Sunday, July 08, 2012

အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ (၁၀)

Right you are! (ကောင်းပါပြီ)
ကောင်းပါပြီ right you are! ကို တစ်စုံတစ်ဦးက အကြံပြုသည့်အတိုင်း (သို့) အမှာပြုသည့်အတိုင်းဆောင်ရွက်ရန် သဘောတူသည့်အခါတွင် အသုံးပြုပါသည်။
  1. 'Plant the rose bushes in a sunny place in the garden.'
      နှင်းဆီရုံတွေကို ပနးခြံထဲက နေရောင် ရတဲ့ နေရာတွေမှာ စိုက်လိုက်ပါ။
      'Right you are!'
      ကောင်းပါပြီ။
  2. We would like two black coffees, please.'
      ကျေးဇူးပြု၍ ဘလက်ကော်ဖီ ၂ ခွက် လုပ်ပေးပါ။
      'Right you are!'
      ကောင်းပါပြီ။
Don't you think? (...လို့ မင်းမထင်ဘူးလား)
....လို့ မင်းမထင်ဘူးလား don’t you think?  ကို တစ်ဦးတစ်ယောက်သည် တစ်စုံတစ်ခုနှင့်ပတ်သက်၍ သင်နဲ့တူညီတဲ့ အယူအဆ (သို့) စိတ်ကူးရှိမရှိကို မေးလိုသောအခါတွင် အသုံးပြုပါသည်။ အများအားဖြင့်သင်နှင့်သဘောထားတူညီကြောင်းယူဆပြီး မေးလေ့ရှိပါသည်။
  1. This is an interesting menu, don't you think?
      ဒါက စိတ်ဝင်စားစရာကောင်းတဲ့ ဟင်းလျာစာရင်းလို့မင်းမထင်ဘူးလား
  2. Tom has decorated his flat very well, don't you think?
      Tom က သူ့ရဲ့တိုက်ခန်းကို တော်တော်ကောင်းကောင်းပြင်ဆင်ထားတယ်လို့ မင်းမထင်ဘူးလား
The only trouble is (ပြဿနာကတော့)
ပြဿနာကတော့ the only trouble is ကို တစ်နည်းနည်းဖြင့် မှန်ကန်နေသော (သို့) လက်ခံနိုင်ဖွယ်ရှိသော (သို့) သင့်တော်နေသော အကြောင်းအရာနှင့် ပတ်သက်နေသော ပြဿနာ (သို့) အခက်အခဲကို ရည်ညွှန်းလိုသော အခါတွင် သုံးပါသည်။
  1. The cottage would make an ideal holiday home. The only trouble is that it's a bit small for our large family.
      ဒီအိမ်ငယ်လေးကတော့ အပန်းဖြေအိမ်လုပ်ဖို့ အသင့်တော်ဆုံးဖြစ်မှာပဲ ပြဿနာကတော့ ငါတို့လိုမျိုးမိသားစုများတဲ့ လူတွေအတွက်တော့ သေးလွန်းတယ်
  2. I've been offered a very good job. The only trouble is that I would have to move house if I accept it.
      ငါအလွန်ကောင်းမွန်တဲ့ အလုပ်ကမ်းလှန်းချက်ကို ရထားတယ်။ ပြဿနာကတော့ ငါလက်ခံလိုက်ရင် အိမ်ပြောင်းရမယ်။
What if? (အကယ်၍များ)
အကယ်၍များ what if? ကို ကိစ္စတစ်ခုခု၊ အထူးသဖြင့် ဆိုးဝါးသော ကိစ္စတစ်ခုခုဖြစ်နိုင်ချေရှိသည်ကို ရည်ညွှန်းလိုပါက အသုံးပြုနိုင်ပါသည်။
  1. What if we miss that train? There isn't another one until next morning.
      အကယ်၍ ငါတို့ ဒီရထားကို လွတ်သွားရင်ဘယ်လိုလုပ်မလဲ။ မနက်ဖြန်မနက်အထိနောက်ထပ်ရထားတစ်စင်းမှမရှိတော့ဘူး။
  2. Anne has been accepted by the local university to study English if she passes her exams, but what if she fails?
      Anne သာစာမေးပွဲတွေအောင်ခဲံ၇င် ဒေသတက္ကသိုလ်က အင်္ဂလိပ်စာလေ့လာဖို့ ၀င်ခွင့်ပြုလိမ့်မယ်။ ဒါပေမဲ့ အကယ်၍များ သူစာမေးပွဲကျခဲ့ရင်ကော။
Of all people ( …လို လူကတောင်မှ)
…လို လူကတောင်မှ of all people ကို တစ်စုံတစ်ယောက်သည် တစ်စုံတစ်ခုကို ပြုလုပ်ခဲ့တယ် (သို့) တစ်စုံတစ်ခုနှင့်ပတ်သက်ခဲ့တယ်ဆိုတာသည် ဘယ်လောက်တောင်မှ ဖြစ်နိုင်ချေမရှိကြောင်း (သို့) မမျှော်လင့်ကြောင်း (သို့) မသင့်တော်ကြောင်းကို ပြောကြားလိုသည့်အခါ အသုံးပြုသည်။
  1. It is shocking that the child's mother, of all people, has treated him so badly.
      ကလးအမေလို လူကတောင်မှ သူ့ကို ဆိုးဆိုးဝါးဝါးဆက်ဆံတယ်ဆိုတာ ထိတ်လန့်ဖို့ ကောင်းတယ်။
  2. Anne is terribly upset that Jane, of all people, said such nasty things about her. She thought she was her best friend.
      Jane လိုလူကတောင်မှ သူ့အကြောင်း ဆိုးဝါးတဲ့အကြောင်းတွေပြောတဲ့အတွက် Anne တော်တော် စိတ်မကောင်းဖြစ်နေတယ်။ သူမကို သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းလို့ ထင်နေတာ။
ရေးသားသူ - Language Republic of MyanmarNetwork
Posted by ကိုတူး(မိတ္ထီလာ GTI)

No comments:

Post a Comment