Monday, November 21, 2011

Which tablet PC …?

Tablet computer လေးတွေ ၀ယ်သုံးချင် သူတွေအတွက် ကျွန်တော့ အတွေ့အကြုံ နဲ့ သိသမျှလေးတွေ ကို မျှဝေပေးချင် ပါတယ်။ အခုမှ tablet တစ်ခု ၀ယ်ဖို့ စဉ်းစားနေသူတွေ အတွက် အသုံးတည့်မယ်လို့ မျှော်လင့်ပါတယ်။
အခုလောလောဆယ် ဈေးကွက်ထဲမှာ နာမည်ကြီးနေတဲ့ tablet ကွန်ပျူတာ တွေက Apple iPad2, Samsung Galaxy Tab 10.1 (or 8.9), Asus EEE Pad Transformer, Acer Iconia နဲ့ Sony ရဲ့ နောက်ဆုံးထွက် 10.1” tablet လေးတွေ ဖြစ်ပါတယ်။ ကျွန်တော့ သူငယ်ချင်းတွေလည်း ၀ယ်ထားကြတော့ iPad, Galaxy Tab 10.1, Acer နဲ့ Asus EEE Pad Transformer တွေကို စမ်းကြည့်ခွင့် ရခဲ့ပါတယ်။
Apple iPad2 က ထုံးစံအတိုင်း IOS နဲ့ ဖြစ်ပြီး တစ်ခြား tablet တွေကတော့ Android OS သုံးပါတယ်။ Acer Iconia W series ကတော့ Windows OS သုံးပါတယ်။ ပုံမှန်အတိုင်း ဆိုရင် ကျွန်တော်က Android OS သုံးထားတဲ့ tablet တွေကို သဘောကျပါတယ်။ ISO ထက်ပိုလို့ လွတ်လွတ်လပ်လပ် ရှိတဲ့အပြင် အဓိက သဘောကျမိတာက Adobe Flash ကို support လုပ်တဲ့အတွက် ဖြစ်ပါတယ်။ ကျွန်တော့ အနေနဲ့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် Adobe Flash player က အရေးပါနေဆဲပါ။ Flash content တွေပါတဲ့ web site တွေကို ဖွင့်တာအပြင် Myanmar video/movie တွေကြည့်လို့ ရတဲ့ web site တော်တော်မျာများး ကလည်း Flash နဲ့ပဲ အလုပ်လုပ်တဲ့အတွက် Adobe Flash နဲ့ အဆင်ပြေဖို့က ကျွန်တော့အတွက် အေ၇းကြီးပါတယ်။ Apple ရဲ့ အဓိက ပြဿနာက အဲဒီလို Flash ကို support မလုပ်တာပါပဲ။ Flash contents တွေကို ကြည့်ခွင့် မရတာဟာ ကျွန်တော်တို့ အတွက်တော့ အများကြီး စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ နောက်ပိုင်းမှာ Flash ကို HTLM5 လို နည်းစနစ်တွေနဲ့ အစားထိုးမယ် ဆိုပေမယ့် ကျွန်တော့အမြင်တော့ နောက်နှစ်အတော်ကြာထိ Flash က ရှိနေ၊ သုံးနေ ဦးမှာသေချာပါတယ်။ IOS အတွက် Flash ကို ကြည့်လို့ရအောင် လုပ်ပေးနိုင်တယ် ဆိုတဲ့ software တွေ ရှိပေမယ့် ဘယ်ဟာမှ ရာနှုန်းပြည့် အဆင်မပြေပါဘူး။

ဒါနဲ့ပဲ Flash နဲ့ ကောင်းကောင်း အလုပ်လုပ်ပြီး Android OS ပါတဲ့ Samsung Galaxy Tab 10.1 ကို ၀ယ်သုံးခဲ့ပါတယ်။ သူ့ကို administrator access ရဖို့အတွက် root လုပ်ရတာလည်း လွယ်ပါတယ်။ Galaxy Tab ရဲ့ user interface ကလည်း သဘောကျစရာ ကောင်းပါတယ်။ သူက မူရင်း Android 3.1 OS ရဲ့ UI ကိုတောင် နဲနဲ modify လုပ်ထားပါသေးတယ်။ Android tablet တွေကို လက်တွေ့ သုံးကြည့်တော့ အဆင်ပြေ ပေမယ့် Apple IOS လောက် stable မဖြစ်သေးဘူးလို့ ခံစားရပါတယ်။ တစ်ခုတော့ ရှိတာပေါ့နော်။ IOS က Apple device အတွက် သီးသန့် လုပ်ထားပြီး Android က general သဘော ဆန်တာကြောင့်လည်း ဖြစ်တော့ ဖြစ်နိုင်ပါတယ်။ Android market ကနေ application တွေ ၀ယ်ရတာလည်း တစ်ခါတစ်လေ ပြဿနာလေးတွေ အဆင်မပြေတာလေးတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် Android OS က သုံးရတာ သဘောကျစရာတော့ ကောင်းပါတယ်။ သူ့မှာလည်း Apple devices တွေလိုပဲ applications တွေ အတော်များများ ရှိနေပါတယ်။ နောက်ပိုင်းမှာလည်း ပိုများလာမယ်လို့ မျှော်လင့်ရပါတယ်။ Android tablet တွေရဲ့ တစ်ခြား ကောင်းတဲ့ အချက်က သူတို့မှာ USB port နဲ့ HDMI port တွေ built-in ပါတဲ့အတွက် ပြင်ပ ဆက်သွယ်မှုအတွက် အဆင်ပြေစေပါတယ်။ တစ်ချို့ဆိုရင် Micro SD card slot တောင် ပါပါတယ်။
Samsung Galaxy Tab 10.1 နဲ့ Acer Iconia တွေမှာ စိတ်အပျက်မိ ဆုံးက touchscreen response ဖြစ်ပါတယ်။ တစ်ကယ်ကို ဆိုးဝါးလှပါတယ်။ သာမာန် application တွေ ဖွင့်တာပိတ်တာ၊ screen ကို manipulate လုပ်တာ နဲ့ game တွေ အတွက် အဆင်ပြေပေမယ့် hand writing ရေးတာမျိုး၊ screen ပေါ်မှာ drawing လုပ်တာမျိုးအတွက် ဘယ်လိုမှကို အဆင်ပြေပါဘူး။ လက်သင့်ခံနိုင်တဲ့ touch response ထက်ကို နိမ့်ကျနေပါတယ်။ Tablet ၀ယ်မယ့် သူတွေအတွက်ဒါကို သေချာ စဉ်းစားသင့်ပါတယ်။ ကျွန်တော် ဆိုရင်တစ်ကယ်က tablet ၀ယ်ရတဲ့ အဓိက ရည်ရွယ်ချက်တွေ ထဲမှာ stylus ကိုသုံးပြီး handwritten notes တွေကို tablet မှာ ရေးချင် မှတ်ချင်တာလည်း ပါပါတယ်။ ဒါပေမယ့် Galaxy Tab နဲ့ Iconia တွေရဲ့ touch responsiveness က ဘယ်လိုမှ အဆင်မပြေပါ။ စိတ်ပျက်မိ ပါတယ်။ ဒီနေရာမှာတော့ Apple iPad/iPad2 တွေက KING ပါပဲ။ သူတို့ရဲ့ touchscreen response က အရမ်းကို ကောင်းပြီး Galaxy Tab နဲ့ Iconia တွေထက် ၃ ဆလောက် ပိုကောင်းတယ်လို့ ထင်မိပါတယ်။ သူ့ကိုသုံးပြီး လက်ရေးနဲ့ စာတွေရေးရတာ စာရွက်ပေါ်မှာ ရေးရသလောက် နီးနီး ခံစားလို့ ရစေပါတယ်။ ဒါကြောင့် handwritten notes တွေ မှတ်ချင်တယ် ဆိုရင် iPad က အကောင်းဆုံး ဖြစ်မှာပါ။
ဒါပေမယ့် Asus EEE Pad Transformer က  iPad ရဲ့ touch responsiveness ကို မှီသလောက် ရှိပါတယ်။ သူ့ကို stylus နဲ့ စမ်းကြည့်တာ Galaxy Tab နဲ့ Iconia ထက်တော့ အများကြီး သာတာ သေချာပါတယ်။ သေသေချာချာ တိတိကျကျ တော့ ကျွန်တော် စမ်းမကြည့်ရ သေးပါဘူး။ ဒါပေမယ့် stylus သုံးပြီး hand writing နဲ့ freehand drawing လုပ်ချင်သူတွေ အတွက် Asus tablet က လက်သင့်ခံနိုင်လောက်တဲ့ အနေအထားမှာ ရှိတယ်လို့ ထင်ပါတယ်။ Sony tablet ကိုတော့ စမ်းမကြည့်ရ သေးပါဘူး။ Android OS ကိုလည်း သုံးချင်တယ်၊ Flash ကိုလည်း ရမှဖြစ်မယ်၊ touch screen မှာ hand writing တွေလည်း လုပ်ချင်သူတွေ အတွက်တော့ Asus EEE Pad Transformer က လောလောဆယ်မှာ ရွေးချယ်သင့် ပါတယ်။ Galaxy Tab နဲ့ Acer တွေကတော့ hand writing လုပ်ဖို့ စဉ်းစားလို့ မရနိုင်ပါဘူး။ Acer Iconia W ကတော့ Windows 7 OS ပါတဲ့အတွက်Windows နဲ့မှ အလုပ်လုပ်ချင်သူတွေ အတွက် သင့်တော်နိုင်ပါတယ်။ ကျွန်တော့ သူငယ်ချင်း တစ်ယောက်ဆိုရင် အဲဒီ Iconia W ထဲမှာ Visual Studio တောင် ထည့်ထားလိုက်ပါ သေးတယ်။ Windows 7 ဆိုတော့ ကွန်ပျူတာလို ဖြစ်နေတာပေါ့နော်။
ဒါကြောင့် ခြုံငုံပြောရရင် Adobe Flash ကလည်း အရေးမကြီးဘူး၊ တည်ငြိမ်ပြီး user level အတွက် အကောင်းဆုံး tablet ကိုလိုချင်ရင်တော့ iPad 2 က အကောင်းဆုံး အတည်ငြိမ်ဆုံး ဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ် Linux အခြေခံတဲ့ Android OS ကိုသုံးပြီး အမျိုးမျိုး စမ်းကြည့်ချင်တယ်။့ Flash ကိုလည်း လိုချင်တယ်၊ freehand writing တွေလည်း သုံးချင်တယ်၊ HDMI port လည်း လိုချင်တဲ့ သူတွေ အတွက် Asus EEE Pad Transformer ကိုသုံးသင့်ပြီး၊ တစ်ကယ်ကို ပါးပါးလေးမှ လိုချင်သူတွေအတွက် Galaxy Tab 10.1 ကို ရွေးနိုင်ပါတယ်။


 Credit to http://www.thihaoo.com
 Posted by NHA

No comments:

Post a Comment