Wednesday, July 20, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၂၀)

CLAUSES (3) - Adjective Clauses (2)
 အရင်ခန်းက Subject မှာ သုံးတဲ့ Relatives ကို ဖော်ပြခဲ့ပြီ။ ကျန်သေးတဲ့ တစ်ခုကတော့  ပိုင်ဆိုင်သူကို ဖော်ပြတဲ့ whose ပါပဲ။ Defining ရော ၊ Non-defining ပါ သူ့ကို သုံးတယ်။ Comma မပါတာနဲ့ ပါတာပဲ ထူးခြားပါတယ်။
The boy whose book you want is not here.
Maung Soe, whose book you want, is not here.
မှတ်ချက်။.......... ။whose သုံးထားတဲ့ ၀ါကျမျိုးကို မြန်မာလို တိတိကျကျ ဘာသာပြန်ဖို့ ခဲယဉ်းတယ်။ လှည့်ပတ်ပြီးတော့ သာ ပြန်နိုင်တယ်။ ၀ါကျနှစ်ခုကို ခွဲပစ်တန်ခွဲပစ်ရတယ်။
( ခင်များစာအုပ်လိုချင်တဲ့ကောင်လေးက ဒီမှာမရှိဘူး ) လို့ပြောလျှင်ရပါရဲ့။ မရှင်းလှပါဘူး။
( ကောင်လေးရဲ့ စာအုပ်ကို ခင်များက လိုချင်တယ်၊ အဲဒီ ကောင်လေးဒီမှာမရှိဘူး ) လို့ ပြောမှ ရှင်းရှင်းလင်းလင်း နားလည်မယ်။ ( သူ့စာအုပ်ကို ခင်များလိုချင်တဲ့ ကောင်လေးဟာ ဒီမှာမရှိဘူး ) လို့ အချို့ ပြန်နည်းမျိုးဟာ မြန်မာစကားမပီသပေဘူး။
Whose ကို ကွက်လပ်မှာဖြည့်ရတာ အခက်အခဲ မရှိပါဘူး။ အဓိပ္ပာယ်ကို သိလျှင် ( သူက သူ့ကို ပိုင်တယ်လို့ နားလည်လျှင် ) မှန်မှန်ကန်ကန်ဖြည့်နိုင်မှာပါပဲ။
The boy ………. want to see you is coming.
The boy ………. you want to see is coming.
The boy ………. father you want to see is coming.
ပထမ၀ါကျကို ကြည့်လျှင် ကွက်လပ်နောက်မှာ want ဆိုတဲ့ verb ရှိနေတယ်။ Verb ရှေ့က subject ရှိမြဲ ။ ဒီတော့  ဖြည့်ရမယ့် relative ဟာ subject ဖြစ်ရမယ်။ လူဆို who ပေါ့ ။
ဒုတိယ၀ါကျကိုကြည့်လျှင် you ဆိုတဲ့ subject နဲ့ want ဆိုတဲ့ verb ရှိနေပြီ။ ဒီတော့ လိုတာဟာ verb ရဲ့ object ပဲ ဖြစ်ရမယ်။ မင်းက သူ့ကိုတွေ့ချင်တယ်။ တကယ်လို့ non-defining သာ ဖြစ်လျှင်တော့ whom ထည့်ရမှာပဲ။အခုတော့  defining ဖြစ်နေတဲ့အတွက်ဘာမှမထည့်တော့ဘူး။

တတိယ၀ါကျကိုကြည့်လျှင် father ဆိုတဲ့ noun ကို တွေ့ရမယ်။ ရှေ့က boy နဲ့ ဘယ်လိုဆက်စပ်လိမ့်မလဲ။ သူ့အဖေဖြစ်မှာပေါ့ ။ သူ့ရဲ့အဖေကို မင်းက တွေ့ချင်တယ်.။ ဒီတော့ ထည့်ရမယ့် relative ဟာ ပိုင်ဆိုင်သူကိုပြတဲ့ possessive ဖြစ်ရမယ်။ ဒီတော့ whose ပဲပေါ့ ။ ဒီလို အခြေခံ grammar လေးကို စဉ်းစားပြီး ဖြည့်သွင်းလျှင် မှားစရာ အကြောင်းကို မရှိပါဘူး။
ဝါကျနှစ်ခုဆက်လျှင်လည်း အလားတူပါပဲ ။ အခြေခံ grammar ကို စဉ်းစားပြီး လုပ်သွားလျှင် မခက်ပါဘူး။ his, her, its, their ဆိုတဲ့ Possessive pronoun တစ်လုံးလုံးကို ထည့်ပေးမှာဖြစ်တဲ့အတွက် သူ့နေရာမှာ whose ထည့်လိုက်လျှင် ပြီးတာပါပဲ။ အဲဒီနောက် Adj Clause တို့ ထုံးစံအတိုင်း သက်ဆိုင်ရာ Noun ရဲ့နောက်မှာ ပုဒ်စုတစ်ခုလုံးကို ပို့ပေးလိုက်ပါ။
This is the boy. His book is lost.
( His နေရာမှာ whose ပြောင်းရေး၊ သူနဲ့ဆိုင်တဲ့ N က boy ဆိုတော့  အဲဒီနောက်က ဆက်ရေးရုံပါပဲ။ )
This is the boy whose book is lost.
................. N............... Adj
The boy is coming now. His book is lost.
( His နေရာမှာ whose ပြောင်းရေး၊ သူနဲ့ဆိုင်တဲ့ boy က ၀ါကျရှေ့နားမှာ ရှိနေတယ်။ ပုဒ်စုတစ်ခုလုံးကို အဲဒီပို့ပေး။ )
The boy whose book is lost is coming now.
.........N............... Adj
အဲဒီဝါကျနှစ်ခုလုံးမှာ Clause ထဲက Subject က whose တွဲတာ ဖြစ်တယ်။ ဒါကြောင့် his နေရာမှာ whose ပြောင်းရေးတာကလွဲလို့ တခြားလုပ်စရာ ထူးထူးခြားခြား မရှိလှပါဘူး။ whose နဲ့တွဲတဲ့ N က clause ထဲမှာ object ဖြစ်နေလျှင်တော့ အဲလောက် မလွယ်ပါဘူး။ whose နဲ့တကွ N ကို clause ရဲ့ရှေ့ဆုံးဆီ ပို့ပေးရပေလိမ့်မယ်။
This is the boy. You want his book.
...........................S.....V.............O
ဒုတိယစာကြောင်းမှာ his က ၀ါကျနောက်နား ရောက်နေတယ်။ obj ဖြစ်တဲ့ book နဲ့ တွဲနေတယ်။ his နေရာမှာ whose ပြောင်းရေးလိုက်လျှင်-
You want whose book - လို့ ရလိမ့်မယ်။ whose နဲ့ book ကို ၀ါကျရှေ့ပို့ပေးပြီး - Whose book you want - လို့ ပြင်ရေးလိမ့်မယ်။
ဒီတစ်ပုဒ်လုံးကို boy နောက်မှာရေး။ This is the boy whose book you want. လို့ ဖြစ်လာလိမ့်မယ်။
ဒီအရွှေ့အပြောင်းကို ကျောင်းသားအများစု သတိလက်လွတ် ဖြစ်တတ်တယ်။ ပိုင်ဆိုင်သူမှန်းသိလို့ whose တော့ သုံးပါရဲ့.။ ဆက်ရေးထားလိုက်ပုံက-
This is the boy whose you want book.
This is the boy you want whose book.
စသည်ဖြင့် အမှားမှားအယွင်းယွင်း ဖြစ်ကုန်ကြတယ်။ တစ်ချို့ကြတော့လည်း..........
This whose book you want is the boy. လို့လုပ်ကြပြန်တယ်။ Relative Clause ဟာ သက်ဆိုင်ရာ N နောက်နားမှာ နေရတယ်ဆိုတာကို နားမလည်ပဲ အမြဲတမ်း ၀ါကျရဲ့ ခလယ်က နေရတယ်ပဲ အောက်မေ့ပြီး အဲလိုမှားရတာပါ။ N က ရှေ့မှာရှိနေတယ်ဆိုလျှင် သူကလည်း ရှေ့နားမှာ၊ N က နောက်နားမှာ ရှိနေလျှင် သူကလည်း နောက်နားမှာ ဆိုတာကို သတိပြုပါ။ N နဲ့ ကပ်လျှက် ရှိနေပါစေ။
The woman is coming. You love her daughter.
The woman whose daughter you love is coming.
............ N....................Adj
Here comes the woman. You love her daughter.
Here comes the woman whose daughter you love.
............................N....................... Adj
Prepositional
Clause ထဲက verb နဲ့ in, on, to စတဲ့ Preposition တွဲလျက် သုံးထားလျှင် Defining Clause မှာတော့  ဘယ်လိုမှ မရွှေ့ပြောင်းဘဲ ဒီအတိုင်းထားလိုက်တာ အကောင်းဆုံးပါပဲ ။
The boy is not here. You are looking for him.
The boy you are looking for is not here.
I know the man. You are writing to him.
I know the man you are writing to.
The train was late. We came by it.
The train we came by was late.
အဲဒီဝါကျမျိုးတွေကို ………
The boy for whom you are looking.
The man to whom you are writing. စသဖြင့် လုပ်မပစ်သင့်ဘူး။ ခေတ်ကုန်နေပြီ။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗြိတိသျှနန်းရင်းဝင် ဆာဝင်စတန်ချာချီရဲ့ ကမ္ဘာကျော် ပြောစမှတ် အဖြစ်အပျက်လေးကို သတိမူသင့်ပါတယ်.။ တစ်ခါတော့ ဆာဝင်စတန်က အဲ့သလို Preposition ကို နောက်မှာထားတဲ့ ၀ါကျမျိုးနဲ့ စာတစ်စောင်ကို အကြမ်းစီပေးခဲ့ပါသတဲ့.။ အဲဒါကို သူ့စာရေးမက ရှေးဟောင်းထုံးစံအတိုင်း Preposition ကို Relative ရှေ့မှာထားတဲ့ နည်းနဲ့ ပြန်ပြီး လက်နှိပ်စက်ရိုက်ထားပါတယ်.။ နောက်နေ့မနက် ဒီိစာကို ဆာဝင်စတန်တွေ့ရတော့ မင်နီနဲ့ အောက်ပါအတိုင်း မှတ်ချက် ရေးလိုက်ပါသတဲ့..
This is the kind of nonsense up with which i can not put.
ဆာဝင်စတန် ရေးလိုက်ပုံက ဒီလိုပြင်ရေးတာကို သူမကြိုက်ကြောင်း ပြောရုံမျှမက နေရာတကာမှာ Preposition ကို Relativeေ၇ှ့ပို့ပြိး စာစီလို့ မရနိုင်ပုံကို လက်တွေ့ပြလိုက်ရာလည်း ကျနေတယ်.။ ဒါကြောင့် ကမ္ဘာကျော်သွားတာပါ.။
( သည်းမခံနိုင်ဘူး ) ဆိုတာကို I cannot put up with ( it ) လို့ တစ်ဆက်တည်းဆိုမှသာ ရနိုင်တာကို.။ up with which i cannot put ဆိုတာ အဓိပ္ပါယ်မရှိ ရယ်စရာကြီး ဖြစ်သွားပါလေေ၇ာ...။ အလားတူပဲ..........
ဒါ မင်းအဘိဓာန်ထဲ ရှာကြည့်ရမယ့် စကားလုံးပဲလို့ ပြောချင်လျှင် …
This is a word you will have to look up in the dictionary. - လို့ပဲ ပြောနိုင်ပါတယ်။
This is a word up which you will ………… စသည်ဖြင့် ပြောလို့မတင့်တယ်ပါဘူး။
ဒီတော့ အကောင်းဆုံးစည်းမျဉ်းက Preposition ကို Clause မှာ သုံးမြဲအတိုင်းပဲထားပါ။ နေရာမေ၇ွှ့ပါနဲ့လို့ ပြောချင်ပါတယ်။
The man you pointed out to me …..
The fact I am referring to …….
The decision we arrived at….
စသည်ဖြင့် …….
အလေးအနက် ပြောချင်တဲ့ အချို့နေရာများမှာတော့  Preposition ကို Relative ရှေ့က သုံးတတ်ပါရဲ့။
Non-defining မှာတော့  Preposition ကို whom, which တို့ေ၇ှ့ကထားပြီး သုံးရတယ်။
to whom, about whom, in which, from which .......... စသည်ဖြင့် ။
U Nyo, to whom I am writing, is very rich.
U Ponnya, about whom many books have been written, is clever poet.
Mandalay, from which I come, is the second largest town in Myanmar land.
The earth, on which we live, moves round the sun.
Defining Relative
.........................................Persons....................Things
Subject............................who (that).................that (which)
Object...........……....................(that)..……................(that)
Possessive........................whose./.....…….........(whose)
Prepositional...……..........prep/……........…........prep
Non-defining Relative
.................................Persons/...............Things
Subject ..........…....,who…..,………...... which….,……..
Object................….,whom……,/…….....which……,…….
Possessive....…...…,whose……..,……..
Prepositional…......, prep+ whom .,...…Prep+ which
မှတ်ချက်။........... ။ အရာဝတ္ထုအတွက် Possessive မရှိဘူးလို့ ဆိုရမယ်။ တစ်ခါတစ်လေ လူလိုသဘောထားပြီး whose ကို သုံးတယ်။ ဒါကြောင့် ကွင်းစကွင်းပိတ်နဲ့ ပြထားတယ်။ အချိန်ကိုပြလျှင် when ၊ နေရာကိုပြလျှင် where တို့ကို သုံးနိုင်ပါတယ်။
Relative Adverb လို့ခေါ်တယ်။
April is the time of year when the Pitauk blooms.
This is the field where we used to play as children.
Posted by ကိုတူး(မိတ္ထီလာ GTI)

No comments:

Post a Comment