2008ခုနှစ်တွင် ရွာခံသတို့သမီးမနှင်းဆွေနှင့် မောင်မင်းမင်းစို့တို့ချစ်ခင်စုံမက်ရာ  လူကြီးမိဘများကိုအသိပေးခဲ့ကြလေသည်။သတို့သားဘက်မှအလွန်ချို့တဲ့သည့်အလျှောက်  သတို့သားမိဘများကလည်းတောင်းရန်းလက်ထပ်မပေးနိုင်ပေ။ထို့ကြောင့်  မောင်မင်းမင်းစိုးမှာ ချစ်သူနှင့်ပေါင်းဖက်နိုင်ရန်အလိုငှာ ရွှေတော ခေါ်  ဖတ်ရှည်သိုကအရင်းအနှီးရှာရန် ချစ်သူကိုဇာတိကျေးရွာတွင်ထားခဲ့ကာ  ခရီးထွက်လေတော့သည်။ လုပ်ရင်းကိုင်ရင်းမှ  နည်းနည်းပါးပါးအဆင်ပြေသောအခါတွင်မောင်မင်းမင်းစိုးသည်တ စ်ရွာတစ်ယောက်ဆိုသလို့ ရင်းနှီးသော ဖတ်ရှည်မှ  မပိုပိုနှင့်ရည်းစားဖြစ်ပါတော့သည်။မပိုပိုကိုလည်းချစ်သ ည်။ဇာတိတွင်ကျန်ခဲ့သောမနှင်းဆွေကိုလည်းချစ်သည်။  အလွန်ခက်ခဲသောပြသနာကိုမောင်မင်းမင်းစိုစတင်ရင်ဆိုင်ရတော့သည်။  အမျိုးသမီးနှစ်ဦးကလည်းအလျှော့မပေး  တင်းမားနေကြရာမည်သူကမှအဆုံးအရှုံးမခံနိုင်ကြချေ။  မောင်မင်းမင်းစိုးကိုနှစ်ဦးနှစ်ယောက်လုံးကရယူလိုကြလေတော့သည်။ထိုအခါ  အမျိုးသမီးနှစ်ဦးကအပြိုင်အဆိုင်ပြိုင်ကြရာမှ  ထိုမင်္ဂလာပွဲစတင်ဖြစ်ပေါ်လာပါတော့သည်။မိဘဆွေမျိုးများကဘယ်လိုပင်တားတား  အလျှော့မပေးကြပေ။ငယ်ရွယ်ကြသော်လည်း  မာနကိုယ်စီနှင့်ပြိုင်ကြရာသုံးယောက်သားတစ်ရက်တည်းမင်္ဂလာ ဆောင်သည်အထိဖြစ်ပေါ်လာပါတော့သည်ခင်ဗျာ...
(http://www.facebook.com/media/set/?set=a.132315116852340.34904.10...)


(http://www.facebook.com/media/set/?set=a.132315116852340.34904.10...)


 
 
No comments:
Post a Comment