Tuesday, July 26, 2011

1 နဲ့ 2 နဲ့ပေါင်းရင်ဘာရလဲ

သူငယ်တန်းဆိုတဲ့ အတန်းလေးတစ်တန်းမှာ ဆရာမတစ်ယောက် သင်္ချာ သင်နေတာပေါ့။ ဆရာမက ကျောင်းသားတစ်ယောက်ကိုစာမေးလိုက်တယ။် 1 နဲ့ 2 နဲ့ပေါင်းရင်ဘာရလဲတဲ့။ အဲဒါကို ကျောင်းသားလေးကမဖြေနိုင်ဘူး ဖြစ်နေတယ်။ အဲဒါနဲ့ ဆရာမလည်း ဒေါသထွက်ပြီးတော့ နောက်နေ့ကြရင်မေးမယ်။ မင်းအိမ်က လူတွေကိုမေးခဲ့လို့ပြောလိုက်တယ်...။
ဒါနဲ့ပဲ ကျောင်းသားလေးက အိမ်ကိုရောက်သွားတော့  ထမင်းအိုးမွှေနေတဲ့ သူ့အမေကိုမေးလိုက်တယ်။ “အမေ... အမေ... 1 နဲ့ 2 ပေါင်းရင်ဘာရလဲ” လို့။ အဲဒီအချိန်မှာ ယောင်းမကို ကိုင်ပြီး ထမင်းအိုးမွှေနေတဲ့ အမေ ပြန်ဖြေလိုက်တာက “ယောင်းမ ယောင်းမ”တဲ့... ။
ခဏနေတာ့ မန်နေဂျာ ရူးရူးနေတဲ့ သူ့အကိုကို သွားမေးပြန်တယ်။ “အစ်ကို... အစ်ကို... 1နဲ့2 ပေါင်းရင်ဘာရလဲ” တဲ့။ အကိုလုပ်သူကပြန်ဖြေလိုက်တယ်။ “မန်နေဂျာ မန်နေဂျာ” ။
အဲ့ဒါနဲ့ ကျောင်းသားလဲမှတ်ထားလိုက်တယ်။ အဖြေနှစ်ခုစလုံးကို မပြီးသေးဘူး။ အ၀တ်လျှော်တဲ့ ကုလားမနဲ့ ရန်ဖြစ်နေတဲ့ သူ့အစ်မကိုလည်း သွားမေးလိုက်သေးတယ်။ “1နဲ့2ပေါင်းရင်ဘာရလဲ အစ်မ...” ဆိုတော့ အစ်မကဖြေတယ်။ “အ၀တ်လျှော်တဲ့ ကုလားမစုတ် အ၀တ်လျှော်တဲ့ ကုလားမစုတ်” တဲ့ မှတ်ထားလိုက်ပြန်တယ်...။
နောက်ပြီးတော့ အေးအေးဆေးဆေး သတင်းစာဖတ်နေတဲ့ သူ့အဖေကို သွားမေးပြန်တယ်။ “အဖေ... အဖေ... 1နဲ့ 2ပေါင်းရင် ဘာရလဲ” မေးတော့ အဖေကပြန်ဖြေလိုက်တယ်။ “အေးဆေးပဲ” တဲ့ ...။
ဒါနဲ့ ကျောင်းသားလည်း အားလုံးကိုမှတ်ထားလိုက်တယ် ။
နောက်တစ်နေ့ ကျောင်းသွားတက်တော့ ဆရာမက စာမေးပါလေရော။ မောင်ကျောင်းသားကို “1နဲ့2 နဲ့ပေါင်းရင် ဘာရလဲ” ဆိုတော့ ကျောင်းသားက ပြန်ဖြေလိုက်တယ်။ “ယောင်းမ ယောင်းမ” တဲ့။ အဲ့ဒါနဲ့ ဆရာမ စိတ်တိုပြီးတော့ မေးလိုက်ပြန်တယ်။ နင့်ကိုနင် ဘာထင်နေလည်း ဆိုရော “မန်နေဂျာ မန်နေဂျာ”တဲ့။ ငါ့ကိုဘာများအောက်မေ့နေလဲ လို့မေးလိုက်တော့ “အ၀တ်လျှော်တဲ့ ကုလားမစုတ် အ၀တ်လျှော်တဲ့ ကုလားမစုတ်”တဲ့။ အဲ့ဒါနဲ့ ဆရာမ ဒေါသအလွန်ထွက်သွားတယ်။ မင်းကို ငါကျောင်းထုတ်လိုက်ရမလားလို့ပြောလိုက်တော့ မောင်ကျောင်းသားက ပြောလိုက်တယ် “အေးဆေးပဲ” တဲ့..။
ref:
ဧဒင်ဥယျာဉ် မှ ကူးယူပါသည်။
Posted By ၀တီ

No comments:

Post a Comment