Tuesday, July 26, 2011

ဘာသာစကား

တရုတ်စီးပွားရေးလုပ်ငန်းရှင် ဝေချောင်လင်းသည် လုပ်ငန်းကိစ္စဖြင့် နယူးဒေလီမြို့သို့ 
ရောက်လာစဉ် အရေးပေါ်နာမကျန်းဖြစ်၍ ဆေးရုံတတ်ရသည်။ ဝေချောင်လင်းနှင့်သိကျွမ်း
သော တရုတ်စကားမတတ်သည့် အိန္ဒိယလုပ်ငန်းရှင် မာမွတ်ဆေးရုံသို့ လူနာမေးရန်ရောက်လာသည်။ ဝေချောင်လင်း၏ ကုတင်အနီးတွင် ထိုင်နေသော မာမွတ်ကိုမျက်လုံးဖွင့်ကြည့်ပြီး "လီကိုင်ယန် ကျွိဂွမ်'' ဟုပြောသည်။ မာမွတ်က ဘာပြောမှန်းမသိ။ ဝေချောင်လင်းကိုသာ ငေးကြည့်နေသည်။
"လီကိုင်ယန် ကျွိဂွမ်..လီကိုင်ယန် ကျွိဂွမ်''ဟု ဝေချောင်းက အကြိမ်ကြိမ်ပြောနေသည်။
မာမွတ် လည်းနားမလည်၍ စဉ်းစားနေစဉ် "လီကိုင်ယန် ကျွိဂွမ်'' ဟုအော်ရင်း ဝေချောင်လင်း အသက်ပျောက်သွားသည်။ သို့ နှင့်စိတ်မကောင်းစွာဖြင့်အိမ်သို့ ပြန်လာခဲ့သည်။
နောက်တစ်နှစ်ခန့် ကြာသော် ...
မာမွတ်အလုပ်ကိစ္စဖြင့် ရှန်ဟိုင်းမြို့ သို့ ရောက်လာ၏။ ရှန်ဟိုင်းမြို့၏ စာအုပ်ဆိုင်တစ်ဆိုင်တွင် တရုတ်-အိန္ဒိယ အဘိဓါန် စာအုပ်ကိုတွေ့ ၍၀ယ်လိုက်ပြီး "လီကိုင်ယန် ကျွိဂွမ်''၏အဓိပ္ပါယ်ကိုရှာလေသည်။
 စာမျက်နှာ ၆၈ တွင်တွေ့ ၏။
"လီကိုင်ယန် ကျွိဂွမ်'' = " အောက်စီဂျင်ပိုက်ကိုဖင်ခုမထိုင်ပါနဲ '' ....
Posted by ဝတီ

No comments:

Post a Comment