Friday, May 06, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၇)

Present Perfect Continuous Tense
Has, have........... + been ..... + V-ing
ဒီကြိယာရဲ့ရုပ်က အပိုင်းသုံးပိုင်း ပါတဲ့ အတွက် ကျကျနန မှတ်သားဖို့  လိုလိမ့်မယ်။
Thita has been reading the whole day.
The boys have been playing since four.
မေးခွန်းနဲ့  မဟုတ်ဝါကျ လုပ်နည်းက ရိုးရိုး Present Perfect လုပ်နည်းအတိုင်းပါပဲ။
What have you been doing?
The boys have not been watching TV for days.
ဒီကြိယာရုပ်ကို သုံးတာက ၇ိုးရိုး Present Perfect နဲ့ တချို့ တ၀က်တူပါတယ်။since နဲ့  for တို့ နဲ့  တွဲရာမှာ တူသလောက်ပါပဲ။ အဲ…အလျင် အတိတ်ကစခဲ့ ပြီး ခုထိဆက်လုပ်နေတုန်း ရှိသေးတယ်ဆိုတဲ့ အချက်ကို ပေါ်လွင်စေချင်ရင် ဒီ Tense ကိုသုံးတယ်။
We have been living in this street for twenty years now.
ငါတို့  ဒီလမ်းမှာ နေလာတာ အနှစ် နှစ်ဆယ်ရှိပြီ။
He has been working for us since 1981.
သူ ၁၉၈၁ ကတည်းက ကျနော်တို့ ဆီမှာ အလုပ်လုပ်ခဲ့ တာ။
အဲ့ ဒီဝါကျ နှစ်ကြောင်းလိုမျိုး ၀ါကျတစ်ခုမှာ since (or) for ပါလာတယ်ဆိုရင် တစ်ခြား ထောက်ထားစရာ အကြောင်းလည်း မရှိဘူးဆိုရင် ကျောင်းသားအနေနဲ့  Present Perfect ရိုးရိုးပဲ ဖြစ်ဖြစ်၊ Present Perfect Continuous ပဲ ဖြစ်ဖြစ် ကြိုက်ရာသုံးနိုင်ပါတယ်။
ဥပမာ -----
They ( live ) in Monywa since 1981.
အဖြေ။ have lived ဒါမှမဟုတ် have been living
တကယ်လို့  ဒီနှစ်ခုအနက်က တစ်ခုခုကိုပဲ ရွေးပြီး သုံးစေချင်တယ်ဆိုရင် ထူးခြားတဲ ရွေးစရာအကြောင်းရှိရလိမ့်မယ်။ အလုပ်တခု ပြီးပြတ်သွားကြောင်း ပြညွှန်တာပါနေလျှင် ရိုးရိုး Perfect ၊ မပြီးသေးကြောင်း ညွှန်ပြတာပါနေလျှင် Continuous ပေါ့ ။
She (read) her lessons and is going to bed now.
She (read) her lessons since six. Let her rest now.
ဒီဝါကျနှစ်ခုကိုကြည့်ရင် ပထမ ၀ါကျမှာက is going to bed - အိပ်ရာဝင်တော့မယ်ဆိုတဲ့  အပိုင်းပါတယ်။ အိပ်ရာဝင်တော့မယ်ဆိုတော့ စာဖတ်ပြီးပလား ၊ ဖတ်နေတုန်းလား ၊ ဖတ်ပြီးလို့ ဖြစ်မှာပေါ။ ဒါကြောင့်...........
အဖြေ။ has read
ဒုတိယ၀ါကျမှာ Let her rest - နားပါစေတော့ - လို့ ပါနေတယ်။ နားပါစေတော့လို့ ပြောယူရရင် ဖတ်ပြီးပလား ၊ ဖတ်နေတုန်းလား ၊ ဖတ်နေတုန်းပဲရှိတာမို့  ဒီလိုပြောယူရတာပေါ့။ ဒါကြောင် ............
အဖြေ။ has been reading.
ဒီဝါကျနှစ်ကြောင်းကိုလည်း လေ့လာပါဦး။
I (write) six letters this morning.
I (write) letters this morning.
ပထမ၀ါကျမှာ six letters လို့ ဆိုတယ်။အဲဒီလို ဂဏန်း အရေအတွက်တပ်ပြီး စာခြောက်စောင်လို့ ပြောနေမှတော့ ရေးပြီးလို့ သာပြောနိုင်တာဖြစ်ရမယ် ။ ဒါကြောင့် ရိုးရိုး Perfect သုံးရမယ်။    have written.
ဒုတိယ၀ါကျမှာက letters လို့ ပဲ ပါတယ် ။ ဘယ်နှစ်စောင်ရယ်လို့  ဂဏန်းအရေအတွက်မပါဘူး။ အဲလို ဘယ်နှစ်စောင်ရယ်လို့  မပြောနိုင်တာက မပြီးပြတ်သေးလို့ ဖြစ်ရမယ်။ ဒါကြောင့်  Continuous ကိုသုံး။
have been writing.
ပြောတဲ့ အချိန်မှာ ပြီးပြတ်သွားပေမယ်လို့ တော်တော်ကြာကြာ လုပ်ခဲ့ ရကြောင်း ပေါ်လွင်စေချင်ရင်လည်း Perfect Continuous ကိုသုံးပါ။
We have been walking in the mud. That is why our shoes are dirty.
ကျနော်တို့  ရွှံထဲလမ်းလျှောက်လာခဲ့ ရတာ၊ ဒါကြောင့်  ဖိနပ်တွေ ပေနေတာ။
တစ်နေ့ လုံး ၊ တစ်မနက်လုံး စသည်ဖြင့် အဓိပ္ပာယ်ထွက်တဲ့  all day, the whole day, all the morning, the whole morning ( evening, night စသည့် ) စကားလုံးတွေပါလာရင် perfect continuous သုံးလေ့ ရှိတယ်။
He has been waiting the whole morning.
သူ့ ခမျာ တစ်မနက်လုံး စောင့် နေတာ။
I have been studying all night.
ငါတစ်ညလုံး စာကျက်နေတာ။
see, hear, know စတဲ့ ကြိယာတွေကို ဘယ်လို Continuous Tense မှာမှ မသုံးကြောင်း ဆိုခဲ့ ပြီးပြီ။ ဒီတော့ အခု Perfect Continuous မှာလည်းမသုံးရဘူးပေါ့ ။
I have known her since 1981
(I have been knowing - မလုပ်ပါနဲ့။)
He has wanted to be an engineer since a child.
သူက ကလေးဘ၀ကတည်းက အင်ဂျင်နီယာ ဖြစ်ချင်နေတာ။
အင်မတန် တိုတိုတုတ်တုတ်နဲ့  ပြီးပြတ်သွားတဲ့ သဘောကို ဆောင်နေတဲ့ arrive, begin, marry, reach, succeed စတဲ့  ကြိယာတွေကိုလည်း Perfect Continuous သုံးလေ့မရှိဘူး။ ရိုးရိုး Perfect ပဲ သုံးရမယ်။
He has been arriving- ရယ်လို့ မရှိဘူး။
He has arrived ပဲ ရှိတယ်။
They have been marrying- ရယ်လို့ မရှိဘူး။
They have married ပဲ ရှိတယ်။
ဒီ Present perfect continuous ဆိုတာ Active Voice ပဲရှိတယ်။ Passive မရှိဘူး။ Active နဲ့  Passive ဆိုတာ နေရာတကာ အပြိုင်ရှိနေတာ မဟုတ်ကြောင်း မှတ်ထားပါ။ Tense From မှာ Active က Passive ထက်ပိုများတယ်။

Posted by ကိုတူး(မိတ္ထီလာ GTI)

No comments:

Post a Comment