်းကွဲလေ။
ဒီတော့ မှ.. သြော် သူ့ကိုပြောတာပါလားလို့ တိတိကျကျ နားလည်ရပေတော့ မယ်။ ဒါကြောင့် who is wearing a blue cardigan ပုဒ်စုကို ကန့်သတ်ပေးတဲ့ ပုဒ်စု ၊ ထောက်ပြပေးတဲ့ ပုဒ်စု၊ define လုပ်ပေးတဲ့ ပုဒ်စု ၊ အင်္ဂလိပ်လို defining clause လို့ ခေါ်ပါတယ်။ ဒါပေမယ့်….
Ma May is my cousin.
မမေက ငါ့ နှမ၀မ်းကွဲဖြစ်တယ်။
ဒီလိုပြောလျှင်ဖြင့် အနီးအနားမှာ မိန်းကလေးတစ်ယောက်တည်းရှိရှိ ၊ အယောက်တစ်ရာရှိရှိ ဘာမှ ရှုပ်ထွေးစရာ မဖြစ်တော့ပါဘူး။ Ma May ကို ထောက်ပြပေးစရာ၊ ကန့််သတ်ပေးစရာ ၊ define လုပ်ပေးစရာ မလိုတော့ ပါဘူး။ မလိုပါပဲလျှက် …………..
Ma May, who is wearing a blue cardigan is my cousin.
ဆွယ်တာ အပြာလေးဝတ်ထားတဲ့ မမေက ငါ့ နှမ၀မ်းကွဲလေး - လို့ ပြောလျှင်တော့ who is wearing a blue cardigan - ဟာ ကန့်သတ်မပေးတဲ့ ၊ ထောက်ပြမပေးတဲ့ ၊ define မလုပ်တဲ့ ပုဒ်စုဖြစ်တယ်။ ဒါကြောင့် အင်္ဂလိပ်လို့ သူ့ကို Non-defining clause လို့ ခေါ်ပါတယ်.

ဂုဏ်တော်ကိုးပါး ဂြိုလ်သက်အလိုက် ပုတီးစိပ်အဓိဌာန်နည်း

ဘုရားဂုဏ်တော်(၉)ပါးဖြင့် ဂြိုလ်တိုင်ခွင်ဘုရားများအား ပုတီးစိတ်ပူဇော်ပုံ
၁။ တနင်္ဂနွေနေ့ “အရဟံ” ဂုဏ်တော်ဖြင့် ဂြိုလ်သက်အရ ပုတီး (၆)ပတ် စိတ်ပါ။
၂။ တနင်္လာနေ့ “သမ္မာသမ္ဗုဒေါ” ဂုဏ်တော်ဖြင့် ဂြိုလ်သက်အရ ပုတီး (၁၅)ပတ် စိတ်ပါ။
၃။ အင်္ဂါနေ့ “၀ိဇ္ဇာစရဏသမ္ပန္နော” ဂုဏ်တော်ဖြင့် ဂြိုလ်သက်အရ ပုတီး (၈) ပတ် စိတ်ပါ။
၎။ ဗုဒ္ဓဟူးနေ့ (နံနက်) “သုဂတော” ဂုဏ်တော်ဖြင့် ဂြိုလ်သက်အရ ပုတီး (၁၇) ပတ် စိတ်ပါ။
၅။ ဗုဒ္ဓဟူးနေ့ (ညနေ) “လောက၀ိဒူ” ဂုဏ်တော်ဖြင့် ဂြိုလ်သက်အရ ပုတီး (၁၂) ပတ် စိတ်ပါ။
၆။ ကြာသပတေးနေ့ “အနုတ္တရောပုရိသဓမ္မသာရထိ”
ဂုဏ်တော်ဖြင့် ဂြိုလ်သက်အရပုတီး (၁၉) ပတ် စိတ်ပါ။
၇။ သောကြာနေ“သတ္တဒေ၀မနုဿနံ” ဂုဏ်တော်ဖြင့် ဂြိုလ်သက်အရ ပုတီး (၂၁) ပတ် စိတ်ပါ။
၈။ စနေနေ“ဗုဒ္ဓေါ” ဂုဏ်တော်ဖြင့် ဂြိုလ်သက်အရ ပုတီး (၁၀) ပတ် စိတ်ပါ။
၉။ စနေနေ့(အခြားအချိန်) “ဘဂ၀ါ” ဂုဏ်တော်ဖြင့် ဂြိုလ်သက်အရ ပုတီး (၁၀) ပတ် စိတ်ပါ။
ပုတီးစိတ်နည်းနှင့် ဆုတောင်းပုံ
ဘုရားတပည့်တော်သည် ဤနေ့၊ ဤရက်(တနင်္ဂနွေ) နေ့မှစ၍ စနေနေ့တိုင်အောင်(၇) ရက်တိတိ ဘုရားဂုဏ်တော်(၉)ပါးကို နေ့စဉ်ဂြိုလ်သက်အလိုက် ပွားများအားထုတ်ပါမည်ဟု အဓိဌာန်ပြုပါသည်။
ဤသို့ပွားများအားထုတ်ရသော အကျိုးကြောင့် လောကတွင် ဆရာတစ်ဆူဖြစ်၍ လိုအပ်သော ဆန္ဒများ တလုံးတ၀တည်း ပြည့်စုံရပါလို၏ဘုရား(သို့မဟုတ်) မိမိလိုရာဆိုတောင်းပါ။
ဤနေ့သည် (တနင်္ဂနွေနေ့) ဖြစ်သည့်အတွက် -(တနင်္ဂနွေနေ့ဖွား) ဘုရားရဟန္တာ ကိုယ်တော်မြတ်အပေါင်းတို့အားရည်မှန်း၍ “အရဟံ” ဂုဏ်တော်ကို (တနင်္ဂနွေနေ့ဖွား) ဘုရားရဟန္တာ ကိုယ်တော်မြတ်အပေါင်းတို့အားရည်မှန်း၍ “အရဟံ” ဂုဏ်တော်ကို (တနင်္ဂနွေ) ဂြိုလ်သက်အလိုက် (၆)ပတ်” ပုတီးစိတ်၍ ပူဇော်ပါမည်ဘုရား။
ဤသို့ပူဇော်ရသောအကျိုးအားကြောင့်…..
(၁) (တနင်္ဂနွေ)ဂြိုလ်မင်းကြီးသည် ကျွန်ုပ်အား ချစ်ခင်ကြင်နာစွာ စောင့်ရှောက်ပါစေသတည်း။
(၂) (တနင်္ဂနွေနေ့ဖွား) သူတော်စင်၊ သူတော်မြတ်အပေါင်းတို့က စောင့်ရှောက်ပါစသေတည်း။
(၃)(တနင်္ဂနွေနေ့ဖွား) ယောက်ျား၊ မိန်းမအပေါင်းနှင့် သတ္တ၀ါအပေါင်းတို့က ကျွန်ုပ်အား ကူညီ စောင့်ရှောက်ပါစေ၊ အန္တရာယ်ပြုခြင်းမှ ရှောင်ရှားပါစေသတည်း။
(၄) (တနင်္ဂနွေနေ့)တွင် ပြုလုပ်သမျှ ကိစ္စအ၀၀ အောင်မြင်ပါစေသတည်း။
ကွင်းပတ်/အဖွင့်ဖြင့် လိုင်းတားထားတဲ့ နေရာတွေမှာ နေ့အလိုက်/ ဂြိုလ်အလိုက်/ဂြိုလ်သက်အလိုက် ဂုဏ်တော်များကို ပြောင်းစိတ်ပါ။ ဥပမာ-တနင်္လာနေ့တွင်စိတ်လျှင် ဂြိုလ်မှာတနင်္လာဂြိုလ်ဖြစ်ပြီးတော့၊ ဂြိုလ်သက်မှာ (၁၅) နှစ်ဖြစ်တဲ့အတွက်ကြောင့် (၁၅) ပတ်စိတ်ရပါမည်။ ဂုဏ်တော်အားဖြင့် “သမ္မာသမ္ဗုဒေါ” ဂုဏ်တော်ဖြစ်ပါသည်။
အကျိုးကျေးဇူး
(၇)ရက် (၇)ကြိမ်၊ စုစုပေါင်း(၄၉)ကြိမ် ပြီးမြောက်ပါက ပါရမီအနုအရင့်အလိုက် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ ရာထူးတိုး၊ အရောင်းအ၀ယ်စသည်များ စတင်ထူးခြားမည်။ ပါရမီရင့်သန်သူဖြစ်ပါက (၇)ရက် သား/သမီး တို့၏ ဆရာတစ်ဆူ ဖြစ်လာမည်။ ရန်သူများခယလာမည်။ (၄၉)ရက်၊ (၃)ကြိမ်ပြီးမြောက်ပါက ပါရမီအနုအရင့်အလိုက် အားလုံးထူးခြားမှုတွေ့လာရမည်။ (အမြဲစိတ်သွားပါက အကြားအမြင်ရခြင်း၊ မနောမယသိဒ္ဓိနှင့် ပြည့်စုံခြင်းတို့ဖြစ်မည်။)

သူငယ်ချင်းများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် လိုအင်ဆန္ဒတလုံးတဝတည်း ပြည့်နိုင်ကြပါစေ....
 Posted By ၀တီ