Monday, July 25, 2011

၄၂ နှစ်လုံးလုံး ဓာတ်ဆီသောက်ခဲ့သည့် တရုတ်နိုင်ငံမှ အမျိုးသားကြီး

တရုတ်နိုင်ငံတွင် အသက် ၇၁ နှစ်အရွယ် အမျိုး​​သား​​ကြီး​​ တစ်ဦး​​သည် ၄၂ နှစ်လုံး​​လုံး​​ ဓာတ်ဆီကို စွဲလန်း​​စွာ ​​သောက်​​နေခဲ့​​​ကြောင်း​​ သိရှိရသည်။
ချန်ဒီဂျန်က အဆက်မပြတ် ​​ချောင်း​​ဆိုး​​ပြီး​​ ရင်ဘတ်တွင် နာကျင်မှု ​​ဝေဒနာ ခံစား​​ရခြင်း​​ကို ဓာတ်ဆီ​​သောက်ခြင်း​​ဖြင့်​​ ကုစား​​နိုင်မည်ဟု ယုံကြည်ရာမှ ယခုလို စွဲစွဲမြဲမြဲ ဓာတ်ဆီ​​သောက်​​နေခြင်း​​ဟု ​​ပြောကြား​​ခဲ့​​သည်။ ချန်သည် တစ်လလျင် ဓာတ်ဆီ ၃ လီတာမျှထိ ​​သောက်​​လေ့​​ရှိပြီး​​ ယခုအခါ ဓာတ်ဆီ စွဲ​​နေပြီဖြစ်သည်။
ချုံကင်း ​​တွင် ​​နေထိုင်သည့်​​ ချန်သည် ၁၉၆၉ ခုနှစ်မှ စတင်ပြီး​​ ဓာတ်ဆီ​​သောက်လာခြင်း​​ဖြစ်သည်။ အလွန် ပြင်း​​ပြင်း​​ထန်ထန် ​​ချောင်း​​ဆိုး​​ပြီး​​ မခံမရပ်နိုင်​​အောင် ရင်ဘတ် နာကျင်လာသည့်​​အတွက် ချန်က ယခုလို ဓာတ်ဆီ ​​သောက်ခဲ့​​ခြင်း​​ဖြစ်သည်။ ချုံကင်း​​​​နေခင်း​​ သတင်း​​စာက ချန်၏ ထူး​​ဆန်း​​​သော အ​​လေ့​​အထကို ​​ဖော်ပြခဲ့​​ပြီး​​ ချန် စုစု​​ပေါင်း​​ ​​သောက်ခဲ့​​သည့်​​ ဓာတ်ဆီပမာဏသည် လီတာ​​ပေါင်း​​ ၁၅၀၀ မျှ ရှိ​​နေပြီဟု ခန့်မှန်း​​ ​​ဖော်ပြခဲ့​​သည်။
ချုံကင်း ​​ ​​ဆေး​​တက္ကသိုလ်မှ ​​ဒေါက်တာ ဖန်ဖူး​​က ချန်အား​​ ​​လေ့​​လာမှုများ​​ ပြုလုပ်ပြီး​​​နောက် ချန်၏ ခန္ဓာာကိုယ်အတွင်း​​ ဓာတ်ဆီ၏ အဆိပ်အ​​တောက် ဖြစ်​​စေနိုင်​​သော အာနိသင်ကို ဟန့်တား​​​ပေး​​သည့်​​ ကိုယ်ခံစွမ်း​​ရည်တစ်မျိုး​​ ​​ပေါ်​​ပေါက်​​နေ​​ကြောင်း​​ ​​ပြောကြား​​ခဲ့​​သည်။ ထိုသို့ မဟုတ်ပါက ချန်အ​​နေနှင့်​​ အသက်ရှင်နိုင်ရန် မဖြစ်နိုင်​​တော့​​ဟုလည်း​​ ​​ဒေါက်တာဖန်က မှတ်ချက်ပြုသွား​​သည်။
ချန်က ဓာတ်ဆီ​​သောက်ခြင်း​​သည် ရင်ဘတ်နာကျင်မှုနှင့်​​ ပတ်သက်ပြီး​​ စိတ်​​ပြေ​​ပျောက်စရာ တစ်ခုတည်း​​​သော နည်း​​လမ်း​​ဟု ​​ပြောဆိုခဲ့​​​သော်လည်း​​ အမှန်တကယ် ​​ဝေဒနာ သက်သာ ​​ပျောက်ကင်း​​မှု မရှိ​​ကြောင်း​​ ဝန်ခံသွား​​သည်။
Posted By မောင်စူးစမ်း (MTLA GTI)

No comments:

Post a Comment