Thursday, July 07, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၁၉)

CLAUSES (2) - Adjective Clauses (1)
Noun တစ်ခုကို ဖော်ပြတဲ့ ပုဒ်စုကို Adjective Clause လို့ ခေါ်ကြောင်း အရင်အခန်းမှာတုန်းက တင်ပြခဲ့ပြီ။ သူတို့ကို ပြုလုပ်ရာမှာ Relative Pronouns တွေကို အသုံးပြုရတဲ့အတွက် Relative Clause လို့လည်း ခေါ်သေးတယ်။
Adj Clause (or) Relative Clause တွေကို နှစ်မျိုးခွဲခြားထားတယ်။ ဒီအကြောင်း စောစောစီးစီး သဘောပေါက်ထားသင့်တယ်။ နို့မဟုတ်ရင် Relative သုံးရာမှာ၊ ကော်မှာသုံးရာမှာ အလွဲလွဲအမှားမှား ဖြစ်ရတယ်။ နှစ်မျိုးကတော့  Defining Clause and Non-defining Clause တို့ပါပဲ။ ( အချို့ဆ၇ာသမားများကလည်း Restrictive and Non-restrictive လို့ ခေါ်ကြပါတယ်။ )
ဒီနှစ်ခုမှာ defining clause က ပြောစကားမှာ အသုံးအများဆုံးဖြစ်တယ်။ ၉၀ ရာခိုင်နှုန်းလောက် ရှိပါလိမ့်မယ်။ Non-defining Clause ကို စာရေးရာမှာပဲ တွေ့ရတတ်တယ်။ ဒါကြောင့် Defining clause ကို အရင် ပိုင်နိုင်ကျေညက်နေအောင် လေ့ကျင့်ရမယ်။
Define ဆိုတာ limit ကန့်သတ်လိုက်တာ၊ ညွှန်းလိုက်တာပဲ ဖြစ်တယ်။ Defining Clause ဆိုတာ ဘယ်သူဘယ်ဝါလို့ ကန့်သတ်ပေးလိုက်တဲ့ ပုဒ်စု ၊ ညွှန်းပြလိုက်တဲ့ ပုဒ်စုပေါ့ ။ ဥပမာ……….
The girl is my cousin.
ကောင်မလေးက ငါ့ ဝမ်းကွဲနှမ - လို့်ပြောလျှင် အနီးအနားမှာ မိန်းကလေးတစ်ယောက်တည်း ရှိလျှင်ဖြင့် အငြင်းပွားစရာ မပေါ်ဘူးပေါ့။ အဲဒီမိန်းကလေးကိုပဲ ပြောတာပဲပေါ့ ။ ဒါပေမယ့် မိန်းကလေးက တစ်ယောက်တည်းမဟုတ်ပဲ လေးငါးယောက်ရှိနေမယ်ဆိုလျှင်ဖြင့် အဲလိုပြောရုံနှင့် မလုံလောက်တော့ ဘူး။ ဘယ်မိန်းကလေးလည်းလို့ ကန့်သတ် ပေးရပေလိမ့်မယ်။ ထောက်ပြပေးရပေလိမ့်မယ်။ Define လုပ်ပေးရပေလိမ့်မယ်။
The girl who is wearing a blue cardigan is my cousin.
ဆွယ်တာအပြာလေးဝတ်ထားတဲ့ ကောင်မလေးက ငါ့ နှမ ၀မ်းကွဲလေ။
ဒီတော့ မှ.. သြော် သူ့ကိုပြောတာပါလားလို့ တိတိကျကျ နားလည်ရပေတော့ မယ်။ ဒါကြောင့် who is wearing a blue cardigan ပုဒ်စုကို ကန့်သတ်ပေးတဲ့ ပုဒ်စု ၊ ထောက်ပြပေးတဲ့ ပုဒ်စု၊ define လုပ်ပေးတဲ့ ပုဒ်စု ၊ အင်္ဂလိပ်လို defining clause လို့ ခေါ်ပါတယ်။ ဒါပေမယ့်….
Ma May is my cousin.
မမေက ငါ့ နှမ၀မ်းကွဲဖြစ်တယ်။
ဒီလိုပြောလျှင်ဖြင့် အနီးအနားမှာ မိန်းကလေးတစ်ယောက်တည်းရှိရှိ ၊ အယောက်တစ်ရာရှိရှိ ဘာမှ ရှုပ်ထွေးစရာ မဖြစ်တော့ပါဘူး။ Ma May ကို ထောက်ပြပေးစရာ၊ ကန့််သတ်ပေးစရာ ၊ define လုပ်ပေးစရာ မလိုတော့ ပါဘူး။ မလိုပါပဲလျှက် …………..
Ma May, who is wearing a blue cardigan is my cousin.
ဆွယ်တာ အပြာလေးဝတ်ထားတဲ့ မမေက ငါ့ နှမ၀မ်းကွဲလေး - လို့ ပြောလျှင်တော့ who is wearing a blue cardigan - ဟာ ကန့်သတ်မပေးတဲ့ ၊ ထောက်ပြမပေးတဲ့ ၊ define မလုပ်တဲ့ ပုဒ်စုဖြစ်တယ်။ ဒါကြောင့် အင်္ဂလိပ်လို့ သူ့ကို Non-defining clause လို့ ခေါ်ပါတယ်.
ဒီလို defining, non-defining လို့ ကွဲပြားဖို့ဟာ အပြောမှာရော အရေးမှာပါ အခြေခံကျကျ အရေးကြီးလှတယ်။ ပြောလျှင် defining clause ကို မရပ်မနားပဲ တောက်လျှောက် ပြောနိုင်ရမယ်။ တစ်ချို့ ကျောင်းသားများ မဖတ်တတ်ဖတ်တတ်နဲ့ The girl ဆိုပြီး ဖတ်ကာ ခဏရပ်တန့်နေလိုက်၊ ပြီးတော့မှ who is wearing a blue cardigan ဆိုပြီး ရွတ်လိုက် မလုပ်ရပါဘူး။ The girl who is wearing a blue cardigan ….. ကို တောက်လျှောက် တစ်ဆက်တည်း ရွတ်ဆိုသွားနိုင်ရပါမယ်။ ရေးလျှင်လည်း The girl နောက်က ကော်မာ မထည့်ရပါဘူး။ ပုဒ်စုနောက်ကလည်း ကောက်မာ မထည့်ရပါဘူး။
ကောက်မာသုံးတယ်ဆိုတာ အပြောမှာ ခဏတန့်နားရတာကို အရေးမှာ သင်္ကေတပြတာပါပဲ။ ဒါကြောင့် non-defining clause ကိုဖတ်လျှင် Ma May ဆိုပြီးနောက် ခဏတန့် နားရမယ်။ တောက်လျှောက်မရွတ်ရဘူး။ ပြီးမှ who is wearing a blue cardigan ….. စသည်ရွတ်၊ ပြီးခဏတန့် နား။ ပြီးမှ is my cousin ရွတ်ရမယ်။ ရေးလျှင် အဲ့ဒီ တန့် နားတဲ့ နေ၇ာတွေမှာ ကော်မှာသုံးရတာပါပဲ။
သက်မဲ့ အရာဝတ္ထုများနဲ့ ပါတ်သက်လို့လည်း ဒီသဘောပဲ နားလည်၇မယ်။
The town looks beautiful.
မြို့က လှတယ်။
ဘယ်မြို့လည်း define လုပ်ပေးဖို့ လို့ပါလိမ့်မယ်။
The town that is on the Shweli looks beautiful.
ရွှေလီမြစ်ပေါ်မှာရှိတဲ့ မြို့ကလေးက လှတယ်။
ဒီဝါကျမှာ that is on the Shweli ပုဒ်စုဟာ defining clause ဖြစ်တယ်။
Namkham looks beautiful.
နမ့်ခမ်းမြို့လေးက လှတယ်။
နမ့်ခမ်း - လို့ ဆိုနေမှတော့ ဘယ်မြို့လည်းလို့ ရှုပ်ထွေးစရာ မရှိတော့ပါဘူး။
Namkham, which is on the Shweli looks beautiful.
ရွှေလီမြစ်ပေါ်မှာ ရှိတဲ့ နမ့်ခမ်းမြို့လေးက လှတယ်လို့ ပြောလျှင်ဖြင့် which is on the Shweli ပုဒ်စုဟာ non-defining clause ဖြစ်တယ်။
ယခုရေးခဲ့တဲ့ ၀ါကျနှစ်ခုကိုကြည့်လျှင် defining နဲ့ non-defining အသုံးအနှုန်းကွာခြားပုံကို မြင်သာပါတယ်။ လူမှာတုန်းကတော့  နှစ်ခုလုံး who ပဲသုံးတယ်။ အရာဝတ္ထုမှာတော့  defining မှာ that, non-defining မှာ which သုံးထားတာ သတိပြုမိပါလိမ့်မယ်။ object ကို ကြည့်လျှင် ပိုပြီး သိသာပါလိမ့်မယ်။
The girl you met at my home yesterday is my cousin.
မင်းမနေ့က ငါအိမ်မှာတွေ့ခဲ့တဲ့ ကောင်မလေးက ငါ့ နှမ၀မ်းကွဲပေါ့ ။
Ma may, whom you met at my home yesterday is my cousin.
မင်းမနေ့က ငါ့အိမ်မှာ တွေ့ခဲ့တဲ့ မမေက ငါ့နှမ၀မ်းကွဲလေးပေါ့။
The town we are going to visit is on the Shweli.
ငါတို့ အလည်သွားမယ့်မြို့က ရွှေလီမြစ်ပေါ်မှာ တည်ရှိတယ်။
သတိပြု့မိမယ့်အချက်ကတော့ defining မှာ object ဆိုလျှင် လူရော၊ အရာဝတ္ထုရော ဘာ relative မှ မပါပဲ သုံးတယ်။ non-defining မှာ လူအတွက် whom ၊ အရာဝတ္ထုအတွက် which သုံးတယ်ဆိုတဲ့ အချက်ပါပဲ။ အဲလို ကွဲကွဲပြားပြား ခွဲခြားသုံးတတ်ဖို့ လိုပါတယ်.။ ဒါကြောင့်လည်း defining and non-defining ကွဲပြားဖို့ လိုတယ်လို့ စောကတည်းက ပြောခဲ့ခြင်းဖြစ်တယ်.။ အခု ဆွေးနွေးခဲ့တဲ့ relatives တွေကို အောက်ပါအတိုင်း ခွဲထုတ်ရေးပြပါ မယ်။
Defining Relative

Subject က ...... Person ဆိုလျှင် who ( that ) ၊ Things ... ဆိုလျှင်....... that ( which )
Object က .........Person. ဆိုလျှင် ……,( that ) ၊ Things .... ဆို လျှင် …….,( that )
ကွင်းစကွင်းပိတ်က အသုံးနည်းကြောင်းကို ပြတယ်။ ဥပမာ - Subject မှာ လူဆိုလျှင် who အသုံးများတယ်။ that အသုံးနည်းတယ်လို့ ဆိုတယ်။ သင်ခါစကျောင်းသားအနေနှင့် who ကိုပဲ ကျင့်သင့်ပါတယ်။ အရာဝတ္ထုမှာတော့  Subject မှာ that ပဲအသုံးများတယ်။ which အသုံးနည်းတယ်။ Object မှာ ဘာမှ မသုံးတာ အကောင်းဆုံးပဲပေါ့ ။ တစ်ခါတရံ လူရောအရာဝတ္ထုပါ that တွေ့ရပါတယ်။

Non-defining Relative

Subject က.. .... Person ဆိုလျှင် ….., who……,၊ Things... ဆိုလျှင်………, which….,
Object က......... Person ဆိုလျှင်………, whom …,၊ Things .ဆိုလျှင်….., which ……,
ထပ်ပြီး သတိပေးပါရစေ ။ Defining and Non-defining ကွဲပြားပါစေ။ မရောစေပါနှင့်။ who စတဲ့ relative တွေကို သူ့နေရာနဲ့သူ သုံးတတ်ပါစေ။ အထူးသဖြင့် Object မှာ The man whom we met ……., The woman whom you saw …….စသည်ဖြင့် defining ဖြစ်ပါလျှက်နဲ့ whom သုံးတာမျိုးဟာ အရုပ်ဆိုးလှပါတယ်။ The man we met .. စသဖြင့် တောက်လျှောက်ပြောနိုင်ပါစေ။

အောက်ပါ နမူနာများကို ဆက်လက်လေ့လာကြည့်ပါ။
The boy is clever. He wrote this poem.
The boy who wrote this poem is clever.
The boy is not here. You want to see him.
The boy you want to see is not here.
( The boy whom you want to see ………. မဖြစ်စေပါနဲ့။ )
My mother is my best friend. I love her very much.
My mother, whom I love very much is my best friend.
He နေရာမှာ who အစားထိုးလိုက်ကြောင်း သတိပြုပါ။ ဒါကြောင့် ကိုယ်ချရေးရင် he ဆိုတဲ့ စကားလုံး ထပ်မပါစေနဲ့။ ပြီး who wrote this poem တစ်ပုဒ်စုလုံး the boy ဆိုတဲ့ သက်ဆိုင်ရာ N နောက်က ရှိရတာ သတိပြုပါ။ ဒုတိယ၀ါကျမှာ him အစား သုည ( ဘာမှမပါတာ ) သုံးလိုက်တာ သတိပြုပါ။ ဒီမှာလည်း The boy you want to see လို့ရေးနိုင်ပါစေ။ him မပါလာစေပါနဲ့။ တတိယ၀ါကျမှာ Non-defining ဖြစ်လို့မို့ object မှာ whom သုံးရတာ ၊ ကော်မှာသုံးရတာများကို သေသေချာချာ မှတ်သားပါ။

Posted by ကိုတူး(မိတ္ထီလာ GTI)

No comments:

Post a Comment