Tuesday, November 22, 2011

You're Hired - အပိုင်း (၄)

Episode (4)

Daniel makes some classic mistakes in his interview.
(လူတွေ့စစ်ဆေးပွဲတွင် ဒန်နီရယ်အနေဖြင့်လူအများပြုလုပ်နေကျ အမှားများ ကိုကျူးလွန်မိသည်။)

Marcia Boardman : Good morning Daniel!
ကောင်းသောနံနက်ခင်းပါ ဒန်နီရယ်။
Daniel : Dan, please…
ကျေးဇူးပြုပြီး ဒန် လို့ပဲခေါ်ပါ…
Marcia Boardman : I’m Marcia Boardman – we spoke on the phone – and this is Philip Hart, our CEO.
ကျွန်မကတော့ မာစီယာ ဘော့မန်းပါ - ကျွန်မတို့ ဖုန်းနဲ့ စကားပြောခဲ့တယ်လေ - ဒါကတော့ ကျွန်မတို့ရဲ့ အမှုဆောင်အရာရှိချုပ် ဖိလစ်ဟတ်ပါ။
Philip Hart : Hello!
ဟယ်လို!
Daniel : Nice to meet you both.
နှစ်ယောက်လုံးကို တွေ့ရတာ ၀မ်းသာပါတယ်။
Philip Hart : So it says here on your CV that you’re interested in rock climbing…
ကဲ ဒီကိုယ်ရေးရာဇ၀င်ထဲမှာတော့ ခင်ဗျားက တောင်တက်ရတာ စိတ်ဝင်စားတယ်လို့ရေးထားတယ်။
Daniel : Yeah…love it!
ဟုတ်တယ်… အရမ်းကြိုက်တာပဲ။
Philip Hart : Great – so do I! When did you last go climbing?
ကောင်းပါ့ဗျာ - ကျွန်တော်ရောပဲ၊ ခင်ဗျားနောက်ဆုံး တောင်တက်ခဲ့တာ ဘယ်တုန်းကလဲ?
Daniel : Oh, err, well, it was a while ago now…
အော်…အင်း…အဲဒါက နည်းနည်းတော့ကြာသွားပြီ…
Philip Hart : Anywhere interesting?
စိတ်ဝင်စားစရာကောင်းတဲ့နေရာ တစ်နေရာရာများလား?
Daniel : Yeah, I walked up the hill behind my house. Took me about thirty minutes!
ဟုတ်ပါတယ်။ ကျွန်တော်အိမ်နောက်က တောင်ကုန်းလေးပေါ်တက်ခဲ့တာလေ။ မိနစ်သုံးဆယ်တောင် ကြာတယ်။
Philip Hart : : Oh.
သြော်။
Marcia Boardman : OK, erm, Daniel, can you tell us a little bit about your current position?
ဟုတ်ပါပြီ။ ကဲ ဒန်နီရယ် ရှင့်ရဲ့လက်ရှိအလုပ်အကြောင်း နည်းနည်းပါးပါးပြောပြနိုင်မလား?
Daniel : Certainly – as it says in the CV. I’m part of the European Sales team at Networld. We’re the world’s leading supplier of IT hardware.
သိပ်ရတာပေါ့။ ကိုယ်ရေးရာဇ၀င်ထဲမှာရေးထားတဲ့အတိုင်း ကျွန်တော်ဟာ Networld ရဲ့ ဥရောပ အရောင်းအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ကမ္ဘာမှာ ဦးဆောင်နေတဲ့ အိုင်တီပစ္စည်း ရောင်းချသူတွေဖြစ်ပါတယ်။
Philip Hart : Why do you want to move on?
ဘာကြောင့်အလုပ်ပြောင်းချင်တာလဲ?
Daniel : Well, they’re too small for me.
အင်း၊ သူတို့က ကျွန်တော့်အတွက် သေးငယ်လွန်းတယ်။
Marcia Boardman : Networld!? Networld are too small for you?
Networld!? Networld က ရှင့်အတွက်သေးလွန်းတယ်?
Daniel : Oh yeah, I’m looking for something much bigger.
ဟုတ်ပါတယ်။ ကျွန်တော့အနေနဲ့ ဒီထက်ကြီးတာကို ရှာနေတာ။
Philip Hart : Well, we’re not a big company by any means, but we are looking to grow! What first attracted you to WebWare in particular?
ကဲပါလေ၊ ကျွန်တော်တို့က ဘယ်နည်းနဲ့မှတော့ကုမ္ပဏိကြီးတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း တိုးချဲ့ဖို့ ရည်ရွယ်ထားပါတယ်။ WebWare ကိုလာဖို့ ဘာကများ ထူးထူးခြားခြား ဆွဲဆောင်ခဲ့တာလဲ?
Daniel : Well, I see WebWare as kind of stepping stone…
အင်း၊ ကျွန်တော်ကတော့ WebWare ကို နောက်တစ်ဆင့်တက်လှမ်းဖို့အတွက် ကြားခံကျောက်တုံး လို့ပဲ သတ်မှတ်တယ်။
Marcia Boardman : Sorry?
ရှင်?
Daniel : Yeah, start here gain the necessary experience, then move onto something bigger.
ဟုတ်ပါတယ်၊ ဒီမှာအစပြုပြီး လိုအပ်တဲ့ အတွေ့အကြုံတွေယူပြီးတော့မှ ပိုပြီးကြီးတဲ့နေရာကို ပြောင်းမှာပါ။
Philip Hart : OK…well, I do admire your ambition!
ကောင်းပါ့ဗျာ၊ ခင်ဗျားရဲ့ ရည်မှန်းချက်ကိုတော့ လေးစားပါတယ်။
Daniel : Thanks – I’ve got lots of it!
ကျေးဇူးတင်ပါတယ်။ အဲဒါကတော့ ကျွန်တော့မှာအများကြီးပဲရှိတယ်။
Marcia Boardman : : Let’s move on to managing people. Can you give me an example of a time when you had to deal with a particularly difficult managee?
လူတွေကို စီမံခန့်ခွဲတဲ့အကြောင်း ပြောကြရအောင်။ ရှင့်အနေနဲ့ ဒုက္ခပေးတဲ့ ၀န်ထမ်း တွေကို ကိုင်တွယ်ဖြေရှင်းရတဲ့ အဖြစ်မျိုးရှိခဲ့ရင် ဥပမာအဖြစ်ပြောပြပါလား?
Daniel : Sure – well I think that’s one of my strong points actually. A couple of years ago, I was working with a guy, he wasn’t pulling his weight, basically being crazy – so I told him to get out.
ပြောပြရတာပေါ့။ တကယ်တမ်းကျတောအဲ့ဒါကျွန်တော့်ရဲ့အားသာချက်ပါပဲ။ လွန်ခဲ့တဲ့ ၂ နှစ်က ကျွန်တော် လူတစ်ယောက်နဲ့ အလုပ်တူတူ လုပ်နေခဲ့တယ်။ သူက သူ့တာဝန်သူကျေအောင် မလုပ်နိုင်ခဲ့ဘူး။ ပင်ကိုအားဖြင့် သူက ပျင်းကို ပျင်းတာ။ ဒါကြောင့် သူ့ကို အလုပ်ထွက်ဖို့ ပြောလိုက်တယ်။
Marcia Boardman : Oh you didn’t give him a performance review, or a warning, or perhaps try to help develop his motivation?
ရှင့်အနေနဲ့ သူ့ကို လုပ်ဆောင်မှုသုံးသပ်ချက် ဒါမှမဟုတ် သတိပေးချက် မပေးဘူးလား၊ ဒီလိုမှမဟုတ်ရင်လဲ သူအလုပ်ကြိုးစားလိုစိတ်ရှိလာအောင် မကူညီဘူးလား?
Daniel : No, no, no. none of that rubbish. If someone’s’ not working hard enough, then they’re out! That’s the way I work. I’m a hard man.
ဟင့်အင်း၊ ဟင့်အင်း ဒီလိုအဓိပ္ပါယ်မဲ့တဲ့လုပ်ရပ်မျိုးမလုပ်ပါဘူး။ လူတစ်ယောက်ဟာ အလုပ်ကို ကြိုးစားသင့်သလောက် မကြိုးစားဘူးဆိုရင် အလုပ်ထွက်ပဲ။ ကျွန်တော့လုပ်ပုံလုပ်နည်းကတော့ အဲဒီအတိုင်းပဲ။ ကျွန်တော်က ခပ်မာမာပဲလုပ်တတ်တယ်။
Marcia Boardman : I see.
သဘောပေါက်ပါပြီ။
Philip Hart : How would you handle a rapidly changing market?
အချိန်တိုအတွင်းမှာ လျှင်မြန်စွာပြောင်းလဲနေတဲ့ ဈေးကွက်တစ်ခုကို ခင်ဗျားဘယ်လို ကိုင်တွယ်မလဲ?
Daniel : Basically not change anything at all! Just continue on as normal regardless!
အခြေခံအားဖြင့်တော့ ဘာမှကို ပြောင်းမနေဘူး။ ဘာမှဂရုမစိုက်ဘဲ ပုံမှန်အတိုင်းပဲ ဆက်လုပ် သွားမယ်။
Marcia Boardman : According to your CV you are fluent in Mandarin…
ကိုယ်ရေးရာဇ၀င်အရတော့ ရှင်ဟာ မန်ဒရင်းတရုတ်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်တယ်လို့ ပြောထားတယ်။
Daniel : Well, I wouldn’t say ‘fluent’ exactly…but, I like Chinese food a lot – so I can read the menu!
ကျွမ်းကျင်တယ်လို့တော့ အသေအချာမပြောလိုပါဘူး။ ဒါပေမယ့် တရုတ်အစားအစာ အရမ်းကြိုက်ပါတယ်။ ဒါကြောင့်မို့လို့ ဟင်းလျာစာရင်းကိုတော့ ဖတ်နိုင်ပါတယ်။
Philip Hart : So you can’t actually speak the language?
ဒီလိုဆိုရင် တကယ်တမ်းတော့ အဲ့ဒီ ဘာသာစကားကို မပြောနိုင်ဘူးပေါ့?
Daniel : Erm, no.
အင်း၊ မပြောနိုင်ပါဘူး။
Marcia Boardman : Can you tell us about a time you had to close a particularly challenging deal.
ခင်ဗျားအနေနဲ့ စိန်ခေါ်မှုတွေပါတဲ့ သဘောတူစာချုပ်မျိုး ချုပ်ဆို တာမျိုးရှိခဲ့ဘူးလား? ရှိရင်ပြောပြပါလား
Daniel : I haven’t had one. They’re all easy for me. I close deals all the time!
တစ်ခုမှမရှိခဲ့ပါဘူး။ အားလုံးက ကျွန်တော့အတွက် လွယ်နေလို့ပါပဲ။ ကျွန်တော်က စာချုပ်တွေ တစ်ချိန်လုံး ချုပ်ဆိုနေရတာ။
Marcia Boardman :OK – well do you have any questions for us?
ကောင်းပါပြီ - ကျွန်မတို့ကို မေးစရာမေးခွန်းများ ရှိပါသေးလား?
Daniel : No.
မရှိပါဘူး။
Philip Hart : Oh. OK. Erm. Thanks.
အင်း…ဟုတ်ပါပြီ၊ ကျေးဇူးတင်ပါတယ်။
Marcia Boardman : : Let’s move on to the presentation.
တင်ဆက်မှုအပိုင်းကို ဆက်ကြရအောင်။

Posted by ကိုတူး(မိတ္ထီလာ GTI)

No comments:

Post a Comment